< Žalmy 146 >

1 Halelujah. Chval, duše má, Hospodina.
အိုငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကိုချီးမွမ်း လော့။
2 Chváliti budu Hospodina, dokud jsem živ, žalmy zpívati Bohu svému, dokud mne stává.
ငါ သည် အသက်ရှင် စဉ်အခါ ၊ ထာဝရဘုရား ကို ချီးမွမ်း မည်။ ငါ ဖြစ်စဉ် ကာလ ပတ်လုံး၊ ငါ ၏ဘုရား သခင်ကို ထောမနာသီချင်း ဆိုမည်။
3 Nedoufejtež v knížatech, v synech lidských, v nichž není vysvobození.
မင်း များမှစ၍ မကယ်တင် နိုင်သော လူသား ကို မ ကိုးစား ကြနှင့်။
4 Vychází duch jejich, navracují se do země své, v tentýž den mizejí myšlení jejich.
သူ သည်အသက် ထွက် ၍ မြေ သို့ ပြန် သွားတတ် ၏။ ထို နေ့ခြင်းတွင်၊ သူ ၏အကြံ အစည်တို့သည် ပျက်စီး ကြ၏။
5 Blahoslavený ten, jehož spomocník jest Bůh silný Jákobův, jehož naděje jest v Hospodinu Bohu jeho,
ယာကုပ် အမျိုး၏ ဘုရား သခင်မစ တော်မူသောသူ၊ မိမိ ဘုရား သခင် ထာဝရဘုရား ကို မြော်လင့် သောသူသည် မင်္ဂလာ ရှိ၏။
6 Kterýž učinil nebe, zemi, moře, i vše, což v nich jest, kterýž ostříhá pravdy až na věky,
ထိုဘုရားသခင်သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ နှင့်တကွ အရပ်ရပ် ၌ ရှိသမျှတို့ကို ဖန်ဆင်း တော်မူ၏။ သစ္စာ တော်ကို အစဉ် အမြဲစောင့် တော်မူ၏။
7 Kterýž činí soud utištěným, dává chléb lačným. Hospodin vysvobozuje vězně.
ညှဉ်းဆဲ ခြင်းကိုခံရသောသူတို့ အား တရား ပြု တော်မူ၏။ ငတ်မွတ် သောသူတို့ ကိုကျွေးမွေး တော်မူ၏။ ထာဝရဘုရား သည် ချုပ်ထား ခြင်းကို ခံရသောသူတို့ကို လွှတ် တော်မူ၏။
8 Hospodin otvírá oči slepých, Hospodin pozdvihuje snížených, Hospodin miluje spravedlivé.
ထာဝရဘုရား သည် မျက်စိ ကန်းသောသူတို့ကို မြင် စေတော်မူ၏။ ထာဝရဘုရား သည် နှိမ့်ချ သောသူတို့ ကို ကြွ ပင့်တော်မူ၏။ ထာဝရဘုရား သည် ဖြောင့်မတ် သောသူတို့ ကို ချစ် တော်မူ၏။
9 Hospodin ostříhá příchozích, sirotku a vdově pomáhá, ale cestu bezbožných podvrací.
ထာဝရဘုရား သည် ဧည့်သည် တို့ကို စောင့်မ တော်မူ၍ ၊ မုတ်ဆိုးမ နှင့်မိဘ မရှိသောသူတို့ ကို ထောက်မတော်မူ၏။ မ တရားသောသူတို့၏ လမ်း ကိုကား ၊ ကွေ့ကောက် စေတော်မူ၏။
10 Kralovati bude Hospodin na věky, Bůh tvůj, ó Sione, od národu až do pronárodu. Halelujah.
၁၀အိုဇိအုန် မြို့၊ သင် ၏ဘုရား သခင် တည်း ဟူသော ထာဝရဘုရား သည် ကာလ အစဉ်အမြဲ ကမ္ဘာ အဆက်ဆက်စိုးစံ တော်မူ လတံ့ သတည်း။ ဟာလေလုယ။

< Žalmy 146 >