< 1 Mosebog 47 >
1 Og Josef kom og forkyndte Farao det og sagde: Min Fader og mine Brødre og deres Faar og deres Øksne og alt det, de have, ere komne fra Kanaans Land; og se, de ere i Gosen Land.
၁သို့ဖြစ်၍ယောသပ်သည်ဖာရောဘုရင်ထံ သို့သွားလေ၏။ ယောသပ်သည်ဘုရင့်ထံသို့ အခစားဝင်၍``ကျွန်တော်မျိုး၏အဖနှင့် အစ်ကိုတို့သည်သိုးနွားများနှင့်တကွ သူ တို့ပိုင်သမျှဥစ္စာပစ္စည်းများကိုယူဆောင်ကာ ခါနာန်ပြည်မှရောက်ရှိလာကြပါပြီ။ ယခု သူတို့သည်ဂေါရှင်အရပ်တွင်ရှိပါသည်'' ဟု လျှောက်လေ၏။-
2 Og af samtlige sine Brødre tog han fem Mænd og stillede dem for Farao.
၂ထိုနောက်သူသည်အစ်ကိုငါးယောက်ကိုရွေး ယူ၍ ဘုရင်ထံသို့ဝင်ရောက်ခစားစေသည်။-
3 Da sagde Farao til hans Brødre: Hvad er eders Haandtering? og de sagde til Farao: Dine Tjenere ere Faarehyrder, baade vi og vore Fædre.
၃ဖာရောဘုရင်ကယောသပ်၏အစ်ကိုတို့ အား``သင်တို့မည်သည့်အလုပ်ကိုလုပ်ကိုင် ကြသနည်း'' ဟုမေးလေ၏။ သူတို့က``ကျွန်တော်မျိုးတို့သည်ဘိုးဘေး များကဲ့သို့သိုးထိန်းများဖြစ်ကြပါသည်။-
4 Og de sagde til Farao: Vi ere komne at være fremmede i Landet; thi der er ingen Føde til det Kvæg, som dine Tjenere have; thi Hungeren er svar i Kanaans Land; og nu, kære, lad dine Tjenere bo i Gosen Land.
၄ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းဘေး အလွန်ဆိုးရွားလျက်ရှိသဖြင့် သိုးနွားတို့ အတွက်စားကျက်မရှိပါ။ သို့ဖြစ်၍ကျွန်တော် မျိုးတို့သည်ဤပြည်တွင်နေထိုင်ရန်ရောက်လာ ကြပါသည်။ ကျွန်တော်မျိုးတို့အားဂေါရှင် အရပ်၌နေထိုင်ခွင့်ပေးတော်မူပါ'' ဟုလျှောက် ထားကြလေ၏။-
5 Og Farao talede til Josef og sagde: Din Fader og dine Brødre ere komne til dig.
၅ဖာရောဘုရင်ကယောသပ်အား``သင်၏အဖ နှင့်အစ်ကိုတို့သည် သင့်ထံသို့ယခုရောက်ရှိ လာကြပြီဖြစ်၍၊-
6 Ægyptens Land ligger for dig, lad din Fader og dine Brødre bo paa det bedste Sted i Landet, lad dem bo i Gosen Land, og dersom du ved, at der er duelige Mænd iblandt dem, da sæt dem til Opsynsmænd over Kvæget, over det, som jeg har.
၆အီဂျစ်ပြည်တွင်အကောင်းဆုံးအရပ်ဖြစ် သောဂေါရှင်ဒေသ၌နေထိုင်ကြပါစေ။ သူ တို့အနက်သင့်တော်သောသူများရှိလျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့'' ဟုမိန့်ကြားလေ၏။
7 Og Josef førte Jakob sin Fader ind og stillede ham for Faraos Ansigt, og Jakob velsignede Farao.
၇ထိုနောက်ယောသပ်သည်မိမိ၏အဖကိုဘုရင် ရှေ့သို့ခေါ်ဆောင်ခဲ့၏။ ယာကုပ်သည်ဖာရော ဘုရင်အားကောင်းချီးပေးလေ၏။-
8 Og Farao sagde til Jakob: Hvor gammel er du?
၈ဘုရင်ကယာကုပ်အား``အသက်အရွယ်မည် မျှရှိပါသနည်း'' ဟုမေး၏။
9 Og Jakob sagde til Farao: Min Udlændigheds Aars Dage ere hundrede og tredive Aar; faa og onde have mit Livs Aars Dage været og have ikke naaet til mine Fædres Livs Aars Dage i deres Udlændigheds Dage.
၉ယာကုပ်က``ကျွန်တော်မျိုးသည်လောကတွင် ဧည့်သည်အာဂန္တုအဖြစ်နှစ်ပေါင်းတစ်ရာ့သုံး ဆယ်နေထိုင်ခဲ့ပါပြီ။ သို့ရာတွင်ဘိုးဘေး တို့၏သက်တမ်းကိုမမီပါ။ ကျွန်တော်မျိုး အသက်ရှင်ခဲ့သောနှစ်များမှာတို၍ကြမ်း တမ်းလှပါ၏'' ဟုလျှောက်လေ၏။-
10 Og Jakob velsignede Farao og gik ud fra Farao.
၁၀ထိုနောက်ယာကုပ်သည်ဖာရောဘုရင်ကိုနှုတ် ဆက်ကောင်းချီးပေးပြီးလျှင် ဘုရင့်ထံတော် မှထွက်လာခဲ့လေ၏။-
11 Men Josef lod sin Fader og sine Brødre bo og gav dem Ejendom i Ægyptens Land, paa det bedste Sted i Landet, i det Land Raamses, som Farao havde befalet.
၁၁ယောသပ်သည်ဖာရောဘုရင်အမိန့်တော်ရှိသည့် အတိုင်းသူ၏အဖနှင့်အစ်ကိုတို့အား အီဂျစ် ပြည်ရာမသက်မြို့အနီးရှိအကောင်းဆုံး အရပ်တွင်မြေအပိုင်ပေး၍နေထိုင်စေ၏။-
12 Og Josef underholdt sin Fader og sine Brødre og alt sin Faders Hus med Brød til de smaa Børns Mund.
၁၂ယောသပ်သည်အဖနှင့်အစ်ကိုများအပါ အဝင် ယာကုပ်၏မိသားစုအားလုံးတို့ အားစားနပ်ရိက္ခာထောက်ပံ့လေ၏။
13 Og der var ikke Brød i alt Landet; thi Hungeren var saare svar, saa at Ægyptens Land og Kanaans Land forsmægtede for Hungerens Skyld.
၁၃အစာခေါင်းပါးခြင်းကပ်သည်အလွန်ဆိုးရွား ရကားစားနပ်ရိက္ခာပြတ်လပ်ကုန်သဖြင့် အီဂျစ် ပြည်နှင့်ခါနာန်ပြည်ရှိလူအပေါင်းတို့သည် အစာငတ်မွတ်သည့်ဒဏ်ကိုအလူးအလဲခံရ ကြ၏။-
14 Og Josef samlede alle Pengene, som fandtes i Ægyptens Land og i Kanaans Land, for det Korn, som de købte, og Josef lod Pengene komme i Faraos Hus.
၁၄ယောသပ်သည်စပါးရောင်းရာမှရသောငွေ များကိုစုသိမ်း၍ နန်းတော်ငွေတိုက်သို့ပေး သွင်းလေ၏။-
15 Og da det var forbi med Pengene i Ægyptens Land og i Kanaans Land, da kom alle Ægypterne til Josef og sagde: Fly os Brød, og hvi skulle vi dø for dig? thi Pengene ere borte.
၁၅အီဂျစ်ပြည်သားနှင့်ခါနာန်ပြည်သားတို့ တွင်စပါးဝယ်ရန်ငွေကုန်သောအခါ အီဂျစ် ပြည်သားတို့သည်ယောသပ်ထံသို့လာ၍``ကျွန် တော်တို့အားစားစရာပေးပါ။ ငတ်၍မသေ ပါရစေနှင့်။ ကျွန်တော်တို့တွင်ရိက္ခာဝယ်ရန် ငွေမကျန်တော့ပါ'' ဟုလျှောက်ကြလေ သည်။
16 Og Josef sagde: Flyr hid eders Kvæg, saa vil jeg give eder Brød for eders Kvæg, dersom Pengene ere borte.
၁၆ယောသပ်က``သင်တို့တွင်ငွေကုန်လျှင် သင်တို့ ၏သိုးနွားတိရစ္ဆာန်များကိုယူခဲ့ကြလော့။ တိရစ္ဆာန်များကိုစပါးနှင့်လဲလှယ်ပေးမည်'' ဟုဆိုလေ၏။-
17 Saa førte de deres Kvæg til Josef, og Josef gav dem Brød for Hestene og for Kvæget, som de ejede, og for Øksnene, som de ejede, og for Asenerne; saa hjalp han dem med Brød for alt deres Kvæg i det samme Aar.
၁၇သူတို့သည်တိရစ္ဆာန်များကိုယောသပ်ထံသို့ ယူဆောင်ခဲ့၍ယောသပ်သည်သူ့တို့၏ မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်းများကိုစားနပ်ရိက္ခာနှင့်လဲ လှယ်ပေးလေ၏။ ထိုနှစ်၌ပြည်သူပြည်သား တို့သည် မိမိတို့၏တိရစ္ဆာန်ရှိသမျှကိုစား နပ်ရိက္ခာနှင့်လဲလှယ်ကြလေသည်။
18 Der det samme Aar havde Ende, da kom de i det andet Aar til ham og sagde til ham: Vi ville ikke dølge for min Herre, at ikke alene Pengene ere borte, men og Kvæget, som vi ejede, er kommet til min Herre; vi have intet tilbage til min Herre, uden vore Legemer og vor Jord.
၁၈ထိုနှစ်ကုန်၍နောက်တစ်နှစ်သို့ရောက်ရှိလာ သောအခါ သူတို့သည်ယောသပ်ထံသို့လာ ကြပြန်၍``ကျွန်တော်တို့လက်တွင်ငွေလည်း ကုန်ကြောင်း၊ တိရစ္ဆာန်များလည်းကိုယ်တော်၏ လက်ဝယ်သို့ရောက်ရှိကြောင်း ကိုယ်တော်အသိ ပင်ဖြစ်ပါသည်။ ယခုကျွန်တော်တို့၏ကိုယ် နှင့်ကျွန်တော်တို့၏လယ်မြေများမှလွဲ၍ ကိုယ်တော်အားပေးရန်အဘယ်အရာမျှ မရှိတော့ပါ။-
19 Hvi skulle vi dø for dine Øjne, baade vi og tilmed vor Jord blive øde? køb os og vor Jord for Brød; og vi med vor Jord ville være Faraos Tjenere, og giv os Sæd, at vi maa leve og ikke dø, og Jorden ikke blive øde.
၁၉ကျွန်တော်တို့အစာငတ်၍မသေပါရစေနှင့်။ ကျွန်တော်တို့လယ်များလည်းပျက်ပြုန်းခြင်း မဖြစ်ပါစေနှင့်။ ကျွန်တော်တို့အားရိက္ခာပေး သည့်အတွက် ကျွန်တော်တို့နှင့်ကျွန်တော်တို့၏ လယ်မြေများကိုဝယ်တော်မူပါ။ ကျွန်တော်တို့ သည်ဖာရောဘုရင်ထံ၌ကျွန်ခံပါမည်။ လယ်မြေ များကိုလည်းဘုရင်လက်သို့အပ်ပါမည်။ ကျွန် တော်တို့အသက်မသေစေရန်လည်းကောင်း၊ လယ် များတွင်စိုက်ပျိုးနိုင်ရန်လည်းကောင်းစပါး ကိုပေးတော်မူပါ'' ဟုလျှောက်ကြလေ၏။
20 Og Josef købte af Ægyptens Jord til Farao; thi Ægypterne solgte hver sin Ager, fordi Hungeren var svar over dem; og Landet blev Faraos.
၂၀သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်ရှိလယ် မြေအားလုံးကို ဖာရောဘုရင်အတွက်ဝယ် ယူလေ၏။ အစာခေါင်းပါးခြင်းကပ်ဆိုးရွား ခြင်းကြောင့်အီဂျစ်ပြည်သားတိုင်း မိမိ၏ လယ်မြေကိုရောင်းရသဖြင့်လယ်မြေအား လုံးတို့သည်ဘုရင့်ဘဏ္ဍာတော်ဖြစ်လာ၏။-
21 Og han lod Folket flytte om i Stæderne, fra den ene Ende af Ægyptens Land til den anden.
၂၁အီဂျစ်ပြည်တစ်စွန်းမှတစ်စွန်းအထိနေ ထိုင်သူအပေါင်းတို့သည်လည်း ဘုရင်၏ ကျွန်ဖြစ်လာကြ၏။-
22 Alene Præsternes Jord købte han ikke; thi Præsterne havde deres beskikkede Del af Farao; og de aade deres beskikkede Del, som Farao havde givet dem, derfor solgte de ikke deres Jord.
၂၂ယဇ်ပုရောဟိတ်တို့သည်ဘုရင်ထံမှရိက္ခာ အထောက်အပံ့ရသူများဖြစ်သောကြောင့် မိမိ တို့လယ်မြေများကိုရောင်းချရန်မလို။ ထို့ ကြောင့်ယောသပ်သည်သူတို့၏လယ်မြေများ ကိုမဝယ်ယူဘဲချန်လှပ်ထားလေသည်။-
23 Da sagde Josef til Folket: Se, jeg har i Dag købt eder og eders Jord til Farao, se, der have I Sæd, og I skulle besaa Jorden.
၂၃ယောသပ်ကပြည်သားတို့အား``ယခုငါသည် သင်တို့နှင့်သင်တို့၏လယ်မြေများကိုဘုရင့် အတွက်ဝယ်ယူပြီးပြီ။ သင်တို့၏လယ်များ တွင်စိုက်ပျိုးရန်မျိုးစပါးကိုယူကြလော့။-
24 Og med Afgrøden skal det være saaledes, at I skulle give Farao den femte Part, og de fire Parter skulle I beholde til Sæd til Ageren og til Spise for eder og for dem, som ere i eders Huse, og til eders smaa Børn at æde.
၂၄စပါးရိတ်သိမ်းသည့်အခါငါးပုံတစ်ပုံကို ဘုရင့်ထံဆက်ရမည်။ ကျန်သောစပါးကိုမျိုး စပါးအတွက်နှင့်သင်တို့နှင့်မိသားစုစားသုံး ရန်အတွက်အသုံးပြုကြလော့'' ဟုဆိုလေ၏။
25 Og de sagde: Du har holdt os ved Live, lad os finde Naade for min Herres Øjne, og vi ville være Faraos Trælle.
၂၅ပြည်သားတို့က``ကိုယ်တော်သည်ကျွန်တော်တို့ ၏အသက်ကိုကယ်တော်မူပါပြီ။ ကျွန်တော် တို့သည်ကိုယ်တော်ထံမှမျက်နှာသာရပါ စေသော၊ သနားညှာတာတော်မူပါပြီ။ ကျွန် တော်တို့သည်ဘုရင်ထံ၌ကျွန်ခံပါမည်'' ဟုလျှောက်ကြ၏။-
26 Saa gjorde Josef det til en Skik indtil denne Dag over Ægyptens Jord, at Farao skal have den femte Part; ikkun Præsternes Jord, den alene, blev ikke Faraos.
၂၆သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်တွင် အသီးအနှံထွက်ထဲမှ ငါးပုံတစ်ပုံကို ဖာရော ဘုရင်ထံဆက်ရမည်ဟူသောမြေယာဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းခဲ့လေသည်။ ထိုဥပဒေ သည်ယနေ့တိုင်အောင်အာဏာတည်လျက်ရှိ၏။ ယဇ်ပုရောဟိတ်တို့ပိုင်သောလယ်မြေများသာ လျှင်ထိုဥပဒေမှလွတ်ကင်းခွင့်ရှိသည်။
27 Og Israel boede i Ægyptens Land, i Gosen Land; og de fik Ejendom der og vare frugtbare og bleve saare mangfoldige.
၂၇ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်ဂေါရှင်အရပ်၌နေထိုင်ကြစဉ်ကြီး ပွားတိုးတက်၍လူဦးရေအလွန်များပြား လာလေသည်။-
28 Og Jakob levede i Ægyptens Land sytten Aar; og Jakobs Dage, hans Livs Aar, vare hundrede og syv og fyrretyve Aar.
၂၈ယာကုပ်သည်အီဂျစ်ပြည်တွင်တစ်ဆယ့် ခုနစ်နှစ်နေထိုင်ခဲ့၏။ သို့ဖြစ်၍ယာကုပ် ၏သက်တမ်းမှာတစ်ရာ့လေးဆယ်ခုနစ် နှစ်ဖြစ်သတည်း။-
29 Og Israels Dage kom nær, at han skulde dø, og han kaldte ad sin Søn Josef og sagde til ham: Kære, dersom jeg har fundet Naade for dig, da læg, kære, din Haand under min Lænd, og bevis den Miskundhed og Troskab mod mig, at du, kære, ikke begraver mig i Ægypten.
၂၉သူသည်စုတေ့ရသောအချိန်နီးလာသော အခါ သားယောသပ်ကိုခေါ်၍ငါ့အားသင် မျက်နှာသာပေးမည်ဆိုလျှင်``ငါ၏ပေါင်အောက် မှာသင်၏လက်ကိုထားလျက် သင်၏ကရုဏာ နှင့်သစ္စာတရားကိုငါ့အားပြမည်ဟုကတိ ပြုပါလော့။ အဖကိုအီဂျစ်ပြည်၌သင်္ဂြိုဟ် ခြင်းမပြုပါနှင့်။-
30 Og jeg vil ligge hos mine Fædre, og du skal føre mig af Ægypten og begrave mig i deres Grav; og han sagde: Jeg vil gøre, som du har sagt.
၃၀အဖကိုအီဂျစ်ပြည်မှထုတ်ဆောင်၍အဖ၏ ဘိုးဘေးတို့သင်္ဂြိုဟ်ရာသင်္ချိုင်း၌သင်္ဂြိုဟ်ပါ လော့'' ဟုဆို၏။ ယောသပ်က``အဖဆန္ဒအတိုင်းကျွန်တော်ဆောင် ရွက်ပေးပါမည်'' ဟုဝန်ခံလေ၏။
31 Men han sagde: Sværg mig; og han svor ham; og Israel bøjede sig over Hovedgærdet i Sengen.
၃၁သို့ရာတွင်ယာကုပ်က``ဆောင်ရွက်ပေးပါမည်ဟု ကျိန်ဆိုလော့'' ဟုဆိုသော်ယောသပ်သည်ကျိန်ဆို လေ၏။ ထိုနောက်ယာကုပ်သည်အိပ်ရာ၏ခေါင်း ရင်းတွင်ကျေးဇူးတော်ကိုချီးမွမ်းလေ၏။