< Aabenbaringen 14 >

1 Og jeg saa, og se, Lammet stod paa Zions Bjerg, og med det hundrede og fire og fyrretyve Tusinde, som havde dets Navn og dets Faders Navn skrevet paa deres Pander.
ထို​နောက်​ကြည့်​လိုက်​သော​အ​ခါ​ဇိ​အုန်​တောင် ပေါ်​တွင် သိုး​သူ​ငယ်​တော်​ရပ်​နေ​သည်​ကို​ငါ မြင်​ရ​၏။ သူ​၏​နာ​မ​နှင့်​ခ​မည်း​တော်​၏​နာ​မ တော်​ကို​န​ဖူး​တွင် ရေး​မှတ်​ထား​သူ​လူ​ပေါင်း တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့​သည် သိုး သူ​ငယ်​တော်​နှင့်​အ​တူ​ရှိ​ကြ​၏။-
2 Og jeg hørte en Lyd fra Himmelen som en Lyd af mange Vande og som en. Lyd af stærk Torden, og den Lyd, jeg hørte, var som af Harpespillere, der spillede paa deres Harper.
ကောင်း​ကင်​မှ​သမု​ဒ္ဒ​ရာ​ဟုန်း​သံ​နှင့်​မိုး​ချုန်း သံ​ကြီး​ကဲ့​သို့​သော​အ​သံ​ကို ငါ​ကြား​ရ​၏။ ထို​အ​သံ​သည်​စောင်း​သ​မား​များ​တီး​သည့် စောင်း​သံ​နှင့်​တူ​၏။-
3 Og de sang en ny Sang for Tronen og for de fire levende Væsener og de Ældste; og ingen kunde lære den Sang, uden de hundrede og fire og fyrretyve Tusinde, som ere løskøbte fra Jorden.
ထို​သူ​တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့ သည် ပလ္လင်​တော်​ရှေ့​၌​လည်း​ကောင်း၊ သက်​ရှိ သတ္တ​ဝါ​လေး​ပါး​နှင့်​အ​ကြီး​အ​ကဲ​များ​၏ ရှေ့​၌​လည်း​ကောင်း​ရပ်​လျက်​သီ​ချင်း​သစ်​ကို သီ​ဆို​ကြ​၏။ လူ​သား​အ​ပေါင်း​တို့​အ​ထဲ မှ​ရွေး​နုတ်​ကယ်​တင်​ခြင်း​ခံ​ရ​သူ၊ လူ​တစ် သိန်း​လေး​သောင်း​လေး​ထောင်​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​သူ​မျှ​ထို​သီ​ချင်း ကို​မ​သီ​ဆို​တတ်။-
4 Dette er dem, som ikke have besmittet sig med Kvinder, thi de ere jomfruelige; dette er dem, som følge Lammet, hvor det gaar. Disse ere løskøbte fra Menneskene, en Førstegrøde for Gud og Lammet,
ထို​သူ​တို့​သည်​ကာ​မ​ဂုဏ်​ခံ​စား​မှု​နှင့်​ကင်း လွတ်​သူ​လူ​ပျို​စင်​များ​ဖြစ်​၍ သိုး​သူ​ငယ် တော်​သွား​လေ​ရာ​အ​ရပ်​သို့​လိုက်​ကြ​၏။ သူ တို့​သည်​လူ​သား​တို့​အ​နက်​က​ရွေး​နုတ် ကယ်​တင်​ခြင်း​ခံ​ရ​သ​ဖြင့် ဘု​ရား​သခင်​နှင့် သိုး​သူ​ငယ်​တော်​အား အ​ဦး​ဆုံး​ဆက်​သ ခြင်း​ခံ​ရ​သူ​များ​ဖြစ်​ကြ​သ​တည်း။-
5 og i deres Mund er der ikke fundet Løgn; thi de ere ulastelige.
သူ​တို့​သည်​အ​ဘယ်​အ​ခါ​မျှ လိမ်​လည်​၍ မ​ပြော​တတ်။ အ​ပြစ်​ကင်း​စင်​သူ​များ​ဖြစ် ပေ​သည်။
6 Og jeg saa en anden Engel flyve midt oppe under Himmelen, som havde et evigt Evangelium, at forkynde for dem, der bo paa Jorden, og for alle Folkeslag og Stammer og Tungemaal og Folk, (aiōnios g166)
ထို​နောက်​ကောင်း​ကင်​အ​လယ်​တွင် ကောင်း​ကင် တ​မန်​တစ်​ပါး​ပျံ​ဝဲ​လျက်​နေ​သည်​ကို​ငါ မြင်​ရ​၏။ သူ​သည်​တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို​ပြော​ဆို​သူ လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​အား ကြေ​ညာ ရန်​ထာ​ဝ​ရ​သ​တင်း​ကောင်း​ကို​ယူ​ဆောင် လာ​၏။- (aiōnios g166)
7 og han sagde med høj Røst: Frygter Gud og giver ham Ære, thi hans Doms Time er kommen, og tilbeder ham, som har gjort Himmelen og Jorden og Havet og Vandenes Kilder.
ထို​ကောင်း​ကင်​တ​မန်​က``ဘု​ရား​သ​ခင်​တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​သည်​ကျ​ရောက်​၍​လာ လေ​ပြီ။ ထို​ကြောင့်​ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ ကြ​လော့။ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ ကောင်း ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကောင်း၊ ပင်​လယ် နှင့်​စမ်း​ပေါက်​များ​ကို​လည်း​ကောင်း​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​ကို​ရှိ​ခိုး​ကြ​လော့'' ဟု အ​သံ​ကျယ်​စွာ​ကြွေး​ကြော်​လေ​၏။
8 Og endnu en anden Engel fulgte, som sagde: Falden, falden er Babylon, den store, som har givet alle Folkeslagene at drikke af sin Utugts Harmes Vin.
ထို​နောက်​ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​ပေါ်​လာ ပြီး​လျှင်၊ ``ဗာ​ဗု​လုန်​မြို့​ကြီး​ပြို​ပျက်​လေ​ပြီ၊ ပြို​ပျက်​လေ​ပြီ။ ထို​မြို့​သည်​ကာ​မ​ဂုဏ်​လိုက် စား​မှု​တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို​လူ​မျိုး တ​ကာ​တို့​အား​တိုက်​လေ​ပြီ'' ဟု​ကြွေး​ကြော်​၏။
9 Og en tredje Engel fulgte dem og sagde med høj Røst: Dersom nogen tilbeder Dyret og dets Billede og tager Mærke paa sin Pande eller paa sin Haand,
ထို​နောက်​တ​တိ​ယ​ကောင်း​ကင်​တ​မန် ပေါ်​လာ လျက် ``သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​၍ မိ​မိ ၏​န​ဖူး​သို့​မ​ဟုတ်​လက်​တွင် ထို​သား​ရဲ​၏ အ​မှတ်​တံ​ဆိပ်​ကို​ရိုက်​နှိပ်​ထား​သော​သူ​သည်၊-
10 saa skal han drikke af Guds Harmes Vin, som er iskænket ublandet i hans Vredes Bæger; og han skal pines med Ild og Svovl for de hellige Engles og for Lammets Aasyn.
၁၀ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား​မှ ပြင်း ထန်​သော​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် ရည်​ကို​သောက်​ရ​လိမ့်​မည်။ မြင့်​မြတ်​သန့်​ရှင်း သော​ကောင်း​ကင်​တ​မန်​များ​နှင့်​သိုး​သူ​ငယ် တော်​၏​ရှေ့​၌ ကန့်​နှင့်​မီး​ထဲ​တွင်​နှိပ်​စက်​ညှဉ်း ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
11 Og deres Pines Røg opstiger i Evighedernes Evigheder; og de have ikke Hvile. Dag og Nat, de, som tilbede Dyret og dets Billede, og enhver, som tager dets Navns Mærke. (aiōn g165)
၁၁ထို​မီး​လျှံ​မှ​မီး​ခိုး​သည် ထာ​ဝ​စဉ်​အ​ထက် သို့​တက်​လျက်​နေ​၏။ သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို ရှိ​ခိုး​၍ သား​ရဲ​၏​နာ​မည်​တံ​ဆိပ်​နှိပ်​ခြင်း​ခံ​ရ သူ​အ​ပေါင်း​တို့​သည် နေ့​ရော​ညဥ့်​ပါ​သက်​သာ ရာ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​သံ​ကျယ်​စွာ ကြွေး​ကြော်​လေ​၏။ (aiōn g165)
12 Her gælder det de helliges Udholdenhed, de, som bevare Guds Bud og Troen paa Jesus.
၁၂ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို​စောင့်​ထိန်း​၍ ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​သည် ဤ​အ​ခြေ​အ​နေ​မျိုး​၌​ခံ နိုင်​ရည်​ရှိ​ရန်​လို​ပေ​သည်။
13 Og jeg hørte en Røst fra Himmelen, som sagde: Skriv: Salige ere de døde, som dø i Herren herefter. Ja, siger Aanden, de skulle hvile fra deres Møje, thi deres Gerninger følge med dem.
၁၃ထို​နောက်​ကောင်း​ကင်​မှ``ရေး​မှတ်​လော့။ ယ​ခု​အ​ချိန် မှ​စ​၍​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက် လျက် သေ​ဆုံး​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏'' ဟု​ဆို သော​အ​သံ​ကို​ငါ​ကြား​ရ​၏။ ဝိညာဉ်​တော်​က​လည်း ``ဤ​အ​တိုင်း​မှန်​ပေ​၏။ သူ​တို့​သည်​ဆင်း​ရဲ​ပင်​ပန်း စွာ​လုပ်​ဆောင်​ခြင်း​မှ ရပ်​နား​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​လုပ်​ဆောင် ချက်​အ​ကျိုး​သည် သူ​တို့​နှင့်​အ​တူ​လိုက်​ပါ လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
14 Og jeg saa, og se en hvid Sky, og paa Skyen sad der en lig en Menneskesøn med en Guldkrone paa sit Hoved og en skarp Segl i sin Haand.
၁၄တစ်​ဖန်​ကြည့်​လိုက်​သော​အ​ခါ​မိုး​တိမ်​ဖြူ​တစ်​ခု ကို ငါ​မြင်​ရ​၏။ ထို​မိုး​တိမ်​ပေါ်​တွင်​လူ​နှင့်​တူ​သော သူ​တစ်​ဦး​ထိုင်​၍​နေ​၏။ သူ​၏​ဦး​ခေါင်း​၌​ရွှေ သ​ရ​ဖူ​ကို​ဆောင်း​ထား​၏။ လက်​ထဲ​တွင်​ထက် သော​တံ​စဉ်​ကို​ကိုင်​ထား​၏။-
15 Og en anden Engel gik ud fra Templet og raabte med høj Røst til ham, som sad paa Skyen: Udsend din Segl og høst; thi Timen til at høste er kommen, fordi Jordens Høst er moden.
၁၅အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန် တော်​မှ​ထွက်​လာ​၍ မိုး​တိမ်​ပေါ်​တွင်​ထိုင်​လျက် နေ​သူ​အား``ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​စ​ပါး​များ ကောင်း​စွာ​မှည့်​ပြီ​ဖြစ်​၍​ရိတ်​သိမ်း​ရန်​အ​ချိန် ကျ​ရောက်​လေ​ပြီ။ ထို့​ကြောင့်​ကိုယ်​တော်​၏ တံ​စဉ်​ကို​ယူ​၍​ရိတ်​သိမ်း​တော်​မူ​ပါ'' ဟု အ​သံ​ကျယ်​စွာ​ပြော​ဆို​၏။-
16 Og han, som sad paa Skyen, lod sin Segl gaa over Jorden, og Jorden blev høstet.
၁၆သို့​ဖြစ်​၍​မိုး​တိမ်​ပေါ်​တွင်​ထိုင်​နေ​သူ​သည် မိ​မိ ၏​တံ​စဉ်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​ဝှေ့​ယမ်း​ကာ​ကမ္ဘာ မြေ​ကြီး​က​စ​ပါး​များ​ကို​ရိတ်​တော်​မူ​၏။
17 Og en anden Engel gik ud fra Templet i Himmelen; ogsaa han havde en skarp Segl.
၁၇ထို​နောက်​အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​ဘုံ​ရှိ​ဗိ​မာန်​တော်​မှ​ထွက်​လာ​၏။ ထို သူ​သည်​လည်း​ထက်​သော​တံ​စဉ်​ကို​ကိုင်​ထား​၏။
18 Og fra Alteret gik en anden Engel ud, som havde Magt over Ilden; og han raabte med høj Røst til den, som havde den skarpe Segl, og sagde: Udsend din skarpe Segl og afskær Druerne af Jordens Vintræ; thi dets Druer ere modne.
၁၈ထို​နောက်​မီး​ကို​အ​စိုး​ရ​သော​ကောင်း​ကင်​တ​မန် သည် ယဇ်​ပလ္လင်​တော်​မှ​ထွက်​လာ​၏။ သူ​သည်​တံ​စဉ် ကို​ကိုင်​ထား​သည့်​ကောင်း​ကင်​တ​မန်​အား``သင်​၏ တံ​စဉ်​ကို​ယူ​၍ ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​တို့ ကို​ရိတ်​သိမ်း​လော့။ စ​ပျစ်​သီး​များ​မှည့်​လေ​ပြီ'' ဟု​အ​သံ​ကျယ်​စွာ​ပြော​၏။-
19 Og Engelen lod sin Segl gaa hen over Jorden og afskar Frugten paa Jordens Vintræ og kastede den i Guds Harmes store Persekar.
၁၉သို့​ဖြစ်​၍​ထို​ကောင်း​ကင်​တ​မန်​သည် မိ​မိ​တံ​စဉ် ကို​ယူ​၍​ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​များ​ကို ရိတ်​သိမ်း​လေ​၏။ ထို​နောက်​စ​ပျစ်​သီး​များ​ကို ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​တည်း​ဟူ​သော စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​သို့​သွန်​ချ​လိုက် ၏။-
20 Og Persekarret blev traadt uden for Staden, og der kom Blod ud af Persekarret op til Hestenes Bidsler, saa langt som eet Tusinde og seks Hundrede Stadier.
၂၀စ​ပျစ်​သီး​များ​ကို​မြို့​ပြင်​တွင်​နယ်​၍​စ​ပျစ် သီး​နယ်​ရာ​ကျင်း​မှ​သွေး​ချောင်း​စီး​ထွက်​၍ လာ​၏။ ထို​သွေး​ချောင်း​သည်​အ​လျား​မိုင်​နှစ်​ရာ၊ အ​နက်​ငါး​ပေ​ခန့်​ရှိ​သ​တည်း။

< Aabenbaringen 14 >