< 4 Mosebog 24 >

1 Der Bileam saa, at det behagede Herren, at han velsignede Israel, da gik han ikke hen, som de andre Gange, at søge Spaadomme; men han rettede sit Ansigt mod Ørken.
ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို ကောင်း​ချီး​ပေး​စေ​လို​ကြောင်း​သိ​မြင်​သော အ​ခါ ဗာ​လမ်​သည်​ယ​ခင်​က​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​ထံ​မှ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ခံ​ယူ​ရန်​မ​ကြိုး စား​တော့​ချေ။ သူ​သည်​တော​ကန္တာ​ရ​ဘက်​သို့ လှည့်​ကြည့်​ရာ၊-
2 Og Bileam opløftede sine Øjne og saa Israel, som var lejret efter dets Stammer; og Guds Aand kom over ham.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​နွယ်​အ​လိုက် စ​ခန်း​ချ​နေ​သည်​ကို​မြင်​ရ​သည်။ ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​သူ့​အ​ပေါ် သို့​ဆင်း​သက်​၏။-
3 Og han tog til sit Sprog og sagde: Det siger Bileam, Beors Søn, og det siger den Mand, hvis Øje er tillukket,
ထို့​နောက်​သူ​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``ဤ​ကား​ဗော​ရ​၏​သား​ဗာ​လမ်​ဆင့်​ဆို​သော ဗျာ​ဒိတ်​တော်​ဖြစ်​သည်။ ရှင်း​လင်း​စွာ​မြင်​နိုင်​သူ​၏​စ​ကား​များ​တည်း။
4 det siger den, som hører Guds Taler, den, som ser den Almægtiges Syn, den, der sank ned, og hvem Øjnene bleve aabnede paa:
သူ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​ကြား​နိုင်​၏။ မျက်​စိ​ပွင့်​လျက်​ဘ​ဝင်​ကျ​နေ​စဉ် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထံ​တော်​မှ ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ​၏။
5 Hvor skønne ere dine Telte, Jakob! og dine Boliger, Israel!
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တဲ​များ​သည် တင့်​တယ်​လှ​ပေ​စွ။
6 Ligesom Bække udbrede de sig, som Haverne ved en Flod, som Aloetræer, Herren har plantet, som Cedrene ved Vandet.
ရှည်​လျား​စွာ​ပေါက်​ရောက်​နေ​သော ထန်း​ပင်​တန်း​များ​နှင့်​တူ​ပေ​သည်။ မြစ်​ကမ်း​နား​မှာ​စိုက်​သော​ဥ​ယျာဉ်​နှင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​စိုက်​တော်​မူ​သော အ​ကျော်​ပင်​များ​နှင့်​လည်း​ကောင်း၊ ရေ​နီး​ရာ​၌​ပေါက်​သော​အာ​ရဇ်​ပင်​များ​နှင့် လည်း​ကောင်း တူ​ပေ​သည်။
7 Der skal flyde Vand af hans Spande, og hans Afkom skal være ved de mange Vande, og hans Konge skal blive mægtigere end Agag, og hans Rige skal ophøjes.
ယင်း​တို့​အ​ပေါ်​တွင်​မိုး​များ​စွာ​ရွာ​သွန်း​လိမ့်​မည်။ ရေ​အ​လုံ​အ​လောက်​ရ​ရှိ​သော​လယ်​များ​တွင် စိုက်​ပျိုး​ရ​လိမ့်​မည်။ သူ​တို့​၏​ဘု​ရင်​သည်​အာ​ဂတ်​ဘု​ရင်​ထက် တန်​ခိုး​ကြီး​၍​နေ​ရာ​အ​နှံ့​သို့ သူ​၏​အာ​ဏာ​စက်​သက်​ရောက်​လိမ့်​မည်။
8 Gud er den, som førte ham ud af Ægypten, de have megen Styrke, som Enhjørningen; han skal fortære Hedningerne, sine Fjender, og bryde deres Ben og saare dem med sine Pile.
ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​တော်​မူ​၏။ သူ​တို့​သည်​နွား​ရိုင်း​ကဲ့​သို့​ခွန်​အား​ကြီး​၏။ သူ​တို့​သည်​ရန်​သူ​များ​ကို​ချေ​မှုန်း​ကြ​၏။ ရန်​သူ​တို့​၏​အ​ရိုး​များ​ကို​ညက်​ညက်​ကြေ စေ​လျက် သူ​တို့​၏​မြား​များ​ကို​ချိုး​ဖျက်​ကြ​၏။
9 Han har bøjet sig, lagt sig som en Løve og som en Løvinde, hvo tør jage ham op? velsignet være de, som dig velsigne, og forbandet være de, som dig forbande.
ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ခွန်​အား​ကြီး​သော ခြင်္သေ့​နှင့်​တူ​၏။ သူ​အိပ်​နေ​သော​အ​ခါ​မည်​သူ​မျှ​သူ့​ကို​မ​နှိုး​ဝံ့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကောင်း​ချီး​ပေး သော သူ​သည်​ကောင်း​ချီး​ပေး​ခြင်း​ကို​ခံ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကျိန်​ဆဲ​သော သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​မည်။''
10 Da optændtes Balaks Vrede imod Bileam, og han slog sine Hænder sammen; og Balak sagde til Bileam: Jeg kaldte dig til at forbande mine Fjender, og se, du har velsignet nu tre Gange.
၁၀ထို​အ​ခါ​ဗာ​လက်​ဘု​ရင်​သည်​အ​မျက်​ထွက်​သ​ဖြင့် လက်​သီး​များ​ကို​ဆုပ်​လျက်​ဗာ​လမ်​အား``အ​ကျွန်ုပ် ၏​ရန်​သူ​တို့​ကို​ကျိန်​ဆဲ​ရန်​ကိုယ်​တော်​ကို​ခေါ် ဆောင်​ခဲ့​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​သူ​တို့ ကို​သုံး​ကြိမ်​တိုင်​အောင်​ကောင်း​ချီး​ပေး​လေ​ပြီ။-
11 Og nu, fly du til dit Sted; jeg havde sagt: Jeg vil ære dig, men se, Herren har forhindret dig fra den Ære.
၁၁ယ​ခု​ကိုယ်​တော်​ပြန်​ပါ​လော့။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​အား ဆု​လာဘ်​များ​ချီး​မြှင့်​မည်​ဟု က​တိ​ထား​ခဲ့​သော်​လည်း ထို​သို့​ချီး​မြှင့်​ရန် ထာ​ဝ​ရ​ဘု​ရား​သည်​အ​လို​တော်​မ​ရှိ'' ဟု ဆို​လေ​၏။
12 Og Bileam sagde til Balak: Talede jeg ikke ogsaa til dine Bud, som du sendte til mig, og sagde:
၁၂ဗာ​လမ်​က``သင်​၏​နန်း​တော်​တွင် ရှိ​သ​မျှ​သော​ရွှေ၊ ငွေ​ကို​ပေး​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ဆန့်​ကျင်​၍ ငါ့​အ​လို​အ​လျောက်​မည်​သို့ မျှ​မ​ပြု​နိုင်​ဟု​သင်​စေ​လွှတ်​သော​သံ​တ​မန်​တို့ အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို​သာ​ပြော​ရ​မည်'' ဟု​ဖြေ​ကြား​လေ​၏။
13 Dersom Balak vilde give mig sit Hus, fuldt af Sølv og Guld, saa kunde jeg ikke overtræde Herrens Ord, til at gøre godt eller ondt efter mit eget Hjerte; det som Herren vil tale, det vil jeg tale.
၁၃
14 Og nu se, jeg drager til mit Folk; gak hid, jeg vil raade dig, hvad dette Folk skal gøre ved dit Folk i de sidste Dage.
၁၄ဗာ​လမ်​က​ဗာ​လက်​ဘု​ရင်​အား``ယ​ခု​ငါ​သည် ဆွေ​မျိုး​သား​ချင်း​တို့​ထံ​သို့​ပြန်​မည်။ သို့​ရာ​တွင် ငါ​ပြန်​၍​မ​သွား​မီ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က​နောင်​အ​ခါ သင်​၏​အ​မျိုး​သား​တို့​အား မည်​ကဲ့​သို့​ပြု​လုပ်​မည့်​အ​ကြောင်း​ကို ငါ​သ​တိ ပေး​ခဲ့​မည်'' ဟု​ဆို​၏။-
15 Og han tog til sit Sprog og sagde: Det siger Bileam, Beors Søn, det siger den Mand, hvis Øje er tillukket;
၁၅ထို​နောက်​သူ​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``ဤ​ကား​ဗော​ရ​၏​သား​ဗာ​လမ်​ဆင့်​ဆို​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ရှင်း​လင်း​စွာ​မြင်​နိုင်​သူ​၏​စ​ကား​များ​တည်း။
16 det siger den, som hører Guds Taler, og som ved den Højestes Vidskab, den, som ser den Almægtiges Syn, den, der sank ned, og hvem Øjnene bleve aabnede paa:
၁၆သူ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော စ​ကား​ကို​ကြား​နိုင်​၏။ အ​မြင့်​ဆုံး​သော​ဘု​ရား​ထံ​တော်​မှ အ​သိ​ပ​ညာ​ကို​ရ​ရှိ​၏။ မျက်​စိ​ပွင့်​လျက်​ဘ​ဝင်​ကျ​နေ​စဉ် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထံ​တော်​မှ ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ​၏။
17 Jeg ser ham, dog ikke nu, jeg skuer ham, men ikke nær; der opgaar en Stjerne af Jakob, og der hæver sig et Spir af Israel, og det knuser Moabs Hjørner og ødelægger alle Seths Børn.
၁၇ငါ​သည်​အ​နာ​ဂတ်​ကို​မျှော်​ကြည့်​သော​အ​ခါ ဣ​သ​ရေ​လ​နိုင်​ငံ​ကို​ငါ​မြင်​ရ​၏။ ထို​နိုင်​ငံ​တွင်​ရှင်​ဘု​ရင်​တစ်​ပါး​သည်​တောက်​ပ​သော ကြယ်​သ​ဖွယ်​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​ဘု​ရင်​သည်​ကြယ်​တံ​ခွန်​သ​ဖွယ် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ပေါ်​ထွန်း​လိမ့်​မည်။ သူ​သည်​မော​ဘ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​၍ ရှေ​သ​အ​နွယ်​ဝင်​တို့​ကို​နှိမ်​နင်း​လိမ့်​မည်။
18 Og Edom skal være hans Ejendom, og Sejr, hans Fjende, skal være hans Ejendom; men Israel skal gøre kraftige Gerninger.
၁၈သူ​သည်​ဧ​ဒုံ​ပြည်​ရှိ​ရန်​သူ​တို့​ကို တိုက်​ခိုက်​အောင်​မြင်​၍ သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​လိမ့်​မည်။
19 Af Jakob skal een herske, og de overblevne skal han udrydde af Stæderne.
၁၉ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​ဆက်​မ​ပြတ် အောင်​ပွဲ​ခံ​လိမ့်​မည်။ ဣ​သ​ရေ​လ​နိုင်​ငံ​သည်​ရန်​သူ​တို့​ကို​ချေ​မှုန်း​၍ တစ်​ယောက်​မ​ကျန်​သုတ်​သင်​ဖျက်​ဆီး​လိမ့်​မည်။''
20 Og der han saa Amalekiterne, da tog han til sit Sprog og sagde: Amalek er det første af Hedningefolkene; men i hans sidste Tid skal han gaa til Grunde.
၂၀ထို​နောက်​ဗာ​လမ်​သည်​အာ​မ​လက်​အ​မျိုး​သား တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍​အောက်​ပါ​ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လေ​၏။ ``အာ​မ​လက်​နိုင်​ငံ​သည်​အင်​အား အ​ကြီး​ဆုံး​နိုင်​ငံ​ဖြစ်​၏။ သို့​ရာ​တွင်​နောက်​ဆုံး​၌​ထို​နိုင်​ငံ​သည် ပျက်​သုဉ်း​ရ​လိမ့်​မည်။''
21 Og der han saa Keniterne, da tog han til sit Sprog og sagde: Fast er din Bolig, og bygget paa Klippen er din Rede.
၂၁တစ်​ဖန်​သူ​သည်​ကေ​နိ​အ​မျိုး​သား​တို့​ကို ရူ​ပါ​ရုံ​၌​မြင်​၍ အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​လေ​၏။ ``သင်​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် ကမ်း​ပါး​ယံ​အ​ထက်​၌​တည်​ဆောက်​ထား​သော ငှက်​သိုက်​ကဲ့​သို့​လုံ​ခြုံ​ပေ​သည်။
22 Thi mon Kain skal hjemfalde til, Undergang, indtil Assur fører dig i Fangenskab?
၂၂သို့​ရာ​တွင်​အာ​ရှု​ရိ​ဘု​ရင်​သည်​သင်​တို့​၏​ပြည်​ကို တိုက်​ခိုက်​သိမ်း​ယူ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​သည်​ပျက်​စီး​ဆုံး​ပါး​လိမ့်​မည်။''
23 Og han tog til sit Sprog og sagde: Ve! hvo skal blive ved Live, naar Gud beskikker det?
၂၃ဗာ​လမ်​သည်​အောက်​ပါ​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို သည်။ ``မြောက်​အ​ရပ်​တွင်​မည်​သူ​တို့​စု​ရုံး​နေ​ကြ သ​နည်း။
24 Og Skibe fra Kithims Egn skulle komme, og de skulle undertrykke Assur og undertrykke Eber, ja ogsaa han skal gaa til Grunde.
၂၄ကု​ပ​ရု​ကျွန်း​မှ​ရန်​သူ​သင်္ဘော​များ​သည်​လာ​၍ အာ​ရှု​ရိ​ပြည်​နှင့်​ဟေ​ဗာ​ပြည်​တို့​ကို​တိုက်​ခိုက် အောင်​မြင်​လိမ့်​မည်။ သို့​ရာ​တွင်​သူ​တို့​ကိုယ်​တိုင်​လည်း​သုတ်​သင် ဖျက်​ဆီး​ခြင်း​ခံ​ရ​လိမ့်​မည်။''
25 Og Bileam stod op og gik og vendte tilbage til sit Sted; og Balak gik ogsaa sin Vej.
၂၅ထို​နောက်​ဗာ​လမ်​နှင့်​ဗာ​လက်​ဘု​ရင်​တို့​သည် မိ​မိ တို့​နေ​ရပ်​သို့​အ​သီး​သီး​ပြန်​သွား​ကြ​လေ​၏။

< 4 Mosebog 24 >