< Josua 13 >

1 Og Josva var gammel, han var kommen til Aars, og Herren sagde til ham: Du er gammel, du er kommen til Aars, og der er saare meget af Landet blevet tilovers at indtage.
ယောရှုသည် အို၍ အသက်ကြီးရင့်သောအခါ၊ ထာဝရဘုရားက၊ သင်သည် အို၍ အသက်ကြီးရင့်ပြီ။ သိမ်းယူရမည့်မြေလည်း အများကျန်သေး၏။
2 Dette er Landet, som er blevet tilovers: Alle Filisternes Landskaber og alle Gesuriter:
ကျန်သောမြေဟူမူကား၊ ဖိလိတ္တိပြည်မှစ၍ ဂေရှုရိပြည်တရှောက်လုံး၊
3 Fra Sihon, som flyder foran Ægypten og indtil Ekrons Landemærke mod Norden, som regnes til Kananiterne; de fem Filisters Fyrster: Den Gaziter og den Asdoditer, den Askloniter, den Gathiter og den Ekroniter, og Aviterne;
အဲဂုတ္တုပြည်အရှေ့၊ ရှိဟောရမြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန်မြို့နယ်တိုင်အောင်၊ ခါနနိလူနေသော ပြည်၊ ဖိလိတ္တိမင်းငါးပါးတည်းဟူသော ဂါဇသိလူ၊ အာဇော တိလူ၊ ဧရှကလောနိလူ၊ ဂိတ္တိလူ၊ ဧကြောနိလူနှင့်တကွ၊ အာဝိလူနေသောပြည်၊
4 mod Sønden alt Kananiternes Land og Meara, som hører Zidonierne til, indtil Afek, indtil Amoriternes Landemærke;
တောင်မျက်နှာမှစ၍ အာမောရိပြည် အာဖက် မြို့တိုင်အောင်၊ ခါနနိပြည်တရှောက်လုံးနှင့် ဇိဒုန်ပြည် အနားမှာရှိသော မာရာပြည်၊
5 og Gibliternes Land og det hele Libanon mod Solens Opgang fra Baal-Gad neden for Hermons Bjerg, indtil man kommer til Hamath;
နေထွက်ရာဘက်၊ ဟေရမုန်တောင်ခြေရင်း၌ ဗာလဂဒ်မြို့မှစ၍ ဟာမတ်ပြည်အဝင်တိုင်အောင် ဂေဗလပြည်၊ လေဗနုန်ပြည် တရှောက်လုံးကျန်သတည်း။
6 alle de, som bo paa Bjergene, fra Libanon indtil de hede Kilder, alle Zidonier; jeg vil fordrive dem fra Israels Børns Ansigt; lad det ikkun falde Israel til Arv, som jeg befalede dig.
လေဗနုန်တောင်မှစ၍ မိသရဖေါသမိမ်မြို့တိုင် အောင်၊ တောင်ပေါ်၌နေသောသူနှင့် ဇိဒေါနိလူအပေါင်း တို့ကို ဣသရေလအမျိုးသားရှေ့မှ ငါနှင်ထုတ်မည်။ သို့ဖြစ်၍ ငါမှာထားသည်အတိုင်း စာရေးတံပြုလျက် ထိုမြေကို ဣသရေလလူတို့အား အမွေဝေဖန်လော့။
7 Saa del nu dette Land til Arv iblandt de ni Stammer og den halve Del af Manasse Stamme;
ယခုမှာ ဤပြည်ကို ဣသရေလအမျိုးကိုးမျိုးနှင့် မနာရှေအမျိုးတဝက်တို့အား အမွေဝေဖန်လော့။
8 med hvem Rubeniterne og Gaditerne have taget deres Arv, som Mose gav dem paa hin Side Jordanen mod Østen, ligesom Mose, Herrens Tjener, gav dem den,
ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကို ခံကြပြီဟု မိန့်တော်မူ၏။
9 fra Aroer, som ligger ved Bredden af Arnons Bæk, og fra den Stad, som er midt i Dalen, og alt det jævne Land ved Medba indtil Dibon,
ထာဝရဘုရား၏ကျွန်မောရှေပေးသော မြေဟူမူ ကား၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ ဒိဘုန်မြို့တိုင်အောင် မေဒဘ လွင်ပြင်တရှောက်လုံး၊
10 og alle Stæder, som tilhørte Sihon, Amoriternes Konge, som regerede i Hesbon, indtil Ammons Børns Landemærke;
၁၀အမ္မုန်ပြည်စွန်းတိုင်အောင်၊ ဟေရှဘုန်မြို့၌ မင်းပြုသော အာမောရိရှင်ဘုရင်ရှိဟုန် အစိုးရသောမြို့ ရှိသမျှ၊
11 og Gilead og Gesuriternes og Maakathiternes Landemærke og hele Hermons Bjerg og al Basan indtil Salka,
၁၁ဂိလဒ်ပြည်၊ ဂေရှုရိလူ၊ မာခါသိလူနေသောပြည်၊ ဟေရမုန်တောင်ရှိသမျှ၊ သာလကပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး၊
12 hele Ogs Rige i Basan, han som regerede i Astharoth og i Edrei og var een af de overblevne Kæmper. Og Mose slog dem og fordrev dem;
၁၂အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ မင်းပြုသော ဗာရှန် ရှင်ဘုရင်ဩဃ၏ နိုင်ငံတရှောက်လုံးပါသတည်း။ ထိုမင်း တို့ကို မောရှေသည် လုပ်ကြံ၍ ပယ်ရှားလေ၏။
13 men Israels Børn fordreve ikke Gesuriterne og Maakathiterne; men Gesur og Maakath boede iblandt Israel indtil denne Dag.
၁၃သို့ရာတွင် ဣသရေလလူတို့သည် ဂေရှုရိလူ၊ မာခါသိလူတို့ကို မနှင်ထုတ်ကြ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလအမျိုးသားတို့နှင့် အတူနေကြ၏။
14 Alene Levi Stamme gav han ikke Arv; Herrens, Israels Guds Ildofre, de ere hans Arv, som han havde sagt til dem.
၁၄လေဝိအမျိုးသား အမွေကိုမပေး။ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရားအား မီးဖြင့်ပူဇော် သောယဇ်တို့သည် အမိန့်တော်ရှိသည်အတိုင်း သူတို့အမွေ ဖြစ်သတည်း။
15 Men Mose havde givet Rubens Børns Stamme Arv efter deres Slægter;
၁၅မောရှေသည်၊ ရုဗင်အမျိုးသား အဆွေအမျိုး အသီးသီးတို့အား အမွေပေးသောပြည်များ ဟူမူကား၊
16 og deres Landemærke var fra Aroer, som ligger ved Bredden af Arnons Bæk, og fra den Stad, som er midt i Dalen, og alt det jævne Land ved Medba,
၁၆အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အ ကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ မေဒဘလွင်ပြင် တရှောက်လုံး၊
17 Hesbon og alle dens Stæder, som ligger paa det jævne Land, Dibon og Bamoth-Baal og Beth-Baal-Meon
၁၇ဟေရှဘုန်မြို့နှင့်တကွ လွင်ပြင်၌ ရှိသမျှသော မြို့၊ ဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊
18 og Jahza og Kedemoth og Mefaath
၁၈ယဟာဇမြို့၊ ကေဒမုတ်မြို့၊ မေဖတ်မြို့၊
19 og Kirjathaim og Sibma og Zereth-Sahar paa Dalens Bjerg
၁၉ကိရယသိမ်မြို့၊ စိဗမာမြို့၊ ချိုင့်တွင်တောင်ပေါ် မှာရှိသော ဇာရက်ရှာဟာမြို့၊
20 og Beth-Peor og Asdoth-Pisga og Beth-Jesimoth
၂၀ဗက်ပေဂုရမြို့၊ အာဇုတ်ပိသကာမြို့၊ ဗက်ယေရှိ မုတ်မြို့၊
21 og alle Stæderne paa det jævne Land og hele Sihons, den amoritiske Konges Rige, han, som regerede i Hesbon, hvilken Mose slog, tillige med Fyrsterne af Midian, nemlig Evi og Rekem og Zur og Hur og Reba, Sihons ypperste Mænd, som boede i Landet.
၂၁လွင်ပြင်၌ရှိသမျှသော မြို့တို့နှင့်တကွ၊ ဟေရှဘုန် မြို့၌မင်းပြုရသော အာမောရိရှင်ဘုရင် ရှိဟုန်၏နိုင်ငံ တရှောက်လုံးကို ပေးသတည်း။ ထိုရှင်ဘုရင်ကို၎င်း၊ ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည်၌နေသော မိဒျန်မင်းကြီး ငါးပါး၊ ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတို့ကို၎င်း၊ မောရှေ သည် လုပ်ကြံလေ၏။
22 Og Bileam, Beors Søn, Spaamanden, slog Israels Børn ihjel med Sværd, tillige med de andre ihjelslagne.
၂၂ပရောဖက်လုပ်သော ဗောရသား ဗာလမ်ကို လည်း၊ အသေခံရသောသူတို့နှင့်ရော၍ ဣသရေလလူတို့ သည် ထားနှင့်ကွပ်မျက်ကြ၏။
23 Og Rubens Børns Landemærke vare Jordanen og Landemærket derhos; denne er Rubens Børns Arv efter deres Slægter, Stæderne og deres Landsbyer.
၂၃ရုဗင်အမျိုးသား နေရာအပိုင်းအခြားကား၊ ယော်ဒန်မြစ်နှင့် မြစ်ကမ်းပါးတည်း။ ဤရွေ့ကား၊ ရုဗင် အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာ များပေတည်း။
24 Og Mose havde givet Gads Stamme, Gads Børn, Arv efter deres Slægter.
၂၄မောရှေသည် ဂဒ်အမျိုးသား အဆွေအမျိုးအသီး အသီးတို့အား အမွေပေးသော ပြည်များဟူမူကား၊
25 Og Jaeser og alle Stæderne i Gilead vare deres Landemærke og Halvdelen af Ammons Børns Land, indtil Aroer, som ligger lige over for Rabbah,
၂၅ယာဇာမြို့မှစ၍ ဂိလဒ်မြို့ရှိသမျှတို့နှင့်တကွ၊ ရဗ္ဗာမြို့ရှေ့၌ရှိသော အာရော်မြို့တိုင်အောင် အမ္မုန်ပြည် တဝက်၊
26 og fra Hesbon indtil Ramath-Mizpe og Bethonim og fra Mahanaim indtil Debirs Landemærke;
၂၆ဟေရှဘုန်မြို့မှစ၍ ရာမတ်မိဇပါမြို့၊ ဗေတော နိမ်မြို့တိုင်အောင်၎င်း၊ မဟာနိမ်မြို့မှစ၍ ဒေဗိရမြို့နယ် တိုင်အောင်၎င်း ပါသောပြည်၊
27 og i Dalen: Beth-Haram og Beth-Nimra og Sukoth og Zafon, som var bleven tilovers af Sihons, Hesbons Konges, Rige, Jordanen og Landemærket derhos, indtil Enden af Kinnereths Hav, paa hin Side Jordanen mod Østen.
၂၇ချိုင့်၌လည်း၊ ဗေသာရံမြို့၊ ဗက်နိမရမြို့၊ သုကုတ် မြို့၊ ဇာဖုန်မြို့အစရှိသော ယော်ဒန်မြစ်အရှေ့ဘက် ယော် ဒန်မြစ်အပိုင်းအခြား၊ ဂင်္နေသရက်အိုင်နားတိုင်အောင်၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန် ပိုင်သော နိုင်ငံကျန်ကြွင်းသမျှ ကို ပေးသတည်း။
28 Denne er Gads Børns Arv efter deres Slægter, Stæderne og deres Landsbyer.
၂၈ဤရွေ့ကား၊ ဂဒ်အမျိုးသား အဆွေအမျိုးအ လိုက် အမွေခံရသော မြို့ရွာများပေတည်း။
29 Og Mose havde givet den halve Manasse Stamme Arv, og den hørte den halve Manasse Børns Stamme til efter deres Slægter.
၂၉မောရှေသည် မနာရှေအမျိုးတဝက်အား အမွေ ပေး၍၊ မနာရှေအမျိုးသားတဝက်သည် အဆွေအမျိုး အလိုက် အမွေခံရသော ပြည်များဟူမူကား၊
30 Og deres Landemærke var fra Mahanaim, hele Basan, hele Ogs, Kongen af Basans Rige, og alle Jairs Byer, som ligge i Basan, tresindstyve Stæder.
၃၀မဟာနိမ်မြို့မှစ၍ ဗာရှန်ပြည်တည်းဟူသော ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံတရှောက်လုံး၊ ဗာရှန်ပြည်၌ ပါသော ယာဣရမြို့ခြောက်ဆယ်ကို အမွေခံရသတည်း။
31 Og Halvdelen af Gilead og Astaroth og Edrei, Ogs Riges Stæder i Basan, gav han Makirs, Manasse Søns, Børn, Halvdelen nemlig af Makirs Børn efter deres Slægter.
၃၁ဂိလဒ်ပြည်တဝက်၊ ဗာရှန်ပြည်၌ ဩဃ၏ နိုင်ငံ အဝင်၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့တို့ကို မနာရှေသား မာခိရ၏ သားမြေးတဝက် အဆွေအမျိုးအလိုက် ပိုင်ရကြ ၏။
32 Dette er det, som Mose uddelte til Arv paa Moabs slette Marker, paa hin Side Jordanen ved Jeriko mod Østen.
၃၂ဤရွေ့ကား၊ မောရှေသည် ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ မောဘလွင်ပြင်၌ အမွေဝေဖန် သော ပြည်များပေတည်း။
33 Men Levi Stamme havde Mose ikke givet Arv; Herren, Israels Gud, han er deres Arv, som han havde tilsagt dem.
၃၃လေဝိအမျိုးအား အမွေကိုမပေး။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော် ရှိသည်အတိုင်း သူတို့အမွေဖြစ်တော်မူသတည်း။

< Josua 13 >