< Anden Krønikebog 35 >
1 Og Josias holdt Paaske for Herren i Jerusalem, og de slagtede Paaskelam paa den fjortende Dag i den første Maaned.
၁တဖန် ယောရှိ မင်းသည် ယေရုရှလင် မြို့၌ ထာဝရဘုရား အဘို့ ပသခါ ပွဲကို ခံ တော်မူ၍ ပဌမ လ တဆယ် လေး ရက်နေ့တွင် ၊ ပသခါ သိုးသငယ်ကိုသတ် ကြ၏။
2 Og han beskikkede Præsterne til det, de skulde varetage, og styrkede dem til deres Tjeneste i Herrens Hus.
၂ယဇ် ပုရောဟိတ်တို့ကို မိမိ တို့အရာ ၌ ခန့်ထား ၍ ၊ ဗိမာန် တော်အမှု ကို စောင့်စေခြင်းငှါနှိုးဆော် တော်မူ၏။
3 Og han sagde til Leviterne, som underviste al Israel om de hellige Ting for Herren: Sætter den hellige Ark i Huset, som Salomo, Davids Søn, Israels Konge, har bygget; I have ingen Byrde at bære paa Skuldre, tjener nu Herren eders Gud og hans Folk Israel,
၃ဣသရေလ အမျိုးရှိသမျှ ကို သွန်သင် ၍ ၊ ထာဝရဘုရား အဘို့ သန့်ရှင်း သောလေဝိ သားတို့ကိုခေါ်၍၊ ဣသရေလ ရှင်ဘုရင် ဒါဝိဒ် သား ရှောလမုန် တည်ဆောက် သော အိမ် ၌ သန့်ရှင်း သော သေတ္တာ တော်ကို သွင်း ထား ကြလော့။ နောက်တဖန် သေတ္တာတော်ကို မ ထမ်း ဘဲ၊ သင် တို့၏ ဘုရားသခင် ထာဝရ ဘုရား၏အမှု၊ ဘုရားသခင် ၏လူ ဣသရေလ အမျိုး၏ အမှု ကို ထမ်းကြလော့။
4 og bereder eder efter eders Fædrenehuse, efter eders Skifter, som det er foreskrevet af David, Israels Konge, og foreskrevet af Salomo, hans Søn;
၄ဣသရေလ ရှင်ဘုရင် ဒါဝိဒ် မှတ်စာ ၊ သား တော် ရှောလမုန် မှတ်စာ နှင့်အညီ သင်းဖွဲ့ သည်အတိုင်း ၊ အဆွေအမျိုး အလိုက် ကိုယ်ကိုပြင်ဆင် ၍၊
5 og staar i Helligdommen efter Afdelingerne af Fædrenehusene iblandt eders Brødre, Folkets Børn, og efter hver Afdeling af Fædrenes Huse iblandt Leviterne;
၅ပြည်သူ ပြည်သားဖြစ်သော သင် တို့ညီအစ်ကို အဘ တို့ အဆွေအမျိုး နှင့် လေဝိ သား အဆွေအမျိုး အသီးအသီးနေရာ ရှိသည်အတိုင်း ၊ သန့်ရှင်း ရာဌာနတော်၌ ရပ် နေကြလော့။
6 og slagter Paaskelam, helliger eder og bereder det for eders Brødre, idet I gøre efter Herrens Ord ved Mose.
၆ထိုသို့ ပသခါ သိုးသငယ်ကိုသတ် ၍ ကိုယ်ကိုသန့်ရှင်း စေကြလော့။ သင် တို့ညီအစ်ကို တို့သည် မောရှေ အားဖြင့် ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ပြု စေခြင်းငှါ ၊ သူတို့ကိုလည်း ပြင်ဆင် ကြလော့ဟု မိန့်တော်မူ၏။
7 Og Josias gav Folkets Børn smaat Kvæg, Lam og Kid, alt sammen til Paaske for alle dem, som vare til Stede, efter Tallet tredive Tusinde, og tre Tusinde Øksne; disse bleve givne af Kongens Gods.
၇စည်းဝေးသောသူအပေါင်း တို့သည် ပသခါ ပွဲခံ စရာဘို့၊ ယောရှိ မင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ် သငယ်သုံး သောင်းနှင့် နွား သုံး ထောင် ကိုပေး တော်မူ၏။
8 Ogsaa gave hans Fyrster en frivillig Gave til Folket, til Præsterne og til Leviterne, nemlig Hilkia og Sakaria og Jehiel, Øverster i Guds Hus, gave Præsterne to Tusinde og seks Hundrede Stykker smaat Kvæg til Paaske og tre Hundrede Øksne.
၈မှူးမတ် တို့သည်လည်း ၊ စေတနာ စိတ်ရှိ၍ လူ များ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့အား ပေး ကြ၏။ ဗိမာန် တော်မှူး ဟိလခိ ၊ ဇာခရိ ၊ ယေဟေလ သည်လည်း ၊ ပသခါ ပွဲခံစရာဘို့ သိုးဆိတ်နှစ်ထောင် ခြောက်ရာနှင့် နွား သုံး ရာကို ယဇ်ပုရောဟိတ် တို့အား ပေး ကြ၏။
9 Men Kanania og Semaja og Nethaneel, hans Brødre, ligeledes Hasabia og Jehiel og Josabad, Leviternes Øverster, gave fem Tusinde Stykker smaat Kvæg til Paaske og fem Hundrede Øksne.
၉လေဝိ သားအကြီးအကဲ ၊ ကောနနိ ၊ ရှေမာယ ၊ ဟာရှဘိ ၊ ယေယေလ ၊ ယောဇဗဒ် ၊ နာသနေလ နှင့် သူ ၏ညီ များတို့သည်လည်း ၊ ပသခါ ပွဲခံစရာဘို့ သိုးဆိတ် ငါး ထောင်နှင့် နွား ငါး ရာကိုလေဝိ သားတို့အား ပေး ကြ၏။
10 Saa blev Tjenesten beredet; og Præsterne stode paa deres Sted, og Leviterne efter deres Skifter ifølge Kongens Befaling,
၁၀ထိုသို့ ရှင်ဘုရင် အမိန့် တော်အတိုင်း ၊ ဝတ်ပြုစရာ ပြင်ဆင်၍ ယဇ် ပုရောဟိတ်တို့သည် မိမိ တို့နေရာ ၌ ရပ် ၍ ၊ လေဝိ သားတို့သည် မိမိ တို့ အမှု ကို ဆောင်ရွက် ကြ၏။
11 og disse slagtede Paaskelammene, og Præsterne stænkede med Blodet, som de modtoge af deres Hænder, og Leviterne flaaede Lammene.
၁၁ပသခါ သိုးသငယ်ကိုသတ် ၍ ၊ ယဇ် ပုရောဟိတ်တို့ သည် အသွေးကို လက် နှင့် ဖြန်း လျက် ၊ လေဝိ သားတို့သည် အရေ ကိုခွာလျက် ပြုကြ၏။
12 Og de skilte Brændofferet derfra, at de kunde give det til Afdelingerne af Fædrenehusene iblandt Folkets Børn for at ofre det til Herren, som der er skrevet i Mose Bog; og ligervis med Øksnene.
၁၂မောရှေ ကျမ်းစာ ၌ ရေး ထားသည်အတိုင်း ၊ ထာဝရဘုရား အား ပူဇော် စရာဘို့ လူ များအဆွေအမျိုး အလိုက် အသီးအသီး တို့အား ပေး ဝေခြင်းငှါ ၊ မီးရှို့ ရာယဇ်များ နှင့် နွား များကို ခွဲ ထားကြ၏။
13 Og de stegte Paaskelammet ved Ilden paa sædvanlig Vis, men det, som var helliget, kogte de i Gryder og i Kedler og i Pander, og de sendte det i Hast til alle Folkets Børn.
၁၃ထုံးဖွဲ့ တော်မူသည်အတိုင်း ၊ ပသခါ သိုးသငယ်ကို မီး နှင့် ကင် ကြ၏။ သန့်ရှင်း သော ပူဇော်သက္ကာအခြား တို့ကို မြေအိုး၊ သံအိုး၊ သံကရား ၌ ပြုတ် ၍ လူ အပေါင်း တို့အား အလျင်အမြန် ဝေဖန်ကြ၏။
14 Og derefter tilberedte de for sig og for Præsterne; thi Præsterne, Arons Børn, havde Brændofferet og Fedtstykkerne at ofre indtil Natten; derfor tilberedte Leviterne for sig og for Præsterne, Arons Børn.
၁၄ထိုနောက်မှ ကိုယ် အဘို့ နှင့် ယဇ်ပုရောဟိတ် အဘို့ ကို ပြင်ဆင် ကြ၏။ အာရုန် သား ယဇ် ပုရောဟိတ်တို့ သည် ညဦး တိုင်အောင် မီးရှို့ ရာယဇ်နှင့် ဆီဥ ကိုပူဇော် လျက် နေရသောကြောင့် ၊ လေဝိ သားတို့သည် ကိုယ် အဘို့ ကို၎င်း ၊ အာရုန် သား ယဇ်ပုရောဟိတ် အဘို့ ကို၎င်း ပြင်ဆင် ကြ၏။
15 Og Sangerne, Asafs Børn, stode paa deres Sted efter Davids og Asafs og Hemans og Jeduthuns, Kongens Seeres, Bud og Portnerne ved hver Port; de maatte ikke vige fra deres Tjeneste, thi deres Brødre Leviterne tilberedte for dem.
၁၅ဒါဝိဒ် နှင့် ရှင်ဘုရင် ၏ ပရောဖက် အာသပ် ၊ ဟေမန် ၊ ယေဒုသုန် တို့စီရင် သည်အတိုင်း ၊ အာသပ် အမျိုးသား သီချင်းသည် တို့သည် မိမိ တို့နေရာ ၌ ရှိကြ၏။ တံခါး စောင့် တို့သည် မိမိ တို့အမှု ကို မ ရှောင် ၊ တံခါး ရှိသမျှတို့ ကိုစောင့်ကြ၏။ သူ တို့ညီအစ်ကို လေဝိ သားတို့သည် သူ တို့အဘို့ ပြင်ဆင် ကြ၏။
16 Saa blev al Herrens Tjeneste beskikket paa samme Dag med at holde Paaske og at ofre Brændofre paa Herrens Alter efter Kong Josias Befaling.
၁၆ထိုသို့ ယောရှိ မင်းကြီး မိန့် တော်မူသည်အတိုင်း ပသခါ ပွဲကိုခံ ၍ ထာဝရဘုရား ၏ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ရာယဇ်တို့ကို ပူဇော် ခြင်းငှါ၊ ထာဝရ ဘုရားအား ပြု ရ သော ဝတ်အလုံးစုံ ကို၊ ထို နေ့ ခြင်းတွင် ပြင်ဆင် ကြ၏။
17 Saa holdt Israels Børn, som vare til Stede, Paasken paa den samme Tid og de usyrede Brøds Højtid syv Dage.
၁၇စည်းဝေး သောဣသရေလ အမျိုးသား တို့သည်၊ ထိုအခါ ပသခါ ပွဲကို၎င်း၊ အဇုမ ပွဲ ကို၎င်း ၊ ခုနစ် ရက် ပတ်လုံးခံ ကြ၏။
18 Og der var ikke holdt Paaske som denne i Israel fra Profeten Samuels Dage af, og ingen Konge i Israel havde holdt saadan Paaske, som Josias holdt med Præsterne og Leviterne og hele Juda og Israel, som vare til Stede, og Indbyggerne i Jerusalem.
၁၈ယောရှိ မင်းနှင့် ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ စည်းဝေးသောယုဒ ပြည်၊ ဣသရေလ ပြည်သား၊ ယေရုရှလင် မြို့သား အပေါင်းတို့ခံ သော ထို ပသခါ ပွဲကဲ့သို့ သော ပွဲကို ပရောဖက် ရှမွေလ လက်ထက် မှစ၍ ဣသရေလ နိုင်ငံ၌ မ ခံ။ထိုသို့သော ပသခါ ပွဲကို ဣသရေလ ရှင်ဘုရင် တယောက် မျှ မ ခံ။
19 I det attende Josias's Regerings Aar blev denne Paaske holdt.
၁၉ယောရှိ မင်းနန်းစံ ဆယ် ရှစ် နှစ် တွင် ၊ ထို ပသခါ ပွဲကိုခံ ကြ၏။
20 Efter alt dette, da Josias havde istandsat Huset, drog Neko, Kongen af Ægypten, op at stride ved Karkemis ved Frat, og Josias drog ud imod ham.
၂၀ထိုနောက်မှ ၊ ယောရှိ သည် ဗိမာန် တော်ကို ပြင်ဆင် ပြီးမှ ၊ အဲဂုတ္တု ရှင်ဘုရင် နေခေါ သည် ဥဖရတ် မြစ်နား ၊ ခါခေမိတ် မြို့သို့ စစ်ချီ သည်တွင် ၊ ယောရှိ မင်းသည် ဆီးတား ခြင်းငှါ ထွက် လေ၏။
21 Da sendte han Bud til ham og lod sige: Hvad har jeg at gøre med dig, Judas Konge? imod dig kommer jeg ikke paa denne Dag, men imod det Hus, som har Krig med mig, og Gud har sagt, at jeg skulde haste; hold op med at være imod Gud, som er med mig, at han ikke lægger dig øde!
၂၁အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒ ရှင်ဘုရင် ၊ သင် သည် ငါ နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့် ကို ယနေ့ ငါ စစ်ချီ သည်မ ဟုတ်။ ငါနှင့်စစ်တိုက်ဘက် ဖြစ်သော အမျိုးကိုစစ်ချီ၏။ ငါ အလျင် အမြန်ပြ မည်အကြောင်း ဘုရားသခင် မှာထားတော်မူပြီ။ ငါ့ ဘက်၌ ရှိသောဘုရားသခင် ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့။ သို့မဟုတ် သင့် ကိုဖျက်ဆီး တော်မူမည်ဟု သံတမန် ကို စေလွှတ် ၍ မှာ လိုက်လေ၏။
22 Dog vendte Josias ikke sit Ansigt bort fra ham, men forklædte sig for at stride imod ham og lød ikke Nekos Ord, som vare fra Guds Mund, men han kom at stride i Megiddo Dal.
၂၂သို့ရာတွင် ယောရှိ သည် မ လွှဲ မရှောင်၊ နေခေါ ဆင့်ဆို သော ဘုရားသခင် ၏ အမိန့် တော်ကို နား မ ထောင်၊ စစ်တိုက် ခြင်းငှါ ခြားနားသော အယောင် ကို ဆောင်လျက် ၊ မေဂိဒ္ဒေါ ချိုင့် ၌ စစ် ပွဲထဲသို့ ဝင် လေ၏။
23 Og Skytterne skøde paa Kong Josias; da sagde Kongen til sine Tjenere: Fører mig bort, thi jeg er svarlig saaret.
၂၃လေးသူရဲတို့သည် ယောရှိ မင်းကြီး ကိုပစ်၍ မှန် သဖြင့်၊ မင်းကြီး က ငါ့ ကိုဆောင် သွားလော့။ ပြင်းစွာ အထိအခိုက် ခံရသည်ဟု ကျွန် တို့အား ဆို လျှင်၊
24 Og hans Tjenere førte ham bort fra Vognen og lode ham køre bort paa den anden Vogn, som han havde, og førte ham til Jerusalem, og han døde og blev begraven i sine Fædres Grave; og hele Juda og Jerusalem sørgede over Josias.
၂၄ကျွန် တို့သည် ရထား တော်ပေါ်က ချ ၍၊ ဒုတိယ ရထား တော်ပေါ် ၌ တင် ပြီးလျှင် ၊ ယေရုရှလင် မြို့သို့ ဆောင်သွား သောအခါ ၊ အနိစ္စ ရောက်၍ ဘိုးဘေး တို့ သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအပေါင်း တို့သည်၊ ယောရှိ မင်းအနိစ္စ ရောက်သောကြောင့် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။
25 Og Jeremias sang en Klagesang over Josias, i lige Maade talte alle Sangerne og Sangerskerne i deres Klagesange om Josias indtil denne Dag, og de gjorde en Skik deraf i Israel; og se, de ere opskrevne iblandt Klagesangene.
၂၅ယေရမိ သည်လည်း မြည်တမ်း သောစကားကို စီရင်၍ သီချင်း သည်ယောက်ျားမိန်းမ ရှိသမျှ တို့သည်၊ ယနေ့ တိုင်အောင် ယောရှိ မင်းကို အောက်မေ့ လျက် ၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေလ ထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်း စာ၌ ရေး ထားလျက်ရှိသတည်း။
26 Men det øvrige at Josias's Handeler, og hans fromme Gerninger, eftersom skrevet er i Herrens Lov,
၂၆ယောရှိ ပြုမူသော အမှုအရာ ကြွင်း လေသမျှ တို့နှင့် ထာဝရဘုရား ၏ ပညတ္တိ ကျမ်း၌ ရေး ထားသည် အတိုင်း ကျေးဇူး ပြုခြင်း၊
27 ja hans Handeler, de første og de sidste, se, de ere skrevne i Israels og Judas Kongers Bog.
၂၇အကျင့်ကျင့်ခြင်းအရာအစ အဆုံး တို့သည်၊ ဣသရေလ ရာဇဝင်နှင့် ယုဒ ရာဇဝင် ၌ ရေး ထားလျက် ရှိ၏။