< Josua 11 >
1 Og det skete, der Jabin, Kongen af Hazor, hørte det, da sendte han til Jobab, Kongen af Madon, og til Kongen af Simron og til Kongen af Aksaf,
၁ထိုသိတင်းကို ဟာဇော်မင်းကြီးယာဘိန်သည် ကြားသောအခါ၊ မာဒုန်မင်းကြီးယောဗပ်၊ ရှိမြုန်မင်းကြီး အာခရှပ်မင်းကြီးတို့ထံသို့၎င်း၊
2 og til de Konger, som vare mod Norden paa Bjergene og paa den slette Mark, Sønden for Kinneroths Hav og i Lavlandet og paa Højderne ved Dor ud mod Havet,
၂တောင်ရိုး မြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက် နှာ ဒေါရပြည်နယ်၌ရှိသော မင်းကြီးများထံသို့၎င်း၊
3 til Kananiterne mod Østen og mod Vesten og Amoriterne og Hethiterne og Feresiterne og Jebusiterne paa Bjergene og Heviterne neden for Hermon i Mizpa Land.
၃အရှေ့အနောက်၌နေသော ခါနနိလူ၊ တောင် ပေါ်မှာနေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗု သိလူ၊ မိဇပါပြည်၊ ဟေရမုန်တောင်ခြေရင်း၌နေသော ဟိဝိလူတို့ရှိရာသို့၎င်း စေလွှတ်၍၊
4 Og de droge ud, de og alle deres Lejre med dem, mangfoldigt Folk som Sand, der er paa Havbredden, i Mangfoldighed, og saare mange Heste og Vogne.
၄ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါ အပေါင်း၊ မြင်းများ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက် လာကြ၏။
5 Og alle disse Konger samledes, og de kom, og de lejrede sig tilsammen ved Søen Merom, at stride imod Israel.
၅ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှါ ချီလာ၍၊ မေရုံအိုင်နား မှာ တစုတည်း တပ်ချလျက်နေကြ၏။
6 Og Herren sagde til Josva: Frygt ikke for deres Ansigt, thi i Morgen ved denne Tid vil jeg give dem alle sammen ihjelslagne for Israels Ansigt; du skal ødelægge deres Heste og opbrænde deres Vogne med Ild.
၆ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလအမျိုးရှေ့ မှာ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကို ဖြတ်ရမည်။ ရထားတို့ကို မီးရှို့ရမည်ဟု ယောရှုအား မိန့်တော်မူ၏။
7 Og Josva og alt Krigsfolket med ham kom over dem hasteligen ved Søen Merom, og de overfaldt dem.
၇ယောရှုသည်လည်း၊ မိမိစစ်သူရဲအပေါင်းတို့နှင့် တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍ တိုက်လေ၏။
8 Og Herren gav dem i Israels Haand, og de sloge dem og forfulgte dem indtil det store Zidon og indtil de hede Kilder og indtil Mizpas Dal mod Østen; og de sloge dem, indtil han ikke lod dem een blive tilovers til at undkomme.
၈ထာဝရဘုရားသည် သူတို့ကို ဣသရေလ အမျိုး သားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကို လုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖေါသမိမ်မြို့ အရှေ့မျက်နှာ မိဇပါ ချိုင့်တိုင်အောင် လိုက်၍ တယောက်ကိုမျှ မကျန်ကြွင်းစေ ခြင်းငှါ လုပ်ကြံကြ၏။
9 Da gjorde Josva ved dem, saaledes som Herren havde sagt til ham; han ødelagde deres Heste og opbrændte deres Vogne med Ild.
၉ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် မြင်းတို့၏ ခြေကြောကို ဖြတ်၍ ရထားတို့ကို မီးရှို့လေ၏။
10 Og Josva vendte tilbage paa den samme Tid og indtog Hazor og slog dens Konge ihjel med Sværd; thi Hazor, den var tilforn Hovedstaden for alle disse Kongeriger.
၁၀ထိုအခါ ယောရှုသည် ပြန်၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့်၊ မင်းကြီးကို ထားနှင့်ကွပ်မျက်လေ၏။ ရှေးကာလ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရ သတည်း။
11 Og de sloge alle Personer, som vare i den, med skarpe Sværd, saa de ødelagde den; der blev intet tilovers, som havde Aande; og han opbrændte Hazor med Ild.
၁၁ထိုမြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်ကွပ် မျက်သဖြင့် တယောက်ကိုမျှ အသက်ရှင်စေခြင်းငှါမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်း မီးရှို့လေ၏။
12 Og Josva tog alle disse Kongers Stæder med alle deres Konger, og han slog dem med skarpe Sværd, saa at han ødelagde dem, saaledes som Mose, Herrens Tjener, havde befalet.
၁၂ထာဝရဘုရား၏ကျွန် မောရှေမှာထားသည် အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ထားနှင့်လုပ်ကြံ သဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
13 Dog opbrændte Israel slet ingen Stæder, som staa paa deres Høje; ikkun Hazor alene opbrændte Josva.
၁၃သို့ရာတွင်၊ ဟာဇော်မြို့မှတပါး၊ တောင်ပေါ်၌ တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့ တမြို့ကိုသာ ယောရှုမီးရှို့သတည်း။
14 Og alt Byttet af disse Stæder og Kvæget røvede Israels Børn for sig; kun Menneskene sloge de med skarpe Sværd, indtil de havde ødelagt dem, de lode intet blive tilovers, som havde Aande.
၁၄ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ ကို ဣသရေလလူတို့သည် ကိုယ်အဘို့ သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမှီတိုင်အောင် ရှိသမျှတို့ကို ထားနှင့် လုပ်ကြံကြ၏။ တယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။
15 Lige som Herren bød Mose sin Tjener, saa bød Mose Josva, og saa gjorde Josva, han undlod ikke noget af alt det, som Herren havde befalet Mose.
၁၅ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထား တော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကို ဆင့်ဆို၏။ ယောရှုလည်း ထိုသို့ ပြုလေ၏။ ထာဝရဘုရားသည် မောရှေကို မှာထားတော်မူသမျှသောအမှု တစုံတခုကို လှပ်၍မထား။
16 Og Josva indtog hele dette Land, Bjerglandet og Sydlandet og hele Gosen Land og Lavlandet og den slette Mark og Israels Bjerge med Lavlandet dertil,
၁၆ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှ စ၍ ဟေရမုန်တောင်ခြေရင်း၊
17 fra det slette Bjerg, som strækker sig op mod Sejr, og indtil Baal-Gad ved Libanons Dal neden for det Bjerg Hermon; og han tog alle deres Konger og slog dem og dræbte dem.
၁၇လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊ ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလတောင်၊ ဣသရေလ ချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည် သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကို အောင်သဖြင့် လုပ်ကြံကွပ်မျက် လေ၏။
18 Josva førte mange Aar Krig imod alle disse Konger.
၁၈ထိုမင်းကြီးအပေါင်းတို့ကို ကာလကြာမြင့်စွာ စစ် တိုက်ရ၏။
19 Der var ikke en Stad, som gjorde Fred med Israels Børn, uden Heviterne, som boede i Gibeon; de indtoge alt med Krig.
၁၉ဟိဝိလူ၊ ဂိဗောင်မြို့သားမှတပါး ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သော မြို့တမြို့မျှမရှိ။ အခြားသော မြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ ၏။
20 Thi det skete af Herren, at de forhærdede deres Hjerte, saa de mødte Israel med Krig, for at han skulde ødelægge dem, saa at der ikke skulde bevises dem Naade, men at han skulde udrydde dem, som Herren bød Mose.
၂၀အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေ ကို မှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူး မပြု အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည် အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကို ဆီး၍ တိုက်ဝံ့ သည်တိုင်အောင် သူတို့စိတ်နှလုံး ခိုင်မာစေခြင်းငှါ ထာဝရ ဘုရားအလိုရှိတော်မူသတည်း။
21 Og Josva kom paa den samme Tid og udryddede Anakiterne af Bjerget, af Hebron, af Debir, af Anab og af alle Judas Bjerge og af alle Israels Bjerge; Josva ødelagde dem med deres Stæder.
၂၁ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနက လူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာ နပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင် ရှိသမျှတို့မှ ပယ် ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။
22 Der blev ingen tilovers af Anakiterne i Israels Børns Land, ikkun i Gaza, i Gath og Asdod bleve de tilovers.
၂၂ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတပါး၊ ဣသ ရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူတ ယောက်မျှမရှိ။
23 Og Josva indtog hele Landet efter alt det, som Herren havde talet til Mose, og Josva gav Israel det til Arv efter deres Afdelinger i deres Stammer; og Landet hvilede fra Krig.
၂၃ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှ အတိုင်း၊ ယောရှုသည် ထိုပြည်တရှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးသီးတို့အား အမွေပေး သဖြင့်၊ တပြည်လုံးစစ်ငြိမ်းလေ၏။