< Matouš 10 >
1 A svolav k sobě dvanácte učedlníků svých, dal jim moc nad duchy nečistými, aby je vymítali, a aby uzdravovali všelikou nemoc, i všeliký neduh.
၁သခင်ယေရှုသည်တစ်ကျိပ်နှစ်ပါးသောတပည့် တော်တို့ကိုအထံတော်သို့ခေါ်တော်မူပြီးနောက် ညစ်ညမ်းသောနတ်များကိုနှင်ထုတ်နိုင်ရန်နှင့် ရောဂါအမျိုးမျိုးကိုပျောက်ကင်းစေနိုင်ရန် တန်ခိုးအာဏာကိုပေးအပ်တော်မူ၏။-
2 Dvanácti pak apoštolů jména jsou tato: První Šimon, jenž slove Petr, a Ondřej bratr jeho, Jakub Zebedeův a Jan bratr jeho,
၂တမန်တော်တစ်ဆယ့်နှစ်ပါး၏နာမည်များကား ပေတရုခေါ်ရှိမုန်နှင့်သူ့ညီအန္ဒြေ၊-
3 Filip a Bartoloměj, Tomáš a Matouš, jenž byl celný, Jakub Alfeův a Lebbeus, přijmím Thaddeus,
၃ဇေဗေဒဲ၏သားနှစ်ယောက်ဖြစ်ကြသောယာကုပ် နှင့်ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံသူမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲ၊-
4 Šimon Kananitský a Jidáš Iškariotský, kterýž i zradil ho.
၄မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ကိုယ်တော်ကို သစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
5 Těch dvanácte poslal Ježíš, přikazuje jim, řka: Na cestu pohanů nechoďte, a do měst Samaritánských nevcházejte.
၅တမန်တော်တစ်ကျိပ်နှစ်ပါးတို့အားသခင်ယေရှု သည်အောက်ပါသြဝါဒများကိုပေး၍စေလွှတ် တော်မူ၏။ ``သင်တို့သည်လူမျိုးခြားများနေထိုင် ရာဒေသများနှင့်ရှမာရိမြို့များသို့မသွား ကြဘဲ၊-
6 Ale raději jděte k ovcem zahynulým z domu Izraelského.
၆သိုးပျောက်များဖြစ်သောဣသရေလအမျိုးသား တို့ထံသို့သွား၍၊-
7 Jdouce pak, kažte, řkouce: Že se přiblížilo království nebeské.
၇သူတို့အား `ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ' ဟုဟောပြောကြလော့။-
8 Nemocné uzdravujte, malomocné čisťte, mrtvé křeste, ďábelství vymítejte; darmo jste vzali, darmo dejte.
၈မကျန်းမာသူတို့ကိုကျန်းမာစေကြလော့။ သေသူ တို့အားပြန်၍ရှင်စေကြလော့။ အရေပြားရောဂါ သည်တို့ကိုသန့်စင်စေကြလော့။ နတ်မိစ္ဆာတို့ကိုနှင် ထုတ်ကြလော့။ သင်တို့သည်ကျေးဇူးတော်ကိုအခ မဲ့ခံစားရကြပြီဖြစ်၍ သူတစ်ပါးတို့အားအခ မယူဘဲပေးကမ်းကြလော့။-
9 Neshromažďujte zlata ani stříbra, ani peněz v opascích vašich mívejte,
၉ခါးပန်းတွင်ရွှေ၊ ငွေ၊ ပိုက်ဆံတို့ကိုမဆောင်ကြနှင့်။-
10 Ani mošny na cestě, ani dvou sukní, ani obuvi, ani hůlky; hodenť jest zajisté dělník pokrmu svého.
၁၀အလှူခံလွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့်တောင် ဝှေးတို့ကိုမယူကြနှင့်။ အဘယ်ကြောင့်ဆိုသော် လုပ်သားသည်ရိက္ခာကိုရထိုက်သောကြောင့်ဖြစ်၏။
11 A do kteréhožkoli města neb městečka vešli byste, vzeptejte se, kdo by v něm hodný byl, a tu pobuďte, až byste i vyšli odtud.
၁၁``မည်သည့်မြို့ရွာသို့မဆိုသင်တို့ဝင်သောအခါ သင်တို့အားကြိုဆိုလက်ခံမည့်သူကိုရှာကြလော့။ ထိုမြို့ရွာမှထွက်ခွာ၍မသွားမချင်းထိုသူ၏ ထံတွင်တည်းခိုကြလော့။-
12 A vcházejíce do domu, pozdravtež ho.
၁၂အိမ်သို့ဝင်သောအခါမင်္ဂလာရှိပါစေဟူ၍ နှုတ်ခွန်းဆက်ကြလော့။-
13 A jestližeť bude dům ten hodný, pokoj váš přijdiž naň; pakliť by nebyl hodný, pokoj váš navratiž se k vám.
၁၃ထိုအိမ်သူအိမ်သားတို့သည်ထိုက်တန်သူများဖြစ် လျှင် သင်တို့ပေးသည့်ကောင်းချီးမင်္ဂလာသည်သူတို့ အပေါ်သက်ရောက်လိမ့်မည်။ ထိုသို့ခံစားထိုက်သူ များမဟုတ်ပါမူသင်တို့၏ကောင်းချီးမင်္ဂလာသည် သင်တို့ထံသို့ပြန်လည်ရောက်ရှိလာလိမ့်မည်။-
14 A kdožkoli nepřijal by vás, a neuposlechl by řečí vašich, vyjdouce ven z domu neb z města toho, vyraztež prach z noh vašich.
၁၄သင်တို့ကိုလက်မခံလို၊ သင်တို့ဟောပြောသည့် တရားကိုလည်းမနာယူလိုသည့်အိမ်၊ သို့မဟုတ် မြို့မှထွက်ခွာခဲ့ကြလော့။ ထိုနောက်သင်တို့ခြေ ဖဝါးမှမြေမှုန့်ကိုခါချခဲ့ကြလော့။-
15 Amen pravím vám: Lehčeji bude zemi Sodomských a Gomorských v den soudný nežli městu tomu.
၁၅အမှန်အကန်သင်တို့အားငါဆိုသည်ကား တရားစီရင်တော်မူရာနေ့၌ထိုမြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ထက်ပို၍ အပြစ်ဒဏ်ခံရလိမ့်မည်။
16 Aj, já posílám vás jako ovce mezi vlky; protož buďte opatrní jako hadové, a sprostní jako holubice.
၁၆``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
17 Vystříhejtež se pak lidí; nebť vás vydávati budou do sněmů, a v školách svých budou vás bičovati.
၁၇သတိနှင့်နေကြလော့။ လူတို့သည်သင်တို့အား တရားခုံရုံးသို့ပို့အပ်ကြလိမ့်မည်။ တရား ဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။-
18 Ano i před vladaře i před krále vedeni budete pro mne, na svědectví jim, i těm národům.
၁၈သင်တို့သည်ငါ့အတွက်ကြောင့်အာဏာပိုင်များ နှင့်ရှင်ဘုရင်များရှေ့မှောက်သို့ရောက်ရကြလိမ့် မည်။ သို့ဖြစ်၍ထိုသူတို့အားလည်းကောင်း၊ လူမျိုး တကာတို့အားလည်းကောင်းငါ၏အကြောင်း သတင်းကောင်းကိုကြေညာခွင့်ရလိမ့်မည်။-
19 Kdyžť pak vás vydadí, nebuďtež pečliví, kterak aneb co byste mluvili; dánoť bude zajisté vám v tu hodinu, co budete míti mluviti.
၁၉ထိုသူတို့လက်သို့အအပ်ခံရသောအခါမည်သို့ ပြောဆိုရမည်၊ မည်သည့်စကားကိုပြောရမည်ကို ကြိုတင်၍မစိုးရိမ်ကြနှင့်။-
20 Nebo ne vy jste, jenž mluvíte, ale duch Otce vašeho, jenž mluví v vás.
၂၀သင်တို့ပြောဆိုရမည့်စကားများကိုထိုအချိန်၌ ပင်သင်တို့ရရှိကြလိမ့်မည်။ ယင်းစကားများသည် သင်တို့၏စကားများမဟုတ်။ သင်တို့အဖဘုရား ၏ဝိညာဉ်တော်ကသင်တို့အားဖြင့်မိန့်တော်မူသော စကားများဖြစ်လိမ့်မည်။
21 Vydáť pak bratr bratra na smrt, i otec syna, a povstanouť dítky proti rodičům, a zmordují je.
၂၁``ညီအစ်ကိုချင်းတစ်ယောက်ကိုတစ်ယောက်သေစေ ရန်အပ်ကြလိမ့်မည်။ မိဘတို့သည်သားသမီးများ သေစေရန်အပ်ကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘများကိုတော်လှန်၍သတ်ဖြတ်စေကြလိမ့်မည်။-
22 A budete v nenávisti všechněm pro jméno mé, ale kdož setrvá až do konce, tenť spasen bude.
၂၂သင်တို့သည်ငါ၏အတွက်ကြောင့်အမုန်းခံရကြ လိမ့်မည်။ သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည် သူကိုကယ်တင်တော်မူလိမ့်မည်။-
23 Když se pak vám budou protiviti v tom městě, utecte do jiného. Amen zajisté pravím vám, nezchodíte měst Izraelských, ažť přijde Syn člověka.
၂၃သင်တို့ကိုမြို့တစ်မြို့ကညှဉ်းဆဲနှိပ်စက်လျှင် အခြားတစ်မြို့သို့ထွက်ပြေးကြလော့။ အမှန် အကန်သင်တို့အားငါဆိုသည်ကား သင်တို့ သည်ဣသရေလမြို့ရှိသမျှတို့တွင်လုပ်ဆောင် စရာမပြီးစီးမီလူသားသည်ကြွလာတော် မူလတ္တံ့။
24 Neníť učedlník nad mistra, ani služebník nad pána svého.
၂၄``တပည့်သည်ဆရာထက်မသာ။ ကျွန်သည်လည်း သခင်ထက်မသာ။-
25 Dostiť jest učedlníku, aby byl jako mistr jeho, a služebník jako pán jeho. Poněvadž jsou hospodáře Belzebubem nazývali, čím pak více domácí jeho?
၂၅ထို့ကြောင့်တပည့်သည်ဆရာကဲ့သို့လည်းကောင်း၊ ကျွန်သည်သခင်ကဲ့သို့လည်းကောင်းဖြစ်လျှင်ကျေ နပ်လောက်ပေပြီ။ အိမ်ထောင်ဦးစီးကိုဗေလဇေ ဗုလဟုခေါ်ဝေါ်ကြပါလျှင်အိမ်သူအိမ်သား တို့ကိုသာ၍ဆိုးရွားသောနာမည်များဖြင့်ခေါ် ဝေါ်ကြလိမ့်မည်။
26 Protož nebojte se jich; nebť není nic skrytého, což by nemělo býti zjeveno, ani co tajného, ješto by nemělo zvědíno býti.
၂၆``သို့ဖြစ်၍လူတို့ကိုမကြောက်ကြနှင့်။ ဖုံးအုပ်ထား သည့်အရာဟူသမျှသည်ထင်ပေါ်လာရလိမ့်မည်။ လျှို့ဝှက်မှုဟူသမျှသည်လည်းပေါ်လွင်၍လာရ လိမ့်မည်။-
27 Což vám pravím ve tmách, pravte na světle, a co v uši slyšíte, hlásejte na domích.
၂၇အမှောင်တွင်သင်တို့အားငါပြောသောစကား ကိုအလင်းတွင်ပြောကြားကြလော့။ တီးတိုး ကြားရသည့်စကားကိုအိမ်မိုးထက်မှကြွေး ကြော်ကြလော့။-
28 A nebojte se těch, kteříž zabíjejí tělo, ale duše nemohou zabíti; než bojte se raději toho, kterýž může i duši i tělo zatratiti v pekelném ohni. (Geenna )
၂၈ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။- (Geenna )
29 Zdaliž neprodávají dvou vrabců za malý peníz? a jeden z nich nepadá na zem bez vůle Otce vašeho.
၂၉စာကလေးနှစ်ကောင်ကိုအဿရိတစ်ပြားဖြင့်ဝယ် နိုင်သည်မဟုတ်လော။ သို့ရာတွင်ထိုစာကလေး တစ်ကောင်မျှသင်တို့အဖအခွင့်မပြုဘဲမသေ မပျောက်ရ။-
30 Vaši pak i vlasové na hlavě všickni sečteni jsou.
၃၀သင်တို့ဦးခေါင်းကဆံပင်များကိုပင်လျှင် အကုန်အစင်ရေတွက်ထားတော်မူ၏။-
31 Protož nebojte se, mnohých vrabců dražší jste vy.
၃၁သို့ဖြစ်၍မကြောက်ကြနှင့်။ သင်တို့သည်စာ ကလေးအမြောက်အမြားထက်လွန်စွာပို၍ အဖိုးထိုက်ကြ၏။
32 Kdožkoli tedy vyzná mne před lidmi, vyznámť i já jej před Otcem svým, jenž jest v nebesích.
၃၂``သို့ဖြစ်၍ငါ့ကိုအရှင်သခင်အဖြစ်လူတို့ ရှေ့တွင်ထုတ်ဖော်ဝန်ခံသူကိုငါ၏တပည့်အဖြစ် ဖြင့် ကောင်းကင်ဘုံရှင်ငါ့အဖ၏ရှေ့တော်တွင်ငါ ထုတ်ဖော်ဝန်ခံမည်။-
33 Ale kdož by mne zapřel před lidmi, zapřímť ho i já před Otcem svým, kterýž jest v nebesích.
၃၃သို့ရာတွင်ငါ့ကိုလူတို့ရှေ့တွင်ပစ်ပယ်သူကို ကောင်းကင်ဘုံရှင်ငါ့အဖ၏ရှေ့တော်တွင်ငါ ပစ်ပယ်မည်။
34 Nedomnívejte se, že bych přišel pokoj dáti na zemi. Nepřišelť jsem, abych pokoj uvedl, ale meč.
၃၄``ဤလောကကိုငြိမ်းချမ်းသာယာမှုပေးရန်ငါ လာသည်ဟုမထင်ကြနှင့်။ ငါသည်ငြိမ်းချမ်း သာယာမှုပေးရန်လာသည်မဟုတ်။ ခိုက်ရန်ဖြစ် ပွားကြစေရန်သာငါလာ၏။-
35 Přišelť jsem zajisté, abych rozdělil člověka proti otci jeho, a dceru proti mateři její, a nevěstu proti svegruši její.
၃၅သားနှင့်အဖ၊ သမီးနှင့်အမိ၊ ချွေးမနှင့်ယောက္ခမ တို့ရန်ဖက်ဖြစ်စေရန်ငါလာသတည်း။-
36 A nepřátelé člověka budou domácí jeho.
၃၆လူတစ်ဦးတစ်ယောက်၏အဆိုးဆုံးရန်သူများ ကား သူ၏အိမ်သူအိမ်သားများပင်ဖြစ်လိမ့်မည်။-
37 Kdo miluje otce neb matku více nežli mne, neníť mne hoden; a kdož miluje syna nebo dceru více nežli mne, neníť mne hoden.
၃၇မိဘကိုငါ့ထက်ပို၍ချစ်သူသည်ငါ၏တပည့် မဖြစ်ထိုက်၊ သားသမီးကိုငါ့ထက်ပို၍ချစ်သူ သည်ငါ၏တပည့်မဖြစ်ထိုက်။-
38 A kdož nebéře kříže svého a nenásleduje mne, neníť mne hoden.
၃၈ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်ကို မလိုက်သောသူသည်ငါ၏တပည့်မဖြစ်ထိုက်။-
39 Kdož nalezne duši svou, ztratíť ji; a kdo by ztratil duši svou pro mne, nalezneť ji.
၃၉မိမိအသက်လုံခြုံမှုရရှိရန်ကြိုးပမ်းသူ သည်အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် အသက်ဆုံးရှုံးသူသည်မိမိအသက်လုံခြုံ မှုရရှိလိမ့်မည်။
40 Kdož vás přijímá, mneť přijímá; a kdo mne přijímá, přijímáť toho, kterýž mne poslal.
၄၀``သင်တို့ကိုလက်ခံသောသူသည်ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်ငါ့ကိုစေလွှတ်တော်မူ သောအရှင်ကိုလက်ခံ၏။-
41 Kdo přijímá proroka ve jménu proroka, odplatu proroka vezme; a kdož přijímá spravedlivého ve jménu spravedlivého, odplatu spravedlivého vezme.
၄၁ဘုရားသခင်၏စေတမန်ဖြစ်ခြင်းကိုထောက်၍ ဘုရားသခင်၏စေတမန်အားလက်ခံသူသည် ထိုစေတမန်ခံစားရသောအကျိုးကိုခံစားရ လိမ့်မည်။ သူတော်ကောင်းဖြစ်ခြင်းကိုထောက်၍ သူတော်ကောင်းကိုလက်ခံသူသည် သူတော်ကောင်း ခံစားရသောအကျိုးကိုခံစားရလိမ့်မည်။-
42 A kdož by koli dal jednomu z těchto nejmenších číši vody studené k nápoji, toliko ve jménu učedlníka, zajisté pravím vám, neztratíť odplaty své.
၄၂အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏တပည့်များအနက်အသိမ်ငယ်ဆုံးသူ တစ်စုံတစ်ယောက်အား ငါ၏မျက်နှာကိုထောက် ၍သောက်ရေတစ်ခွက်ကိုပေးသောသူသည်အကျိုး ကိုမခံစားဘဲမနေရ။''