< 2 Mosebog 7 >
1 Og Herren sagde til Mose: Se, jeg har sat dig til en Gud for Farao og Aron, din Broder, skal være din Profet.
၁ထာဝရဘုရားကလည်း၊ သို့ဖြစ်၍ သင့်ကို ဖါရောဘုရင်၏ ဘုရားအရာ၌ ငါခန့်ထား၏။ သင်၏အစ်ကို အာရုန်သည်၊ သင်၏ပရောဖက် ဖြစ်ရလိမ့်မည်။
2 Du skal tale alt det, som jeg vil befale dig; men Aron, din Broder, skal tale til Farao, at han skal lade Israels Børn drage ud af sit Land.
၂ငါမိန့်တော်မူသမျှတို့ကို သင်သည် ပြန်ပြောရမည်။ ဖါရောဘုရင်သည် ဣသရေလအမျိုးသားတို့ကို မိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကို၊ သင်၏အစ်ကို အာရုန်သည် သူ့ထံ၌လျှောက်ရမည်။
3 Men jeg vil forhærde Faraos Hjerte og mangfoldiggøre mine Tegn og mine underlige Gerninger i Ægyptens Land.
၃ငါသည်လည်း ဖါရောမင်း၏ နှလုံးကို ခိုင်မာစေ၍၊ အဲဂုတ္တုပြည်၌ ငါ၏နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို များပြားစေမည်။
4 Og Farao skal ikke høre eder, og jeg vil lægge min Haand paa Ægypterne og udføre mine Hære, mit Folk, Israels Børn, af Ægyptens Land ved store Domme.
၄သို့သော်လည်း ဖါရောမင်းသည် သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့လက် ကို အဲဂုတ္တုပြည်အပေါ်မှာတင်၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ၏ဗိုလ်ပါများ၊ ငါ၏လူဣသရလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည်။
5 Og Ægypterne skulle fornemme, at jeg er Herren, naar jeg udrækker min Haand over Ægypten og fører Israels Børn midt ud fra dem.
၅ထိုသို့အဲဂုတ္တုပြည်အပေါ်မှာ ငါ့လက်ကိုဆန့်၍၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင် သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည် သိကြလိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
6 Og Mose og Aron gjorde det; saasom Herren havde befalet dem, saa gjorde de.
၆မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရား မိန့်တော်မူသမျှ အတိုင်းပြုကြ၏။
7 Og Mose var firsindstyve Aar gammel, og Aron tre og firsindstyve Aar gammel, da de talede til Farao.
၇ဖါရောဘုရင်ထံ၌ လျှောက်ကြသောအခါ၊ မောရှေ၏အသက်သည် အနှစ်ရှစ်ဆယ်ရှိ၏။ အာရုန်၏ အသက်သည် အနှစ်ရှစ်ဆယ်သုံးနှစ်ရှိ၏။
8 Og Herren sagde til Mose og til Aron, sigende:
၈တဖန်ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊
9 Naar Farao taler til eder sigende: Gører en underlig Gerning, da skal du sige til Aron: Tag din Stav og kast den for Faraos Ansigt: Den skal blive til en Slange.
၉ဖါရောဘုရင်က၊ သင်တို့အတွက် ထူးဆန်းသော တန်ခိုးကို ပြလော့ဟုဆိုလျှင်၊ သင်၏ လှံတံကိုယူ၍ ရှေ့တော်၌ချလော့ဟု အာရုန်အားပြောလော့။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
10 Da kom Mose og Aron til Farao og gjorde saaledes, som Herren havde befalet, og Aron kastede sin Stav for Farao og for hans Tjenere, og den blev til en Slange.
၁၀မောရှနှင့်အာရုန်သည် ဖါရောဘုရင်ထံသို့ဝင်၍ ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြုသဖြင့်၊ အာရုန်သည် ဖါရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချ၍ မြွေဖြစ်လေ၏။
11 Da kaldte ogsaa Farao ad de vise og Troldkarlene, men ogsaa disse, de ægyptiske Koglere, gjorde ligesaa med deres Besværgelser.
၁၁ထိုအခါ ဖါရောဘုရင်သည် ပညာရှိများ၊ ပြုစားတတ်သောသူများတို့ကိုခေါ်၍၊ အဲဂုတ္တုအမျိုး ဝိဇ္ဇာဆရာ တို့သည်၊ ဝိဇ္ဇာအတတ်အားဖြင့် ထိုအကူပြု၍၊
12 Og de kastede hver sin Stav, og de bleve Slanger; men Arons Stav opslugte deres Stave.
၁၂မိမိတို့ကိုင်သော လှံတံများကိုချ၍ မြွေဖြစ်ကြလေ၏။ သို့သော်လည်း အာရုန်၏လှံတံသည် သူတို့၏ လှံတံများကို မျိုလေ၏။
13 Og Faraos Hjerte forhærdedes, at han hørte dem ikke, ligesom Herren havde sagt.
၁၃ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နား မထောင်ဘဲနေ၏။
14 Og Herren sagde til Mose: Faraos Hjerte er haardt, han vægrer sig ved at lade Folket fare.
၁၄ထာဝရဘုရားကလည်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ ဣသရေလလူတို့ကို မလွှတ်ဘဲနေ၏။
15 Gak til Farao aarle, se, han gaar ud til Vandet, og du skal træde frem mod ham ved Bredden af Floden; og din Stav, som var omvendt til en Slange, skal du tage i din Haand.
၁၅နံနက်အချိန်၌ ဖါရောဘုရင်ထံသို့ သွားလော့။ သူသည် ရေဆိပ်သို့ သွားလိမ့်မည်။ သူမရောက်မှီ သင် သည် မြစ်ကမ်းနားမှာ ရပ်နေလော့။ မြွေဖြစ်သော လှံတံကိုလည်း လက်တွင်ကိုင်လော့။
16 Og du skal sige til ham: Herren, Hebræernes Gud, har sendt mig til dig og sagt: Lad mit Folk fare, at de kunne tjene mig i Ørken, og se, du har ej villet høre hidindtil.
၁၆ဟေဗြဲအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက၊ ငါ့လူတို့သည်တော၌ ငါ့အား ဝတ်ပြုမည် အကြောင်း၊ သူတို့ကိုလွှတ်လော့ဟု အမိန့်တော်ပါသော ကျွန်ုပ်ကို ကိုယ်တော်ထံသို့ စေလွှတ်တော်မူပြီ။ ကိုယ်တော်သည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည် တကား။
17 Saa siger Herren: Af dette skal du fornemme, at jeg er Herren; se, jeg slaar med Staven, som jeg har i min Haand, paa Vandet, som er i Floden, og det skal omvendes til Blod.
၁၇ထာဝရဘုရားက၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့ သိရမည်နည်းဟူမူကား၊ ငါကိုင်သောလှံတံနှင့် မြစ်ရေကိုရိုက်၍ ထိုရေသည် အသွေးဖြစ်လိမ့်မည်။
18 Og Fiskene, som ere i Floden, skulle dø, og Floden skal lugte ilde, saa at Ægypterne skulle væmmes ved at drikke Vand af Floden.
၁၈မြစ်၌ရှိသော ငါးတို့သည်သေကြလိမ့်မည်။ မြစ်ရေလည်းနံလိမ့်မည်၊ အဲဂုတ္တုလူတို့သည်လည်း မြစ်ရေ ကို ရွံကြလိမ့်မည် အကြောင်းကို ပြန်ပြောလော့ဟု မောရှေအား မိန့်တော်မူ၏။
19 Og Herren sagde til Mose: Sig til Aron: Tag din Stav og ræk din Haand ud over Vandet i Ægypten, over deres Strømme, over deres Floder og over deres Søer og over alle deres Vandsamlinger, og de skulle vorde Blod, og der skal være Blod i hele Ægyptens Land, baade i Træ- og i Stenkarrene.
၁၉တဖန် ထာဝရဘုရားသည် မောရှေကိုမိန့်တော်မူပြန်သည်ကား၊ အာရုန်အား သင်၏လှံတံကိုယူ၍ အဲဂုတ္တုပြည်၌ရှိသော ချောင်းရေ၊ မြစ်ရေ၊ အိုင်အင်းရေ၊ ကန်ရေ၊ တွင်းရေရှိသမျှအပေါ်မှာ လက်ကိုဆန့်လော့။ ထိုရေရှိသမျှတို့သည် အသွေးဖြစ်လိမ့်မည်။ အဲဂုတ္တုပြည် တရှောက်လုံး၊ သစ်ခွက်၊ ကျောက်အိုး၌မျှ မကြွင်း အသွေး ရှိလိမ့်မည်အကြောင်းကို ပြောလော့ဟု မိန့်တော်မူ၏။
20 Og Mose og Aron gjorde saa, eftersom Herren havde befalet, og han opløftede Staven og slog Vandet, som var i Floden, for Faraos Øjne og for hans Tjeneres Øjne, og alt Vandet, som var i Floden, omvendtes til Blod.
၂၀မောရှေနှင့် အာရုန်သည် ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ပြု၍၊ အာရုန်သည် ဖါရောဘုရင် ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချီ၍ မြစ်ရေကို ရိုက်သဖြင့်၊ မြစ်ရေရှိသမျှသည် အသွေးဖြစ်လေ၏။
21 Og Fiskene, som vare i Floden, døde, og Floden lugtede ilde, saa at Ægypterne ikke kunde drikke Vand af Floden; og der blev Blod i hele Ægyptens Land.
၂၁မြစ်၌ရှိသော ငါးတို့သည်လည်း သေကြ၍၊ မြစ်ရေနံသောကြောင့်၊ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်ကြ။ အဲဂုတ္တုပြည်တရှောက်လုံး၌ အသွေးနှံ့ပြားလျက် ရှိလေ၏။
22 Og de ægyptiske Koglere gjorde ligesaa med deres Besværgelser; og Faraos Hjerte forhærdedes, at han hørte dem ikke, som Herren havde sagt.
၂၂အဲဂုတ္တုအမျိုးသား ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း၊ ဖါရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကို နားမထောင်ဘဲနေ၏။
23 Og Farao vendte sig og gik til sit Hus og lagde end ikke dette paa sit Hjerte.
၂၃နန်းတော်သို့လှည့်လည်ပြန်သွား၍ ထိုအမှုကို နှလုံးမသွင်းဘဲ နေလေ၏။
24 Men alle Ægypterne grove omkring Floden efter Vand at drikke; thi de kunde ikke drikke af Vandet i Floden.
၂၄ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကို မသောက်နိုင်သောကြောင့်၊ သောက်ရေကိုရခြင်းငှါ မြစ်နားမှာ တွင်းတူးကြ၏။
25 Og der forløb syv Dage, efter at Herren havde slaget Floden.
၂၅ထာဝရဘုရားသည် မြစ်ကိုဒဏ်ခတ်၍ ခုနစ်ရက်ကို လွန်စေတော်မူ၏။