< Salme 129 >
1 De trængte mig haardt fra min Ungdom af — saa sige Israel! —
၁ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား၊
2 de trængte mig haardt fra min Ungdom af; dog kunde de ikke overvælde mig.
၂ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီ။ သို့သော်လည်း ငါ့ကို မနိုင်ကြ။
3 Plovmændene pløjede paa min Ryg, de droge deres Furer lange.
၃ထွန်သော သူတို့သည် ငါ့ကျောပေါ်မှာ ထွန်၍၊ ရှည်သော ထွန်ကြောင်းတို့ကို ဖြစ်စေကြ၏။
4 Herren er retfærdig, han overhuggede de ugudeliges Reb.
၄ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ မတရားသော သူတို့၏ ကြိုးတို့ကို ဖြတ်တော်မူပြီ။
5 De skulle beskæmmes og vige tilbage, alle de, som hade Zion.
၅ဇိအုန်မြို့ကို မုန်းသောသူအပေါင်းတို့သည် ရှက်ကြောက်၍ လှန်ခြင်းကို ခံရကြပါစေ။
6 De skulle blive som Græs paa Tagene, som tørres, førend nogen oprykker det;
၆အိမ်မိုးပေါ်မှာ ပေါက်၍၊ အဘယ်သူမျှ မနှုတ်ဘဲ ညှိုးနွမ်းတတ် သော မြက်ပင်ကဲ့သို့ဖြစ်ကြပါစေ။
7 af hvilket Høstmanden ikke fylder sin Haand, ej heller den, som binder Neg, sin Arm.
၇ထိုမြက်ပင်ကို ရိတ်သောသူသည် လက်တဆုပ်မျှ မရ။ စည်းသောသူလည်း လက်တပွေ့မျှမရ။
8 Og de, som gaa forbi, sige ikke: Herrens Velsignelse være over eder! Vi velsigne eder i Herrens Navn.
၈လမ်း၌ ရှောက်သွားသော သူတို့ကလည်း၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာသက်ရောက်ပါ စေသော။ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ သင်တို့ကို ကောင်းကြီးပေးကြ၏ဟု မပြောမဆိုရကြ။