< Jeremias 14 >
1 Herrens Ord, som kom til Jeremias i Anledning af Tørke.
၁မိုဃ်း ပြတ်သောအမှု ကို ရည်မှတ် ၍၊ ယေရမိ သို့ ရောက်သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား ၊
2 Juda sørger, og dens Porte vansmægte; sørgeklædte sidde de paa Jorden, og Jerusalems Klagemaal opstiger.
၂ယုဒ ပြည်သည် ညည်းတွား ၏။ မြို့တံခါး တို့၌ မြည်တမ်း သော အသံရှိ၏။ နက် သောအဝတ်ကို မြေ တိုင်အောင် ဝတ်၍ ၊ ယေရုရှလင် မြို့သားတို့၏ ငိုကြွေး ခြင်း အသံသည် တက် လေ၏။
3 Og Stormændene iblandt dem sende Smaafolkene iblandt dem efter Vand; de komme til Brøndene, de finde ikke Vand, de komme tilbage med deres Kar tomme; de staa beskæmmede og skamme sig og tilhylle deres Hoveder
၃မှူးမတ် တို့သည် မိမိ သူငယ် တို့ကို ရေ ခပ် စေလွှတ် ၍၊ သူငယ်တို့သည် ရေကျင်း သို့ ရောက် သောအခါ ၊ ရေ ကိုမ တွေ့ ။ အိုး သက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန် လာကြ၏။ ဦးခေါင်း ကို ခြုံ လျက်ရှက် ကြောက်မှိုင်တွေ ကြ၏။
4 for Markens Skyld, som er forfærdet, fordi der ikke har været Regn paa Jorden; Agerdyrkerne ere beskæmmede, de tilhylle deres Hoveder.
၄မိုဃ်း ပြတ် ၍ မြေ အက်ကွဲ သောကြောင့် ၊ လယ် လုပ် သောသူ တို့ သည် ဦးခေါင်း ကိုခြုံ လျက် ရှက်ကြောက် ကြ၏။
5 Thi ogsaa Hinden paa Marken føder og maa forlade sine Kalve, fordi der ikke er Græs.
၅သမင်မ သည် လယ်ပြင် ၌ မွေး သောအခါ မြက် မ ရှိ သောကြောင့် ၊ သားငယ်ကို စွန့်ပစ်၏။
6 Og Vildæsler staa paa de nøgne Høje, de snappe efter Luft som Drager; deres Øjne forsmægte, fordi der ingen Urter er.
၆မြည်း ရိုင်းတို့သည် မြင့် သောအရပ်ပေါ် မှာ ရပ် လျက် မြေခွေး ကဲ့သို့ လေ ကိုရှု ကြ၏။ မြက် မ ရှိသောကြောင့် ၊ သူ တို့ မျက်စိ ပျက် လေ၏။
7 Vidne end vore Misgerninger imod os, Herre! da gør det dog for dit Navns Skyld! thi vore Afvigelser ere store, imod dig have vi syndet.
၇အိုထာဝရဘုရား ၊ အကျွန်ုပ် တို့၏ အပြစ် သည် အကျွန်ုပ် တို့တဘက် ၌ သက်သေခံ သော်လည်း ၊ နာမ တော်ကိုထောက် ၍စီရင် တော်မူပါ။ အကျွန်ုပ် တို့သည် ကြိမ်ဖန် များစွာဖောက်ပြန် ပါပြီ။ ကိုယ်တော် ကို ပြစ်မှား ပါပြီ။
8 O Israels Forhaabning, dets Frelser i Nøds Tid! hvorfor vil du være som en fremmed i Landet og som en vejfarende, der tager ind for blot at overnatte?
၈အို ဣသရေလ အမျိုး၏ မြော်လင့် စရာ အကြောင်း၊ အမှု ရောက်သောကာလ ကယ်တင် တော်မူသော သခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ပြည် ၌ ဧည့်သည် ကဲ့သို့ ၎င်း ၊ တညဉ့်သာ အိပ် ခြင်းငှါဝင်သော ခရီးသွား ကဲ့သို့ ၎င်း ၊ အဘယ်ကြောင့် ဖြစ် တော်မူသနည်း။
9 Hvorfor vil du være som en Mand, der er slagen med Skræk, og som en Helt, der ikke kan frelse? Og du, Herre! er dog midt iblandt os, og vi kaldes efter dit Navn, lad os ikke fare!
၉မိန်းမော တွေဝေသော သူ ကဲ့သို့ ၎င်း ၊ ကယ်တင် ခြင်းငှါ မ တတ် နိုင်သော သူရဲ ကဲ့သို့ ၎င်း ၊ အဘယ်ကြောင့် ဖြစ် တော်မူသနည်း။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့တွင် ရှိတော်မူ၏။ အကျွန်ုပ် တို့သည် နာမ တော်ဖြင့် သမုတ် သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
10 Saa siger Herren om dette Folk: Saaledes have de holdt af at vanke ustadigt om, de have ikke holdt deres Fødder tilbage; derfor har Herren ikke Behag i dem, nu vil han komme deres Misgerning i Hu og hjemsøge deres Synder.
၁၀ဤ လူမျိုး ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤလူတို့သည် လှည့်လည် ခြင်းငှါ အလွန် အလို ရှိကြ၏။ မိမိ တို့ခြေ ကို မ ချုပ်တည်း ကြ။ ထိုကြောင့် ၊ ထာဝရဘုရား နှစ်သက် တော်မ မူ။ သူ တို့ ပြုသောဒုစရိုက် ကို အောက်မေ့ ၍ ၊ သူ တို့အပြစ် များ ကြောင့် စစ်ကြော တော်မူမည်။
11 Og Herren sagde til mig: Du maa ikke gøre Bøn for dette Folk til det gode.
၁၁ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ ဤ လူမျိုး အဘို့ မေတ္တာ ပို့၍ ဆု မ တောင်းနှင့်။
12 Naar de end faste, vil jeg dog ikke høre deres Skrig, og naar de end otre Brændoffer og Madoffer, har jeg dog ikke Behag i dem; thi jeg vil gøre Ende paa dem ved Sværd og ved Hunger og ved Pest.
၁၂သူတို့သည် အစာရှောင် ခြင်းအကျင့်ကို ကျင့် သောအခါ ၊ သူ တို့ အော်ဟစ် သံကို ငါ နား မ ထောင်။ မီးရှို့ ရာယဇ်ကိုသော်၎င်း၊ ပူဇော် သက္ကာကိုသော်၎င်း၊ ဆက်ကပ် သောအခါ ငါ လက် မ ခံ။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ၊ သူ တို့ကို ငါ ဆုံး စေမည်ဟု မိန့်တော်မူလျှင်၊
13 Og jeg sagde: Ak Herre, Herre! se, Profeterne sige til dem: I skulle intet Sværd se og ingen Hungersnød have hos eder; men jeg vil give eder sikker Fred paa dette Sted.
၁၃ငါကလည်း ၊ အိုအရှင် ထာဝရဘုရား ၊ ပရောဖက် တို့က၊ သင်တို့သည် ထား ဘေးကို မ တွေ့ ရကြ။ မွတ်သိပ် ခြင်းဘေးသည် သင် တို့ရှိရာသို့ မ ရောက် ရ။ ဤ အရပ် ၌ မြဲ သော ငြိမ်သက် ခြင်းကို ငါပေး မည်ဟု၊ ဤသူ တို့ အား ဟော ပြောကြောင်းကို ငါလျှောက် သောအခါ၊
14 Og Herren sagde til mig: Profeterne spaa Løgn i mit Navn, jeg sendte dem ikke og gav dem ikke Befaling og talte ikke til dem; de spaa eder løgnagtige Syner og falsk Spaadom og det, som intet er, og deres Hjertes Bedrageri.
၁၄ထာဝရဘုရား က၊ ထိုပရောဖက် တို့သည် ငါ ၏ နာမ ကိုအမှီပြု ၍ မုသာ ကို ဟော တတ်ကြ၏။ သူ တို့ကို ငါမ စေလွှတ် ၊ မ မှာ ထား၊ ဗျာဒိတ် မ ပေး။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့် ခြင်း၊ နတ် ပူးခြင်း၊ အချည်းနှီး ကြံစည်ခြင်း၊ မိမိ ဉာဏ် အတိုင်း လှည့်စား ခြင်း သက်သက်ဖြစ်ကြ၏။
15 Derfor siger Herren saaledes om Profeterne, som spaa i mit Navn, og som jeg ikke sendte, og som sige, at der ikke skal være Sværd eller Hunger i dette Land: Disse Profeter skulle fortæres ved Sværdet og ved Hungeren.
၁၅ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ပြည် ၌ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးမ ရှိ ရဟု၊ ငါ မ စေလွှတ် ဘဲ ၊ ငါ့ နာမ ကို အမှီပြု ၍၊ ကိုယ်အလိုအလျောက်ဟောပြော သော ပရောဖက် တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးဖြင့် ဆုံး ရကြလိမ့်မည်။
16 Og Folket, for hvilket de spaa, skal blive henkastet paa Jerusalems Gader, formedelst Hunger og Sværd, og de skulle ingen have, som skal begrave dem, dem, deres Hustruer og deres Sønner og deres Døtre; og jeg vil udøse deres Ondskab over dem.
၁၆သူတို့၏ တရားနာပရိသတ် တို့သည် ကိုယ်တိုင်မှစ ၍၊ မယား သား သမီး တို့နှင့်တကွမွတ်သိပ် ခြင်းဘေး၊ ထား ဘေးကြောင့် ၊ ယေရုရှလင် မြို့လမ်း ထဲသို့ ပစ် ချခြင်းကို ခံရ၍၊ အဘယ်သူမျှမ သင်္ဂြိုဟ် ရ။ သူ တို့၏အပြစ် ကို သူ တို့ အပေါ် သို့ ငါသွန်းလောင်း မည်။
17 Og du skal sige dette Ord til dem: Mine Øjne maa rinde med Graad Nat og Dag og ikke holde op; thi med et stort Brud er Jomfruen, mit Folks Datter, nedbrudt, med et saare svart Slag.
၁၇သင် သည်လည်း သူ တို့အား ပြော ရမည့်စကား ဟူမူကား၊ ငါ သည် နေ့ ညဉ့် မ ပြတ် မျက်ရည် ကျ ရမည်။ ငါ ၏လူမျိုး သတို့သမီး သည် အလွန်ပြင်းစွာ သော ဒဏ်ချက် ကို ခံရ ၍ အရိုးများကျိုး လေပြီ။
18 Gaar jeg ud paa Marken, da se, der ligge de, som ere ihjelslagne med Sværd, og kommer jeg ind i Staden, da se, der er Hungerens Lidelser; thi baade Profet saa og Præst drage til et Land, som de ikke kende.
၁၈ငါသည်မြို့ ပြင်သို့သွား သောအခါ ၊ သတ် သော အသေ ကောင်များကို တွေ့ ရ၏။ မြို့ ထဲသို့ဝင် သောအခါ ၊ ငတ်မွတ် ၍ နာကျင် စွာခံရသောသူများကိုလည်း တွေ့ ရ ၏။ ပရောဖက် နှင့် ယဇ် ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမ သိ ဘဲ အရပ်ရပ် လှည့်လည် ကြ၏။
19 Mon du har forkastet Juda aldeles? eller væmmes din Sjæl ved Zion? hvorfor har du slaaet os, saa at der ikke er Lægedom for os? man venter paa Fred, og der kommer intet godt, og paa Lægedommens Tid, og se, der er Forfærdelse.
၁၉ကိုယ်တော်သည် ယုဒ ပြည်ကို အကုန်အစင်ပယ် တော်မူသလော။ ဇိအုန် မြို့ကို စက်ဆုပ် ရွံရှာတော်မူသလော။ ချမ်းသာ မ ရအောင် အကျွန်ုပ် တို့ကို အဘယ်ကြောင့် ဒဏ်ခတ် တော်မူသနည်း။ အကျွန်ုပ်တို့ သည် ငြိမ်သက် ခြင်းကို မြော်လင့် သော်လည်း ၊ ကောင်းကျိုး ကို မ ရကြပါ။ ချမ်းသာ ကို မြော်လင့်သော်လည်း၊ ဘေး နှင့် သာ တွေ့ ရကြပါ၏။
20 Herre! vi kende vor Ugudelighed, vore Fædres Misgerning; thi vi have syndet imod dig.
၂၀အို ထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ကိုယ် ဒုစရိုက် များနှင့် ဘိုးဘေး တို့၏ အပြစ် များကို ဝန်ချ ပါ၏။ ကိုယ်တော် ကို ပြစ်မှား ပါပြီ။
21 Foragt ikke, for dit Navns Skyld, ringeagt ikke din Herligheds Trone! kom i Hu, tilintetgør ej din Pagt med os!
၂၁ကိုယ်တော် ၏နာမ ကြောင့်၊ အကျွန်ုပ်တို့ကို စက်ဆုပ် ရွံရှာတော်မ မူပါနှင့်။ ဘုန်း တော်ပလ္လင် ၏ အသရေကို ရှုတ်ချ တော်မ မူပါနှင့်။ အောက်မေ့ တော်မူပါ။ အကျွန်ုပ် တို့နှင့် ဖွဲ့သော ပဋိညာဉ် တော်ကို ဖျက် တော် မ မူပါနှင့်။
22 Mon der iblandt Hedningernes Afguder er dem, som kunne lade det regne? eller kunne Himlene selv give Regndraaber? mon ikke du er Herren vor Gud, at vi kunne haabe paa dig; thi du har gjort alle disse Ting.
၂၂သာသနာပ လူတို့ ကိုးကွယ်သော ရုပ်တု ဆင်းတုတို့တွင် ၊ မိုဃ်းရွာ စေနိုင်သော သူရှိ ပါသလော။ မိုဃ်း သည် အလိုလို ရွာ နိုင်ပါသလော။ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သာလျှင် တတ်နိုင်တော်မူသည် မ ဟုတ်လော။ သို့ ဖြစ်၍၊ ကိုယ်တော် ကို မြော်လင့် လျက်နေ ပါမည်။ ကိုယ်တော် သည် အလုံးစုံ တို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။