< 1 Mosebog 43 >
1 Og Hungeren var svar i Landet.
၁ခါနာန်ပြည် ၌ အလွန် အစာခေါင်းပါး သည် ဖြစ်၍၊
2 Og det skete, der de havde fortæret Kornet, som de havde hentet fra Ægypten, da sagde deres Fader til dem: Farer hen igen og køber os lidt Spise!
၂အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သောစပါး ကို စား ကုန် ပြီးမှ၊ အဘ က၊ တဖန်သွား ၍ ငါ တို့စား စရာအနည်း ငယ်ကို ဝယ် ကြပါဦးဟုဆို ၏။
3 Da talede Juda til ham, sigende: Manden vidnede alvorlig for os og sagde: I skulle ikke se mit Ansigt, uden eders Broder er med eder.
၃ယုဒ ကလည်း၊ ထိုသူ သည် ကျွန်ုပ် တို့ကို ကျပ်ကျပ်ခြိမ်းချောက် လျက်၊ သင် တို့ညီ မ ပါ လျှင် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြော ထားပြီ။
4 Dersom du sender vor Broder med os, ville vi fare ned og købe dig Spise.
၄ကျွန်ုပ် တို့ညီ ကို ထည့် လျှင် သွား ၍ အဘ စား ဘို့ရာ ဝယ် ပါမည်။
5 Men dersom du ikke vil sende ham, fare vi ikke ned; thi Manden sagde til os: I skulle ikke se mit Ansigt, uden eders Broder er med eder.
၅ညီကို မ ထည့် လျှင် မသွား ပါ၊ အကြောင်း မူကား၊ ထိုသူ က သင် တို့ညီ မ ပါ လျှင် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြော ထားပြီဟု အဘအား ပြန်ဆိုလေ၏။
6 Og Israel sagde: Hvi have I gjort ilde mod mig ved at kundgøre Manden, at I havde endnu en Broder?
၆ဣသရေလ ကလည်း ၊ သင် တို့၌ ညီ ရှိမှန်းကို ထိုသူ အား ပြော ၍ အဘယ်ကြောင့် ငါ့ ကို ညှဉ်းဆဲ ကြ သနည်းဟုဆိုသော်၊
7 Og de sagde: Manden spurgte nøje om os og om vor Slægt og sagde: lever eders Fader endnu? have I nogen Broder? da kundgjorde vi ham, eftersom han adspurgte; hvorlunde kunde vi saa lige vide, at han skulde sige: fører eders Broder ned?
၇သူတို့က၊ ထိုသူ သည် ကျွန်ုပ် တို့၏အကြောင်း အရာ အမျိုးအနွယ် တို့ကို ကျပ်ကျပ်မေး လျက် ၊ သင် တို့အဘ အသက် ရှင်သေး သလော၊ ညီ ရှိ သေးသလောဟုမေးသောအခါ၊ ကျွန်ုပ်တို့သည် သူ ၏စကား သဘောသို့ လိုက်၍ ပြန် ပြောရပါ၏။ သင် တို့ညီ ကို ဆောင် ခဲ့ကြဟု သူပြော မည် ကို ကျွန်ုပ်တို့သည် အမှန်သိ နိုင်ပါသလောဟု ဆို ကြ၏။
8 Da sagde Juda til Israel, sin Fader: Lad den unge Mand fare med mig, at vi kunne gøre os rede og drage hen og leve og ikke dø, baade vi og du og vore smaa Børn.
၈ယုဒ ကလည်း၊ သူငယ် ကို ကျွန်ုပ် နှင့်အတူ လွှတ် ပါ။ သို့ပြုလျှင်အဘမှစ၍ကျွန်ုပ် တို့နှင့် သူငယ် များတို့ သည် မ သေ ၊ အသက် ရှင်မည်အကြောင်း ၊ ကျွန်ုပ်တို့ ထ ၍ သွား ကြပါမည်။
9 Jeg vil være ansvarlig for ham, du maa kræve ham af min Haand; dersom jeg ikke fører ham igen til dig og sætter ham for dit Ansigt, da vil jeg bære Skyld for dig alle Dage.
၉ကျွန်ုပ်သည် သူ ၏အာမခံ ဖြစ်ပါမည်။ ကျွန်ုပ် တွင် သူ့ ကို တောင်း ပါ။ သူ့ ကိုပြန်၍မ ဆောင် အဘ ရှေ့ မှာ မထား လျှင် ၊ အစဉ် မပြတ်အပြစ် ကိုခံ ပါစေ။
10 Thi dersom vi ikke havde tøvet, da havde vi nu to Gange været her igen.
၁၀ဤမျှလောက်မ ဖင့်နွှဲ့ လျှင်၊ အကယ်၍ ဒုတိယ အကြိမ်တွင် ပြန် ရောက်ပါပြီဟု အဘ ဣသရေလ အား ဆို ၏။
11 Og Israel, deres Fader, sagde til dem: Om det saa skal være, da gører dette: tager af Landets bedste Frugt i eders Sække og fører ned til Manden som Skænk: lidt Balsam og lidt Honning, Urter og Ladanum, Pistacienødder og Mandler.
၁၁အဘ ဣသရေလ ကလည်း၊ သို့ဖြစ်လျှင် ဤသို့ ပြု ကြလော့။ ထိုသူ အား ဆက် စရာဘို့ သင် တို့အိတ် ဝတို့တွင် ခါနာန်ပြည် ၏ အသီးမျိုးအကောင်းဆုံး တည်းဟူသောဗလစံစေး အနည်းငယ် ၊ ပျားရည် အနည်းငယ် ၊ နံ့သာ မျိုး၊ မုရန်စေး ၊ သစ်အယ်သီး ၊ ဗာတံသီး တို့ကို ယူ ကြလော့။
12 Tager og andre Penge med eder; og tager de Penge, som vare komne oven i eders Poser, igen med eder; maaske det er en Vildfarelse;
၁၂သင် တို့လက် ၌ ငွေ နှစ်ဆ ကိုလည်း ယူ ကြလော့။ အိတ် ဝ တွင် ဆောင် ခဲ့သောငွေ ကို တဖန်လက် ၌ ဆောင် သွား ကြဦးလော့။ ထို အမှုသည် သတိ လစ်သောအမှု ဖြစ် ဟန်ရှိ၏။
13 og tager eders Broder og gører eder rede, farer igen til Manden!
၁၃သင် တို့ညီ ကိုလည်း ယူ ၍ တဖန် ထိုသူ ထံ သို့ ထ သွား ကြလော့။
14 Og den almægtige Gud give eder Barmhjertighed for den Mand, at han lader eders anden Broder og Benjamin følge tilbage med eder; og jeg, skal jeg da være berøvet mine Børn, saa faar jeg være berøvet mine Børn.
၁၄ထိုသူသည် သင် တို့အစ်ကိုတယောက်နှင့် ဗင်္ယာမိန် ကို လွှတ် လိုက်မည်အကြောင်း ၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တ တန်ခိုးရှင်ဘုရား သခင် ပေး တော်မူပါစေသော။ သို့ရာတွင် ငါ သည် သား ဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊
15 Saa toge Mændene denne Skænk og toge dobbelte Penge i deres Haand og Benjamin og gjorde sig rede og droge ned til Ægypten og stode for Josefs Ansigt.
၁၅သူ တို့သည် ထိုလက်ဆောင် ကို၎င်း၊ မိမိ လက် ၌ ငွေ နှစ် ဆကို၎င်း ၊ ဗင်္ယာမိန် ကို၎င်း ၊ ယူ ၍ထ ပြီးလျှင် ၊ အဲဂုတ္တု ပြည်သို့သွား ၍ ယောသပ် ရှေ့မှာ ရပ် နေကြ၏။
16 Da saa Josef Benjamin med dem og sagde til den, som forestod hans Hus: Før de Mænd til Huset og slagt Slagtekvæg og lav det til; thi disse Mænd skulle faa Mad med mig til Middag.
၁၆သူ တို့နှင့်အတူ ဗင်္ယာမိန် ပါလာသည်ကို ယောသပ် မြင် လျှင် ၊ ဝန် စာရေးကိုခေါ် ၍ ၊ ဤသူ တို့ကို အိမ် သို့ ခေါ် သွားလော့။ အကောင် များကိုသတ် ၍ စားစရာကို ပြင်ဆင် လော့။ သူတို့သည် ငါ နှင့်အတူ မွန်းတည့် စာကို စား ရကြလိမ့်မည်ဟု မှာ ထားသည် အတိုင်း၊
17 Og Manden gjorde, som Josef sagde; og Manden førte Mændene i Josefs Hus.
၁၇ဝန် စာရေးပြု ၍ ၊ သူ တို့ကို ယောသပ် အိမ် သို့ ခေါ် သွား၏။
18 Men Mændene frygtede, fordi de bleve førte i Josefs Hus, og sagde: Vi føres her ind for de Penges Skyld, som forrige Gang vare komne tilbage i vore Poser, for at han kan vælte sig ind paa os og overfalde os og tage os til Trælle med vore Asener.
၁၈ယောသပ် အိမ် သို့ ခေါ်သွား သောအခါ ၊ သူတို့ သည် ငါ တို့အိတ် ၌ ယမန် ပြန်ပေး သောငွေ ကြောင့် ခေါ်သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြု သဖြင့် ကျွန်ခံ စေ၍ ၊ မြည်း တို့ကို သိမ်း လိမ့်မည်ဟု ဆို ကြပြီးလျှင်၊
19 Derfor gik de til Manden, som forestod Josefs Hus, og talede med ham ved Husets Dør.
၁၉ယောသပ် ၏ ဝန်စာရေး အနီးသို့ ချဉ်းကပ် ၍ အိမ် တံခါး နားမှာ နှုတ်ဆက် လျက်၊
20 Og de sagde: Hør mig, min Herre! vi vare jo tilforn dragne ned for at købe Spise.
၂၀သခင် ၊ ယမန် က အကျွန်ုပ် တို့သည် အစာ ကို ဝယ် ခြင်းငှါ အမှန်လာ ပါ၏။
21 Og det skete, der vi kom i Herberget og oplode vore Poser, se, da havde hver sine Penge oven i sin Pose, vore Penge efter deres Vægt, derfor have vi ført dem med os igen.
၂၁စားခန်း သို့ ရောက် ၍ အိတ် များကိုဖွင့် သောအခါ ၊ လူ တိုင်းဆိုင်သောငွေ သည် အလျှင်းမလျော့ဘဲ အိတ် ဝ တွင် ရှိပါ၏။ ထို ငွေ ကို တဖန် ဆောင် ခဲ့ကြပါပြီ။
22 Og vi have taget andre Penge ned med os til at købe Spise for; vi vide ikke, hvo der lagde vore Penge i vore Poser.
၂၂ယခုလည်းအစာ ကို ဝယ် ခြင်းငှါ အခြား သော ငွေ ကို ကိုယ် ၌ ဆောင် ခဲ့ကြပါ၏။ ထိုငွေ ကို အကျွန်ုပ် တို့ အိတ် များ၌ အဘယ်သူ ထား သည်ကို မ သိ နိုင်ပါဟု ဆို ကြသော်၊
23 Og han sagde: Fred være med eder, frygter ikke! eders Gud og eders Faders Gud har givet eder en Skat i eders Poser, eders Penge kom til mig; og han lod Simeon ud til dem.
၂၃ဝန်စာရေးက၊ ချမ်းသာ ပါစေ၊ မ စိုးရိမ် ကြနှင့်။ သင် တို့ဘုရားသခင် ၊ သင် တို့၏အဘ ဘုရားသခင် သည် သင် တို့အိတ် များ၌ ဘဏ္ဍာ ကိုသနား တော်မူပြီ။ သင် တို့ငွေ ကို ငါ ခံရ ပြီဟုဆို သဖြင့် ၊ ရှိမောင် ကိုထုတ် ၍ အပ်လိုက် လေ၏။
24 Og Manden førte Mændene i Josefs Hus og gav dem Vand, og de toede deres Fødder; og han gav deres Asener Foder.
၂၄ယောသပ် အိမ် သို့ သွင်းပြီးမှ ၊ ဝန်စာရေးသည် ရေ ကို ပေး ၍ ခြေ ဆေး စေ၏။ မြည်း တို့ကိုလည်း ကျွေး လေ၏။
25 Men de gjorde Gaven rede, indtil Josef kom om Middagen; thi de havde hørt, at de skulde faa Mad der.
၂၅မွန်းတည့် ချိန်၌ ယောသပ် လာ လိမ့်မည်ဟု သူတို့သည် မြော်လင့်၍ လက်ဆောင် ကို ပြင် နှင့်ကြ၏။ ထိုအိမ်၌ သူတို့သည် အစာ ကိုစား ရလိမ့်မည်ဟု သူတို့ သည် ကြား လေသတည်း။
26 Og Josef kom ind i Huset, og de bare ham den Skænk, som de havde i deres Haand, ind i Huset, og de faldt ned for ham paa Jorden.
၂၆ယောသပ် သည် အိမ် သို့ ရောက် သောအခါ ၊ သူတို့သည် ကိုယ် ၌ ပါ သောလက်ဆောင် ကို အိမ် ထဲ ယောသပ် ထံ သို့သွင်း ၍ သူ့ရှေ့ မှာဦးညွှတ် ချလျက် နေကြ၏။
27 Men han hilsede dem og sagde: Gaar det eders Fader, den gamle, vel, som I talede om? lever han endnu?
၂၇ယောသပ်သည် နှုတ်ဆက်ပြီးလျှင်၊ သင် တို့အဘ တည်းဟူသောသင်တို့အရင်ပြော သော အသက်ကြီး သူ သည် ကျန်းမာ ပါ၏လော။ အသက် ရှင်သေး၏လောဟု မေး လျှင်၊
28 De sagde: Det gaar din Tjener, vor Fader, vel, han lever endnu; og de bøjede sig og faldt ned for ham.
၂၈သူတို့က၊ ကိုယ်တော် ကျွန် ၊ ကျွန်တော် တို့အဘ သည် ကျန်းမာ ပါ၏၊ အသက် ရှင်ပါသေး၏ဟု လျှောက် လျက်၊ ဦးညွှတ် ချ၍ ရှိခိုးလျက် နေကြ ၏။
29 Da opløftede han sine Øjne og saa Benjamin sin Broder, sin Moders Søn, og sagde: Er denne eders yngste Broder, som I talte til mig om? og han sagde: Gud være dig naadig, min Søn!
၂၉ထိုအခါ ယောသပ် သည် မြော် ကြည့် ၍ မိမိ အမိ ၏သား ၊ မိမိ ညီ ရင်းဗင်္ယာမိန် ကိုမြင် လျှင် ၊ ဤ သူကား သင်တို့အရင်ပြော သော သင် တို့ညီ ဖြစ်သလောဟုမေး လျက်၊ သင့် ကို ဘုရားသခင် ကယ် မသနားတော်မူပါစေသော ငါ့ သား ဟု ဆို ပြီးမှ၊
30 Og Josef skyndte sig; thi hans Hjerte brændte imod hans Broder, og han søgte et Sted, hvor han kunde græde, og han gik ind i Kammeret og græd der.
၃၀ညီ ရင်းကိုမြင်ရ၍ ကြင်နာ သောစိတ် ရှိသောကြောင့် အလျင်အမြန် ထသွား လေ၏။ ငို ရာအရပ်ကို ရှာ သဖြင့် ၊ အိပ် ခန်းထဲ သို့ဝင် ၍ ငို လေ၏။
31 Og der han havde toet sit Ansigt, da gik han ud, og han holdt sig og sagde: Sætter Maden frem!
၃၁တဖန် မျက်နှာ ကိုသစ် ၍ ဣန္ဒြေချုပ်တည်း လျက် ပြင်သို့ထွက် ပြီးလျှင် ၊ စားပွဲ ကို ပြင် ကြဟု အမိန့် ရှိ၏။
32 Saa satte de for ham særskilt og for dem særskilt og for Ægypterne, som aade med ham, særskilt, fordi Ægypterne ikke kunde æde Brød med Hebræerne; thi det er Ægypterne en Vederstyggelighed.
၃၂ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ် နှင့် စား သော အဲဂုတ္တု လူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင် ကြ၏။ အဲဂုတ္တု လူတို့သည် ဟေဗြဲ လူတို့နှင့်အတူ မ စား ရ၊ ထို အမှုကို အဲဂုတ္တု လူတို့သည် ရွံ့ တတ်ကြ၏။
33 Og de sade lige for ham, den førstefødte efter sin Førstefødsel og den yngste efter sin Ungdom; og Mændene forundrede sig imellem sig indbyrdes.
၃၃ညီအစ်ကိုတို့သည် အကြီး မှစ၍ အငယ် တိုင်အောင်အရွယ် အလိုက် ယောသပ် ရှေ့ မှာ ထိုင် နေကြ၏။ သူတို့သည် အချင်းချင်း ကြည့်ရှု၍ အံ့ဩ ခြင်းရှိကြ၏။
34 Og han lod bære Retter af det, som var for ham, til dem, og lod Benjamins Ret være mere end alle de andres Retter, fem Gange; og de drak og bleve drukne med ham.
၃၄ယောသပ်သည်လည်း သူ တို့စားရန်အဘို့ အသီးအသီး တို့ကို မိမိ ထံ မှပေး လိုက်၏။ ဗင်္ယာမိန် ရသောအဘို့ သည် အစ်ကို တို့ရသောအဘို့ ထက် ငါး ဆ များ သတည်း။ သူတို့သည်သောက် ၍ ပျော်မွေ့ ခြင်းသို့ ရောက်ကြ၏။