< Salme 33 >

1 Synger med Fryd, I retfærdige, i Herren! Lovsang sømmer sig for de oprigtige.
ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ကို အမှီပြု ၍ ရွှင်လန်း စွာ သီချင်းဆိုကြလော့။ ထောမနာ ပြုခြင်း အကျင့်သည် သဘောဖြောင့် သောသူတို့နှင့် ထိုက်တန် လျောက်ပတ်ပေ၏။
2 Takker Herren med Harpe; og leger for ham paa Psaltre med ti Strenge.
စောင်း တီး၍ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ ကြိုးဆယ် ပင်ရှိသောတူရိယာ နှင့် ထောမနာသီချင်း ဆို ကြလော့။
3 Synger ham en ny Sang, leger lifligt paa Strengeleg med Frydeklang.
ရှေ့ တော်၌အသစ် သောသီချင်း ကို ဆို ကြလော့။ တံပိုး မှုတ်ခြင်းနှင့်တကွ သာယာ စွာ တီး ကြလော့။
4 Thi Herrens Ord er ret, og al hans Gerning er trofast.
အကြောင်း မူကား၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ် ပေ၏။ စီရင်တော်မူသမျှ သော အမှု တို့သည်လည်း သစ္စာ တရား နှင့် ညီကြ၏။
5 Han elsker Retfærdighed og Dom; Jorden er fuld af Herrens Miskundhed.
ဖြောင့်မတ် စွာကျင့်ခြင်းနှင့် တရား သဖြင့် စီရင်ခြင်း ကို နှစ်သက် တော်မူ၏။ ပထဝီမြေကြီး သည် ထာဝရဘုရား ၏ ကျေးဇူး တော်နှင့် ပြည့်ဝ လျက်ရှိ၏။
6 Himlene ere gjorte ved Herrens Ord og al deres Hær ved hans Munds Aande.
ထာဝရဘုရား ၏ နှုတ်ကပတ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို၎င်း၊ နှုတ် တော်အသက် အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာ များကို၎င်းဖန်ဆင်း တော်မူ၏။
7 Han holder Vandet sammen i Havet som en Dynge; han lægger de dybe Vande i Forraadskamre.
သမုဒ္ဒရာ ရေ ကို စုပုံ စုဝေး စေတော်မူ၏။ နက်နဲ သောသမုဒ္ဒရာကိုလည်း လုံခြုံ ရာအရပ်တို့၌ သိုထား တော်မူ ၏။
8 Al Jorden frygte Herren! alle Verdens Indbyggere bæve for ham!
ထာဝရဘုရား ကို မြေကြီး တပြင်လုံး ကြောက်ရွံ့ စေ။ လောကီ နိုင်ငံ သားအပေါင်း တို့သည် ရိုသေ လေးမြတ်ကြစေ။
9 Thi han talte, og det skete; han bød, saa stod det der.
အကြောင်း မူကား၊ ထာဝရ ဘုရားမြွက်ဆို ၍ ၊ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ ၍၊ မိန့် တော်မူသည်အတိုင်း တည် လျက်နေ၏။
10 Herren gjorde Hedningernes Raad til intet, han forstyrrede Folkenes Tanker.
၁၀ထာဝရဘုရား သည် တပါးအမျိုးသား တို့၏ တိုင်ပင် ခြင်းကို ပယ် တော်မူ၏။ လူစု တို့၏ကြံစည် ခြင်းကိုလည်း ဖျက်ဆီး တော်မူ၏။
11 Herrens Raad bestaar evindelig, hans Hjertes Tanker fra Slægt til Slægt.
၁၁ထာဝရဘုရား ၏ ပြဌာန်း တော်မူခြင်းသည် ကာလ အနန္တနှင့် ဆိုင်၍၊ စိတ် နှလုံးတော်၏ အကြံ အစည်တို့သည် သား စဉ်မြေးဆက်အဆုံးတိုင်အောင် တည် ကြ လိမ့်မည်။
12 Saligt er det Folk, hvis Gud Herren er, det Folk, som han udvalgte sig til Arv.
၁၂ထာဝရဘုရား သည် အကြင် အမျိုး ၏ ဘုရား ဖြစ်၍၊ အကြင်လူစု ကို မိမိ အမွေ ဥစ္စာဘို့ ရွေးကောက် တော်မူ၏၊ ထိုအမျိုးနှင့် ထို လူစုသည် မင်္ဂလာ ရှိ၏။
13 Herren skuede ud fra Himmelen, han saa alle Menneskens Børn.
၁၃ထာဝရဘုရား သည် ကောင်းကင် ဘုံက ကြည့်ရှု ၍၊ လူ သား အပေါင်း တို့ကို မြင် တော်မူ၏။
14 Han saa ned fra sit Højsæde til alle Jordens Indbyggere.
၁၄ကျိန်းဝပ် တော်မူရာ အရပ် က ကြည့်ရှု ၍၊ မြေကြီး ပေါ် မှာနေ သောသတ္တဝါအပေါင်း တို့ကို မှတ် တော်မူ၏။
15 Han er den, som danner deres Hjerter til Hobe, som agter paa alle deres Gerninger.
၁၅သူ တို့၏ စိတ် နှလုံးရှိသမျှ တို့ကို ဖန်ဆင်း ၍၊ သူ တို့ကျင့်သမျှ သောအကျင့် တို့ကိုလည်း ဆင်ခြင် တော်မူ ၏။
16 En Konge frelses ikke ved stor Magt, en vældig fries ikke ved stor Kraft.
၁၆ရှင်ဘုရင် မည်သည်ကား၊ များစွာ သောအလုံး အရင်းအားဖြင့် ချမ်းသာ မ ရ။ သူရဲ သည်လည်း ခွန်အား ကြီး သောအားဖြင့် ကယ်လွှတ် ခြင်းသို့မ ရောက်။
17 Hesten slaar fejl til Frelse og kan ikke redde ved sin store Styrke.
၁၇မြင်း သော်လည်း ဘေး လွတ်ခြင်းအမှုကို မ တတ် နိုင်။ ကြီးစွာ သော ခွန်အား ဗလဖြင့် မ ကယ် ယူနိုင်။
18 Se, Herrens Øje er til dem, som ham frygte, som haabe paa hans Miskundhed,
၁၈ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ နှင့် ကရုဏာ တော်ကို ခိုလှုံ သောသူတို့သည်၊
19 for at fri deres Sjæl fra Død og holde dem i Live i Hungersnøden.
၁၉သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ အစာ ခေါင်းပါး သည် ကာလ၌ အသက် ရှင်မည်အကြောင်း ၊ သူ တို့ကိုကြည့်ရှု လျက် ရှိတော်မူ၏။
20 Vor Sjæl bier efter Herren, han er vor Hjælp og vort Skjold.
၂၀ငါ တို့၏ဝိညာဉ် သည် ထာဝရဘုရား ကို မြော်လင့် လျက်နေ၏။ ထိုဘုရား သည် ငါ တို့ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ်တော်မူ၏။
21 Thi i ham glædes vort Hjerte; thi vi forlade os paa hans hellige Navn.
၂၁သန့်ရှင်း သောနာမ တော်ကို ခိုလှုံ သောကြောင့် ၊ ငါ တို့သည် ထာဝရ ဘုရား၌ ဝမ်းမြောက် ခြင်းရှိကြ၏။
22 Herre! din Miskundhed være over os, ligesom vi haabe paa dig!
၂၂အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကိုးစား သည်နှင့်အညီ ၊ အကျွန်ုပ် တို့အပေါ် မှာ ကရုဏာ တော် သက်ရောက် ပါစေသော။

< Salme 33 >