< Salme 73 >
1 Kun god er Gud imod Israel, imod de rene af Hjertet.
၁အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်း သော သူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီး တော်မူ၏။
2 Men jeg — nær vare mine Fødder bøjede af Vejen; mine Skridt vare lige ved at glide ud.
၂ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွဲလုလျက် ရှိမိပြီ။
3 Thi jeg blev nidkær over Daarerne; jeg maatte se, at det gik de ugudelige vel.
၃အကြောင်းမူကား၊ မတရားသောသူတို့၏ စည်း စိမ်ကို မြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။
4 Thi der findes intet Baand for dem indtil deres Død, og deres Styrke er vel ved Magt.
၄ထိုသူတို့သည် မသေမှီတိုင်အောင် နာကြင်ခြင်း ဝေဒနာမရှိ။ ခိုင်မာသောအစွမ်းသတ္တိရှိကြ၏။
5 De have ikke Møje som andre Folk, og de blive ikke plagede som andre Mennesker.
၅သူတို့သည် လောကဓံဒုက္ခမရှိ။ လူများကဲ့သို့ အနှောင့်အရှက်ကိုမခံရကြ။
6 Derfor har Hovmod prydet dem som en Kæde, Vold skjuler dem som et Smykke.
၆ထိုကြောင့် မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲခြင်း အဝတ်ကိုလည်း ဝတ်တတ်ကြ၏။
7 Deres Øjne staa ud af Fedme; Hjertets Tanker faa Fremgang.
၇ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။
8 De haane og tale i Ondskab om at øve Vold; fra det høje tale de.
၈ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ယယ်ပြု၍ ပြော တတ်ကြ၏။ ထောင်လွှားသော စကားကိုလည်း သုံးတတ် ကြ၏။
9 De sætte deres Mund i Himmelen, og deres Tunge farer frem paa Jorden.
၉သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက် ပြု၍၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ်၏။
10 Derfor vender deres Folk hid, og Vand i fulde Drag uddrikkes af dem.
၁၀ထိုကြောင့် ဘုရားသခင်၏ လူတို့သည် သူတို့ ထံသို့ ပြန်သွား၍ များစွာသော ရေကိုမျိုရကြ၏။
11 Og de sige: Hvorledes skulde Gud vide det? og er der Kundskab hos den Højeste?
၁၁ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည် နည်း။ အမြင့်ဆုံးသော ဘုရား၌ ဥာဏ်ရှိပါလိမ့်မည်လော ဟု ဆိုတတ်ကြ၏။
12 Se, disse ere de ugudelige; dog ere de rolige til evig Tid, de forøge deres Gods.
၁၂ထိုမတရားသော သူတို့သည် အစဉ်ကောင်းစား ၍ ဥစ္စာပွားများကြ၏။
13 Kun forgæves har jeg renset mit Hjerte og toet mine Hænder i Uskyldighed.
၁၃အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော် လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။
14 Og dog blev jeg plaget den ganske Dag, og min Straf var der hver Morgen.
၁၄နေ့တိုင်းနှောင့်ရှက်ခြင်းနှင့် နံနက်တိုင်းဆုံးမ ခြင်းကို ငါခံရ၏။
15 Dersom jeg havde sagt: Jeg vil føre saadan Tale; se, da havde jeg handlet troløst imod dine Børns Slægt.
၁၅ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏ အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါ လိမ့်မည်။
16 Og jeg tænkte efter for at forstaa det; men det var en Kval i mine Øjne,
၁၆ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။
17 indtil jeg gik ind i Guds Helligdomme og gav Agt paa deres Endeligt.
၁၇နောက်မှဘုရားသခင်၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင်၍၊ သူတို့၏ အဆုံးကို နားလည်ရပါ၏။
18 Kun paa slibrige Steder sætter du dem; du lader dem falde til at ødelægges.
၁၈အကယ်စင်စစ်ကိုယ်တော်သည် သူတို့ကို ချော သောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။
19 Hvorledes ere de i et Øjeblik gaaede til Grunde? de ere omkomne, de have faaet Ende ved Forskrækkelserne.
၁၉တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား။
20 De ere ligesom en Drøm, naar een er opvaagnet; Herre! naar du opvaagner, vil du foragte deres Billede.
၂၀အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ် မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့ အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။
21 Da mit Hjerte var bittert, og det stak mig i mine Nyrer,
၂၁ထိုသို့ အကျွန်ုပ်သည် နှလုံးနာလျက်၊ ကျောက် ကပ်မွှေနှောက်လျက်ရှိ၍၊
22 da var jeg ufornuftig og kunde ikke forstaa noget, jeg var som et Dyr for dig.
၂၂မိုက်သောသူ၊ ပညာမဲ့သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။
23 Men jeg vil stedse blive hos dig; du holder ved min højre Haand.
၂၃သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာ အစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ျာလက်ကို ဆွဲကိုင်တော်မူ၏။
24 Du leder mig efter dit Raad, og derefter optager du mig til Ære.
၂၄အကျွန်ုပ်ကို ဥာဏ်ပေး၍ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။
25 Hvem har jeg i Himlene? og lige med dig har jeg ikke Lyst til noget paa Jorden.
၂၅ကိုယ်တော်မှတပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ် ၌ အဘယ်သူရှိပါသနည်း။
26 Forsmægter mit Kød og mit Hjerte, saa er Gud mit Hjertes Klippe og min Del evindelig.
၂၆အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။
27 Thi se, de som holde sig langt borte fra dig, omkomme; du udrydder hver den, som ved Bolen viger af fra dig.
၂၇အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော် နှင့် ကွာ၍မှားယွင်းသော သူအပေါင်းတို့ကို ပယ်ရှင်းတော် မူ၏။
28 Men det er mig godt, at Gud er mig nær; jeg har sat mit Haab paa den Herre, Herre, at jeg kan fortælle alle dine Gerninger.
၂၈အကျွန်ုပ်မူကား၊ ဘုရားသခင့်ထံတော်သို့ ချဉ်း ကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြော ခြင်းအလိုငှါ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက်နေပါ၏။