< Dommer 21 >
1 Og Israels Mænd havde svoret i Mizpa og sagt: Der skal ingen af os give Benjamin sin Datter til Hustru.
၁မိဇပါမြို့၌စုရုံးစဉ်အခါကဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားအား``ဗင်္ယာ မိန်အမျိုးသားတစ်စုံတစ်ယောက်ကိုမျှအကျွန်ုပ် တို့၏သမီးနှင့်လက်ထပ်ထိမ်းမြားခွင့်ပြုမည် မဟုတ်ပါ'' ဟုကျိန်ဆိုကတိပြုခဲ့ကြ၏။-
2 Og Folket kom til Guds Hus, og de bleve der indtil Aftenen for Guds Ansigt; og de opløftede deres Røst og græd med en stor Graad.
၂သို့ဖြစ်၍ယခုဣသရေလအမျိုးသားတို့ သည်ဗေသလမြို့သို့သွား၍ ဘုရားသခင် ၏ရှေ့တော်၌ညနေချမ်းအချိန်တိုင်အောင် ထိုင်လျက်၊-
3 Og de sagde: Herre, Israels Gud! hvorfor er dette sket i Israel, at i Dag een Stamme savnes af Israel?
၃``အို ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၊ အဘယ်ကြောင့်ဤသို့ဖြစ် ရပါသနည်း။ ဗင်္ယာမိန်အနွယ်သည်ဣသ ရေလလူမျိုးမှအဘယ်ကြောင့်ပျောက်ကွယ် ရပါတော့မည်နည်း'' ဟုပြင်းပြစွာဟစ် အော်ငိုကြွေးလျှောက်ထားကြ၏။
4 Og det skete den anden Dag, da stod Folket aarle op, og de byggede der et Alter, og de ofrede Brændofre og Takofre.
၄နောက်တစ်နေ့နံနက်စောစော၌လူတို့သည် ထ၍ ထိုအရပ်တွင်ယဇ်ပလ္လင်တစ်ခုကိုတည် ဆောက်ကာ မိတ်သဟာယယဇ်နှင့်မီးရှို့ရာ ယဇ်တို့ကိုပူဇော်ကြ၏။-
5 Og Israels Børn sagde: Hvo er den, som ikke er kommen med op til Forsamlingen af alle Israels Stammer til Herren? Thi der var svoret en høj Ed imod den, som ikke kom op til Herren i Mizpa, saa der sagdes: Han skal visseligen dødes.
၅သူတို့က``ဣသရေလလူမျိုးအနွယ်အပေါင်း တို့အနက်မိဇပါမြို့ရှိ ထာဝရဘုရား၏ ရှေ့တော်သို့မလာမရောက်ဘဲနေခဲ့သည့်လူ စုရှိပါသလော'' ဟုမေးမြန်းကြ၏။ (အဘယ် ကြောင့်ဆိုသော်မိဇပါမြို့ထာဝရဘုရား ထံတော်သို့မလာမရောက်ဘဲနေသောသူ သည်သေဒဏ်ခံစေဟုကျိန်ဆိုကတိပြု ခဲ့ကြသောကြောင့်ဖြစ်၏။-)
6 Og det gjorde Israels Børn ondt for deres Broder Benjamin, og de sagde: I Dag er een Stamme afhuggen af Israel.
၆ဣသရေလအမျိုးသားတို့သည်မိမိတို့ ၏ညီများဖြစ်သော ဗင်္ယာမိန်အနွယ်ဝင်တို့ အတွက်ဝမ်းနည်းကြေကွဲလျက်``ယနေ့ပင် လျှင်ဣသရေလအမျိုးအနွယ်အပေါင်း တို့အနက်တစ်နွယ်ကိုဆုံးရှုံးရလေပြီ။-
7 Hvad ville vi gøre dem, som ere overblevne, at de kunne faa Hustruer? thi vi have svoret ved Herren, at vi ikke ville give dem af vore Døtre til Hustruer.
၇ကျန်ရှိနေသေးသောဗင်္ယာမိန်အမျိုးသား တို့အတွက်မယားများရရှိနိုင်ရန် ငါတို့ အဘယ်သို့ပြုကြရပါမည်နည်း။ ငါတို့ သမီးများကိုသူတို့နှင့်ထိမ်းမြားခြင်းမပြု ဟုထာဝရဘုရားကိုတိုင်တည်၍ငါတို့ သစ္စာဆိုပြီးလေပြီ'' ဟုဆိုကြ၏။
8 Og de sagde: Hvad er det for en af Israels Stammer, som ikke er kommen op til Herren i Mizpa? Og se, der var ingen Mand kommen til Lejren fra Jabes i Gilead til Forsamlingen.
၈မိဇပါမြို့၌စုရုံးရာသို့ဣသရေလ အမျိုးအနွယ်များထဲမှ မလာမရောက် သောလူစုရှိပါသလောဟုစုံစမ်းကြ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှမည် သူတစ်ဦးတစ်ယောက်မျှမလာမရောက် ကြောင်းကိုသိရှိရကြလေသည်။-
9 Thi Folket blev talt; og se, da var der ingen af Indbyggerne fra Jabes i Gilead.
၉တပ်မတော်မှနာမည်ခေါ်စာရင်းကောက်ယူ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှလူ တစ်စုံတစ်ယောက်မျှမပါဝင်ပေ။-
10 Da sendte de derhen af Menigheden tolv Tusinde Mand af Stridsfolkene; og de bøde dem og sagde: Gaar hen og slaar Indbyggerne i Jabes i Gilead med skarpe Sværd, samt Hustruerne og de smaa Børn.
၁၀မိဇပါမြို့၌စုဝေးသောသူအပေါင်းတို့ က၊ မိမိတို့တွင်ရဲစွမ်းသတ္တိအရှိဆုံးလူ တစ်သောင်းနှစ်ထောင်အား``သင်တို့သွား၍ အမျိုးသမီးများနှင့်ကလေးများအပါ အဝင်ယာဗတ်မြို့သားအပေါင်းတို့အား သုတ်သင်ပစ်ကြလော့။ ယောကျာ်းနှင့်အပျို စင်မဟုတ်သောအမျိုးသမီးမှန်သမျှ ကိုသတ်ဖြတ်ပစ်ကြရမည်'' ဟုအမိန့် ပေးစေလွှတ်လိုက်လေသည်။-
11 Og denne er den Gerning, som I skulle gøre: Alt Mandkøn og alle Kvinder, som have haft Samkvem med nogen Mand, skulle I ødelægge.
၁၁
12 Og de fandt af Indbyggerne i Jabes i Gilead fire Hundrede unge Piger, Jomfruer, som ikke havde kendt nogen Mand og ikke haft Samkvem med nogen Mand, og de førte dem til Lejren i Silo, som er i Landet Kanaan.
၁၂ထိုသူတို့သည်ယာဗက်မြို့သားများအနက် အပျိုစင်လေးရာကိုတွေ့ရှိသဖြင့် သူတို့ အားရှိလောမြို့တပ်စခန်းသို့ခေါ်ဆောင် ခဲ့ကြ၏။ ရှိလောမြို့သည်ခါနာန်ပြည်တွင် ရှိသတည်း။
13 Da sendte den ganske Menighed hen, og de lode tale med Benjamins Børn, som vare paa Klippen Bimmon; og de tilbøde dem Fred.
၁၃ထိုနောက်စုဝေးသောသူအပေါင်းတို့က ရိမ္မုန် ကျောက်ရှိဗင်္ယာမိန်အမျိုးသားတို့ထံသို့ စစ်ပြေငြိမ်းရန် ကမ်းလှမ်းချက်သတင်းကို ပေးပို့လိုက်ကြ၏။-
14 Saa kom Benjamin tilbage paa samme Tid, og de gave dem de Hustruer, som de havde ladet leve af Kvinderne fra Jabes i Gilead; og de fandt ikke saaledes nok til dem.
၁၄ဗင်္ယာမိန်အမျိုးသားတို့သည်ပြန်လာကြ သောအခါ အခြားဣသရေလအမျိုးတို့ ကမိမိတို့မသတ်ဘဲထားသည့် ယာဗက်မြို့ သူအမျိုးသမီးတို့ကိုပေးအပ်လိုက်လေ သည်။ သို့ရာတွင်ထိုအမျိုးသမီးအရေ အတွက်မှာထိုသူတို့အတွက်လုံလောက် မှုမရှိချေ။
15 Da gjorde det Folket ondt for Benjamin, fordi Herren havde gjort et Skaar i Israels Stammer.
၁၅ထာဝရဘုရားသည်ဣသရေလအမျိုး အနွယ်တို့၏စည်းလုံးမှုကိုပျက်ပြားစေ တော်မူပြီဖြစ်၍ လူတို့သည်ဗင်္ယာမိန်အမျိုး သားများအတွက်ဝမ်းနည်းကြလေသည်။-
16 Og Menighedens Ældste sagde: Hvad skulle vi gøre ved de overblevne, at de kunne faa Hustruer? thi Kvinderne af Benjamin ere udryddede.
၁၆သို့ဖြစ်၍ခေါင်းဆောင်တို့က``ဗင်္ယာမိန်အနွယ် ဝင်အမျိုးသမီးများမရှိကြတော့ပေ။ ကျန် ရှိနေသေးသည့်အမျိုးသားများအတွက် အဘယ်သို့လျှင် မယားများကိုငါတို့ရှာ ဖွေပေးရပါမည်နည်း။-
17 Og de sagde: De undkomnes Ejendom skal høre Benjamin til, at ikke een Stamme skal blive udslettet af Israel.
၁၇ဣသရေလတစ်ဆယ့်နှစ်မျိုးရှိသည့် အနက်တစ်မျိုးပျောက်ကွယ်၍မသွား စေအပ်။-
18 Men vi kunne ikke give dem Hustruer af vore Døtre; thi Israels Børn have svoret og sagt: Forbandet være den, som giver Benjamin en Hustru!
၁၈သို့ရာတွင်ငါတို့သည်မိမိတို့၏သမီးများ နှင့်သူတို့အားထိမ်းမြားစုံဖက်ခွင့်လည်းမ ပြုနိုင်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့စုံဖက် ရန်ခွင့်ပြုသူသည် ငါတို့၏ကျိန်စာသင့်မည် ဖြစ်သောကြောင့်တည်း'' ဟုဆွေးနွေးတိုင်ပင် ကြလေသည်။
19 Og de sagde: Se, der er Aar for Aar Herrens Højtid i Silo, som ligger Nord for Bethel, mod Solens Opgang, paa den alfare Vej, som gaar op fra Bethel til Sikem, og Syd for Lebona.
၁၉ထိုနောက်သူတို့သည်ရှိလောမြို့၌နှစ်စဉ် ကျင်းပမြဲဖြစ်သော ထာဝရဘုရား၏ပွဲ တော်ကျရောက်တော့မည်ကိုသတိရကြ ၏။ (ရှိလောမြို့သည်ဗေသလမြို့၏မြောက် ဘက်၊ လေဗောနမြို့၏တောင်ဘက်၊ ဗေသလ မြို့မှရှေခင်မြို့သို့သွားသောလမ်းအရှေ့ ဘက်၌တည်ရှိသတည်း။-)
20 Og de befalede Benjamins Børn og sagde: Gaar hen og lurer i Vingaardene!
၂၀သူတို့ကဗင်္ယာမိန်အမျိုးသားတို့အား``သင် တို့သည်စပျစ်ဥယျာဉ်များသို့သွား၍ ပုန်း အောင်း၍၊-
21 Og I skulle se til, og se, dersom Silos Døtre gaa ud at danse, da maa I gaa ud af Vingaardene og gribe eder hver sin Hustru af Silos Døtre, og I skulle gaa til Benjamins Land.
၂၁စောင့်ဆိုင်းနေကြလော့။ ရှိလောမြို့သူတို့သည် ပွဲခံအံ့သောငှာကခုန်လျက်လာကြလိမ့် မည်။ ထိုအခါစပျစ်ဥယျာဉ်များမှထွက်၍ သင်တို့နှင့်အိမ်ထောင်ဖက်ပြုရန်နှစ်သက် ရာအမျိုးသမီးကိုဗင်္ယာမိန်ပြည်သို့ဖမ်း ဆီးခေါ်ဆောင်သွားကြလော့။-
22 Og det skal ske, naar deres Fædre eller deres Brødre komme at gaa i Rette med os, da ville vi sige til dem: Værer dem naadige for vor Skyld, fordi vi ikke have skaffet dem hver sin Hustru i Krigen; thi I have heller ikke givet dem Hustruer; eller skulle I nu have været skyldige.
၂၂အကယ်၍သူတို့၏ဖခင်များသို့မဟုတ် မောင်များကလာရောက်ကန့်ကွက်လျှင် သင် တို့သည်သူတို့အား`ထိုအမျိုးသမီးတို့ကို ငါတို့အားသိမ်းပိုက်ခွင့်ပြုပါ။ အဘယ်ကြောင့် ဆိုသော်ငါတို့သည်သင်တို့အားတိုက်ခိုက်၍ သူတို့ကိုသိမ်းယူခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုမှတစ်ပါးသူတို့ကိုငါတို့ အားပေးစားသူမှာသင်တို့မဟုတ်သဖြင့် သင်တို့သည်မိမိတို့၏ကတိသစ္စာကိုချိုး ဖောက်ရာမရောက်ပါ' ဟုပြန်ပြောကြ လော့'' ဟူ၍မှာထားကြ၏။
23 Og Benjamins Børn gjorde saaledes og toge Hustruer efter deres Tal af dem, som dansede, hvilke de røvede; og de gik og kom tilbage til deres Arv og byggede Stæderne og boede i dem.
၂၃ဗင်္ယာမိန်အမျိုးသားတို့သည်လည်းယင်းသို့ မှာထားသည့်အတိုင်းပြု၍ ကခုန်လျက်လာ ကြသောအမျိုးသမီးတို့အား ကိုယ်စီကိုယ် ငှရွေးယူဖမ်းဆီးခေါ်ဆောင်၍မိမိတို့နယ် မြေသို့ပြန်ပြီးလျှင်မိမိတို့၏မြို့များကို ပြန်လည်ထူထောင်ကာနေထိုင်ကြလေ၏။-
24 Saa vandrede Israels Børn derfra paa samme Tid, hver til sin Stamme og til sin Slægt; og de udgik derfra, hver til sin Arv.
၂၄တစ်ချိန်တည်းမှာပင်အခြားဣသရေလ အမျိုးသားတို့သည် မိမိတို့၏အမျိုးအနွယ်၊ အိမ်ထောင်စုနှင့်အိုးအိမ်ရှိရာအရပ်အသီး သီးသို့ပြန်လည်ထွက်ခွာသွားကြကုန်၏။
25 I disse Dage var ingen Konge i Israel; hver gjorde det, som var ret for hans Øjne.
၂၅ထိုခေတ်အခါကဣသရေလလူမျိုးတွင် ရှင်ဘုရင်မရှိသေးချေ။ လူတိုင်းပင်မိမိ အလိုရှိသည်အတိုင်းပြုသတည်း။ တရားသူကြီးမှတ်စာပြီး၏။