< 4 Mosebog 12 >
1 Og Maria og Aron talede imod Mose for den morlandske Hustrus Skyld, som han havde taget; thi han havde taget en morlandsk Hustru.
၁မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဘက် သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့် အာရုန်သည် မောရှေကို အပြစ်တင်လျက်၊
2 Og de sagde: Taler Herren ene og alene ved Mose? mon han ikke ogsaa taler ved os? og Herren hørte det.
၂အကယ်၍ ထာဝရဘုရားသည်၊ မောရှေအား ဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ၏။ ထိုစကားကို ထာဝရ ဘုရားကြားတော်မူ၏။
3 Men den Mand Mose var saare sagtmodig, fremfor alle Mennesker paa Jorderige.
၃မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူ အပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သော သဘော ရှိ၏။
4 Og Herren sagde hastelig til Mose og til Aron og til Maria: Gaar ud, I tre, til Forsamlingens Paulun; og de tre gik ud.
၄ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက် သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ လော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ခြင်း မိန့်တော်မူ၍ သူတို့သည် ထွက်သွားကြ၏။
5 Da kom Herren ned i en Skystøtte og stod i Paulunets Dør; og han kaldte ad Aron og Maria, og de gik begge ud.
၅ထာဝရဘုရားသည် မိုဃ်းတိမ်တိုင်ဖြင့် ဆင်း သက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ် လျက်၊ အာရုန်နှင့် မိရိအံကို ခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။
6 Og han sagde: Kære, hører mine Ord: Dersom der er en Profet iblandt eder, giver jeg, Herren, mig tilkende for ham i Synet, i Drømmen taler jeg med ham.
၆ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင် ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရား သည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကို ပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။
7 Ikke saa med min Tjener Mose; han er tro i mit ganske Hus.
၇အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သော ငါ့ ကျွန်မောရှေသည် ထိုသို့မဟုတ်။
8 Jeg taler mundtlig med ham og synlig og ikke i mørk Tale, og han beskuer Herrens Lignelse; hvi frygtede I da ikke at tale imod min Tjener, imod Mose?
၈သူ၌ ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကား အားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာ ဗျာဒိတ် ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဍာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ့်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူ လျက်၊
9 Og Herrens Vrede optændtes imod dem, og han gik bort.
၉အမျက်တော်ထွက်၍ ထာဝရဘုရား ကြွသွား တော်မူသဖြင့်၊
10 Og Skyen veg bort fra Paulunet, og se, Maria var spedalsk som Sne; og Aron vendte sig til Maria, og se, hun var spedalsk.
၁၀မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊
11 Og Aron sagde til Mose: Hør mig dog, min Herre, læg ikke den Synd paa os, i hvilken vi have gjort daarlig, og i hvilken vi have syndet.
၁၁အို အကျွန်ုပ်သခင်၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကို ပြုမိ၍ ပြစ်မှားသောအပြစ်ကို အကျွန်ုပ်တို့အပေါ်မှာ တင်တော်မမူပါနှင့်၊ အကျွန်ုပ်တောင်းပန်ပါ၏။
12 Kære, lad hende ikke være som en Død, hvis halve Kød, naar han kommer ud af sin Moders Liv, er fortæret.
၁၂ဘွားစကပင် ကိုယ်အသား တဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်ဟု တောင်း ပန်လျှင်၊
13 Da raabte Mose til Herren og sagde: Ak, Gud! helbred hende.
၁၃မောရှေက၊ အို ဘုရားသခင်၊ သူ၏အနာကို ပျောက်စေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု ထာဝရဘုရားအား အော်ဟစ်လေ၏။
14 Og Herren sagde til Mose: Om hendes Fader havde spyttet hende i hendes Ansigt, skulde hun da ikke skamme sig syv Dage? Lad hende blive udelukket fra Lejren syv Dage, og derefter maa hun optages.
၁၄ထာဝရဘုရားကလည်း၊ သူ၏ အဘသည် သူ၏ မျက်နှာကို တံထွေးနှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည် မဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေစေ။ ထို့နောက်မှ တပ်ထဲသို့ တဖန်ဝင်စေဟု မောရှေ အား မိန့်တော်မူသည်အတိုင်း၊
15 Og Maria blev udelukket fra Lejren syv Dage, og Folket rejste ikke, førend Maria blev optaget.
၁၅မိရိအံကို နှင်ထုတ်၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရ၏။ မိရိအံအနာမပျောက်မှီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲ နေကြ၏။
16 Og derefter rejste Folket fra Hazeroth, og de lejrede sig i Ørken Paran.
၁၆ထို့နောက် ဟာဇရုတ် အရပ်မှ ပြောင်း၍ ပါရန် တော၌ တဲဆောက်ကြ၏။