< 5 Mosebog 12 >
1 Disse ere de Skikke og de Bud, som I skulle tage Vare paa at gøre efter i det Land, som Herren dine Fædres Gud har givet dig til Eje, alle de Dage, som I leve paa Jorden.
၁သင် တို့သည် မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလပတ်လုံး ဝင်စား စေခြင်းငှာ သင် တို့ဘိုးဘေး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ ကျင့် အံ့သောငှာ စောင့်ရှောက် ရသော စီရင် ထုံးဖွဲ့ချက်များ ဟူမူကား ၊
2 I skulle ødelægge alle de Steder, hvor Hedningerne, hvilke I skulle eje, have tjent deres Guder, paa de høje Bjerge og paa Højene og under alle grønne Træer,
၂သင် တို့အစိုးရ သော လူမျိုး တို့သည် တောင် ကြီး ၊ တောင် ငယ်အပေါ် ၊ စိမ်း သော သစ်ပင်အောက် ၌ မိမိ တို့ ဘုရား များကို ဝတ်ပြု ရာအရပ် ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ရမည်။
3 og I skulle nedbryde deres Altere og sønderslaa deres Støtter og opbrænde deres Astartebilleder med Ild og omhugge deres Guders udskaarne Billeder og udslette deres Navn fra dette Sted.
၃သူ တို့ယဇ် ပလ္လင်များကိုလည်း ဖျက် ရမည်။ ရုပ်တု များကို ဖြိုချ ရမည်။ အာရှရ ပင်များကို မီး ရှို့ ရမည်။ ထုလုပ်သော ဘုရား ဆင်းတု များကို ခုတ်လှဲ ရမည်။ ထို အရပ် ၌ ထို ဘုရားတို့၏ နာမ ကိုပင် ပယ်ရှင်း ရမည်။
4 I skulle ikke gøre saaledes mod Herren eders Gud;
၄သူ တို့ပြုသကဲ့သို့၊ သင်တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား အား မ ပြု ရဘဲ၊
5 men paa det Sted, som Herren eders Gud udvælger af alle eders Stammer til der at sætte sit Navn, der hvor han vil bo, skulle I søge ham, og derhen skal du komme.
၅သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် တို့အမျိုးအနွယ် ရှိသမျှ တို့တွင် နာမတော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တည်းဟူသောကျိန်းဝပ် တော်မူရာအရပ် ကို ရှာ ၍ လာ ရကြမည်။
6 Og derhen skulle I føre eders Brændofre, og eders Slagtofre og eders Tiender og eders Hænders Offergaver og eders Løfter og eders frivillige Ofre og de førstefødte af eders store Kvæg og af eders smaa Kvæg;
၆ထို အရပ်သို့ သင် တို့သည် မီးရှို့ ရာယဇ်အစ ရှိ သော ယဇ် များ၊ ဆယ် ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာပူဇော် သက္ကာ၊ သစ္စာ ဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာမှစ၍ ၊ သိုး နွား တွင် အဦး ဘွားသော သားငယ်တို့ကို ဆောင် ခဲ့ရကြမည်။
7 og der skulle I æde for Herren eders Guds Ansigt, og I skulle være glade i alt det, som I udrække eders Hænder til, I og eders Huse, ved hvad Herren din Gud har velsignet dig med.
၇ထို အရပ်၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ ကိုယ်တိုင် မှစ၍ အိမ်သူ အိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
8 I skulle ikke i alt gøre efter det, som vi gøre her i Dag, saa at hver gør, hvad som helst er ret for hans Øjne.
၈ယခု ကာလ၊ ဤ အရပ်၌ပြု သကဲ့သို့ ၊ ထိုအရပ်၌ လူတိုင်း ကိုယ် ဉာဏ် ကို လိုက်၍ မ ပြု ရကြ။
9 Thi I ere ikke endnu komne til Rolighed og til den Arv, som Herren din Gud giver dig.
၉သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော အမွေ ခံရာ ချမ်းသာ ထဲသို့ သင်တို့သည် မ ဝင် ရကြ သေး။
10 Naar I ere gangne over Jordanen og bo i Landet, som Herren eders Gud giver eder til Arv, og han giver eder Rolighed for alle eders Fjender trindt omkring, og I bo tryggeligen,
၁၀သင်တို့သည် ယော်ဒန် မြစ်တဘက်သို့ကူး ၍ ၊ သင် တို့အမွေခံ ရာဘို့ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည် ၌ နေ ကြသောအခါ ၊ ရန်သူ အပေါင်း တို့လက်မှ သင် တို့ကို ကယ်နှုတ် တော်မူသဖြင့် ငြိမ်ဝပ် စွာ နေ ကြသောအခါ၊
11 da skal der være et Sted, som Herren eders Gud skal udvælge til at lade sit Navn bo der; derhen skulle I føre alt det, som jeg byder eder, eders Brændofre og eders Slagtofre, eders Tiende og eders Hænders Offergaver og alle eders udvalgte Løfter, hvilke I love Herren;
၁၁နာမ တော်ကို တည် စေဘို့ရာ ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ရှိ ရမည်။ ထို အရပ်သို့ ငါ မှာ ထားသမျှ အတိုင်း ၊ သင် တို့မီးရှို့ ရာယဇ် အစ ရှိသောယဇ် များ၊ ဆယ်ဘို့ တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော် သက္ကာ၊ ထာဝရဘုရား အား ဂတိ ရှိသည်အတိုင်း ၊ မြတ် သော ပူဇော်သက္ကာတို့ကို ဆောင် ခဲ့ရကြမည်။
12 og I skulle være glade for Herren eders Guds Ansigt, I og eders Sønner og eders Døtre og eders Tjenere og eders Tjenestepiger og Leviten, som er i eders Porte; thi han har ingen Del eller Arv med eder.
၁၂ကိုယ်တိုင် မှစ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ တို့နှင့် ကိုယ် အဘို့ မရှိ၊ အမွေ မ ခံရဘဲ၊ သင် တို့၌ တည်းခို သော လေဝိသား တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ရွှင်လန်း ခြင်းကို ပြုရကြမည်။
13 Tag dig i Vare, at du ikke ofrer dine Brændofre paa hvert det Sted, som du udser:
၁၃တွေ့မြင် ရာအရပ် ၌ မီးရှို့ ရာယဇ်ကို မ ပူဇော် ရမည် အကြောင်း သတိ ပြုကြလော့။
14 Men paa det Sted, som Herren udvælger, i en af dine Stammer, der skal du ofre dine Brændofre, og der skal du gøre alt det, som jeg byder dig.
၁၄သင် တို့အမျိုး တမျိုး တွင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ မီးရှို့ ရာယဇ်ကို ပူဇော် ၍ ၊ ငါ မှာ ထားသမျှ တို့ကို ပြု ရကြမည်။
15 Dog maa du slagte og æde Kød efter al din Sjæls Lyst, efter Herren din Gudsvelsignelse, som han har givet dig, i alle dine Porte; den urene og den rene maa æde det, som var det en Raa eller en Hjort.
၁၅သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသည် အတိုင်း ၊ သင် တို့နေရာ အရပ်ရပ် ၌ စား ချင်သော အလိုသို့လိုက်၍ သတ် စားရသော အခွင့်ရှိကြ၏။ သမင် ၊ ဒရယ် ကို စား သကဲ့သို့ ၊ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့သည် အတူစား ရကြမည်။
16 Dog skulle I ikke æde Blodet; paa Jorden skal du udøse det som Vand.
၁၆သို့ရာတွင် အသွေး ကိုမ စား ရ။ ရေ ကိုသွန် သကဲ့သို့ မြေ ပေါ် မှာ သွန်ရမည်။
17 Du maa ikke æde inden dine Porte Tiende af dit Korn og din nye Vin og din Olie, ej heller det førstefødte af dit store Kvæg eller dit smaa Kvæg, ej heller af noget af dine Løfter, som du har lovet, eller af dine frivillige Ofre eller af din Haands Gaver.
၁၇စပါး ၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တွင် ပူဇော်သော တဘို့၊ သိုး နွား တွင် အဦး ဘွားသော သားငယ်၊ သစ္စာ ဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော် သက္ကာ တစုံတခု ကိုမျှ၊ သင် တို့သည် ကိုယ် နေရာအရပ်၌ မ စား ရ ကြ။
18 Men du skal æde det for Herren din Guds Ansigt paa det Sted, som Herren din Gud udvælger, du og din Søn og din Datter og din Tjener og din Tjenestepige og Leviten, som er i dine Porte; og du skal være glad for Herren din Guds Ansigt i alt det, som du udrækker dine Hænder til.
၁၈သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ မှာ ကိုယ်တိုင် မှစ၍ သား သမီး ၊ ကျွန် ယောက်ျားမိန်းမ ၊ တည်းခိုသော လေဝိသား တို့သည် စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်မှာ ရွှင်လန်း ခြင်းကို ပြုရကြမည်။
19 Tag dig i Vare, at du ikke forlader Leviten, alle dine Dage i dit Land.
၁၉မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလ ပတ်လုံး၊ လေဝိသား တို့ကို မ မေ့လျော့ မည်အကြောင်း သတိ ပြုကြလော့။
20 Naar Herren din Gud udvider dine Landemærker, som han har tilsagt dig, og du siger: Jeg vil æde Kød; thi din Sjæl har Lyst til at æde Kød: Saa maa du æde Kød efter al din Sjæls Lyst.
၂၀သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဂတိ တော် ရှိသည်အတိုင်း ၊ သင် ၏နေရာ ပြည် ကို ကျယ် စေ တော်မူသောအခါ ၊ သင် သည် အမဲသား ကို စား ချင်သောစိတ် ရှိ၍၊ အမဲသား ကို ငါစား မည်ဟုဆို လျှင် ၊ စား ချင်တိုင်း စား ရသောအခွင့်ရှိ၏။
21 Men er det Sted langt fra dig, hvilket Herren din Gud har udvalgt til der at sætte sit Navn, da maa du slagte af dit store Kvæg og af dit smaa Kvæg, som Herren har givet dig, ligesom jeg har budet dig, og du maa æde det inden dine Porte efter al din Sjæls Lyst.
၂၁သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသောအရပ် သည် သင့် နေရာနှင့် ဝေး လွန်းလျှင် ၊ ထာဝရဘုရား ပေး တော်မူသော သိုး နွား ကို၊ ငါမှာ ထားသည်အတိုင်း သတ် ၍ ၊ သင့် နေရာ အရပ်၌ စား ချင်တိုင်းစား ရသောအခွင့်ရှိ၏။
22 Dog kun, som var det en Raa eller en Hjort man æder, saaledes maa du æde det; den urene saavel som den rene maa æde det.
၂၂သမင် ၊ ဒရယ် ကို စားသကဲ့သို့ စား ရမည်။ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့သည် ရောနှော၍ စား ရသောအခွင့်ရှိကြ၏။
23 Dog hold fast ved, at du ikke æder Blodet, thi Blodet er Sjælen; og du maa ikke æde Sjælen med Kødet.
၂၃သို့ရာတွင် ၊ အသွေး ကို မ စား မည်အကြောင်း၊ သတိ ပြုလော့။ အသက် သည် အသွေး ၌ တည်၏။ အသား နှင့်တကွ အသက် ကို မ စား ရ။
24 Du skal ikke æde det, du skal udøse det paa Jorden som Vand.
၂၄ထို့ကြောင့်အသွေး ကို မ စား ရ။ ရေ ကို သွန် သကဲ့သို့ မြေ ပေါ် မှာ သွန်ရမည်။
25 Du skal ikke æde det, at det maa gaa dig vel og dine Børn efter dig, naar du har gjort det, som ret er for Herrens Øjne.
၂၅သင် သည် ထာဝရဘုရား နှစ်သက် တော်မူဘွယ် သောအမှုကို ပြု သဖြင့် ၊ ကိုယ်တိုင် မှစ၍သား မြေးတို့သည် ချမ်းသာ စွာ နေရမည်အကြောင်း ၊ အသွေး ကို ရှောင် ရမည်။
26 Dog de Ting, som du helliger, som hørmer dig til, og dine Løfter, dem skal du tage og komme med til det Sted, som Herren skal udvælge.
၂၆သင် ၌ သန့်ရှင်း သော ပူဇော်သက္ကာ၊ သစ္စာဂတိ အတိုင်းပြုသောပူဇော်သက္ကာတို့ကို ယူ ၍ ၊ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သို့ သွား ရမည်။
27 Og du skal bringe dine Brændofre, Kødet og Blodet, paa Herren din Guds Alter, og Blodet af dine Ofre skal udøses paa Herren din Guds Alter, og Kødet maa du æde.
၂၇အသား နှင့် အသွေး ကို ရောနှော၍၊ မီးရှို့ ရာယဇ် တို့ကို၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ရမည်။ ယဇ် ကောင်အသွေး ကို၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ သွန်းလောင်း ၍ ၊ အသား ကို စား ရမည်။
28 Tag Vare paa og hør alle disse Ord, som jeg byder dig, at det maa gaa dig vel og dine Børn efter dig evindeligen, naar du har gjort det, som godt og ret er for Herren din Guds Øjne.
၂၈သင် ၏ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြု သဖြင့် ၊ ကိုယ်တိုင် မှစ၍ သားမြေး အစဉ်အဆက် တို့သည် ချမ်းသာ စွာ နေရမည်အကြောင်း ၊ ငါ မှာထား သမျှ သော ဤ စကား တို့ကို စေ့စေ့နားထောင် ၍ စောင့်ရှောက် လော့။
29 Naar Herren din Gud faar udryddet Hedningerne for dit Ansigt, der hvor du drager hen at eje dem, og du ejer dem og bor i deres Land:
၂၉သင် သွား ၍ ဝင်စား လတံ့သော ပြည်၌ရှိသောလူမျိုး တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ရှေ့ မှာ ပယ်ရှင်း တော်မူသဖြင့်၊ သူ တို့နေရာပြည် ၌ သင်သည် ဝင်၍နေ သောအခါ၊
30 Saa forvar dig, at du ikke falder i Snaren efter dem, efter at de ere ødelagte for dit Ansigt, og at du ikke søger deres Guder og siger: Ligesom disse Folk tjente deres Guder, saa vil jeg ogsaa gøre.
၃၀သူ တို့သည် သင့် ရှေ့ မှာ ပျက်စီး သောနောက် ၊ သူ တို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ် မ ရောက်မည်အကြောင်း၊ ထို လူမျိုး တို့သည် သူ တို့ဘုရား များကို အဘယ် သို့ဝတ်ပြု သနည်း။ ထိုနည်းတူ ငါပြု မည်ဟု သူ တို့ဘုရား ဝတ်ကို မ မေးမြန်း မည်အကြောင်း ၊ ကိုယ်ကိုကိုယ် သတိ ပြု လော့။
31 Du skal ikke gøre saaledes for Herren din Gud; thi de gjorde for deres Guder alt det, som er vederstyggeligt for Herren, det som han hader; thi de have endog brændt deres Sønner og deres Døtre i Ilden for deres Guder.
၃၁သူတို့ပြုသကဲ့သို့၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား သင်မ ပြု ရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှ တို့ကို သူ တို့ဘုရား ၌ ပြု ကြပြီ။ ကိုယ် သား သမီး ကိုပင် သူ တို့ဘုရား အား ဝတ်ပြု၍ မီး ရှို့ ကြပြီ။
32 I skulle holde hvert Ord, som jeg byder eder, at gøre derefter; du skal ikke lægge dertil og ej tage derfra.
၃၂ငါ မှာ ထားသမျှ တို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် လော့။ ထပ် ၍မ ပိုရ၊ နှုတ် ၍ မ လျော့စေရ။