< Anden Krønikebog 26 >

1 Da tog alt Judas Folk Ussia, da han var seksten Aar gammel, og de gjorde ham til Konge i hans Faders Amazias Sted.
ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည်​အာ​မ​ဇိ​၏ သား​တော်​အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ သြ​ဇိ​ကို ဘု​ရင်​အ​ဖြစ်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​ရန်​ရွေး​ချယ် ကြ​လေ​သည်။-
2 Han byggede Eloth og bragte den til Juda igen, efter at Kongen laa hos sine Fædre.
(ဧ​လုတ်​မြို့​ကို​သြ​ဇိ​ပြန်​လည်​သိမ်း​ယူ​၍ ပြန်​လည်​တည်​ဆောက်​သည်​မှာ​အာ​မ​ဇိ ကွယ်​လွန်​ပြီး​မှ​ဖြစ်​၏။)
3 Ussia var seksten Aar gammel, der han blev Konge, og regerede to og halvtredsindstyve Aar i Jerusalem; og hans Moders Navn var Jekolia fra Jerusalem.
သြ​ဇိ​သည်​အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​၌ နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​ငါး​ဆယ့် နှစ်​နှစ်​တိုင်​တိုင်​နန်း​စံ​လေ​သည်။ သူ​၏​မယ် တော်​မှာ​ယေ​ရု​ရှ​လင်​မြို့​သူ​ယေ​ခေါ​လိ ဖြစ်​၏။-
4 Og han gjorde det, som var ret for Herrens Øjne, efter alt det, som hans Fader Amazia gjorde.
သူ​သည်​ခ​မည်း​တော်​၏​စံ​န​မူ​နာ​ကို​ယူ​၍ ထာ​ဝရ​ဘု​ရား​၏​မျက်​မှောက်​တော်​၌​ဖြောင့်​မှန် သော​အ​မှု​တို့​ကို​ပြု​၏။-
5 Og han søgte Gud i Sakarias Dage, og denne forstod sig paa Guds Syner; og i de Dage, han søgte Herren, gav Gud ham Lykke.
သူ​သည်​မိ​မိ​၏​ဘာ​သာ​ရေး​အ​တိုင်​ပင်​ခံ ဇာ​ခ​ရိ​အ​သက်​ရှင်​လျက်​နေ​သ​မျှ​ကာ​လ ပတ်​လုံး ထာ​ဝရ​ဘု​ရား​အား​သစ္စာ​နှင့်​ကိုး ကွယ်​သ​ဖြင့်​ဘု​ရား​သ​ခင်​သည်​သူ့​အား ကောင်း​ချီး​ပေး​တော်​မူ​၏။
6 Thi han drog ud og stred imod Filisterne og nedrev Murene i Gath og Murene i Jabne og Murene i Asdod og byggede Stæder ved Asdod og iblandt Filisterne.
သြ​ဇိ​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား စစ် ဆင်​တိုက်​ခိုက်​ကာ ဂါ​သ​မြို့၊ ယာ​ဗ​နေ​မြို့​နှင့် အာ​ဇုတ်​မြို့​တို့​၏​မြို့​ရိုး​များ​ကို​ဖြို​ချ​ပြီး လျှင်​အာ​ဇုတ်​မြို့​အ​နီး​နှင့်​ဖိလိတ္တိ​ပြည်​အ​ခြား ဒေ​သ​များ​၌​တံ​တိုင်း​ကာ​ရံ​ထား​သော​မြို့ များ​ကို​တည်​ထောင်​တော်​မူ​၏။-
7 Og Gud hjalp ham imod Filisterne og imod de Araber, som boede i Gur-Baal, og imod Meuniterne.
သူ့​အား​ဘု​ရား​သ​ခင်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား များ၊ ဂု​ရ​ဗာ​လ​မြို့​တွင်​နေ​ထိုင်​သော​အာ​ရပ် အ​မျိုး​သား​များ၊ မ​ဟု​နိမ်​အ​မျိုး​သား​များ ကို​နှိမ်​နင်း​ရန်​ကူ​မ​တော်​မူ​သည်။-
8 Og Ammoniterne gave Ussia Skænk, og han blev navnkundig indtil Ægypten, thi han blev saare mægtig.
အမ္မုန်​အ​မျိုး​သား​တို့​သည်​သြ​ဇိ​အား​လက် ဆောင်​ပဏ္ဏာ​များ​ဆက်​သ​ရ​ကြ​၏။ သူ​သည် အ​လွန်​တန်​ခိုး​ကြီး​မား​လာ​သ​ဖြင့်​သူ​၏ ဂုဏ်​သ​တင်း​သည်​အီ​ဂျစ်​ပြည်​သို့​ပင်​ပျံ့​နှံ့ သွား​လေ​၏။
9 Tilmed byggede Ussia Taarne i Jerusalem ved Hjørneporten og ved Dalporten og paa Hjørnet og befæstede dem.
သြ​ဇိ​သည်​မြို့​ရိုး​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး​နှင့် မြို့​ရိုး​ထောင့်​ထိပ်​တို့​တွင်​မျှော်​စင်​များ​ကို​တည် ဆောက်​ခြင်း​အား​ဖြင့် ယေ​ရု​ရှ​လင်​ကို​ခိုင်​ခံ့ အောင်​ပြု​တော်​မူ​၏။-
10 Han byggede og Taarne i Ørken og udhuggede mange Brønde; thi han havde meget Kvæg, baade i Lavlandet og paa Sletten, Agerdyrkere og Vingaardsmænd paa Bjergene og paa de frugtbare Marker; thi han var en Elsker af Jordbrug.
၁၀မင်း​ကြီး​သည်​အ​နောက်​ဘက်​တောင်​ခြေ​ရင်း​ရှိ တောင်​ပူ​စာ​များ​နှင့် လွင်​ပြင်​များ​တွင်​နွား​အုပ် ကြီး​များ​မွေး​မြူ​ထား​သ​ဖြင့် တော​ကန္တာ​ရ​ရှိ မြို့​များ​ကို​မျှော်​စင်​များ​နှင့်​တ​ကွ​တံ​တိုင်း ကာ​၍​ရေ​လှောင်​ကန်​အ​မြောက်​အ​မြား​ကို​တူး တော်​မူ​၏။ မင်း​ကြီး​သည်​လယ်​ယာ​စိုက်​ပျိုး​မှု ကို​ဝါ​သ​နာ​ပါ​သ​ဖြင့် တောင်​ကုန်း​ဒေ​သ​များ တွင်​စ​ပျစ်​ဥ​ယျာဉ်​များ​စိုက်​ပျိုး​မှု၊ မြေ ကောင်း​မြေ​သန့်​များ​တွင်​လယ်​ယာ​များ စိုက်​ပျိုး​မှု​ကို​အား​ပေး​တော်​မူ​လေ​သည်။
11 Og Ussia havde en Hær, som kunde føre Krig, og som tropvis drog ud i Strid, efter det Mandtal, som var optaget af Skriveren Jejel og af Fogeden Maeseja under Tilsyn af Hanania, en af Kongens Øverster.
၁၁သူ​၌​စစ်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သော​တပ်​မ​တော် ကြီး​ရှိ​၏။ တပ်​မ​တော်​မှတ်​တမ်း​များ​ကို​စာ​ရေး တော်​များ​ဖြစ်​သူ ယေ​ယေ​လ​နှင့်​မာ​သေ​ယ​တို့ က​ထိန်း​သိမ်း​ထား​ရ​ကြ​၏။ သူ​တို့​အား​အ​မတ် ဟာ​န​နိ​က​ကြီး​ကြပ်​ကွပ်​ကဲ​ရ​လေ​သည်။-
12 Det hele Tal af de Øverste for Fædrenehusene, af de vældige til Strid, var to Tusinde og seks Hundrede.
၁၂တပ်​မ​တော်​တွင်​တပ်​မှူး​နှစ်​ထောင့်​ခြောက်​ရာ ရှိ​၍၊-
13 Og Stridshæren under deres Haand var tre Hundrede Tusinde og syv Tusinde og fem Hundrede, som kunde føre Krig med vældig Kraft til at hjælpe Kongen imod Fjenden.
၁၃သူ​တို့​၏​လက်​အောက်​တွင်​မင်း​ကြီး​၏​ရန်​သူ များ​ကို ရဲ​စွမ်း​သတ္တိ​နှင့်​တိုက်​ခိုက်​နိုင်​သော တပ်​သား​သုံး​သိန်း​ခု​နစ်​ထောင့်​ငါး​ရာ​ရှိ​၏။-
14 Og Ussia beredte for dem, for den ganske Hær, Skjolde og Spyd og Hjelme og Pansere og Buer og Slyngestene.
၁၄သြ​ဇိ​သည်​တပ်​မ​တော်​အား ဒိုင်း​လွှား၊ လှံ၊ သံ ခ​မောက်၊ သံ​ချပ်​အင်္ကျီ၊ လေး၊ မြား​နှင့်​လောက်​လွှဲ ပစ်​ရန်​ကျောက်​ခဲ​များ​ကို​ပေး​အပ်​တော်​မူ​၏။-
15 Han indrettede ogsaa i Jerusalem kunstige Krigsredskaber, udtænkte af Kunstnere, for at sætte dem paa Taarnene og paa Hjørnerne, for at udskyde Pile og store Stene; og hans Navn kom ud indtil langt fraliggende Steder, fordi han vidunderligt blev hjulpen, indtil han blev stærk.
၁၅မြို့​ရိုး​ထောင့်​ထိပ်​နှင့်​မျှော်​စင်​များ​မှ​နေ​၍ မြား​နှင့်​ကျောက်​တုံး​ကြီး​များ​ပစ်​ခတ်​ရန် ယန္တ​ယား​စက်​များ​ကို​လည်း ယေ​ရု​ရှ​လင် မြို့​ရှိ​တီ​ထွင်​တတ်​သူ​အ​တတ်​ပ​ညာ​ရှင် များ​က​ပြု​လုပ်​ပေး​ကြ​လေ​သည်။ ဘု​ရား​သ​ခင်​ထံ​မှ​အံ့​သြ​ဖွယ်​မ​စ​တော်​မူ​ခြင်း ကို​ခံ​ရ​သ​ဖြင့် မင်း​ကြီး​သည်​အ​လွန် တန်​ခိုး​ကြီး​လာ​ပြီး​လျှင်​သူ​၏​ဂုဏ် သ​တင်း​သည်​အ​ရပ်​တ​ကာ​သို့​ပျံ့​နှံ့ သွား​လေ​၏။
16 Men der han var bleven stærk, ophøjede hans Hjerte sig, indtil han handlede fordærveligt, og han forgreb sig imod Herren sin Gud og gik ind i Herrens Tempel for at gøre Røgelse paa Røgofferalteret.
၁၆သို့​သော်​သြ​ဇိ​မင်း​သည်​တန်​ခိုး​ကြီး​လာ​သော အ​ခါ မာန်​မာ​န​လည်း​ထောင်​လွှား​လာ​သ​ဖြင့် အ​ကျိုး​နည်း​ရ​လေ​သည်။ သူ​သည်​ဗိ​မာန်​တော် သို့​ဝင်​၍​နံ့​သာ​ပေါင်း​ကို သက်​ဆိုင်​ရာ​ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ခြင်း​အား​ဖြင့် မိ​မိ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​အား​ပြစ်​မှား​၏။-
17 Men Asaria, Præsten, og firsindstyve Herrens Præster med ham, duelige Folk, gik ind efter ham.
၁၇ယဇ်​ပု​ရော​ဟိတ်​အာ​ဇ​ရိ​နှင့်​ရဲ​ရင့်​သော ယဇ်​ပု​ရော​ဟိတ်​ရှစ်​ကျိပ်​တို့​သည်​မင်း​ကြီး အား-
18 Og de stode Kong Ussia imod og sagde til ham: Ussia! at gøre Røgoffer for Herren hører ikke dig til, men Præsterne, Arons Børn, som ere helligede til at gøre Røgoffer; gak ud af Helligdommen, thi du forgriber dig, og det bliver dig ikke til Ære for Gud Herren.
၁၈တား​ဆီး​ရန်​လိုက်​သွား​ပြီး​လျှင်``အို သြ​ဇိ​မင်း၊ ဘု​ရင်​မင်း​သည်​ထာ​ဝရ​ဘု​ရား​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ခွင့်​ရှိ​သူ​မ​ဟုတ်​ပါ။ ဤ​အ​မှု ကို​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​မှာ အာ​ရုန် မှ​ဆင်း​သက်​လာ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​သာ လျှင်​ဖြစ်​ပါ​၏။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ ထွက်​ခွာ​သွား​ပါ​လော့။ ဘု​ရင်​မင်း​သည်​ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​အား​ပြစ်​မှား​လေ​ပြီ။ ထို ကြောင့်​ကိုယ်​တော်​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​ကို​မ​ခံ​ရ​တော့​ပါ'' ဟု ဆို​၏။
19 Da blev Ussia vred, og han havde et Røgelsekar i Haanden til at gøre Røgoffer; og som han blev vred paa Præsterne, da brød Spedalskheden frem i hans Pande i Præsternes Paasyn i Herrens Hus ved Røgofferalteret.
၁၉သြ​ဇိ​သည်​နံ့​သာ​ပေါင်း​ကို​ရှို့​ရန်​မီး​ကျီး​ခဲ ကို​ကိုင်​၍ ဗိ​မာန်​တော်​တွင်​နံ့​သာ​ပေါင်း​မီး​ရှို့ ရာ​ပလ္လင်​အ​နီး​၌​ရပ်​လျက်​နေ​၏။ သူ​သည် ယဇ်​ပု​ရော​ဟိတ်​တို့​အား​အ​မျက်​ထွက်​လာ သည်​နှင့်​တစ်​ပြိုင်​နက် သူ​၏​န​ဖူး​သည်​ကြောက် မက်​ဖွယ်​ကောင်း​သော​အ​ရေ​ပြား​ရော​ဂါ စွဲ​ကပ်​လေ​သည်။-
20 Og Asaria, den Ypperstepræst, og alle Præsterne vendte Ansigtet imod ham, og se, da var han spedalsk i sin Pande, og de hastede med ham derfra; ja, han skyndte sig selv ogsaa at gaa ud, thi Herren havde slaget ham.
၂၀အာ​ဇ​ရိ​နှင့်​အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကြောက်​ရွံ့​သည့်​အ​မူ​အ​ရာ​ဖြင့် မင်း​ကြီး​န​ဖူး ကို​စိုက်​၍​ကြည့်​ပြီး​လျှင်​သူ့​အား​ဗိ​မာန်​တော် မှ​နှင်​ထုတ်​ကြ​၏။ မင်း​ကြီး​သည်​လည်း​မိ​မိ အား​ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​ကို​သိ​၍ အ​ဆော​တ​လျင်​ထွက်​ခွာ သွား​တော်​မူ​၏။
21 Saa var Kong Ussia spedalsk indtil sin Dødsdag og boede spedalsk udi et særskilt Hus, thi han var udelukket fra Herrens Hus; og Jotham, hans Søn, var over Kongens Hus og dømte Folket i Landet.
၂၁သြ​ဇိ​မင်း​သည်​ထို​အ​ချိန်​မှ​စ​၍​သေ​သည် တိုင်​အောင် ဤ​ရော​ဂါ​ကြောင့်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​စင်​သူ​ဖြစ်​လာ​လေ​သည်။ သူ​သည်​ဗိ​မာန်​တော်​သို့​နောက်​တစ်​ဖန်​ပြန် လည်​ဝင်​ရောက်​ခွင့်​မ​ရ​တော့​သ​ဖြင့် သား​တော် ယော​သံ​အား​မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ ကို​လွှဲ​ပြောင်း​ပေး​အပ်​လိုက်​ရ​၏။ တိုင်း​ပြည် ကို​သား​တော်​အုပ်​စိုး​လျက်​နေ​စဉ် သူ​သည် မိ​မိ​၏​အိမ်​တော်​၌​သာ​နေ​ထိုင်​ရ​လေ​သည်။
22 Men det øvrige af Ussias Handeler, de første og de sidste, har Profeten Esajas, Amoz's Søn, beskrevet.
၂၂နန်း​သက်​တစ်​လျှောက်​သြ​ဇိ​မင်း​ဆောင်​ရွက်​ခဲ့ သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို အာ​မုတ် ၏​သား​ပ​ရော​ဖက်​ဟေ​ရှာ​ယ​က​မှတ်​တမ်း တင်​ထား​သ​တည်း။-
23 Og Ussia laa med sine Fædre, og de begrove ham hos hans Fædre i den Begravelsesager, som hørte Kongerne til; thi de sagde: Han er spedalsk; og Jotham, hans Søn, blev Konge i hans Sted!
၂၃သြ​ဇိ​မင်း​ကွယ်​လွန်​သော​အ​ခါ​သူ့​အား ဒါ​ဝိဒ်​မြို့​တော်​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း သူ​၏​ရော​ဂါ​ကြောင့်​ရာ​ဇ​ဂူ​၌​မ​သင်္ဂြိုဟ် ကြ။ သူ​၏​သား​တော်​ယောသံ​သည်​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။

< Anden Krønikebog 26 >