< Zjevení Janovo 18 >

1 Potom pak viděl jsem anděla sstupujícího s nebe, majícího moc velikou, a země osvícena byla od slávy jeho.
ထိုနောက်မှ ကောင်းကင်တမန် တပါးသည် ကြီးစွာသော တန်ခိုးနှင့်ပြည့်စုံ၍ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ၏။
2 I zkřikl silně hlasem velikým, řka: Padl, padl Babylon ten veliký, a učiněn jest příbytkem ďáblů, a stráží každého ducha nečistého, a stráží všelikého ptactva nečistého a ohyzdného.
သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။
3 Nebo z vína hněvu smilstva jeho pili všickni národové, a králové zemští smilnili s ním, a kupci zemští z zboží rozkoší jeho zbohatli.
အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူ သော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။
4 I slyšel jsem jiný hlas s nebe, řkoucí: Vyjděte z něho, lide můj, abyste se nepřiúčastňovali hříchům jeho a abyste nepřijali z jeho ran.
အခြားသော ကောင်းကင်အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲကထွက်ကြလော့။
5 Neboť dosáhli hříchové jeho až k nebi a rozpomenul se Bůh na nepravosti jeho.
သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရား သခင် သတိရတော်မူပြီ။
6 Dejtež jemu, jakož i on dával vám, a dejte jemu dvénásob podle skutků jeho; v koflík, kterýž naléval vám, nalijte jemu to dvénásob.
သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဘို့ နှစ်ဆတိုး၍ လောင်းကြလော့။
7 Jakž se mnoho chlubil a zbujněl byl, tak mnoho dejte jemu muk a pláče. Neboť v srdci svém praví: Sedím královna, a nejsemť vdovou, a pláče neuzřím.
သူသည်ကိုယ်ကို ချီးမြှောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည်အတိုင်း သူ၌ ပြင်းစွာသော ဆုံးမခြင်း၊ စိတ်မသာ ညည်းတွားခြင်းကို ဖြစ်စေကြလော့။ ငါကား မိဖုရားဖြစ်၏။ မုတ်ဆိုးမ မဟုတ်။ စိတ်မသာညည်း တွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ်၏။
8 Protož v jeden den přijdouť rány jeho, smrt a pláč i hlad, a ohněm spáleno bude; nebo silný jest Pán, kterýž je odsoudí.
ထိုကြောင့်၊ သူခံရသောသေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များ တို့နှင့် တနေ့ခြင်းတွင်တွေ့၍၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော ထာဝရ အရှင်ဘုရားသည် ခွန်အားဗလကြီးတော်မူ၏။
9 I plakati ho budou a kvíliti nad ním králové země, kteříž s ním smilnili a svou rozkoš měli, když uzří dým zapálení jeho,
မတရားသောမေထုန်ကို သူနှင့်ပြု၍ ကာမဂုဏ်၌ ပျော်မွေ့သော လောကီရှင်ဘုရင်တို့သည်၊ သူကျွမ်း လောင်ရာ မီးခိုးကို မြင်သောအခါ၊
10 Zdaleka stojíce, pro bázeň muk jeho, a řkouce: Běda, běda, veliké město Babylon, to město silné, že jest jedné hodiny přišel odsudek tvůj.
၁၀သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည်တနာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။
11 Ano i kupci zemští budou plakati a kvíliti nad ním; nebo koupí jejich žádný nebude kupovati více,
၁၁လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ အကြောင်းမူကား ၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊
12 Koupě od zlata, a stříbra, a drahého kamene, i perel, i kmentu, šarlatu, i hedbáví, i brunátného roucha, i všelikého dřeva tyinového, a všech nádob z kostí slonových, i všelikého nádobí z nejdražšího dříví, i z mědi, i z železa, i z mramoru;
၁၂ရွှေ၊ငွေ ၊ ကျောက်ကောင်း ၊ ပုလဲ ၊ ပိတ်ချော ၊ ကတ္တီပါ ၊ ဖဲ၊ ပုဆိုးနီ ၊ အမျိုးမျိုးသောသွိန်သစ်သား၊ အမျိုးမျိုးသောဆင်စွယ်တန်ဆာ၊ အမျိုးမျိုးသော သစ်ကောင်း တန်ဆာ၊ ကြေးဝါတန်ဆာ၊ သံတန်ဆာ၊ ကျောက်ဖြူ တန်ဆာ၊
13 A kupectví skořice, i vonných věcí, a mastí, i kadidla, i vína, i oleje, i bělí, i pšenice, i dobytka, i ovec, i koní, a vozů, i služebníků, i duší lidských;
၁၃သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံကျွန် ၊ လူဝိညာဉ်တို့ကို အဘယ်သူမျှ နောက်တဖန်မဝယ်ရ။
14 I ovoce žádostivá duši tvé odešla od tebe, a všecko tučné a krásné odešlo od tebe, a aniž toho již více nalezneš.
၁၄သင်သည် အလွန်တပ်မတ်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ ဆူဖျိုးသောအရာ၊ တင့်တယ်သော အရာရှိသမျှတို့လည်း ပျောက်ကုန်ပြီ။ နောက်တဖန် မတွေ့ရ။
15 Ti, pravím, kupci, kteříž v tom kupčili a jím zbohatli, zdaleka stanou pro strach muk jeho, plačíce, a kvílíce,
၁၅သူ့ကိုအမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊
16 A řkouce: Běda, běda, ó město veliké, kteréž odíno kmentem, a šarlatem, a brunátným rouchem, a ozdobeno bylo zlatem, a kamením drahým, i perlami! nebo v jednu hodinu zahynula tak veliká bohatství.
၁၆ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အဝတ်နီ၊ အဝတ်မောင်းကို ဝတ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သောမြို့ကြီး၊
17 Ano i všeliký správce lodí mořských, i všecko množství lidí, kteříž jsou na lodech, i plavci, i ti, kteříž svou živnost na moři mají, zdaleka stanou,
၁၇ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တနာရီခြင်းတွင် ပျက်စီးပါပြီတကားဟု ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီး၊ အရပ်ရပ်သို့ လွှင့်ကူးတတ်သော သူအပေါင်းတို့နှင့် သင်္ဘောသား၊ ပင်လယ်ကုန်သည် ရှိသမျှတို့သည် အဝေးကရပ်၍
18 A zkřiknou, vidouce dým zapálení jeho, řkouce: Které město bylo podobné tomuto velikému městu!
၁၈သူကျွမ်းလောင်ရာမီးခိုးကိုမြင်လျှင်၊ ထိုမြို့နှင့် အဘယ်မြို့ တူသနည်းဟူ၍၎င်း၊
19 A sypouce prach na hlavy své, křičeti budou, plačíce, a kvílíce, a řkouce: Běda, běda, město veliké, v němžto zbohatli všickni, kteříž měli lodí na moři, ze mzdy jeho; nebo jedné hodiny zpustlo.
၁၉ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူး သော သင်္ဘောကို ပိုင်သော သူအပေါင်းတို့အား ကိုယ် စည်စိမ်ကိုပေး၍ ငွေရတတ်စေသော မြို့ကြီး၊ တနာရီ ခြင်းတွင် ပျက်စီးပါပြီ တကားဟူ၍၎င်း အော်ဟစ်လျက်၊ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက် ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။
20 Ale raduj se nad ním nebe i svatí apoštolé i proroci; nebo pomstilť vás Bůh nad ním.
၂၀ကောင်းကင်မှစ၍ သန့်ရှင်းသူတမန်တော် ပရောဖက်တို့၊ သူကို ကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍၊ သူ့ကို တရားစီရင် တော်မူပြီဟု ပြောဆိုသည်ကို ငါကြား၏။
21 I zdvihl jeden silný anděl kámen jako žernov veliký a hodil jím do moře, řka: Tak prudce uvržen bude Babylon, to město veliké, a již více nebude nalezeno.
၂၁ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို ချီယူ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ်၍ နောက်တဖန် မပေါ်မရှိရ။
22 A hlas na harfy hrajících, a zpěváků, a pišťců, a trubačů nebude více v tobě slyšán, a žádný řemeslník žádného řemesla nebude v tobě více nalezen, a zvuk žernovu nebude v tobě více slyšán.
၂၂စောင်းသမား၊ အငြိမ့်သမား၊ ပုလွေသမား၊ တံပိုးသမားများ တီးမှုတ်သော အသံလည်း သင့်အထဲ၌ နောက်တဖန်မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမား တို့တွင် တယောက်မျှ သင့်အထဲ၌ နောက်တဖန် မပေါ် မရှိရ။ ကြိတ်ဆုံသံလည်း သင့်အထဲ၌ နောက်တဖန် မမြည်ရ။
23 Ani světlo svíce nebude v tobě více svítiti, a hlas ženicha ani nevěsty nebude v tobě více slyšán, ješto kupci tvoji bývala knížata zemská, a tráveními tvými v blud uvedeni byli všickni národové.
၂၃ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တဖန် မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည်ဖြစ်ကြပြီ။ လူအမျိုးမျိုးတို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြ ပြီဟု ကောင်းကင်တမန် ပြောဆို၏။
24 Ale v něm nalezena jest krev proroků a svatých i všech zmordovaných na zemi.
၂၄ပရောဖက်တို့၏ အသွေး၊ သန့်ရှင်းသူတို့၏ အသွေး၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူ အပေါင်းတို့၏ အသွေးကို ထိုမြို့၌တွေ့၏။

< Zjevení Janovo 18 >