< Salme 148 >
1 Lover Herren fra Himlene, lover ham i det høje!
၁ထာဝရဘုရားအားထောမနာပြုကြလော့။ အထက်ဘဝဂ်ဝယ်နေထိုင်သူတို့၊ကောင်းကင် ဘုံမှ ထာဝရဘုရားအားထောမနာပြုကြလော့။
2 Lover ham, alle hans Engle! lover ham, alle hans Hærskarer!
၂ကောင်းကင်တမန်အပေါင်းတို့၊ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
3 Lover ham, Sol og Maane! lover ham, alle Lysets Stjerner!
၃နေနှင့်လတို့၊ကိုယ်တော်အားထောမနာပြု ကြလော့။ ထွန်းတောက်သောကြယ်တာရာတို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
4 Lover ham, Himlenes Himle! og I Vande, som ere over Himlene!
၄ကောင်းကင်ဘဝဂ်နှင့်ကောင်းကင်အထက်ရှိ ရေများ တို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
5 De skulle love Herrens Navn; thi han bød, og de bleve skabte.
၅ထိုအရာရှိသမျှတို့သည်ထာဝရ ဘုရား၏ နာမတော်အားထောမနာပြုကြစေ။ ကိုယ်တော်သည်အမိန့်ပေးတော်မူ၍ယင်း တို့ကို ဖန်ဆင်းတော်မူ၏။
6 Og han har stillet dem hen for bestandig, evindelig; han satte dem en Lov, og den skal ikke overskrides.
၆ကိုယ်တော်၏အမိန့်တော်အရယင်းတို့သည် မိမိတို့သက်ဆိုင်ရာနေရာများတွင်အစဉ် အမြဲ တည်နေရကြ၏။ ယင်းတို့သည်အမိန့်တော်ကိုမလွန်ဆန်နိုင်ကြ။
7 Lover Herren fra Jorden, I Søuhyrer og alle Dyb!
၇မြွေနဂါးများနှင့်ရေနက်ရာအရပ်အပေါင်းတို့၊ လျှပ်စစ်လျှပ်နွယ်နှင့်မိုးသီးတို့၊ မိုးပွင့်နှင့်မိုးတိမ်တို့၊ကိုယ်တော်၏အမိန့်တော်ကို နာခံသည့်လေပြင်းမုန်တိုင်းတို့၊ ကမ္ဘာမြေကြီးမှနေ၍ထာဝရဘုရားအား ထောမနာပြုကြလော့။
8 Ild og Hagel, Sne og Røg og Stormvejr, som udretter hans Ord!
၈
9 I Bjerge og alle Høje, Frugttræer og alle Cedre!
၉တောင်ကုန်းများနှင့်တောင်ရိုးတို့၊သစ်သီးပင် များနှင့် သစ်တောတို့တိရစ္ဆာန်ယဉ်နှင့်တိရစ္ဆာန်ရိုင်းတို့၊ တွားတတ်သောသတ္တဝါနှင့်ငှက်တို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
10 I vilde Dyr og alt Kvæg, Kryb og vingede Fugle!
၁၀
11 I Konger paa Jorden og alle Folk, Fyrster og alle Dommere paa Jorden!
၁၁ဘုရင်များနှင့်လူမျိုးအပေါင်းတို့၊ မင်းညီမင်းသားများနှင့်အုပ်ချုပ်သူအပေါင်း တို့၊ ပျိုရွယ်သူအမျိုးသားနှင့်အမျိုးသမီးတို့၊ လူအိုနှင့်ကလေးသူငယ်တို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
12 Unge Karle og Jomfruer tillige, de gamle med de unge!
၁၂
13 De skulle love Herrens Navn; thi hans Navn alene er ophøjet, hans Majestæt er over Jorden og Himmelen.
၁၃ယင်းတို့သည်ထာဝရဘုရား၏နာမတော် အား ထောမနာပြုကြစေ။ ကိုယ်တော်၏နာမတော်သည်နာမရှိသမျှထက် ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေကြီးနှင့်ကောင်းကင်အထက် ၌ရှိ၏။
14 Og han har ophøjet et Horn for sit Folk, han, der er en Lovsang for alle sine hellige, for Israels Børn, det Folk, der er ham nær. Halleluja!
၁၄ကိုယ်တော်သည်မိမိ၏လူစုတော်၊ မိမိချစ်မြတ်နိုးတော်မူလှသည့်ဣသရေလ အမျိုးသားတို့အား ခွန်အားကြီးမားစေတော်မူသဖြင့်ထိုသူ တို့သည် ကိုယ်တော်အားထောမနာပြုကြ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။