< 2 Samuel 23 >

1 Og disse ere de sidste Davids Ord: Saa sagde David, Isajs Søn, og saa sagde den Mand, som er højt ophøjet, Jakobs Guds Salvede, og lystelig ved Israels Salmer:
ဒါဝိဒ် မြွက်ဆို သော နောက်ဆုံး စကားတည်းဟူသော ၊ ယာကုပ် အမျိုး၏ဘုရား သခင့်အခွင့်နှင့် ဘိသိက် ခံရ၍ ဘုန်းကြီး သောသူ ၊ ဣသရေလ အမျိုး၌ချိုမြိန် စွာ သီချင်း ဆိုသော ယေရှဲ ၏သား ဒါဝိဒ် မြွက်ဆို သော ပရောဖက်စကားဟူမူကား၊
2 Herrens Aand talede ved mig, og hans Tale er paa min Tunge.
ထာဝရဘုရား ၏ ဝိညာဉ် တော်သည်ငါ့ အားဖြင့် မိန့် တော်မူ၏။ နှုတ်ကပတ် တော်သည် ငါ့ လျှာ ၌ တည်၏။
3 Israels Gud sagde, til mig talede Israels Klippe: Der skal være en, som hersker iblandt Menneskene, en retfærdig, en, som hersker i Guds Frygt,
ဣသရေလ အမျိုး၏ ဘုရား သခင်၊ ဣသရေလ အမျိုး၏ကျောက် သည် ငါ့ အားဖြင့် မိန့်မြွက် တော်မူသည် ကား၊ လူ တို့ကို အုပ်စိုး သောသူသည် တရား သဖြင့် စီရင်၍ ဘုရား သခင်ကို ကြောက်ရွံ့ လျက် အုပ်စိုး ရမည်။
4 og som Lys om Morgenen, naar Solen opgaar, om Morgenen, naar der ikke ere Skyer, naar Græsset vokser af Jorden ved Solskin efter Regnen.
မိုဃ်း မ အုံ့၊ နေ ထွက် သော နံနက် အလင်း ကဲ့သို့ ၎င်း၊ မိုဃ်း ရွာပြီးမှ နေ ပေါ်ထွန်းသဖြင့် မြေ ၌ ပေါက်သော မြက်နု ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
5 Thi staar mit Hus sig ikke saa med Gud? thi han har sat mig en evig Pagt, som er ordentligt beskikket i alle Maader og bevaret; thi al min Frelse og al min Lyst, skulde han ej lade den spire frem?
ငါ့ အမျိုးအနွယ် သည် ဘုရား သခင့်ရှေ့ တော်၌ မြဲမြံ သည်မ ဟုတ်လော။ သေချာ စွာ စီရင်၍ မပျက်နိုင်သော နိစ္စ ထာဝရပဋိညာဉ် ကို ငါ နှင့် ဖွဲ့ တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ခြင်းမပြည့်စုံသော်လည်း၊ ငါ့ ကို ကယ်တင် ရာအကြောင်း၊ ငါအားရ နှစ်သက်ရာအကြောင်းဖြစ်၏။
6 Men Belials Børn, de skulle alle sammen være som Torne, der udkastes; thi de kunne ikke tages med Haand.
အဓမ္မ လူအပေါင်း တို့မူကား လက် နှင့် မ ကိုင်သာ၊ ပယ်ရှား ရသောဆူးပင် ကဲ့သို့ ဖြစ်ရကြလိမ့်မည်။
7 Men hver, som vil røre ved dem, maa være forsynet med Jern og Spydstage; og de skulle opbrændes med Ild, hvor de bo.
ပယ်ရှား သောသူ သည် သံချပ် အင်္ကျီနှင့် လှံတံ ကို သုံးဆောင် သဖြင့်၊ ဆူးပင်ပေါက်သောအရပ် ၌ ပင် ရှင်းရှင်းမီး ရှို့ ရသတည်း။
8 Disse ere Navnene paa de vældige, som hørte David til: Joseb-Basebeth Takmoni var en Øverste for Høvedsmændene, han svingede sin Lanse imod otte Hundrede, som bleve ihjelslagne paa een Gang.
ဒါဝိဒ် ၏အမှုတော်ထမ်းသူရဲကြီး တို့၏ အမည် များဟူမူကား ၊ ဟပ္မေါနိ အမျိုးယာရှောဘံသည် ဗိုလ်ချုပ် ဖြစ်၏။ ထိုသူသည် လှံ ကိုကိုင်လျက် လူသုံးရာကို တခါတည်း တိုက်၍ လုပ်ကြံ လေ၏။
9 Og efter ham var Eleasar, en Søn af Dodo, som var en Søn af Ahohi; han var iblandt de tre vældige med David, da de forhaanede Filisterne, som der vare forsamlede til Strid, medens Israels Mænd droge op.
သူ နောက် မှာ အဟောဟိ အမျိုးဒေါဒေါ သား ဧလာဇာ သည် ဒါဝိဒ် နှင့်အတူ လိုက်သော သူရဲ သုံး ယောက်အဝင် ဖြစ်၏။ စစ်တိုက် ခြင်းငှါ စုဝေး သော ဖိလိတ္တိ လူတို့ကို ကြိမ်းပ ၍ ဣသရေလ လူ တို့သည် ဆုတ်သွား သောအခါ၊
10 Han stod op og slog Filisterne, indtil hans Haand blev træt, og hans Haand hang fast ved Sværdet, og Herren gjorde en stor Frelse paa den samme Dag; og Folket vendte tilbage efter ham kun for at udplyndre de ihjelslagne.
၁၀ထိုသူ သည် လက် ညောင်း ၍ ထား ၌ မှီ လျက်နေရ သည်တိုင်အောင် ထ ၍ ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ထို နေ့၌ ကြီးစွာ သော အောင်မြင် ခြင်း ကို ပြု တော်မူ၍ ၊ သူတို့သည် ရန်သူတို့၏ ဥစ္စာကို လုယူ ခြင်းငှါ သာ ပြန်လာ ကြ၏။
11 Og efter ham var Arariteren Samma, Ages Søn; da Filisterne vare forsamlede i en Hob, da var der sammesteds et Stykke Land fuldt med Linser, og Folket flyede for Filisternes Ansigt,
၁၁သူ့ နောက် မှာ ဟရရိ အမျိုးအာဂိ ၏သား ရှမ္မ သည်ရှိ၏။ ဖိလိတ္တိ လူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ၊ ဣသရေလလူ တို့သည် ပြေး ကြသောအခါ၊
12 og han stillede sig midt paa dette Stykke og friede det og slog Filisterne, og Herren gjorde en stor Frelse.
၁၂ထိုသူသည် လယ်ကွက် အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိ လူတို့ကို လုပ်ကြံ သဖြင့် ၊ ထာဝရဘုရား သည် ကြီးစွာ သော အောင် ခြင်းကို ပြု တော်မူ၏။
13 Og tre af de tredive ypperste gik ned og kom om Høsten til David til Hulen ved Adullam, og Filisternes Hob havde lejret sig i Refaims Dal.
၁၃ဗိုလ် စုအဝင်သုံး ယောက်တို့သည် စပါး ရိတ်ရာ ကာလ၌ ၊ ဒါဝိဒ် ရှိရာ အဒုလံ ဥမှင် သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့သည် ရေဖိမ် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
14 Og David var da i Befæstningen; men Filisternes Befæstning var da i Bethlehem.
၁၄ထိုအခါ ဒါဝိဒ် သည် ရဲတိုက် တွင် နေ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင် မြို့၌ တပ်ချ ကြ၏။
15 Og David fik Lyst og sagde: Hvo vil give mig Vand at drikke af den Brønd i Bethlehem, som er ved Porten?
၁၅ဒါဝိဒ် ကလည်း ၊ တစုံတယောက်သောသူသည် ဗက်လင် မြို့တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်၍ ငါ့ အားပေး ပါစေသောဟု တောင့်တ သောစိတ် နှင့် ဆို သော်၊
16 Da brøde de tre vældige ind i Filisternes Lejr og droge Vand af den Brønd i Bethlehem, som er i Porten, og de bare og førte det til David; men han vilde ikke drikke deraf, men udøste det for Herren.
၁၆ထိုသူရဲ သုံး ယောက်တို့သည် ဖိလိတ္တိ တပ် ကို ဖျက် ၍ ဗက်လင် မြို့ တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်ယူ ပြီးလျှင် ဒါဝိဒ် ထံ တော်သို့ ဆောင် ခဲ့ကြ၏။ သို့သော်လည်း ၊ ဒါဝိဒ်သည်မ သောက် ဘဲ ထာဝရဘုရား ရှေ့ တော်၌သွန်း လျက်၊
17 Og han sagde: Det være langt fra mig, o Herre! at jeg skulde gøre dette! er det ikke de Mænds Blod, som gik derhen med Livsfare? Og han vilde ikke drikke det. Dette gjorde de tre vældige.
၁၇အိုထာဝရဘုရား ၊ ဤ ရေကို သောက်သောအမှု သည် အကျွန်ုပ် နှင့် ဝေး ပါစေသော။ ဤရေသည် ကိုယ် အသက် ကိုမနှမြောဘဲသွား သောသူ တို့ ၏အသွေး ဖြစ်ပါသည် မဟုတ်ပါလော ဟု လျှောက် ၍ မ သောက် ဘဲနေ၏။ ထိုသူရဲ သုံး ယောက်တို့သည် ထိုသို့ သောအမှုတို့ကိုပြု ကြ၏။
18 Og Abisaj, Joabs Broder, Zerujas Søn, var en Øverste for Høvedsmændene, og han opløftede sit Spyd imod tre Hundrede, som bleve ihjelslagne; og han var navnkundig iblandt de tre.
၁၈ဇေရုယာ သား ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲ သုံး ယောက်တွင် အကြီး ဖြစ်၏။ သူ သည်လှံ ကိုကိုင်၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲ သုံး ယောက်အဝင်နေရာရသတည်း။
19 Var han ikke herligere end de tre? og han var deres Øverste; men han naaede ikke de tre.
၁၉သူရဲသုံး ယောက်တွင် အမြတ်ဆုံး ဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ် အရာကိုရ ၏။ သို့သော်လည်း ပဌမသူရဲသုံး ယောက်တို့ကိုမ မှီ။
20 Og Benaja, Jojadas Søn, var en stridbar Mands Søn, stor i Gerninger, fra Kabzeel; han slog to Løvehelte af Moabiterne, og han gik ned og slog en Løve midt i en Brønd en Dag, da der var Sne.
၂၀အထူးသဖြင့် ပြု ဘူးသောကပ်ဇေလ မြို့သားသူရဲ ယောယဒ ၏ သား ဗေနာယ သည်လည်း ခြင်္သေ့ နှင့် တူသော မောဘ လူနှစ် ယောက်ကိုသတ် ၏။ ဆောင်း ကာလ ၌ လည်း အခြားသို့သွား ၍ မြေတွင်း ၌ ရှိသောခြင်္သေ့ ကိုသတ် ၏။
21 Og han slog en ægyptisk Mand, som var anselig, og den Ægypter havde et Spyd i sin Haand; men han gik ned til ham med en Kæp, og han rykkede Spydet af Ægypterens Haand og slog ham ihjel med hans eget Spyd.
၂၁ထူးခြား သောအဲဂုတ္တု လူ ကိုလည်း သတ် ၏။ အဲဂုတ္တု လူသည်လှံ ကို ကိုင် သော်လည်း ၊ ဗေနာယသည် တောင်ဝေး ကိုသာ ကိုင်လျက်သွား ၍ အဲဂုတ္တု လူလက် မှ လှံ ကိုလုယူ ပြီးလျှင် ၊ ထိုလှံ နှင့် သူ့ ကိုသတ် ၏။
22 Disse Ting gjorde Benaja, Jojadas Søn, og han var navnkundig iblandt de tre vældige,
၂၂ထိုသို့ သောအမှုတို့ကို ယောယဒ သား ဗေနာယ ပြု ၍ သူရဲ သုံး ယောက်အဝင် နေရာကို ရ၏။
23 herligere end de tredive, men han naaede ikke de tre; og David satte ham i sit Raad.
၂၃ဗိုလ်များထက် သာ၍မြတ် သော်လည်း ၊ ပဌမ သူရဲသုံး ယောက်တို့ကို မ မှီ။ ဒါဝိဒ် သည် အတွင်းဝန်ချုပ် အရာကိုလည်း ပေး ၏။
24 Asael, Joabs Broder, var iblandt de tredive; Elhanan, Dodos Søn af Bethlehem;
၂၄ယွာဘ ညီ အာသဟေလ သည်လည်း ဗိုလ်စုအဝင် ဖြစ်၏။ ထိုအတူဗက်လင် မြို့နေ၊ ဒေါဒေါ ၏သား ဧလဟာနန်၊
25 Haroditeren Samma; Haroditeren Elika;
၂၅ဟရောဒိ အမျိုးရှမ္မ ၊ ဟရောဒိ အမျိုးဧလိက၊
26 Palthiteren Helez; Thekoiteren Ira, Ikes's Søn;
၂၆ဖာလတိ အမျိုးဟေလက် ၊ တေကော အမျိုး ဣကေရှ ၏သား ဣရ၊
27 Anathothiteren Abieser; Husathiteren Mebunaj;
၂၇အနေသောသိ အမျိုးအဗျေဇာ ၊ ဟုရှသိ အမျိုး မေဗုန္နဲ ၊
28 Ahohiteren Zalmon; Netofathiteren Maharaj;
၂၈အဟောဟိ အမျိုးဇာလမုန် ၊ နေတောဖာသိ အမျိုး မဟာရဲ ၊
29 Netofathiteren Heleb, Baenas Søn; Ithai, Ribajs Søn, af Benjamins Børns Gibea;
၂၉နေတာဖာသိ အမျိုးဗာနာ သား ဟေလက် ၊ ဗင်္ယာမိန် အမျိုး ဂိဗာ မြို့နေ၊ ရိဘဲ ၏ သား အိတ္တဲ၊
30 Pireathoniteren Benaja; Hiddai fra Gaas Bække;
၃၀ပိရသောနိ အမျိုးဗေနာယ ၊ ဂါရှ ချိုင့် သားဟိဒ္ဒဲ၊
31 Arbathiteren Abialbon; Barhumiteren Asmaveth;
၃၁အာဗသိ အမျိုး အဗျာလဗုန် ၊ ဗာဟုမိ အမျိုး အာဇမာဝက်၊
32 Saalboniteren Eljaba; af Jasens Sønner, Jonathan;
၃၂ရှာလဗောနိ အမျိုးဧလျာဘ ၊ ယာရှင် ၏သား တို့တွင် ယောနသန်၊
33 Harariteren Samma; Arariteren Ahiam, Sarars Søn;
၃၃ဟာရရိ အမျိုးရှမ္မ ၊ ဟာရရိ အမျိုးရှာရ ၏ သား အဟိအံ၊
34 Elifelet, Ahasbajs Søn, en Maakathiters Søn; Giloniteren Eliam, Akitofels Søn;
၃၄မာခါသိ အမျိုးအဟသဘဲ ၏သား ဧလိဖလက် ၊ ဂိလောနိ အမျိုး အဟိသောဖေလ ၏သား ဧလျံ၊
35 Karmeliteren Hezraj; Arbiteren Paeraj;
၃၅ကရမေလ အမျိုးဟေဇရဲ ၊ အာဘိ အမျိုးဖာရဲ၊
36 Jigal, Nathans Søn, af Zoba; Gaditeren Bani;
၃၆ဇောဘ အမျိုးနာသန် ၏သား ဣဂါလ ၊ ဂဒ် အမျိုး ဗာနိ ၊
37 Ammoniteren Zelek; Beerothiteren Naharaj, Joabs, Zerujas Søns, Vaabendrager;
၃၇အမ္မုန် အမျိုးဇေလက် ၊ ဇေရုယာ ၏သား ယွာဘ ၏ လက်နက် ဆောင် လုလင် ဗေရောသိ အမျိုးနဟာရဲ၊
38 Jithriteren Ira; Jithriteren Gareb;
၃၈ဣသရိ အမျိုးဣရ ၊ ဣသရိ အမျိုးဂါရက်၊
39 Hethiteren Uria; I alt syv og tredive.
၃၉ဟိတ္တိ အမျိုးဥရိယ ၊ ပေါင်း သုံး ဆယ်ခုနစ် ယောက် တည်း။

< 2 Samuel 23 >