< Job 8 >
1 Da svarede Bildad, Sukiten, og sagde:
၁ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည်ကား၊
2 Hvor længe vil du tale disse Ting, og hvor længe skal din Munds Taler være et mægtigt Vejr?
၂သင်သည် အဘယ် မျှကာလ ပတ်လုံးဤသို့ ပြော မည်နည်း။ သင် ပြောသောစကား သည် အဘယ်မျှကာလ ပတ်လုံးလေ ပြင်း ကဲ့သို့ဖြစ်မည်နည်း။
3 Mon Gud skulde forvende Retten, og mon den Almægtige skulde forvende Retfærdighed?
၃ဘုရား သခင်သည် မတရား သဖြင့် အပြစ် ပေးတော်မူမည်လော။ အနန္တ တန်ခိုးရှင်သည် တရား ကို ဖျက် တော်မူမည်လော။
4 Dersom dine Sønner have syndet imod ham, da har han givet dem hen i deres Overtrædelsers Vold.
၄သင် ၏သား သမီးတို့သည် ဘုရား သခင်ကို ပြစ်မှား သောကြောင့်၊ ပြစ်မှား စဉ်တွင်၊ သူ တို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊
5 Men vil du søge hen til Gud og bede den Almægtige om Naade,
၅သင် သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သောသဘောနှင့်ဘုရား သခင်ကို ရှာ ၍၊ အနန္တ တန်ခိုးရှင် အား တောင်းပန် လျှင်၊
6 og er du ren og oprigtig, da skal han vaage over dig og gøre, at din Retfærdigheds Bolig skal have Fred.
၆စင်စစ် သင့် အတွက် ကိုယ်တော်သည်ထ ပြီးလျှင် သင် ၏ ဖြောင့်မတ် သောနေရာကို ကောင်းစား စေတော်မူသဖြင့်၊
7 Og var dit første lidet, saa skal dit sidste blive saare stort.
၇သင် သည်အစ ဦး၌ ငယ် သော်လည်း၊ နောက်ဆုံး ၌ အလွန် ကြီးပွါး လိမ့်မည်။
8 Thi, kære, spørg den henfarne Slægt og agt paa det, som deres Fædre have udgrundet;
၈လွန် လေပြီးသောကာလ ကို စစ် ၍၊ ရှေးဘိုးဘေး တို့ကို မေးမြန်း ခြင်းငှါ အားထုတ် ပါတော့။
9 — thi vi ere fra i Gaar og vide intet; thi en Skygge ere vore Dage paa Jorden; —
၉ငါ တို့သည် မနေ့ ၏သားဖြစ်၍အလျှင်းမ သိ ရပါ။ မြေကြီး ပေါ် မှာ ငါ တို့နေရသော နေ့ ရက်ကာလသည် အရိပ် သက်သက်ဖြစ်၏။
10 skulle de ikke belære dig, ja sige dig det, og fremføre Ord ud af deres Hjerte?
၁၀ထိုသူ တို့မူကား၊ သင့် ကိုဆုံးမ သွန်သင်၍ မိမိ တို့ စိတ် နှလုံးထဲက မြွက်ဆို ကြလိမ့်မည်။
11 Kan et Siv opvokse uden af Sump? kan Enggræs gro op uden Vand?
၁၁ဂမာ ပင်သည် ရွံ့ မ ရှိဘဲကြီးပွား နိုင်သလော။ မြစ်နားမှာ ပေါက်သောမြက်ပင် သည် ရေ မ ရှိဘဲ ကြီးပွား နိုင်သလော။
12 Endnu staar det i sin Grøde, det rykkes ikke op; men før alt andet Græs borttørres det.
၁၂ထိုအပင်သည် စိမ်း လျက်မ ရိတ် မဖြတ်သော်လည်း၊ အခြားအပင် ထက်သာ၍ညှိုးနွမ်း တတ်၏။
13 Saa ere alle deres Veje, som glemme Gud; og den vanhelliges Haab slaar fejl.
၁၃ထိုသို့ ဘုရား သခင်ကို မေ့လျော့ သောသူ အပေါင်း တို့သည် ဆုံးခြင်းသို့ရောက်ရကြလိမ့်မည်။ အဓမ္မ လူ မြော်လင့် စရာအကြောင်းသည် ပျက် လိမ့်မည်။
14 Thi hans Haab skal briste, og hans Tillid er som en Spindelvæv.
၁၄ထိုသူ မြော်လင့် ရာလမ်းသည် ပြတ် လိမ့်မည်။ မှီခို သောအရာသည်လည်း ပင့်ကူ မြှေး ကဲ့သို့ဖြစ်လိမ့်မည်။
15 Han forlader sig fast paa sit Hus, men det skal ikke blive staaende; han holder sig til det, men det skal ikke staa fast.
၁၅ထိုသူသည် မိမိ အိမ် ကိုမှီ ၍ အိမ်သည်အမှီမ ခံ။ လက်နှင့်ကိုင် သော်လည်း မ တည် စေနိုင်။
16 Han skyder frodigt op for Solen; og hans unge Skud brede sig ud over hans Have.
၁၆သူ သည် နေပူ မှာ စိမ်းလန်း လျက်၊ အခက် အလက် အားဖြင့်မိမိ ဥယျာဉ် ကို နှံ့ပြား လျက်၊
17 Hans Rødder gro i hverandre om Stendyngen; han skuer op imod Stenhuset.
၁၇အမြစ် အားဖြင့်စမ်း ရေတွင်းကိုဝိုင်း ၍ ကျောက် ထူသောအရပ် ကို တွေ့မြင် လျက်ရှိသော်လည်း၊
18 Men oprykkes han fra sit Sted, da skal dette fornægte ham og sige: Jeg har ikke set dig.
၁၈သူ့ ကိုသုတ်သင် ပယ်ရှင်း၍၊ မိမိ နေရာ အရပ်က သင် သည်ငါမ တွေ့ မမြင်စဖူးဟူ၍သူ့ ကိုငြင်းပယ် လိမ့်မည်။
19 Se, det er Glæden af hans Vej, og en anden vokser frem af Støvet.
၁၉ထိုသူ ဝမ်းမြောက် ရာလမ်း သည် ထိုသို့ ဖြစ်၍၊ သူနေရာမြေ ၌ အခြား သူတို့သည် ပေါက် ကြလိမ့်မည်။
20 Se, Gud forkaster ikke den retsindige og holder ikke fast ved de ondes Haand.
၂၀စုံလင် သောသူကိုကား၊ ဘုရား သခင်စွန့်ပစ် တော်မ မူ။ မတရား သဖြင့်ပြုသောသူတို့ ကို ကား မစ တော် မ မူ။
21 Endnu skal han fylde din Mund med Latter og dine Læber med Frydeskrig.
၂၁ရယ်မော ရသောအခွင့်၊ ရွှင်လန်း စွာ နှုတ် မြွက်ရသောအခွင့်ကို သင် ၌ပေးကောင်းပေး တော်မူမည်။
22 De, som hade dig, skulle klædes med Skam, og de ugudeliges Telt skal ikke mere findes.
၂၂သင့် ကိုမုန်း သောသူတို့ သည် ရှက် ခြင်းနှင့် ဖုံးလွှမ်း လျက်ရှိရကြလိမ့်မည်။ ဆိုး သောသူနေရာ အရပ် သည်လည်း ဆုံးရှုံး ခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။