< Apostelenes gerninger 14 >

1 Men det skete i Ikonium, at de sammen gik ind i Jødernes Synagoge og talte saaledes, at en stor Mængde, baade af Jøder og Grækere, troede.
ဣကောနိ မြို့သို့ ရောက် လျှင် ထိုသူ နှစ်ယောက် တို့သည် ယုဒ တရားစရပ် သို့ ဝင် ၍ ဟောပြော သဖြင့် ၊ ယုဒ လူ၊ ဟေလသ လူများ အပေါင်း တို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။
2 Men de Jøder, som vare genstridige, ophidsede Hedningernes Sind og satte ondt i dem imod Brødrene.
မယုံကြည် သော ယုဒ လူတို့သည် တစ်ပါး အမျိုးသားတို့ကို နှိုးဆော် ၍ ၊ ညီအစ်ကို တို့အား မနာလို သော စိတ် ရှိစေခြင်းငှာချောစားကြ၏။
3 De opholdt sig nu en Tid lang der og talte med Frimodighed i Herren, som gav sin Naades Ord Vidnesbyrd, idet han lod Tegn og Undere ske ved deres Hænder.
ထိုကြောင့် ကြာမြင့် စွာနေ ၍ သခင် ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်း ဟောပြောလေ၏။ သခင် ဘုရားသည်လည်း ကျေးဇူး တရား တော်ဘက်၌ သက်သေခံ တော်မူလျက်၊ တမန်တော် တို့သည် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုတို့ကိုပြု နိုင်မည်အကြောင်း အခွင့် ပေးတော်မူ၏။
4 Men Mængden i Byen blev uenig, og nogle holdt med Jøderne, andre med Apostlene.
ထိုမြို့သူ မြို့သားအပေါင်း တို့သည် ကွဲပြား ခြင်းရှိ ၍၊ အချို့ တို့သည် ယုဒ လူတို့ဘက် ၌၎င်း၊ အချို့ တို့သည် တမန်တော် တို့ဘက် ၌၎င်း နေ ကြ၏။
5 Men da der blev et Opløb, baade af Hedningerne og Jøderne med samt deres Raadsherrer, for at mishandle og stene dem,
မင်း အရာရှိတို့နှင့် ယုဒ အမျိုးသား၊ တစ်ပါး အမျိုးသားတို့သည် တမန်တော် တို့ကို ညှဉ်းဆဲ ၍ ကျောက်ခဲ နှင့် ပစ်မည်ဟုတဟုန်တည်း ပြေးလာ ကြသည်အကြောင်းကို၊
6 og de fik dette at vide, flygtede de bort til Byerne i Lykaonien, Lystra og Derbe, og til det omliggende Land,
တမန်တော်တို့သည်သိ လျှင်၊ လုကောနိ ပြည်၌ လုတ္တရ မြို့၊ ဒေရဗေ မြို့မှစ၍ ကျေးလက် များသို့ ထွက်ပြေး ၍၊
7 og der forkyndte de Evangeliet.
ထို အရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြော ကြ၏။
8 Og i Lystra sad der en Mand, som var kraftesløs i Fødderne, lam fra Moders Liv, og han havde aldrig gaaet.
အမိ ဝမ်း တွင်းကပင် ခြေမစွမ်း သဖြင့်၊ တစ်ခါမျှ မသွား ဘူးသော လူတစ်ယောက်သည် လုတ္တရ မြို့၌ ထိုင် လျက်၊
9 Han hørte Paulus tale; og da denne fæstede Øjet paa ham og saa, at han havde Tro til at frelses, sagde han med høj Røst:
ပေါလု ဟောပြော သည်ကို ကြား လေ၏။ ပေါလု သည်လည်း ထိုသူ ကိုစေ့စေ့ ကြည့်ရှု၍ ရောဂါကင်း မည်အကြောင်း သူ၌ယုံကြည် ခြင်းရှိ သည်ကိုသိမြင် လျှင်၊
10 „Staa ret op paa dine Fødder!‟ Og han sprang op og gik omkring.
၁၀ထ ၍မတ်တတ် ရပ်လော့ဟု ကြီး သောအသံ နှင့် ဆို သဖြင့်၊ ထိုသူ သည်ရုတ်တရက်ထ ၍ လှမ်းသွား လေ၏။
11 Men da Skarerne saa, hvad Paulus havde gjort, opløftede de deres Røst og sagde paa Lykaonisk: „Guderne ere i menneskelig Skikkelse stegne ned til os.‟
၁၁ပေါလု ပြု သောအမှု ကိုမြင် သော လူ အစုအဝေး တို့က၊ နတ်ဘုရား တို့သည် လူ အယောင် ကိုဆောင်၍ ငါ တို့ရှိရာသို့ ဆင်းသက် ပါသည် တကားဟု လုကောနိ ဘာသာစကားအားဖြင့်အသံ ကိုလွှင့် ၍ ဆို ကြ၏။
12 Og de kaldte Barnabas Zeus, men Paulus Hermes, fordi han var den, som førte Ordet.
၁၂ပေါလု သည်သာ၍ဟောပြော သောကြောင့် သူ့ ကို ဟေရမေ ဟူ၍၎င်း ၊ ဗာနဗ ကိုဇုသ ဟူ၍၎င်း ခေါ်ဝေါ် ကြ၏။
13 Men Præsten ved Zeustemplet, som var uden for Byen, bragte Tyre og Kranse hen til Portene og vilde ofre tillige med Skarerne.
၁၃ထိုမြို့ ရှေ့ ၌ရှိ သော ဇုသ ၏ယဇ် ပုရောဟိတ်သည် နွား နှင့် ပန်းကုံး ကို မြို့တံခါး နားသို့ ယူခဲ့ ၍၊ လူ အစုအဝေးတို့နှင့်တကွ ယဇ် ပူဇော်မည်ပြု သည်ကို၊
14 Men da Apostlene, Barnabas og Paulus, hørte dette, sønderreve de deres Klæder og sprang ind i Skaren,
၁၄တမန်တော် ဗာနဗ နှင့် ပေါလု တို့သည် သိတင်းကြား လျှင်၊ မိမိ တို့အဝတ် ကို ဆုတ် ၍ လူစု ထဲသို့ ပြေး ဝင်လျက်၊
15 raabte og sagde: „I Mænd! hvorfor gøre I dette? Vi ere ogsaa Mennesker, lige Kaar undergivne med eder, og vi forkynde eder Evangeliet om at vende om fra disse tomme Ting til den levende Gud, som har gjort Himmelen og Jorden og Havet og alt, hvad der er i dem;
၁၅အချင်းလူ တို့၊ အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။ ငါ တို့သည် သင် တို့ကဲ့သို့လောကဓံ တရား၌ ကျင်လည်သောသူ ဖြစ် ပါ၏။ သင် တို့သည် ဤ အချည်းနှီး သောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ မှစ၍ ၊ အသက် ရှင်တော်မူသော ဘုရားသခင့် ထံတော်သို့ ပြောင်းလဲ ရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြော ကြ၏။
16 han, som i de forbigangne Tider lod alle Hedningerne vandre deres egne Veje,
၁၆ရှေးလွန်လေပြီးသောကာလတို့၌ ၊ လူ အမျိုးမျိုး တို့သည် မိမိ တို့အလိုအလျောက် ကျင့်ကြမည် အကြောင်း ဘုရားသခင်သည် အလွတ် ထားတော်မူ၏။
17 ihvorvel han ikke lod sig selv være uden Vidnesbyrd, idet han gjorde godt og gav eder Regn og frugtbare Tider fra Himmelen og mættede eders Hjerter med Føde og Glæde.‟
၁၇သို့သော်လည်း ၊ သင် တို့အား ကျေးဇူး ပြုလျက်၊ အစာ အာဟာရနှင့် ဝပြော ၍ဝမ်းမြောက် စေခြင်းငှာ၊ မိုဃ်း ကောင်းကင်မှ မိုဃ်းရွာ စေတော်မူ၍၊ အသီးအနှံတို့ကို သီး စေတတ်သော ဥတု ကိုပေး တော်မူသော အားဖြင့်၊ ကိုယ်တော် ရှိတော်မူသည်ကို သက်သေ မခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ၏။
18 Og det var med Nød og næppe, at de ved at sige dette afholdt Skarerne fra at ofre til dem.
၁၈ထိုသို့ကြွေးကြော် သဖြင့် လူ အစုအဝေးတို့သည် ယဇ် ပူဇော်ခြင်းကို မ ပြုရမည်အကြောင်း မြစ်တားခဲ သော အမှုကိုမြစ်တား လေ၏။
19 Men der kom Jøder til fra Antiokia og Ikonium, og de overtalte Skarerne og stenede Paulus og slæbte ham uden for Byen i den Tro, at han var død.
၁၉ထိုအခါ ယုဒ လူတို့သည် အန္တိအုတ် မြို့၊ ဣကောနိ မြို့မှ လာ ကြ၍ လူ အစုအဝေးတို့ကို ညှိညွတ် တိုင်ပင်ပြီးလျှင် ၊ ပေါလု ကို ကျောက်ခဲနှင့်ပစ် ၍ သေ ပြီဟု စိတ်ထင် နှင့် မြို့ ပြင် သို့ ဆွဲငင် ကြ၏။
20 Men da Disciplene omringede ham, stod han op og gik ind i Byen. Og den næste Dag gik han med Barnabas bort til Derbe.
၂၀တပည့် တော်တို့သည် ဝန်းရံ ၍နေကြစဉ်၊ ပေါလုသည် ထ ၍မြို့ ထဲသို့ ဝင် ပြန်၏။ နက်ဖြန် နေ့၌ ဗာနဗ နှင့်တကွ ဒေရဗေ မြို့သို့ ထွက်သွား လေ၏။
21 Og da de havde forkyndt Evangeliet i denne By og vundet mange Disciple, vendte de tilbage til Lystra og Ikonium og Antiokia
၂၁ထို မြို့ ၌ ဧဝံဂေလိ တရားကို ဟောပြော၍ လူများ တို့ကို တပည့် တော်ဖြစ်စေပြီးမှ ၊ လုတ္တရ မြို့၊ ဣကောနိ မြို့၊ အန္တိအုတ် မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန် ကြ၏။
22 og styrkede Disciplenes Sjæle og paamindede dem om at blive i Troen og om, at vi maa igennem mange Trængsler indgaa i Guds Rige.
၂၂ထိုသို့ပြန်ကြစဉ်၊ တပည့် တော်များ၏ စိတ် နှလုံးကို မြဲမြံ ခိုင်ခံ့စေသဖြင့်၊ ယုံကြည် ခြင်း၌ တည်ကြည် မည်အကြောင်း နှိုးဆော် ချီပင့်၍ ၊ ငါ တို့သည် များပြား သောဆင်းရဲ ဒုက္ခကိုခံ၍ ဘုရားသခင် ၏ နိုင်ငံ တော်သို့ ဝင် ရကြမည်ဟု ဟောပြောပြညွှန်ကြ၏။
23 Men efter at de i hver Menighed havde udvalgt Ældste for dem, overgave de dem under Bøn og Faste til Herren, hvem de havde givet deres Tro.
၂၃အသင်းတော် များ တို့၌ သင်းအုပ် တို့ကို ခန့်ထား ၍၊ အစာရှောင် လျက် ဆုတောင်း ပဌနာ ပြုပြီးလျှင်၊ သင်းဝင်သူတို့ယုံကြည် သော သခင် ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံ ကြ၏။
24 Og de droge igennem Pisidien og kom til Pamfylien.
၂၄ပိသိဒိ ပြည်တစ်ပြည်လုံးကို ရှောက်သွား ၍ ပံဖုလိ ပြည်သို့ ရောက် လျှင်၊
25 Og da de havde talt Ordet i Perge, droge de ned til Attalia.
၂၅ပေရဂေ မြို့၌ နှုတ်ကပတ် တရားတော်ကို ဟောပြော ၍ အတ္တလိ မြို့သို့ သွား ကြပြန်၏။
26 Og derfra sejlede de til Antiokia, hvorfra de vare blevne overgivne til Guds Naade til den Gerning, som de havde fuldbragt.
၂၆ထိုမြို့ မှ သင်္ဘောစီး၍လွှင့် သဖြင့်၊ မိမိတို့ဆောင်ရွက် ခဲ့ပြီးသော အမှု အလိုငှာ ဘုရားသခင် ၏ ကျေးဇူး တော်သို့ အပ်နှံ ၍ စေလွှတ်သော အန္တိအုတ် မြို့သို့ ရောက်လာကြ၏။
27 Men da de kom derhen og havde forsamlet Menigheden, forkyndte de, hvor store Ting Gud havde gjort med dem, og at han havde aabnet en Troens Dør for Hedningerne.
၂၇ထိုမြို့သို့ရောက် ပြီးလျှင် သင်းဝင် သူ တို့ကို စုဝေး စေ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် သည် ပြု တော်မူသမျှ တို့ကို၎င်း ၊ ယုံကြည် ခြင်း တံခါး ကို တစ်ပါး အမျိုးသားတို့အား ဖွင့် တော်မူကြောင်း ကို၎င်း ပြန်ကြား ကြ၏။
28 Men de opholdt sig en ikke liden Tid sammen med Disciplene.
၂၈ထိုမြို့၌လည်း၊ တပည့် တော်တို့နှင့်အတူ ကြာမြင့်စွာ နေ ကြ၏။

< Apostelenes gerninger 14 >