< Príslovia 25 >
1 Jaké i tato jsou přísloví Šalomounova, kteráž shromáždili muži Ezechiáše, krále Judského:
၁ယုဒ ရှင်ဘုရင် ဟေဇကိ လူ တို့ကူးရေး သော ရှောလမုန် မင်း၏ သုတ္တံ စကားဟူမူကား၊
2 Sláva Boží jest skrývati věc, ale sláva králů zpytovati věc.
၂အမှု အရေးကို ဝှက်ထား ခြင်းသည် ဘုရား သခင်၏ ဘုန်း တော်နှင့် သင့်၏။ ရှင်ဘုရင် မူကား၊ အမှု အရေးကို စစ်ကြော ခြင်းအားဖြင့်ဂုဏ် အသရေတည်၏။
3 Vysokosti nebes, a hlubokosti země, a srdce králů není žádného vystižení.
၃မိုဃ်းကောင်းကင် သည် မြင့် ၏။ မြေကြီး သည် နက် ၏။ ရှင်ဘုရင် နှလုံး ကိုလည်း စစ် ၍မ သိနိုင်။
4 Jako když bys odjal trůsku od stříbra, ukáže se slevači nádoba čistá:
၄ငွေ ထဲက ချော် ကိုထုတ်ပယ် လျှင်၊ ပန်းတိမ် သမား နှင့် တော်သင့်သောဖလား ကို ရ လိမ့်မည်။
5 Tak když odejmeš bezbožného od oblíčeje králova, tedy utvrzen bude v spravedlnosti trůn jeho.
၅မ တရားသောသူတို့ ကို ရှင်ဘုရင် ထံ တော်မှ ပယ်ရှား လျှင် ၊ အာဏာ တော်သည် တရား အားဖြင့် တည် လိမ့်မည်။
6 Nestavěj se za znamenitého před králem, a na místě velikých nestůj.
၆ရှင်ဘုရင် ထံ တော်၌ ကိုယ်ကိုမ ချီးမြှောက် နှင့်။ လူကြီး နေရာ ၌ မ နေ နှင့်။
7 Nebo lépe jest, aťby řečeno bylo: Vstup sem, nežli abys snížen byl před knížetem; což vídávají oči tvé.
၇အကြောင်း မူကား၊ ဖူးမြင် ရသောမင်း ရှေ့ မှာ နှိမ် ခြင်းကိုခံရသည်ထက် ၊ ဤ အရပ်သို့ တက် ပါဟူသောစကား ကို သာ၍ကြားကောင်း ၏။
8 Nevcházej v svár kvapně, tak abys naposledy něčeho se nedopustil, kdyby tě zahanbil bližní tvůj.
၈အလျင် အမြန်ရန် မ တွေ့နှင့်။ အိမ်နီးချင်း သည် သင့် ကို အရှက်ခွဲ ပြီးမှ ၊ သင်သည် အဘယ် သို့ပြု မည်နည်း။
9 Srovnej při svou s bližním svým, a tajné věci jiného nevyjevuj,
၉သင် သည် အိမ်နီးချင်း နှင့် ကိုယ် အမှု ကို ဆွေးနွှေး လော့။ ဝှက်ထား အပ်သောအမှုအရာကို သူတပါး အားထုတ် ၍မ ပြနှင့်။
10 Aťby lehkosti neučinil ten, kdož by to slyšel, až by i zlá pověst tvá nemohla jíti nazpět.
၁၀သို့မဟုတ် ၊ သူသည် သင့် ကို အရှက် ခွဲသဖြင့် ၊ သင် ၏ ဂုဏ်အသရေသည် အစဉ် ဆုံးလိမ့်မည်။
11 Jablka zlatá s řezbami stříbrnými jest slovo propověděné případně.
၁၁လျောက်ပတ် သော စကား သည် ငွေ အပြောက်မှာ စီချယ် သော ရွှေ ရှောက်ချို သီးနှင့်တူ၏။
12 Náušnice zlatá a ozdoba z ryzího zlata jest trestatel moudrý u toho, jenž poslouchá.
၁၂နားထောင် တတ်သောသူကို လျောက်ပတ် စွာ ဆုံးမ တတ်သောသူသည် ရွှေ နားတောင်း ကဲ့သို့၎င်း၊ ရွှေ စင်တန်ဆာ ကဲ့သို့ ၎င်း ဖြစ်၏။
13 Jako studenost sněžná v čas žně, tak jest posel věrný těm, kteříž jej posílají; nebo duši pánů svých očerstvuje.
၁၃စပါး ရိတ်ရာကာလ ၌ မိုဃ်းပွင့် ကြောင့် ချမ်း သကဲ့သို့ ၊ သစ္စာ စောင့်သော တမန် သည် စေလွှတ် သောသူ ၌ ဖြစ်၍ ၊ သခင် စိတ် ကို ချမ်းဧ စေတတ်၏။
14 Jako oblakové a vítr bez deště, tak člověk, kterýž se chlubí darem lživým.
၁၄ပေး မည်ဟု ဝါကြွား ၍ မ ပေးဘဲနေသောသူ သည် မိုဃ်း ရေမ ပါသော တိမ် နှင့် လေ ကဲ့သို့ဖြစ်၏။
15 Snášelivostí nakloněn bývá vývoda, a jazyk měkký láme kosti.
၁၅ကြာမြင့် စွာသည်းခံ လျှင် မင်း ကိုဖျောင်းဖျ နိုင်၏။ ချို သောစကား သည်လည်း အရိုး ကျိုး အောင်တတ်နိုင်၏။
16 Nalezneš-li med, jez, pokudž by dosti bylo tobě, abys snad nasycen jsa jím, nevyvrátil ho.
၁၆ပျားရည် ကိုတွေ့ သလော။ ဝ ရုံသာစား တော့။ အစား ကြူးလျှင် ရင်ပြည့်၍ အန် ရလိမ့်မည်။
17 Zdržuj nohu svou od domu bližního svého, aby syt jsa tebe, neměl tě v nenávisti.
၁၇သင် ၏အိမ်နီးချင်း အိမ် ၌ ကြာမြင့် စွာ မ နေနှင့်။ နေလျှင် သူသည် သင့် ကိုငြီးငွေ့ ၍ မုန်း လိမ့်မည်။
18 Kladivo a meč a střela ostrá jest každý, kdož mluví falešné svědectví proti bližnímu svému.
၁၈အိမ်နီးချင်း တဘက် ၌ မ မှန်သောသက်သေ ကို ခံ သောသူ သည် ဒုတ် ၊ ထား ၊ သံချွန် နှင့်တူ၏။
19 Zub vylomený a noha vytknutá jest doufání v převráceném v den úzkosti.
၁၉အမှု ရောက်သောကာလ ၌ သစ္စာ ပျက်တတ်သောသူကို ယုံ လျှင် သွား ကျိုး ခြင်း၊ ခြေ ဆစ်ပြုတ် ခြင်းကို ခံရ၏။
20 Jako ten, kdož svláčí oděv v čas zimy, a ocet lije k sanitru, tak kdož zpívá písničky srdci smutnému.
၂၀စိတ် ညှိုးငယ် သောသူအား သီချင်း ဆို သောသူသည် ဆောင်း ကာလ ၌ အဝတ် ကို ချွတ် သောသူ၊ ယမ်း စိမ်းပေါ် မှာ ပုံးရည် ကို လောင်းသောသူနှင့်တူ၏။
21 Jestliže by lačněl ten, jenž tě nenávidí, nakrm jej chlebem, a žíznil-li by, napoj jej vodou.
၂၁သင် ၏ရန်သူ သည်မွတ်သိပ် လျှင် လုပ်ကျွေး လော့။ ရေငတ် လျှင် သောက်စရာဘို့ပေး လော့။
22 Nebo uhlí řeřavé shromáždíš na hlavu jeho, a Hospodin odplatí tobě.
၂၂ထိုသို့ ပြုလျှင် သူ ၏ခေါင်း ပေါ် ၌ မီးခဲ ကို ပုံ ထား ၍ ၊ ထာဝရဘုရား သည်လည်း၊ သင် ၌ ဆုချ တော်မူမည်။
23 Vítr půlnoční zplozuje déšť, a tvář hněvivá jazyk tajně utrhající.
၂၃မြောက် လေ သည် မိုဃ်း ရေကို ဆောင် တတ် သကဲ့သို့ ၊ ကုန်းတိုက် သောလျှာ သည် ဒေါသ မျက်နှာ ကို ဆောင်တတ်၏။
24 Lépe jest bydliti v koutě na střeše, nežli s ženou svárlivou v domě společném.
၂၄ရန်တွေ့ တတ်သောမိန်းမ နှင့် လူ များသော အိမ် ၌ နေသည်ထက် ၊ အိမ်မိုး ပေါ် ထောင့် ထဲမှာနေ သော် သာ၍ကောင်း ၏။
25 Voda studená duši ustalé jest novina dobrá z země daleké.
၂၅ဝေး သောပြည် မှ ရောက်လာသောဝမ်းမြောက် စရာ သိတင်း စကားသည် ရေငတ် သောသူ ၌ ချမ်းဧ သောရေ ကဲ့သို့ဖြစ်၏။
26 Studnice nohami zakalená a pramen zkažený jest spravedlivý z místa svého před bezbožným vystrčený.
၂၆ဖြောင့်မတ် သောသူသည် မ တရားသောသူရှေ့ တွင် မှားယွင်း လျှင် ၊ နောက် သောရေကန် ၊ ပုပ် သောစမ်းရေ တွင်းနှင့်တူ၏။
27 Jísti mnoho medu není dobře; tak zpytování slávy jejich není slavné.
၂၇ပျားရည် ကို စား ကြူး လျှင် မ ကောင်း သကဲ့သို့ ၊ ကိုယ် ဂုဏ် သရေကို ရှာ လျှင် ဂုဏ် အသရေမရှိ။
28 Město rozbořené beze zdi jest muž, kterýž nemá moci nad duchem svým.
၂၈ကိုယ် စိတ် ကို မ ချုပ်တည်း နိုင်သောသူ သည် မြို့ရိုး ပျိုပျက် ၍ ဟင်းလင်းရှိသောမြို့ နှင့်တူ၏။