< Filipským 1 >
1 Pavel a Timoteus, služebníci Ježíše Krista, všechněm svatým v Kristu Ježíši, kteříž jsou v městě Filippis, s biskupy a s jáhny:
၁ယေရှုခရစ်၏ ကျွန်ဖြစ်သောပေါလုနှင့် တိမောသေသည်၊ ဖိလိပ္ပိမြို့၌ရှိသော သင်းအုပ်တို့နှင့် သင်း ထောက်တို့မှစ၍ ယေရှုခရစ်၏ သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ၏။
2 Milost vám a pokoj od Boha Otce našeho a Pána Jezukrista.
၂သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။
3 Děkuji Bohu mému, když se koli na vás rozpomenu,
၃ငါသည်ဆုတောင်းပဌနာပြုသောအခါခါ၊
4 (Vždycky při každé modlitbě mé, s radostí za všecky za vás prosbu čině, )
၄ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကို အစဉ်ဆုတောင်းပဌနာပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါခါ၊
5 Z vašeho účastenství v evangelium, hned od prvního dne až posavad,
၅သင်တို့သည် ရှေ့ဦးစွာ သောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
6 Jist jsa tím, že ten, kterýž začal v vás dílo dobré, dokoná až do dne Ježíše Krista,
၆သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊ ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီး လျက်ပြုတော်မူမည်ဟု ငါသဘောကျ၏။
7 Jakož jest mi spravedlivé tak smysliti o všech vás proto, že vás v srdci mám i v vězení mém, a v obraňování i v utvrzování evangelium, vás, pravím, všecky účastníky milosti mně dané.
၇ရှိသမျှသောသင်တို့၏ အမှုအရာ၌ ဤသို့ငါယူအပ်၏။ အကြောင်းမူကား၊ ငါခံရသော ကျေးဇူးတော်ကို သင်တို့အပေါင်းသည် ဆက်ဆံကြသည်ဖြစ်၍၊ ငါသည် အကျဉ်းခံရသော်၎င်း၊ ဧဝံဂလိတရားဘက်၌ သက်သေခံ ၍ ထိုတရားကို တည်စေသော်၎င်း၊ သင်တို့ကို အောက်မေ့၏။
8 Svědek mi jest zajisté Bůh, kterak po všech po vás toužím v srdci Ježíše Krista.
၈ငါသည် သင်တို့အပေါင်းကို ယေရှုခရစ်၏ မေတ္တာကရုဏာနှင့် အဘယ်မျှလောက် လွမ်းသည်ဟု ဘုရားသခင်သည် ငါ့သက်သေဖြစ်တော်မူ၏။
9 A za to se modlím, aby láska vaše ještě více a více se rozhojňovala v známosti a ve všelikém smyslu,
၉ငါသည်အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှါ ဥာဏ်ပညာအမျိုးမျိုးရှိလျက်၊
10 K tomu, abyste zkušením rozeznati mohli užitečné věci od neužitečných, tak abyste byli upřímí a bez úrazu, až ke dni Kristovu,
၁၀မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်းကို၎င်း၊
11 Naplněni jsouce ovocem spravedlnosti, kteréž nesete skrze Jezukrista, k slávě a k chvále Boží.
၁၁ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။
12 Chciť pak, bratří, abyste věděli, že to pokušení, kteréž mne obklíčilo, k většímu prospěchu evangelium přišlo,
၁၂ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို မမြစ်တားသည်သာမက၊ ပြုစု ရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ၏။
13 Takže vězení mé pro Krista rozhlášeno jest po všem císařském dvoře, i jinde všudy.
၁၃ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့် ငါခံရသော ချည်နှောင်ခြင်းအမှုအရာသည်၊ နန်းတော်၌ အနှံ့ အပြားထင်ရှားသည်သာမက၊ ခပ်သိမ်းသောအရပ်၌ ထင်ရှား၏။
14 A mnozí z bratří v Pánu, spolehše na vězení mé, hojnější smělost mají bez strachu mluviti slovo Boží.
၁၄သခင်ဘုရား၌ ညီအစ်ကိုအများတို့သည် ငါခံရသော ချည်နှောင်ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ်၍ ကြောက်ရွံ့ခြင်း မရှိဘဲ၊ နှုတ်ကပတ်တရားတော် ကို သာ၍ ဟောပြောဝံ့ကြ၏။
15 Někteří zajisté jen z závisti a navzdoru, někteří pak také z oblíbení sobě toho Krista káží.
၁၅လူအချို့တို့သည် ငြူစူရန်တွေ့ချင်သောသဘောနှင့် ခရစ်တော်၏တရားကို ဟောပြောကြ၏။ အချို့တို့ သည် စေတနာစိတ်နှင့် ဟောပြောကြ၏။
16 Ti pak, kteříž navzdoru Krista zvěstují, ne v čistotě, domnívají se, že mi k vězení mému soužení přidadí;
၁၆ငါသည် ဧဝံဂေလိတရားကို ထောက်မဘို့ရာ ခန့်ထားသောသူဖြစ်ကြောင်းကို ဤသူတို့သည်သိ၍ ခရစ်တော်၏တရားကို မေတ္တာစိတ်နှင့် ဟောပြောကြ၏။
17 Kteří pak z lásky, ti vědí, že jsem k obraně evangelium postaven.
၁၇ထိုသူတို့သည် ကြည်ဖြူသောစိတ်မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ၍ ဆင်းရဲစေမည်ဟု အကြံရှိ၍၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ၏။
18 Ale což pak o to? Nýbrž jakýmkoli způsobem, buď v samé tvárnosti, buď v pravdě Kristus se zvěstuje, i z tohoť se raduji, a ještě radovati budu.
၁၈သို့ဖြစ်၍ အဘယ်သို့နည်း၊ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်း ကြောင့် ငါသည်ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။
19 Neboť vím, že mi to přijde k spasení skrze vaši modlitbu a pomoc Ducha Jezukristova,
၁၉အဘယ်သို့နည်းဟူမူကား၊ ငါသည်အလျှင်းရှက်ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှား တော်မူသကဲ့သို့၊
20 Podle pečlivého očekávání a naděje mé, že v ničemž nebudu zahanben, ale ve vší doufanlivé smělosti, jako i prve vždycky, tak i nyní veleben bude Kristus na těle mém, buďto skrze život, buďto skrze smrt.
၂၀ယခုပင်ထင်ရှားတော်မူမည်ဟု ငါမြော်လင့်အားကြီး၍ တောင့်တသည်နှင့်အညီ သင်တို့ဆုတောင်းသဖြင့်၎င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော်မစသဖြင့်၎င်း၊ ဤအကြောင်းအရာသည် ငါ့ကိုကယ်တင်သော အကြောင်းအရာဖြစ် မည်ဟု ငါသိ၏။
21 Mně zajisté Kristus i v životě i v smrti ziskem jest.
၂၁အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။
22 Jest-li mi pak prospěšněji živu býti v těle pro práci, tedy nevím, co bych vyvolil.
၂၂ဤကိုယ်ခန္ဓာ၌ ငါသည်အသက်ရှင်လျှင်၊ ငါပြုသောအမှု၏ အကျိုးကား ထိုသို့သောအကျိုးဖြစ်၏။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်ဟု ငါမသိ။
23 K obémuť se k tomu nakloňuji, žádost maje umříti, a býti s Kristem, což by mnohem lépe bylo,
၂၃ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော်နှင့်အတူ နေ ခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန် ထူးမြတ်သောအကျိုးဖြစ်၏။
24 Ale pozůstati ještě v těle potřebněji jest pro vás.
၂၄သို့သော်လည်း ကိုယ်ခန္ဓာ၌ နေရလျှင် သင်တို့၌ သာ၍ အကျိုးရှိလိမ့်မည်။
25 Načež spoléhaje, vím, že pobudu a s vámi se všemi spolu pozůstanu k vašemu prospěchu a k radosti víry,
၂၅ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ သင်တို့ရှိရာသို့ ငါတဖန်ရောက်လာသော အားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကိုအမှီပြု၍ ငါ့အတွက်ကြောင့် သာ၍ ဝါကြွားဝမ်းမြောက်ခြင်း ရှိစေခြင်းငှါ၊
26 Aby se vaše ze mne chlouba v Kristu Ježíši rozhojnila, skrze mou opět vám zase přítomnost.
၂၆သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွားဝမ်းမြောက်မည်အကြောင်း၊ ငါသည်ကိုယ်ခန္ဓာ၌နေ၍ သင်တို့ရှိသမျှနှင့် ပေါင်းဘော်ရမည်ဟု ငါသိ၏။
27 Toliko, jakž sluší na účastníky evangelium Kristova, se chovejte, abych, buďto přijda k vám a vida vás, buďto vzdálen jsa, slyšel o vás, že stojíte v jednom duchu, jednomyslně pracujíce u víře evangelium,
၂၇သင်တို့သည် ရန်သူများကြောင့် အလျှင်း မကြောက်ရွံ့မတုန်လှုပ်ဘဲ၊ တပါးတည်းသော စိတ်ဝိညာဉ်၌ တည်၍၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဘို့အလိုငှါ တညီတညွတ်တည်း ကြိုးစားအား ထုတ်ကြသည် အကြောင်းအရာကို၊ ငါရောက်လျှင် သင်တို့နှင့် မျက်မှောက်တွေ့သည်ဖြစ်စေ၊ ကွာလျက်နေသည် ဖြစ်စေ၊ ငါကြားသိရပါမည်အကြောင်း၊ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက် ဝတ်ကြီး ဝတ်ငယ်များကို ပြု၍သာနေကြလော့။
28 A v ničemž se nestrachujte protivníků, což jest jim jistým znamením zahynutí, vám pak spasení, a to od Boha.
၂၈ထိုသို့ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့ မတုန်လှုပ်သော အကြောင်းအရာသည်၊ သူတို့၌ ပျက်စီး ခြင်း၏ နိမိတ်လက္ခဏာဖြစ်၏။
29 Nebo vám jest to z milosti dáno pro Krista, abyste netoliko v něho věřili, ale také pro něj i trpěli,
၂၉အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း၊ ယခုလည်း ကြားသည်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ၊ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတပါး၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။
30 Týž boj majíce, jakýž jste při mně i viděli, i nyní o mně slyšíte.
၃၀