< Ezekiel 13 >

1 Og Herrens Ord kom til mig saaledes:
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
2 Du Menneskesøn! spaa imod Israels Profeter, dem, som spaa, og sig til dem, som ere Profeter efter deres eget Hjertes Kald: Hører Herrens Ord!
အချင်းလူသား ၊ ကိုယ်အလိုအလျောက်ပရောဖက် ပြု၍ ဟောပြောတတ်သော ဣသရေလ အမျိုး ပရောဖက် တို့တဘက် ၌ ဟောပြော လော့။ ထာဝရဘုရား ၏ အမိန့် တော်ကိုနားထောင် ကြဟု သူ တို့အား ပြော လော့။
3 Saa siger den Herre, Herre: Ve over de daarlige Profeter, som gaa efter deres egen Aand og efter det, som de ikke have set.
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အဘယ်အရာကိုမျှ မ မြင် ဘဲ၊ ကိုယ် စိတ် အလိုသို့ လိုက် တတ်သော ပရောဖက် မိုက် တို့သည် အမင်္ဂလာ ရှိကြ၏။
4 Som Ræve i Ørken ere dine Profeter blevne, o Israel!
အိုဣသရေလ အမျိုး၊ သင် ၏ပရောဖက် တို့သည် တော ၌ နေ သောမြေခွေး နှင့် တူ ကြ၏။
5 I stillede eder ikke op for Gabet og murede ikke Muren op om Israels Hus for at kunne holde Stand i Krigen paa Herrens Dag.
ဣသရေလ အမျိုး သည် ထာဝရဘုရား ၏ နေ့ ရောက်မှစစ်တိုက် ၍ ခံ နိုင်မည်အကြောင်း ၊ သူတို့သည် မြို့ရိုး ပျက် အပေါ် သို့တက် ၍၊ ပြုပြင် ခြင်းအမှုကို မ ပြုဘဲ နေကြ၏။
6 Deres Syner ere Forfængelighed og løgnagtig Spaadom, naar de sige: „Herren siger det”, skønt Herren ikke har sendt dem, og de haabe dog, at Ordet skal stadfæstes.
အချည်းနှီး သောအရာကို မြင် ကြပြီ။ ထာဝရဘုရား စေလွှတ် တော်မ မူဘဲ၊ ထာဝရဘုရား မိန့် တော်မူသည် ဟုဆို လျက်၊ လှည့်စား ၍ ပရောဖက် ပြုကြပြီ။ ကိုယ်စကား ပြည့်စုံ မည်ဟု သူတပါးယုံစေခြင်းငှါပြုကြပြီ။
7 Have I ikke skuet forfængeligt Syn og udsagt løgnagtig Spaadom, naar I sige: „Herren siger det”, skønt jeg ikke har talt?
ငါ မ ပြော ဘဲ ထာဝရဘုရား မိန့် တော်မူသည်ဟု သင်တို့ဆို လျက် ၊ အချည်းနှီး သော အရာကိုမြင် ကြပြီ မ ဟုတ်လော ။ လှည့်စား ၍ ပရောဖက် ပြုကြပြီ မဟုတ် လော။
8 Derfor, saa siger den Herre, Herre: Efterdi eders Tale er Forfængelighed og eders Syn Løgn, derfor se, jeg kommer til eder, siger den Herre, Herre;
ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် အချည်းနှီး သော စကားကို ပြော ၍ မုသာ ရူပါရုံကိုမြင် သောကြောင့် ငါ သည် သင် တို့တဘက် ၌ နေ၏။
9 og min Haand skal være imod de Profeter, som have forfængelige Syner, og som spaa Løgn; de skulle ikke være i mit Folks Raad og ikke indskrives i Israels Hus's Bog, ej heller komme til Israels Land; og I skulle fornemme, at jeg er den Herre, Herre.
အချည်းနှီး သော အရာကိုမြင် ၍ မုသာ စကားကို ဟောပြော တတ်သော ပရောဖက် တို့ကို ငါ ဆီးတားသဖြင့်၊ သူတို့သည် ငါ ၏ပရိသတ် စည်းဝေး ရာသို့ မ ဝင် ရကြ။ ဣသရေလ အမျိုး ၏ စာရင်း ၌ သူတို့အမည် ကို မ သွင်းရ။ ဣသရေလ ပြည် ၌ နေရာ မ ချရ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။
10 Fordi, ja fordi de forførte mit Folk ved at sige: Fred! og der var ikke Fred; og dette opfører en Væg, og se, de stryge den an med løs Kalk,
၁၀ငြိမ်သက် ခြင်းမ ရှိသော်လည်း ၊ ငြိမ်သက် ခြင်း ရှိသည်ဟု သင်တို့ဆို လျက် ၊ ငါ ၏လူ တို့ကို လှည့်စား သောကြောင့် ၎င်း ၊ တယောက်ကား အုတ်ရိုး ကိုတည် လျက် ၊ တယောက်ကားအင်္ဂတေ နှင့်မွမ်းမံ လျက်ပြုသောကြောင့်၎င်း ၊
11 saa sig til dem, som anstryge med løs Kalk, at den maa falde af: Der kommer en overskyllende Regn, og I Hagelstene! falder ned, og et Stormvejr bryde løs!
၁၁ထိုအုတ်ရိုးသည်ပြိုလဲ မည်ဟု အင်္ဂတေ နှင့်မွမ်းမံ သောသူတို့အား ပြော လော့။ မိုဃ်းရေ လွှမ်းမိုး လိမ့်မည်။ ကြီးစွာသော မိုဃ်းသီး ကျ လိမ့်မည်။ မိုဃ်းသက် မုန်တိုင်းတိုက်ဖျက် လိမ့်မည်။
12 Og se, naar Væggen er falden, mon der da ikke skal siges til eder: Hvor er Anstrygningen, med hvilken I have anstrøget den?
၁၂ထိုအုတ်ရိုး သည်ပြိုလဲ ပြီးမှ ၊ သင်တို့မွမ်းမံ သော အင်္ဂတေ သည် အဘယ် မှာရှိသနည်းဟု သင် တို့အား သူတပါးမေး လိမ့်မည်မ ဟုတ်လော ။
13 Derfor, saa siger den Herre, Herre: Jeg vil lade et Stormvejr bryde løs i min Harme, og der skal komme en overskyllende Regn i min Vrede og Hagelstene i min Harme til at fuldende det.
၁၃ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါ သည် အမျက် ထွက်၍ ၊ သင်တို့အုတ်ရိုးကို မိုဃ်းသက် မုန်တိုင်းအားဖြင့်တိုက်၍ ဖျက် မည်။ ငါ ၏ ဒေါသ အရှိန်ကြောင့် မိုဃ်းရေ လွှမ်းမိုး ၍ ၊ ကြီးစွာသော မိုဃ်းသီး နှင့် ဆုံး စေမည်။
14 Og jeg vil nedbryde Væggen, som I have anstrøget med løs Kalk, og styrte den til Jorden, og dens Grundvold skal blottes; og den skal falde, og I skulle omkomme derudi og fornemme, at jeg er Herren.
၁၄ထိုသို့သင်တို့သည် အင်္ဂတေ နှင့် မွမ်းမံ သော အုတ်ရိုး ကို မြေ တိုင်အောင် ငါဖြိုချ ၍ အမြစ် ကိုလှန် သဖြင့် ၊ အုတ်ရိုးသည်လဲ ၍ ဖိမိလျက်၊ သင်တို့သည် အသက် ဆုံးကြ လိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို ထိုအခါ သိရ ကြလိမ့်မည်။
15 Og jeg vil fuldkomme min Harme paa Væggen og paa dem, som have anstrøget den med løs Kalk; og jeg vil sige til eder: Borte er Væggen, og borte ere de, som anstrøge den,
၁၅ထိုသို့ အုတ်ရိုး ၌ ၎င်း ၊ အင်္ဂတေ နှင့် မွမ်းမံ သောသူတို့ ၌ ၎င်း ၊ ငါ သည်ကိုယ်အမျက် ကို ဖြေ မည်။ အုတ်ရိုး မ ရှိဟူ၍၎င်း ၊ အင်္ဂတေ နှင့် မွမ်းမံသောသူတည်းဟူသော၊
16 nemlig Israels Profeter, de, som spaaede om Jerusalem, og de, som saa Syner om Fred for den, skønt der ingen Fred var, siger den Herre, Herre.
၁၆ငြိမ်သက် ခြင်းမ ရှိသောအခါ ယေရုရှလင် မြို့ အဘို့ ငြိမ်သက် ခြင်း ရူပါရုံ ကို မြင် ၍ ဟောပြော သော ဣသရေလ ပရောဖက် များမရှိကြဟူ၍၎င်း ၊ သူတို့အား ငါပြောမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
17 Og du Menneskesøn! vend dit Ansigt imod dit Folks Døtre, dem, som ere Profetinder efter deres eget Hjertes Kald, og spaa imod dem!
၁၇ထိုမှတပါး၊ အချင်းလူသား ၊ ကိုယ် အလို အလျောက်ပရောဖက် ပြုသောသင် ၏ အမျိုးသမီး တို့ တဘက် ၌ မျက်နှာ ပြု ၍၊
18 Og du skal sige: Saa siger den Herre, Herre: Ve de Kvinder, som sy Puder om alle mine Armled, og som gøre Hætter til Hoveder af al Slags Vækst for at fange Sjæle! mit Folks Sjæle fange I og ville dog holde eders egne Sjæle i Live?
၁၈အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဟောပြော ဆင့်ဆိုရမည်မှာ၊ အသက် ဝိညာဉ်တို့ကို ဘမ်း ခြင်းငှါ ခပ်သိမ်း သောသူတို့ ၏နံပါး၌ ခေါင်းအုံး ကိုထည့် ၍ ၊ လူအကြီးအငယ်တို့ခေါင်း ပေါ် မှာ ဦးထုပ် တို့ကို တင်ထား သောမိန်းမတို့သည် အမင်္ဂလာ ရှိကြ၏။ ငါ့ လူ တို့၏ အသက် ဝိညာဉ်ကို ဘမ်း ၍ ၊ ကိုယ်အသက် ဝိညာဉ်ကို သေ ခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။
19 Og I vanhellige mig for mit Folk for nogle Haandfuld Byg og for nogle Stykker Brød for at dræbe Sjæle, som ikke skulde dø, og for at holde Sjæle i Live, som ikke skulde leve, idet I lyve for mit Folk, for dem, som høre paa Løgn?
၁၉မုယော ဆန်တလက် ဆွန်းနှင့် မုန့် တဖဲ့ ကို ရ အံ့သောငှါ ၊ ငါ ၏လူ တို့တွင် ငါ့ ကိုရှုတ်ချ ကြလိမ့်မည်လော။ မုသာ စကားကို နားထောင် တတ်သော ငါ ၏လူ တို့အား မုသာ စကားကို ပြောသောအားဖြင့် ၊ မ သေ အပ်သောသူ တို့ ၏ အသက် ကိုသတ် ၍ ၊ မ ရှင် အပ်သောသူ တို့ကို အသက် ချမ်းသာ ပေးကြလိမ့်မည်လော။
20 Derfor, saa siger den Herre, Herre: Se, jeg kommer imod eders Puder, ved hvilke I fange, idet jeg lader Sjælene flyve ud; og jeg vil rive dem af eders Arme og udlade de Sjæle, hvilke I have fanget, ja, Sjælene til at flyve ud.
၂၀ထိုကြောင့် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် အသက် ဝိညာဉ်တို့ကို ရအောင် ဘမ်း လျက် ၊ သုံးတတ်သောခေါင်းအုံး တို့ကို ငါ သည် ရန်ဘက် ပြု၍ သင် တို့နံပါး မှ ဆွဲနှုတ် ပြီးလျှင် ၊ သင် တို့ရအောင် ဘမ်း သော အသက် ဝိညာဉ်တို့ကို ငါလွှတ် လိုက်မည်။
21 Og jeg vil sønderrive eders Hætter og redde mit Folk af eders Haand, og de skulle ikke mere være i eders Haand til et Bytte; og I skulle fornemme, at jeg er Herren.
၂၁သင် တို့ဦးထုပ် တို့ကိုလည်း ငါဆုတ် ၍ ၊ ငါ ၏ လူ တို့ကို သင် တို့လက် မှ ကယ်နှုတ် မည်။ နောက် တဖန် သူတို့သည် အဘမ်း ခံ၍၊ သင် တို့လက် သို့ မ ရောက် ရကြ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြ လိမ့်မည်။
22 Fordi I ved Løgn gjorde den retfærdiges Hjerte forsagt, skønt jeg ikke havde bedrøvet det, og styrkede den ugudeliges Hænder, saa at han ikke omvendte sig fra sin onde Vej, at jeg kunde holde ham i Live:
၂၂ငါ မ ညှိုးငယ် စေသော လူကောင်း တို့ကို သင်တို့သည် မုသာ စကားအားဖြင့် ညှိုးငယ် စေသောကြောင့် ၎င်း ၊ လူဆိုး တို့သည် ဆိုး သောလမ်း ကို မ ရှောင် စေခြင်းငှါအသက် ချမ်းသာပေး၍၊ သူတို့ကိုခိုင်မာ စေသောကြောင့် ၎င်း ၊
23 Derfor skulle I ikke have forfængelige Syner og ikke drive eders Spaadomskunst ydermere; og jeg vil redde mit Folk af eders Haand, og I skulle fornemme, at jeg er Herren.
၂၃နောက် တဖန်သင်တို့သည် အချည်းနှီး သော အရာကိုမ မြင် ရကြ။ ပရောဖက် ပြု၍ မ ဟော ရကြ။ ငါ ၏ လူ တို့ကိုသင် တို့လက် မှ ငါကယ်နှုတ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ ၏။

< Ezekiel 13 >