< Klagesangene 5 >

1 Herre! kom i Hu, hvad der er sket os; sku ned og se vor Forhaanelse!
အိုထာဝရဘုရား ၊ အကျွန်ုပ် တို့၌ ရောက် သော အမှု ကိုအောက်မေ့ တော်မူပါ။ အကျွန်ုပ် တို့ခံရသောကဲ့ရဲ့ ခြင်းကိုကြည့်ရှု ၍ ဆင်ခြင် တော်မူပါ။
2 Vor Arv er gaaet over til fremmede, vore Huse til Udlændinge.
အကျွန်ုပ် တို့ အမွေ ခံရာမြေသည် တပါး အမျိုးသားလက်သို့ ၎င်း ၊ နေရာအိမ် တို့သည်လည်း တကျွန်းတနိုင်ငံသား တို့လက်သို့ ၎င်း ရောက် ပါပြီ။
3 Vi ere blevne faderløse, uden Fader, vore Mødre ere som Enker.
အကျွန်ုပ်တို့သည် မိ ဘမရှိသော သူငယ်ဖြစ် ကြပါ ၏။ အဘ ဆုံး ပါပြီ။ အမိ သည်မုတ်ဆိုးမ ကဲ့သို့ နေရပါ၏။
4 Vandet, vi drikke, købe vi for Penge; vort Brænde kommer til os for Betaling.
ငွေ ပေးမှ ရေ ကို သောက် ရပါ၏။ ထင်း ကိုလည်း ဝယ် ရပါ၏။
5 Man er os paa Halsen, vi forfølges; vi blive trætte og faa ikke Hvile.
ထမ်းဘိုးကိုအစဉ်ထမ်းရပါ၏။ မ ရပ် မနေဘဲ လုပ်ကိုင် ရပါ၏။
6 Vi have rakt Haanden imod Ægypten, imod Assyrien for at mættes af Brød.
စားစရာ ကိုရ ခြင်းငှါ အဲဂုတ္တု ပြည်သား၊ အာရှုရိ ပြည်သားတို့၌ ကျွန် ခံရပါ၏။
7 Vore Fædre have syndet, de ere ikke mere, og vi bære deres Misgerninger.
ဘိုးဘေး တို့သည်ပြစ်မှား ၍ သေပြီးမှ၊ အကျွန်ုပ် တို့သည် သူ တို့ အပြစ် များကိုခံ ရပါ၏။
8 Trælle herske over os; der er ingen, som frier af deres Haand.
သူ့ကျွန် တို့သည် အကျွန်ုပ် တို့ကို အုပ်စိုး ကြပါ၏။ သူ တို့လက် မှ အဘယ်သူမျှမကယ်မနှုတ်ပါ။
9 Vi hente vort Brød med Fare for vort Liv, formedelst Sværdet i Ørken.
တော ၌ထား ဘေးနှင့် တွေ့၍ အသေခံ လျက် စားစရာ ကို ရှာရ ကြပါ၏။
10 Vor Hud er forbrændt som en Ovn, af Hungerens Glød.
၁၀မွတ်သိပ် ခြင်းအရှိန် ကြောင့် အကျွန်ုပ် တို့၏ အရေ သည် မီးဖို ကဲ့သို့ မည်း ပါ၏။
11 De krænke Kvinderne i Zion, Jomfruerne i Judas Stæder.
၁၁ဇိအုန် မြို့၌ မိန်းမ များကို၎င်း၊ ယုဒ မြို့ ရွာတို့၌ မိန်းမပျို များကို၎င်း အဓမ္မ ပြုကြပါ၏။
12 Fyrster ere hængte af deres Haand, Oldingers Person bliver ikke æret.
၁၂မှူးမတ် တို့ကို လက် ဖြင့် ဆွဲ ထားကြပါ၏။ အသက်ကြီး သူတို့ကိုလည်း မ ရိုသေ ကြပါ။
13 Unge Karle maatte tage fat paa Kværnen, og Drenge segnede under Byrden af Ved.
၁၃လူပျို တို့သည် ကြိတ်ဆုံ ကို ထမ်း ရကြပါ၏။ သူငယ် တို့သည်လည်း ထင်း အောက်မှာ လဲ ရကြပါ၏။
14 De Ældste have hørt op med at sidde i Porten, de unge Karle med deres Strengeleg.
၁၄အသက်ကြီး သူတို့သည် မြို့တံခါးဝ ၌ ၎င်း ၊ လူပျို တို့သည် ပွဲ သဘင်၌ ၎င်း ကွယ်ပျောက် ကြပါ၏။
15 Vort Hjertes Glæde er hørt op, vor Dans er vendt om til Sorrig.
၁၅အကျွန်ုပ် တို့သည် နှလုံး ရွှင်လန်း ခြင်းပြတ် ၍၊ က ခြင်းအရာ၌ ညည်းတွား ခြင်း ရှိ ကြပါ၏။
16 Vort Hoveds Krone er affalden; o ve os! thi vi have syndet.
၁၆အကျွန်ုပ် တို့ဆောင်း သော သရဖူ သည်ကျ ပါပြီ။ အကျွန်ုပ်တို့သည် ပြစ်မှား သောကြောင့် အမင်္ဂလာ ရှိကြပါ၏။
17 Derfor er vort Hjerte sygt, derfor ere vore Øjne formørkede:
၁၇ထိုကြောင့် အကျွန်ုပ် တို့သည်စိတ် ပျက် ကြ ပါပြီ။ ထို အပြစ်ကြောင့် မျက်စိ တို့သည်လည်း မွဲ ကြပါ၏။
18 For Zions Bjergs Skyld, som er øde, Ræve løbe derpaa.
၁၈လူဆိတ်ညံ လျက်ရှိသောဇိအုန် တောင် ပေါ်မှာ မြေခွေး တို့သည် သွား လာကြပါ၏။
19 Du, Herre! du bliver evindelig, din Trone fra Slægt til Slægt.
၁၉အိုထာဝရဘုရား ၊ ကိုယ်တော် သည် နိစ္စ အမြဲတည် တော်မူ၏။ ပလ္လင် တော်သည်လည်း ထာဝရ ပလ္လင် ဖြစ်ပါ၏။
20 Hvorfor vil du glemme os evindelig? forlade os saa lang en Tid?
၂၀ကိုယ်တော်သည် အဘယ် ကြောင့်အကျွန်ုပ် တို့ကို အစဉ် မပြတ်မေ့လျော့ တော်မူသနည်း။ အဘယ်ကြောင့်ကာလ ကြာမြင့် စွာ စွန့်ပစ် တော်မူသနည်း။
21 Herre! før os tilbage til dig, saa ville vi vende tilbage, forny vore Dage som i fordums Tid!
၂၁အိုထာဝရဘုရား ၊ အကျွန်ုပ် တို့ကိုအထံ တော်သို့ လှည့် စေတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်တို့သည်ပြန် ၍ လာကြပါမည်။ ရှေး ကာလကဲ့သို့ အကျွန်ုပ် တို့ကာလ ကို အသစ် ပြုပြင်တော်မူပါ။
22 Thi mon du aldeles har forkastet os? mon du er saa saare vred paa os?
၂၂အကယ်၍ ကိုယ်တော်သည်အကျွန်ုပ် တို့ကို ရှင်းရှင်းပယ် တော်မူမည်လော။ ပြင်းစွာ အမျက်ထွက် တော်မူ မည်လော။

< Klagesangene 5 >