< Anden Krønikebog 36 >
1 Og Folket i Landet tog Joakas, Josias's Søn, og de gjorde ham til Konge i hans Faders Sted, i Jerusalem.
၁ပြည်သူ ပြည်သားတို့သည် ယောရှိ သား ယောခတ် ကို ယူ ၍ ၊ ယေရုရှလင် မြို့မှာ ခမည်းတော် အရာ ၌ နန်း တင်ကြ၏။
2 Joakas var tre og tyve Aar gammel, der han blev Konge, og regerede tre Maaneder i Jerusalem;
၂ယောခတ် သည် အသက် နှစ်ဆယ် သုံး နှစ်ရှိသော်၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး လ စိုးစံ လေ၏။
3 men Kongen af Ægypten afsatte ham i Jerusalem og straffede Landet paa hundrede Centner Sølv og et Centner Guld.
၃ထိုမင်း ကို အဲဂုတ္တု ရှင် ဘုရင်သည် ယေရုရှလင် မြို့မှာ နန်း ချ၍ ၊ ယုဒပြည်၌ ငွေ အခွက် တထောင် နှင့် ရွှေ အခွက် တဆယ်ကို အခွန် တောင်းလေ၏။
4 Og Kongen af Ægypten gjorde Eliakim, hans Broder, til Konge over Juda og Jerusalem og omvendte hans Navn til Jojakim; men Neko tog hans Broder Joakas og førte ham til Ægypten.
၄အဲဂုတ္တု ရှင်ဘုရင် နေခေါ သည်လည်း ၊ ယောခတ် ၏နောင်တော် ဧလျာကိမ် ကို ယုဒ ပြည်ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်၍။ယောယကိမ် အမည် သစ်ကိုပေး ပြီးလျှင် ၊ ညီတော်ယောခတ်ကို အဲဂုတ္တု ပြည်သို့ ယူ သွား၏။
5 Jojakim var fem og tyve Aar gammel, der han blev Konge, og regerede elleve Aar i Jerusalem; og han gjorde det, som var ondt for Herrens, hans Guds, Øjne.
၅ယောယကိမ် သည် အသက် နှစ်ဆယ် ငါး နှစ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။ ထိုမင်းသည် မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
6 Nebukadnezar, Kongen af Babel, drog op imod ham og bandt ham med to Kobberlænker for at føre ham til Babel.
၆ထိုကြောင့် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ချီ လာ၍ ၊ ဗာဗုလုန် မြို့သို့ ယူသွား ခြင်းငှါ ၊ သံကြိုး ဖြင့် ချည်နှောင် လေ၏။
7 Og Nebukadnezar førte nogle af Herrens Hus's Kar til Babel og lagde dem i sit Tempel i Babel.
၇ဗိမာန် တော်တန်ဆာ အချို့တို့ကိုလည်း ယူ သွား ၍ ၊ ဗာဗုလုန် မြို့ ဗိမာန် ၌ ထား လေ၏။
8 Men det øvrige af Jojakims Handeler og hans Vederstyggeligheder, som han gjorde, og det, som fandtes hos ham, se, de Ting ere skrevne i Israels og Judas Kongers Bog; og Jojakin, hans Søn, blev Konge i hans Sted.
၈ယောယကိမ် ပြုမူသော အမှု အရာ ကြွင်း လေ သမျှတို့နှင့် ပြု မိသော ရွံရှာ ဘွယ်အမှု၊ ထင်ရှား သောစိတ် သဘောသည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒ ရာဇဝင် ၌ ရေး ထားလျက်ရှိ၏။ သား တော်ယေခေါနိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
9 Jojakin var otte Aar gammel, der han blev Konge, og regerede tre Maaneder og ti Dage i Jerusalem og gjorde det, som var ondt for Herrens Øjne.
၉ယေခေါနိ သည် အသက်တဆယ်ရှစ်နှစ်ရှိသော်နန်း ထိုင်၍ ယေရုရှလင် မြို့၌ သုံး လ နှင့် ဆယ် ရက် စိုးစံ လေ၏။ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၏။
10 Men der Aaret var omme, sendte Kong Nebukadnezar hen og lod ham føre til Babel tillige med Herrens Hus's kostelige Kar og gjorde Zedekias, hans Broder, til Konge over Juda og Jerusalem.
၁၀နှစ် လည် သောအခါ ၊ နေဗုခဒ်နေဇာ မင်းကြီး သည် စစ်ချီ စေ၍ ၊ ထိုမင်းနှင့်တကွကောင်းမွန် သော ဗိမာန် တော်တန်ဆာ တို့ကို ဗာဗုလုန် မြို့သို့ ယူ သွား၍ ၊ ဘထွေး တော် ဇေဒကိ ကို၊ ယုဒ ပြည် ယေရုရှလင် မြို့ နန်းတော် ပေါ်မှာ တင်လေ၏။
11 Zedekias var et og tyve Aar gammel, der han blev Konge, og regerede elleve Aar i Jerusalem.
၁၁ဇေဒကိ သည် အသက် နှစ်ဆယ် တနှစ် ရှိသော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ တဆယ် တနှစ် စိုးစံ လေ၏။
12 Og han gjorde det, som var ondt for Herren, hans Guds, Øjne; han ydmygede sig ikke for Profeten Jeremias, som talte af Herrens Mund.
၁၂ထိုမင်းသည်လည်း၊ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ပြု ၏။ ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆိုသော ပရောဖက် ယေရမိ ရှေ့ မှာ ကိုယ်ကိုမ နှိမ့်ချ ။
13 Tilmed faldt han og af fra Kong Nebukadnezar, som havde ladet ham sværge ved Gud; og han gjorde sin Nakke stiv og forhærdede sit Hjerte og vilde ikke omvende sig til Herren, Israels Gud.
၁၃ဘုရားသခင် အကျိန် တိုက်ပြီးသော နေဗုခဒ်နေဇာ မင်းကြီး ကို ပုန်ကန် လေ၏။ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ မပြန် မည် အကြောင်း ၊ မိမိ လည်ပင်း ကို၎င်း ၊ မိမိ နှလုံး ကို၎င်း ခိုင်မာ စေ၏။
14 Og alle de øverste iblandt Præsterne og Folket forsyndede sig saare meget, idet de efterlignede alle Hedningernes Vederstyggeligheder og besmittede Herrens Hus, som han havde helliget i Jerusalem.
၁၄ထိုမှတပါး ၊ ယဇ်ပုရောဟိတ် အကြီး များနှင့် ပြည်သူ ပြည်သားရှိသမျှ တို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ် ပြုသည်အတိုင်း ၊ အလွန် ပြစ်မှား ကြ၏။ ယေရုရှလင် မြို့၌ ထာဝရဘုရား သန့်ရှင်း စေတော်မူသော ဗိမာန် တော်ကို ညစ်ညူး စေကြ၏။
15 Og Herren, deres Fædres Gud, sendte til dem ved sine Sendebud tidligt og ideligt; thi han vilde skaane sit Folk og sin Bolig.
၁၅ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိ လူမျိုး နှင့် မိမိ နေ တော်မူရာအရပ်ကို သနား သောကြောင့် ၊ စောစော ထ၍ အထပ်ထပ်စေလွှတ် သော တမန် တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊
16 Men de bespottede Guds Sendebud og foragtede hans Ord og forhaanede hans Profeter, indtil Herrens Vrede tog til over hans Folk, indtil der var ingen Lægedom mere.
၁၆ဘုရားသခင် ၏ တမန် တို့ကို ပြက်ယယ် ပြု၍ အမိန့် တော်ကို နား မထောင်၊ ပရောဖက် တို့ကို ညှဉ်းဆဲသောကြောင့်၊ ထာဝရဘုရား ၏အမျက် တော် မ ငြိမ်း နိုင်အောင်၊ မိမိ လူမျိုး ကို ထွက် သဖြင့်၊
17 Og han førte Kaldæernes Konge op imod dem, og denne ihjelslog deres unge Karle med Sværd udi deres Helligdoms Hus og sparede hverken unge Karle eller Jomfruer, gamle eller udlevede; han gav dem alle i hans Haand.
၁၇ခါလဒဲ ရှင် ဘုရင်ကို စစ်ချီ စေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်း ရာဌာန အိမ် တော်၌ လူပျို တို့ ကို ထား နှင့် သတ် ၏။ ယောက်ျား ပျို၊ မိန်းမ ပျို၊ လူအို ၊ အသက်ကြီး၍ ကျောကုန်းသောသူတို့ ကိုပင် မ သနား ၊ ရှိသမျှ တို့ကို ထိုရှင် ဘုရင် လက် သို့ အပ် တော်မူ၏။
18 Og alle Kar fra Guds Hus, store og smaa, og Herrens Hus's Skatte og Kongens og hans Fyrsters Skatte førte han alt sammen til Babel.
၁၈ဗိမာန် တော်တန်ဆာ အကြီး အငယ် ရှိသမျှ တို့ကို၎င်း ၊ ဗိမာန် တော်ဘဏ္ဍာ ၊ နန်းတော် ဘဏ္ဍာ ၊ မှူးမတ် ဘဏ္ဍာရှိသမျှ တို့ကို၎င်း ၊ ဗာဗုလုန် မြို့သို့ ယူ သွား၏။
19 Og de opbrændte Guds Hus og nedbrøde Jerusalems Mure, og de opbrændte alle dens Paladser med Ild, og alle dens kostelige Kar bleve ødelagte.
၁၉ဗိမာန် တော်ကိုလည်း မီးရှို့ ၍ ယေရုရှလင် မြို့ရိုး ကို ဖြိုဖျက် ကြ၏။ မင်း အိမ် ရှိသမျှ တို့ကိုလည်း မီးရှို့ ၍ မြို့တန်ဆာ အကောင်း အမြတ်ရှိသမျှ တို့ကို ဖျက်ဆီး ကြ၏။
20 Og han bortførte til Babel dem, som vare overblevne fra Sværdet, og de bleve hans og hans Sønners Tjenere, indtil Persiens Rige fik Magten;
၂၀ထား ဘေးနှင့် လွတ် သောသူတို့ကို၊ ဗာဗုလုန် မြို့ သို့ သိမ်း သွား၍ ၊ သူတို့သည် ပေရသိ နိုင်ငံ မ တည် မှီ တိုင်အောင်ရှင်ဘုရင်ထံ၊ သား တော်မြေးတော်ထံ ၌ ကျွန် ခံလျက် နေ ရကြ၏။
21 at Herrens Ord skulde opfyldes, som var talt ved Jeremias's Mund, indtil Landet havde faaet nok af sine Sabbater; det hvilede den ganske Tid, som Ødelæggelsen varede, indtil halvfjerdsindstyve Aar bleve fyldte.
၂၁ထိုသို့ ဣသရေလမြေသည် ဥပုသ်နေ့တို့ကို မွေ့လျော်စေခြင်းငှါ၊ ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏ အမိန့် တော်သည် ပြည့်စုံ ရ၏။ ထိုပြည် သည် လူဆိတ်ညံလျက်နေသောကာလ၊ အနှစ် ခုနစ်ဆယ် စေ့ အောင် ဥပုသ် နေ့ တို့ကို စောင့်သောအခွင့်ရှိသတည်း။
22 Men i Kyrus's, Kongen af Persiens, første Aar, da Herrens Ord, som var talt ved Jeremias's Mund, var fuldkommet, opvakte Herren Kyrus's, Kongen af Persiens, Aand, at han lod udraabe over sit ganske Rige, ja kundgøre ved Skrift, og sige:
၂၂ယေရမိ ဆင့်ဆို သော ထာဝရဘုရား ၏အမိန့် တော်ကိုပြည့်စုံ စေခြင်းငှါ ၊ ပေရသိ ရှင်ဘုရင် ကုရု နန်းစံပဌမ နှစ် တွင် ၊ ထာဝရဘုရား နှိုးဆော် တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည်အမိန့် တော်စာ ကို ထုတ်ပြီးလျှင်၊ ပေရသိ နိုင်ငံ အရပ်ရပ် တို့၌ကြော်ငြာ စေ၍
23 Saa siger Kyrus, Kongen i Persien: Herren, Himmelens Gud, har givet mig alle Riger paa Jorden, og han har befalet mig at bygge sig et Hus i Jerusalem, som er i Juda. Hvo der maatte være iblandt eder af alle hans Folk, med ham være Herren hans Gud, og han drage op!
၂၃ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည်ကား၊ ကောင်းကင် ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရား သည်မြေကြီး ပေါ်မှာတိုင်း နိုင်ငံရှိသမျှ ကိုငါ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည်ဆောက် ရမည်အကြောင်း မှာ ထားတော်မူပြီ။