< Johannes 7 >
1 Derefter vandrede Jesus omkring i Galilæa; thi han vilde ikke vandre i Judæa, fordi Jøderne søgte at slaa ham ihjel.
၁ထိုနောက်မှ ယေရှု သည်ဂါလိလဲ ပြည်၌ လှည့်လည် တော်မူ၏။ ယုဒ လူတို့သည် ကိုယ်တော် ကို သတ် အံ့သောငှာရှာကြံ သောကြောင့် ၊ ယုဒ ပြည်၌ လှည့်လည် ခြင်းငှာအလို တော်မ ရှိ။
2 Men Jødernes Højtid, Løvsalsfesten, var nær.
၂ယုဒ လူတို့၏ သကေနေ ပွဲ ခံခါနီး တွင်၊
3 Da sagde hans Brødre til ham: „Drag bort herfra og gaa til Judæa, for at ogsaa dine Disciple kunne se dine Gerninger, som du gør.
၃ညီ တော်တို့က၊ သင် ပြု သောအမှု တို့ကို တပည့် များတို့သည်မြင် စေခြင်းငှာဤအရပ် မှထွက် ၍ ယုဒပြည် သို့ ကြွ ပါ။
4 Thi ingen gør noget i Løndom, naar han selv ønsker at være aabenbar; dersom du gør dette, da vis dig for Verden!‟
၄ကျော်စော ကိတ္တိကို အလိုရှိ သောသူမည်သည်ကားမ ထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှမပြု တတ်။ ဤ အမှုတို့ကို သင်သည်ပြု လျှင် ။ ဤလောက ၌ ကိုယ် ကိုထင်ရှား စွာ ပြပါဟု၊
5 Thi heller ikke hans Brødre troede paa ham.
၅မ ယုံကြည် သောကြောင့် ယေရှု အားဆို ကြ၏။
6 Da siger Jesus til dem: „Min Tid er endnu ikke kommen; men eders Tid er stedse for Haanden.
၆ယေရှု ကလည်း၊ ငါ့ အချိန် မ ရောက် သေး။ သင် တို့ဘို့ ခပ်သိမ်း သောအချိန် သင့် လျက်ရှိ ၏။
7 Verden kan ikke hade eder; men mig hader den, fordi jeg vidner om den, at dens Gerninger ere onde.
၇လောကီသား တို့သည် သင် တို့ကိုမ မုန်း နိုင် ။ ငါ့ ကိုမုန်း ကြ၏။ အကြောင်းမူကား ၊ ငါ သည်သူ တို့၏အကျင့် ဆိုးညစ် ကြောင်း ကို သက်သေခံ ၏။
8 Drager I op til Højtiden; jeg drager endnu ikke op til denne Højtid, thi min Tid er endnu ikke fuldkommet.‟
၈ထိုပွဲ သို့ သင် တို့သွား ကြလော့။
9 Da han havde sagt dette til dem, blev han i Galilæa.
၉ငါ မ သွား သေး။ ငါ့ အချိန် မ ပြည်စုံ သေး ဟု မိန့် တော်မူပြီးလျှင် ၊ ဂါလိလဲ ပြည်မှာ နေ တော်မူ၏။
10 Men da hans Brødre vare dragne op til Højtiden, da drog han ogsaa selv op, ikke aabenlyst, men lønligt.
၁၀ညီ တော်တို့သွား ပြီးမှကိုယ်တော် သည် ထိုပွဲ သို့ မ ထင် မရှားကြွ တော်မူ၏။
11 Da ledte Jøderne efter ham paa Højtiden og sagde: „Hvor er han?‟
၁၁ထို ပွဲ ၌ ယုဒ လူတို့က၊ ယေရှု သည်အဘယ်မှာ ရှိ သနည်းဟု မေးမြန်း ရှာဖွေ ကြ၏။
12 Og der blev mumlet meget om ham iblandt Skarerne; nogle sagde: „Han er en god Mand; ‟ men andre sagde: „Nej, han forfører Mængden.‟
၁၂လူ အစုအဝေးတို့သည် ကိုယ်တော် ကိုအကြောင်း ပြု၍ အုတ်အုတ်သဲသဲ ဖြစ် ကြ၏။ အချို့ တို့က၊ သူ သည်သူတော်ကောင်း ဖြစ် သည်ဟူ၍၎င်း၊ အချို့ တို့က၊ သူတော်ကောင်းမ ဟုတ်၊ လူ များကိုလှည့်ဖြား သည်ဟူ၍၎င်း ဆို ကြ၏။
13 Dog talte ingen frit om ham af Frygt for Jøderne.
၁၃သို့သော်လည်း ယုဒ လူတို့ကို ကြောက် သောကြောင့် အဘယ်သူ မျှအတည့်အလင်း မပြော ဝံ့ကြ။
14 Men da det allerede var midt i Højtiden, gik Jesus op i Helligdommen og lærte.
၁၄ထိုပွဲ ကို ခံစဉ် တွင်၊ ယေရှု သည် ဗိမာန် တော်သို့ တက် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏၊
15 Jøderne undrede sig nu og sagde: „Hvorledes kan denne have Lærdom, da han ikke er oplært?‟
၁၅ယုဒ လူတို့သည် အံ့ဩ ၍ ၊ ဤသူ သည် စာ မ သင် ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆို ကြ၏။
16 Da svarede Jesus dem og sagde: „Min Lære er ikke min, men hans, som sendte mig.
၁၆ယေရှု ကလည်း၊ ငါ ဟောသောဒေသနာ သည် ငါ ၏ဒေသနာမ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ ဒေသနာဖြစ်၏။
17 Dersom nogen vil gøre hans Villie, skal han erkende, om Læren er fra Gud, eller jeg taler af mig selv.
၁၇ထိုသူ ၏အလို တော်သို့ လိုက် ချင်သောသူ မည်သည်ကား၊ ဤဒေသနာ သည်ဘုရားသခင် ၏ ဒေသနာ တော်ဖြစ် သလော၊ ငါ သည် ကိုယ် အလိုအလျောက် ဟောပြော သလောဟု ပိုင်းခြား၍သိ လိမ့်မည်။
18 Den, som taler af sig selv, søger sin egen Ære; men den, som søger hans Ære, der sendte ham, han er sanddru, og der er ikke Uret i ham.
၁၈ကိုယ်အလိုအလျောက် ဟောပြော သောသူ သည်မိမိ ဘုန်း အသရေကိုရှာ တတ်၏။ မိမိ ကို စေလွှတ် တော်မူသောသူ ၏ ဘုန်း အသရေကိုရှာ သော သူ မူကား ၊ ယုံ လောက်သောသူ ဖြစ် ၏။ ထိုသူ ၌ မုသား မ ရှိ ။
19 Har ikke Moses givet eder Loven? Og ingen af eder holder Loven. Hvorfor søge I at slaa mig ihjel?‟
၁၉မောရှ သည်ပညတ် တရားကို သင်တို့အား ပေး သည်မ ဟုတ်လော။ ထိုတရား ကို သင် တို့တွင် တစ်စုံတစ်ယောက် မျှမကျင့် ။ ငါ့ ကိုသတ် အံ့သောငှာအဘယ်ကြောင့် ရှာကြံ ကြသနည်း ဟု မိန့် တော်မူ၏။
20 Mængden svarede: „Du er besat; hvem søger at slaa dig ihjel?‟
၂၀လူ အစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲ သောသူဖြစ် ၏။ သင့် ကို သတ် အံ့သောငှာအဘယ်သူ ရှာကြံ သနည်းဟု ဆိုကြ၏။
21 Jesus svarede og sagde til dem: „Een Gerning gjorde jeg, og I undre eder alle derover.
၂၁ယေရှု ကလည်း ၊ ငါပြု သောအမှု တစ်ခု ကို သင်တို့ရှိသမျှ သည် အံ့ဩ ခြင်းရှိကြ၏။
22 Moses har givet eder Omskærelsen, (ikke at den er fra Moses, men fra Fædrene) og I omskære et Menneske paa en Sabbat.
၂၂မောရှ သည် အရေဖျားလှီး ခြင်းတရားကို သင် တို့အား ပေး ၏။ ထိုသို့ဆိုသော်မောရှေ မှ အစစွာခံရ သည်ဟု မဆိုလို။ ဘိုးဘေး များမှ ဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့ ၌ သင်တို့သည်အရေဖျားလှီး ခြင်းကို ပေးကြ၏။
23 Dersom et Menneske faar Omskærelse paa en Sabbat, for at Mose Lov ikke skal brydes, ere I da vrede paa mig, fordi jeg har gjort et helt Menneske rask paa en Sabbat?
၂၃မောရှေ ၏တရား မ ပျက် စေခြင်းငှာ လူ သည်ဥပုသ်နေ့ ၌ အရေဖျားလှီး ခြင်းကိုခံရ လျှင် ၊ ငါသည် ဥပုသ်နေ့ ၌ လူ တစ်ကိုယ်လုံး ကိုကျန်းမာ စေ သောကြောင့် ၊ သင် တို့သည် ငါ့ ကိုအမျက်ထွက်ရာသလော။
24 Dømmer ikke efter Skinnet, men dømmer en retfærdig Dom!‟
၂၄မျက်နှာ ကို သာကြည့် ၍မ စီရင် ကြနှင့်။ တရား သဖြင့် စီရင် ကြလော့ ဟု မိန့် တော်မူ၏။
25 Da sagde nogle af dem fra Jerusalem: „Er det ikke ham, som de søge at slaa ihjel?
၂၅ထိုအခါ ယေရုရှလင် မြို့သားအချို့ ကလည်း၊ ဤ သူ ကိုသတ် အံ့သောငှာရှာ ကြသည်မ ဟုတ် လော။
26 Og se, han taler frit, og de sige intet til ham; mon Raadsherrerne virkelig skulde have erkendt, at han er Kristus?
၂၆ကြည့် ပါ။ သူ သည်ထင်ရှား စွာဟောပြော ၍ အဘယ် မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူ သည် ခရစ်တော် ဖြစ် ကြောင်း ကို မင်း များတို့သည် အမှန် သိ ကြသလော။
27 Dog — vi vide, hvorfra denne er; men naar Kristus kommer, kender ingen, hvorfra han er.‟
၂၇သို့သော်လည်း ဤ သူသည် အဘယ် ကဖြစ် သည်ကိုငါတို့သိ ကြ၏။ ခရစ်တော် သည် ကြွလာ တော်မူသောအခါ အဘယ် ကဖြစ် တော်မူသည်ကို အဘယ်သူ မျှမသိ ရဟု ဆို ကြ၏။
28 Derfor raabte Jesus, idet han lærte i Helligdommen, og sagde: „Baade kende I mig og vide, hvorfra jeg er! Og af mig selv er jeg ikke kommen, men han, som sendte mig, er sand, han, hvem I ikke kende.
၂၈ယေရှု ကလည်း၊ သင်တို့သည်ငါ့ ကိုသိ ကြ၏။ ငါအဘယ် ကဖြစ် သည်ကိုလည်း သိ ကြ၏။ သို့သော်လည်း ငါသည် ကိုယ် အလိုအလျောက်လာ သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ သည်သစ္စာ နှင့်ပြည့်စုံ တော်မူ၏။ ထိုသူ ကို သင် တို့မ သိ ကြ။
29 Jeg kender ham; thi jeg er fra ham, og han har udsendt mig.‟
၂၉ငါ မူကားသိ ၏။ အကြောင်းမူကား ၊ ထိုသူ ၏ အထံ တော်မှ ငါ လာ၏။ သူ သည်လည်း ငါ့ ကိုစေလွှတ် တော်မူ၏ ဟု ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော် ၍ မိန့် တော်မူလျှင် ၊
30 De søgte da at gribe ham; og ingen lagde Haand paa ham, thi hans Time var endnu ikke kommen.
၃၀ကိုယ်တော် ကို ဘမ်းဆီး ခြင်းအခွင့်ကိုရှာ ကြ၏။ သို့သော်လည်း ကိုယ်တော် ၏အချိန် မ စေ့ မရောက်သေး သောကြောင့် အဘယ်သူ မျှမဘမ်းဆီး ကြ။
31 Men mange af Folket troede paa ham, og de sagde: „Naar Kristus kommer, mon han da skal gøre flere Tegn, end denne har gjort?‟
၃၁လူ အစုအဝေးထဲ၌ ပါသောလူ များတို့သည် ယုံကြည် သည်ဖြစ်၍ ၊ ခရစ်တော် သည် ကြွလာ တော်မူသောအခါ ၊ ဤ သူပြ သော နိမိတ် လက္ခဏာထက်သာ၍ များသောနိမိတ်လက္ခဏာ တို့ကို ပြ တော်မူမည်လောဟု ဆို ကြ၏။
32 Farisæerne hørte, at Mængden mumlede dette om ham; og Ypperstepræsterne og Farisæerne sendte Tjenere ud for at gribe ham.
၃၂ထိုသို့လူ များ အုတ်အုတ်သဲသဲ ဖြစ်ကြသည်ကို ဖာရိရှဲ တို့သည်ကြား လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့ နှင့် တိုင်ပင်ပြီးမှကိုယ်တော် ကို ဘမ်းဆီး စေခြင်းငှာ မင်း လုလင်တို့ကို စေလွှတ် ကြ၏။
33 Da sagde Jesus: „Endnu en liden Tid er jeg hos eder, saa gaar jeg bort til den, som sendte mig.
၃၃ယေရှု ကလည်း၊ ငါသည် သင် တို့နှင့်အတူ ခဏ သာနေ ပြီးလျှင် ၊ ငါ့ ကိုစေလွှတ် တော်မူသော သူ ထံသို့ သွား ရမည်။ သင်တို့သည် ငါ့ ကိုရှာ ကြလိမ့်မည်။
34 I skulle lede efter mig og ikke finde mig, og der, hvor jeg er, kunne I ikke komme.‟
၃၄ရှာသော်လည်း မ တွေ့ ရကြ။ ငါ ရှိ ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြ ဟု မိန့် တော်မူလျှင် ၊
35 Da sagde Jøderne til hverandre: „Hvor vil han gaa hen, siden vi ikke skulle finde ham? Mon han vil gaa til dem, som ere adspredte iblandt Grækerne, og lære Grækerne?
၃၅ယုဒ လူတို့က၊ ငါ တို့ကိုမ တွေ့ စေခြင်းငှာ သူ သည် အဘယ် အရပ်သို့သွား လိမ့်မည်နည်း။ ဟေလသ လူ တို့တွင်အရပ်ရပ်သို့ ကွဲပြား လျက်နေသော သူတို့ရှိရာသို့ သွား ၍ ဟေလသ လူတို့အား တရား ဟောလိမ့်မည်လော။
36 Hvad er det for et Ord, han siger: I skulle lede efter mig og ikke finde mig, og der, hvor jeg er, kunne I ikke komme?‟
၃၆သင်တို့သည် ငါ့ ကို ရှာ ကြလိမ့်မည်။ ရှာသော်လည်း မ တွေ့ ရကြ။ ငါ ရှိ ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြဟူသောစကား သည် အဘယ်သို့ ဆိုလို သနည်းဟု အချင်းချင်း ဆိုကြ၏။
37 Men paa den sidste, den store Højtidsdag stod Jesus og raabte og sagde: „Om nogen tørster, han komme til mig og drikke!
၃၇ထို ပွဲ ကိုခံ၍ နောက်ဆုံး ဖြစ်သောနေ့ မြတ် ၌ ယေရှု သည်ရပ် ၍ ကြွေးကြော် တော်မူသည်ကား၊ ရေငတ် သောသူ ရှိလျှင် ငါ့ ထံသို့ လာ ၍ သောက် လော့။
38 Den, som tror paa mig, af hans Liv skal der, som Skriften har sagt, flyde levende Vandstrømme.‟
၃၈ငါ့ ကိုယုံကြည် သောသူ သည် ကျမ်းစာ လာ သည်အတိုင်း အသက် ရေ ထွက် ရာစမ်း ရေတွင်း ဖြစ်လိမ့်မည် ဟု မိန့် တော်မူ၏။
39 Men dette sagde han om den Aand, som de, der troede paa ham, skulde faa; thi den Helligaand var der ikke endnu, fordi Jesus endnu ikke var herliggjort.
၃၉ထိုသို့ မိန့်တော်မူသော်၊ ယုံကြည် သောသူ တို့သည် ခံရ လတံ့သောဝိညာဉ် တော်ကို ရည်မှတ် ၍ မိန့် တော်မူ၏။ ယေရှု သည် ဘုန်းပွင့် တော်မ မူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ် တော်ကို ပေးတော်မ မူသေး။
40 Nogle af Mængden, som hørte disse Ord, sagde nu: „Dette er sandelig Profeten.‟
၄၀စကား တော်ကို ကြား သောလူ အများတို့က၊ ဤ သူသည်လာလတံ့သော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။
41 Andre sagde: „Dette er Kristus; ‟ men andre sagde: „Mon da Kristus kommer fra Galilæa?
၄၁အချို့ ကလည်း၊ ဤသူ သည်ခရစ်တော် ဖြစ် သည်ဟု ဆို ကြ၏။ အချို့ ကလည်း၊ ခရစ်တော် သည် ဂါလိလဲ ပြည်သားဖြစ် ရသလော။
42 Har ikke Skriften sagt, at Kristus kommer af Davids Sæd og fra Bethlehem, den Landsby, hvor David var?‟
၄၂ခရစ်တော်သည် ဒါဝိဒ် အမျိုး ၊ဒါဝိဒ် နေရာ ဌာန၊ ဗက်လင် ရွာသားဖြစ် ရမည်ဟု ကျမ်းစာ လာ သည် မ ဟုတ် လောဟု ဆို ကြ၏။
43 Saaledes blev der Splid iblandt Mængden om ham.
၄၃ထိုသို့ လူ များတို့သည် ကွဲပြား ကြသည်ဖြစ်၍ ၊ အချို့ တို့သည် ကိုယ်တော် ကိုဘမ်းဆီး ခြင်းငှာအလိုရှိ ကြ၏။
44 Men nogle af dem vilde gribe ham; dog lagde ingen Haand paa ham.
၄၄သို့သော်လည်း အဘယ်သူ မျှမဘမ်း မဆီးကြ။
45 Tjenerne kom nu til Ypperstepræsterne og Farisæerne, og disse sagde til dem: „Hvorfor have I ikke ført ham herhen?‟
၄၅ထိုအခါ မင်း လုလင်တို့သည် ယဇ်ပုရောဟိတ် အကြီး၊ ဖာရိရှဲ ထံသို့ ပြန် ၍၊ ထို မင်းတို့က၊ အဘယ်ကြောင့် သူ့ ကိုမ ဆောင်ခဲ့ ကြသနည်းဟု မေးမြန်း လျှင်၊
46 Tjenerne svarede: „Aldrig har noget Menneske talt saaledes som dette Menneske.‟
၄၆မင်း လုလင်တို့က၊ ထို သူဟောပြောသကဲ့သို့ အဘယ်သူမျှမ ဟော စဖူးပါဟု လျှောက် ကြ၏။
47 Da svarede Farisæerne dem: „Ere ogsaa I forførte?
၄၇ဖာရိရှဲ တို့ကလည်း၊ သင် တို့ကိုပင် လှည့်ဖြား ပြီလော။
48 Mon nogen af Raadsherrerne har troet paa ham, eller nogen af Farisæerne?
၄၈မင်း များ၊ ဖာရိရှဲ များတို့တွင် သူ့ ကိုယုံကြည် သောသူတစ်စုံတစ်ယောက် မျှရှိသလော။
49 Men denne Hob, som ikke kender Loven, er forbandet.‟
၄၉တရား ကိုမ သိ သော ဤ လူ များတို့သည် ကျိန် ခြင်းကို ခံရသောသူဖြစ် သည်ဟုဆို ကြ၏။
50 Nikodemus, han, som var kommen til ham om Natten og var en af dem, sagde til dem:
၅၀အထက် ကညဉ့်အခါ၌ အထံ တော်သို့ လာ သော သူ တည်းဟူသောထိုမင်း များအဝင် ဖြစ် သော နိကောဒင် ကလည်း၊
51 „Mon vor Lov dømmer et Menneske, uden at man først forhører ham og faar at vide, hvad han gør?‟
၅၁ငါ တို့တရား သည် လူ ကိုမ စစ် ၊ သူ့ အမှု ကို မ သိ မှီကပင်ရှေ့မဆွ ကဆုံးဖြတ် တတ်သလောဟုဆို လျှင်၊
52 De svarede og sagde til ham: „Er ogsaa du fra Galilæa? Ransag og se, at der ikke fremstaar nogen Profet fra Galilæa.‟
၅၂သူတို့က၊ သင် သည်လည်း ဂါလိလဲ ပြည်သားဖြစ် သလော။ စစ် ဦးလော့၊ ဂါလိလဲ ပြည်၌ အဘယ် ပရောဖက် မျှမ ပေါ်ထွန်း သည်ကိုမှတ် လော့ဟု ဆို ကြပြီးမှ၊
53 [Og de gik hver til sit Hus.]
၅၃ထိုသူအပေါင်းတို့သည် မိမိ တို့အိမ် သို့ သွား ကြ၏။