< Lukáš 4 >
1 Ježíš pak, pln jsa Ducha svatého, vrátil se od Jordánu, a puzen jest v Duchu na poušť.
၁သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက်ယော်ဒန်မြစ်မှပြန်လာတော်မူစဉ် ဝိညာဉ်တော်သည်ကိုယ်တော်ကိုတောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။ ထိုအရပ်တွင်အရက် လေးဆယ်ပတ်လုံးမာရ်နတ်၏စုံစမ်းသွေးဆောင် ခြင်းကိုခံတော်မူ၏။-
2 A za čtyřidceti dní pokoušín byl od ďábla, a nic nejedl v těch dnech. A když se skonali dnové ti, potom zlačněl.
၂ထိုနေ့ရက်များအတွင်းမည်သည့်အစားအစာ ကိုမျှသုံးဆောင်တော်မမူ။ ထိုနေ့ရက်များ ကုန်လွန်သွားသောအခါကိုယ်တော်သည် မွတ်သိပ်တော်မူ၏။
3 I řekl jemu ďábel: Jestliže jsi Syn Boží, rci kamenu tomuto, ať jest chléb.
၃ထိုအခါမာရ်နတ်က ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်ပါလျှင်ဤကျောက်ခဲကိုမုန့် ဖြစ်စေရန်အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
4 I odpověděl jemu Ježíš: Psánoť jest: Že ne samým chlebem živ bude člověk, ale každým slovem Božím.
၄သခင်ယေရှုက ``လူသည်အစားအစာအားဖြင့် သာအသက်ရှင်ရမည်မဟုတ်ဟုကျမ်းစာတော် တွင်ပါရှိ၏'' ဟုပြန်လည်မိန့်ကြားတော်မူ၏။
5 I vedl jej ďábel na horu vysokou, a ukázal mu všecka království okršlku země pojednou.
၅ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုတောင်ထိပ် ပေါ်သို့ခေါ်ဆောင်သွားပြီးနောက်လောကနိုင်ငံ ရှိသမျှကိုတစ်ခဏချင်းတွင်ညွှန်ပြလျက်၊-
6 A řekl jemu ďábel: Toběť dám tuto všecku moc i slávu těchto království, nebo mně dána jest, a komuž bych koli chtěl, dám ji.
၆``ဤတန်ခိုးအာဏာဘုန်းစည်းစိမ်ရှိသမျှ တို့ကိုကိုယ်တော်အားငါပေးပါအံ့။ ဤအရာ များကိုငါ့လက်ဝယ်အပ်နှင်းထားပြီးဖြစ် သဖြင့်ငါပေးလိုသူအားပေးနိုင်၏။-
7 Protož ty pokloníš-li se přede mnou, budeť všecko tvé.
၇သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားဦးညွှတ် ရှိခိုးလျှင် ဤတန်ခိုးအာဏာအလုံးစုံတို့ ကိုကိုယ်တော်အားပေးမည်'' ဟုလျှောက်၏။
8 I odpověděv Ježíš, řekl jemu: Jdi pryč ode mne, satanáši; neboť psáno jest: Pánu Bohu svému budeš se klaněti a jemu samému sloužiti.
၈သခင်ယေရှုက ``သင်၏ဘုရားသခင်ထာဝရ ဘုရားကိုသာလျှင် ဦးညွှတ်ရှိခိုးရမည်ဟု ကျမ်းစာတော်တွင်ဖော်ပြပါရှိ၏'' ဟုပြန် လည်မိန့်တော်မူ၏။
9 Tedy vedl jej do Jeruzaléma, a postavil ho na vrchu chrámu, a řekl mu: Jsi-li Syn Boží, pusť se odtud dolů.
၉မာရ်နတ်သည်သခင်ယေရှုကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်၍သွားပြီးလျှင် ဗိမာန်တော်ထိပ်ဖျားတွင် နေစေပြီးလျှင် ``ကိုယ်တော်သည်ဘုရားသခင်၏ သားတော်ဖြစ်လျှင်ဤနေရာမှအောက်သို့ခုန်ချ ပါလော့။-
10 Nebo psáno jest: Že andělům svým přikáže o tobě, aby tě ostříhali,
၁၀ကျမ်းစာတော်တွင် `သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည်ကောင်းကင်တမန်များအား အမိန့်ပေးတော်မူမည်' ဟူ၍လည်းကောင်း၊-
11 A že tě na ruce uchopí, abys neurazil o kámen nohy své.
၁၁`သင်၏ခြေသည်ကျောက်နှင့်မထိခိုက်စေခြင်း ငှာ ကောင်းကင်တမန်တို့သည်လက်ဖြင့်သင့်ကို ပွေ့ချီကြလိမ့်မည်' ဟူ၍လည်းကောင်းပါရှိ၏'' ဟုလျှောက်၏။
12 A odpovídaje, dí mu Ježíš: Povědínoť jest: Nebudeš pokoušeti Pána Boha svého.
၁၂သခင်ယေရှုက ``သင်သည်ဘုရားသခင်ထာဝရ ဘုရားအားစစ်ဆေးစမ်းသပ်မှုမပြုရဟု ကျမ်းစာလာ၏'' ဟုပြန်လည်ဖြေကြားတော် မူ၏။
13 A dokonav všecka pokušení ďábel, odšel od něho až do času.
၁၃မာရ်နတ်သည်ဤသို့စုံစမ်းသွေးဆောင်မှုအလုံးစုံ ကိုပြုပြီးသောအခါ ကိုယ်တော်၏ထံတော်မှ ထွက်ခွာ၍အခါအခွင့်ကောင်းကိုစောင့်နေ၏။
14 I navrátil se Ježíš v moci Ducha do Galilee, a vyšla pověst o něm po vší té okolní krajině.
၁၄သခင်ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးနှင့်ပြည့်ဝလျက်ဂါလိလဲပြည်သို့ပြန် လာတော်မူ၏။ သတင်းတော်သည်ထိုဒေသ တစ်လျှောက်လုံးတွင်ပျံ့နှံ့သွား၏။-
15 A on učil v školách jejich, a slaven byl ode všech.
၁၅ကိုယ်တော်သည်တရားဇရပ်များမှာဟောပြော သွန်သင်တော်မူရာလူအပေါင်းတို့သည်ကိုယ် တော်ကိုချီးမွမ်းကြ၏။
16 I přišel do Nazaréta, kdež byl vychován, a všel podle obyčeje svého v den sobotní do školy. I vstal, aby četl.
၁၆ကိုယ်တော်သည်နာဇရက်မြို့သို့ကြွတော်မူ၏။ နာဇရက်မြို့ကားကိုယ်တော်ကြီးပြင်းရာမြို့ ဖြစ်၏။ ဥပုသ်နေ့၌ကိုယ်တော်သည်အလေ့တော် ရှိသည်အတိုင်းတရားဇရပ်သို့ဝင်တော်မူ၏။ ကျမ်းစာကိုဖတ်ရန်ထတော်မူလျှင်၊-
17 I dána jemu kniha Izaiáše proroka. A otevřev knihu, nalezl místo, kdež bylo napsáno:
၁၇တရားဇရပ်မှူးသည်ပရောဖက်ဟေရှာယကျမ်း ကိုကိုယ်တော်အားလှမ်း၍ပေး၏။ ကိုယ်တော်သည် ကျမ်းစာလိပ်ကိုဖွင့်၍၊
18 Duch Páně nade mnou, protože pomazal mne, kázati evangelium chudým poslal mne, a uzdravovati zkroušené srdcem, zvěstovati jatým propuštění a slepým vidění, a propustiti soužené v svobodu,
၁၈``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
19 A zvěstovati léto Páně vzácné.
၁၉ထာဝရဘုရားသည်မိမိလူစုတော်အား ကယ်တင်ရာကာလရောက်လာပြီ ဖြစ်ကြောင်းကိုလည်းကောင်း ကြေညာရန်ငါ့ကိုစေလွှတ်တော်မူ၏'' ဟူသောကျမ်းပိုဒ်ကိုဖတ်တော်မူ၏။
20 A zavřev knihu a vrátiv služebníku, posadil se. A všech v škole oči byly obráceny naň.
၂၀ထိုနောက်ကျမ်းစာတော်ကိုလိပ်၍ဇရပ်မှူးအား ပြန်ပေးပြီးနောက်ထိုင်တော်မူ၏။ တရားဇရပ် ထဲမှာရှိသောလူအပေါင်းတို့သည်ကိုယ်တော် အားစိုက်ကြည့်နေကြ၏။-
21 I počal mluviti k nim: Že dnes naplnilo se písmo toto v uších vašich.
၂၁ကိုယ်တော်က ``ဤကျမ်းစာပါအမှုအရာများ သည်သင်တို့ကြားနာရသည့်အတိုင်းယနေ့ အကောင်အထည်ပေါ်ပြီ'' ဟုမိန့်တော်မူ၏။
22 A všickni jemu posvědčovali, a divili se libým slovům, pocházejícím z úst jeho, a pravili: Zdaliž tento není syn Jozefův?
၂၂လူအပေါင်းတို့ကကိုယ်တော်၏အကြောင်းကို ချီးကူးပြောဆိုကြ၏။ နှုတ်တော်ထွက်စကား များကိုအံ့သြလျက် ``ဤသူသည်ယောသပ် ၏သားမဟုတ်လော'' ဟုဆိုကြ၏။
23 I dí k nim: Zajisté díte mi toto podobenství: Lékaři, uzdrav se sám. Které věci slyšeli jsme, žes činil v Kafarnaum, učiň také i zde v své vlasti.
၂၃ကိုယ်တော်က ``သင်တို့သည် `အချင်းဆရာဝန်၊ သင့်ရောဂါကိုသင်ပျောက်အောင်ကုလော့' ဟူ သောဆိုရိုးစကားကိုအသုံးပြုကာငါ့ အားဆိုလိမ့်မည်။ ကပေရနောင်မြို့တွင်အရှင် ပြုခဲ့သည်ဟုအကျွန်ုပ်တို့ကြားသိရသည့် အမှုအရာများကို အရှင့်နေရင်းမြို့တွင် လည်းပြုတော်မူပါဟုငါ့အားမုချပြော ဆိုကြလိမ့်မည်။-
24 I řekl jim: Amen pravím vám, žeť žádný prorok není vzácen v vlasti své.
၂၄အမှန်အကန်သင်တို့အားငါဆိုသည်ကား အဘယ်ပရောဖက်မျှမိမိနေရင်းမြို့တွင် မျက်နှာမရတတ်။-
25 Ale v pravdě pravím vám, že mnoho vdov bylo za dnů Eliáše v lidu Izraelském, kdyžto zavříno bylo nebe za tři léta a za šest měsíců, takže byl hlad veliký po vší zemi,
၂၅ဧလိယလက်ထက်၌ဣသရေလနိုင်ငံတွင် သုံး နှစ်နှင့်ခြောက်လပတ်လုံးမိုးခေါင်၍အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ခဲ့၏။-
26 Však Eliáš k nižádné z nich není poslán, než toliko do Sarepty Sidonské k ženě vdově.
၂၆ဣသရေလအမျိုးဖြစ်သောမုဆိုးမအများရှိ သော်လည်း မည်သူ့ထံသို့မျှဘုရားသခင်သည် ပရောဖက်ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုံ ပြည်၊ ဇရတ္တမြို့သူမုဆိုးမထံသို့သာလျှင်စေ လွှတ်တော်မူ၏။-
27 A mnoho malomocných bylo v lidu Izraelském za Elizea proroka, a žádný z nich není očištěn, než Náman Syrský.
၂၇ပရောဖက်ဧလိရှဲလက်ထက်၌လည်းဣသရေလ အမျိုးသားတို့တွင် အရေဖျားရောဂါသည် အများရှိသော်လည်းမည်သူမျှသန့်စင်ခွင့် မရ။ ရှုရိပြည်သားနေမန်သာလျှင်ရ၏'' ဟုမိန့်တော်မူ၏။
28 I naplněni jsou všickni v škole hněvem, slyšíce to.
၂၈တရားဇရပ်ရှိလူအပေါင်းတို့သည်ထိုစကား ကိုကြားသောအခါပြင်းစွာအမျက်ထွက်ကြ၏။-
29 A povstavše, vyvedli jej ven z města, a vedli ho až na vrch hory, na nížto město jejich bylo vzděláno, aby jej dolů sstrčili.
၂၉ထိုနောက်ကိုယ်တော်အားတောင်ကမ်းပါးမှတွန်းချ အံ့သောငှာမြို့တည်ရာတောင်ထိပ်စွန်းသို့ခေါ် ဆောင်သွားကြ၏။-
30 Ale on bera se prostředkem jich, ušel.
၃၀သို့ရာတွင်ကိုယ်တော်သည်လူပရိသတ်အလယ် မှလျှောက်၍ကြွသွားတော်မူ၏။
31 I sstoupil do Kafarnaum, města Galilejského, a tu učil je ve dny sobotní.
၃၁ကိုယ်တော်သည်ဂါလိလဲပြည်၊ ကပေရနောင်မြို့ သို့ရောက်တော်မူ၏။ ဥပုသ်နေ့၌တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူ၏။-
32 I divili se velmi učení jeho, nebo mocná byla řeč jeho.
၃၂ကိုယ်တော်၏သွန်သင်ချက်တွင်တန်ခိုးအာဏာ ပါသဖြင့်လူတို့သည်အံ့သြကြ၏။-
33 Byl pak tu v škole člověk jeden, mající ducha ďábelství nečistého. I zvolal hlasem velikým,
၃၃တရားဇရပ်ထဲတွင်ညစ်ညမ်းသောနတ်ပူးဝင် နေသူတစ်ယောက်ရှိ၏။-
34 Řka: Ach, což jest tobě do nás, Ježíši Nazaretský? Přišel jsi zatratiti nás? Znám tě, kdo jsi, že jsi ten svatý Boží.
၃၄ညစ်ညမ်းသောနတ်က ``နာဇရက်မြို့သားယေရှု၊ အရှင်သည်အကျွန်ုပ်တို့နှင့်အဘယ်သို့သက်ဆိုင် တော်မူပါသနည်း။ အကျွန်ုပ်တို့အားသေကြေ ပျက်စီးစေရန်ကြွလာတော်မူပါသလော။ အရှင် သည်မည်သူဖြစ်သည်ကိုအကျွန်ုပ်သိပါ၏။ အရှင် ကားဘုရားသခင်ထံမှကြွလာတော်မူသော သန့်ရှင်းမြင့်မြတ်သူဖြစ်ပါသည်'' ဟုကျယ်စွာ ဟစ်အော်၏။
35 I přimluvil jemu Ježíš, řka: Umlkniž a vyjdi od něho. A povrha jej ďábel mezi ně, vyšel od něho, a nic mu neuškodil.
၃၅သခင်ယေရှုက ``တိတ်တိတ်နေလော့။ သူ့အထဲမှ ထွက်ခဲ့လော့'' ဟုမိန့်တော်မူ၏။ နတ်မိစ္ဆာသည်ထို သူကိုလူအများရှေ့မှာလှဲချလိုက်၏။ ထိုနောက် ဘေးအန္တရာယ်မပြုဘဲသူ့အထဲမှထွက်သွား၏။
36 I přišel strach na všecky, a rozmlouvali vespolek, řkouce: Jaké jest toto slovo, že v moci a síle přikazuje nečistým duchům, a vycházejí?
၃၆လူအပေါင်းတို့သည်အံ့သြလျက် ``ဤသူ၏ အမိန့်စကားကားအဘယ်သို့နည်း။ သူသည် ညစ်ညမ်းသောနတ်များအားထွက်သွားရန် တန်ခိုးအာဏာဖြင့်အမိန့်ပေး၍ သူတို့သည် ထွက်သွားကြပါသည်တကား'' ဟုအချင်း ချင်းပြောဆိုကြ၏။-
37 I rozcházela se o něm pověst po všem okolí té krajiny.
၃၇ကိုယ်တော်၏သတင်းတော်သည်ပတ်ဝန်းကျင် ဒေသတွင်ပျံ့နှံ့သွားတော့၏။
38 Vstav pak Ježíš ze školy, všel do domu Šimonova. Svegruše pak Šimonova trápena byla těžkou zimnicí. I prosili ho za ni.
၃၈ကိုယ်တော်သည်တရားဇရပ်မှထွက်ခွာ၍ရှိမုန် ၏အိမ်သို့ဝင်တော်မူ၏။ ရှိမုန်၏ယောက္ခမဖြစ်သူ သည်ပြင်းစွာဖျားနေ၏။-
39 Tedy stoje nad ní, přimluvil zimnici, i přestala jí. A ona hned vstavši, posluhovala jim.
၃၉သို့ဖြစ်၍တပည့်တော်တို့သည်ထိုအကြောင်း ကိုကိုယ်တော်အားလျှောက်ထားကြ၏။ ကိုယ်တော် သည်ထိုအမျိုးသမီးကြီး၏အနားတွင်ရပ် လျက် ``အဖျားပျောက်စေ'' ဟုအမိန့်ပေးတော် မူ၏။ အမျိုးသမီးကြီးသည်အဖျားပျောက် သဖြင့် ချက်ချင်းထ၍ကိုယ်တော်နှင့်တပည့် တော်တို့အားဧည့်သည်ဝတ်ကိုပြုလေ၏။
40 Při západu pak slunce všickni, kteříž měli nemocné rozličnými neduhy, vodili je k němu, a on na jednoho každého z nich ruce vzkládav, uzdravoval je.
၄၀နေဝင်ချိန်၌ရောဂါအမျိုးမျိုးစွဲကပ်သူ အပေါင်းတို့ကိုအထံတော်သို့ခေါ်ဆောင်ခဲ့ ကြ၏။ ကိုယ်တော်သည်ထိုလူနာအသီးသီး တို့အပေါ်မှာ လက်တော်ကိုတင်၍သူတို့၏ ရောဂါများကိုပျောက်ကင်းစေတော်မူ၏။-
41 Od mnohých také ďábelství vycházela, křičící a říkající: Ty jsi Kristus, Syn Boží. Ale on přimlouvaje, nedopouštěl jim mluviti; nebo věděli, že jest on Kristus.
၄၁နတ်မိစ္ဆာများသည် ``အရှင်သည်ဘုရားသခင် ၏သားတော်ဖြစ်၏'' ဟုဟစ်အော်လျက်မိမိတို့ ပူးဝင်နေသူများထံမှထွက်ခွာသွားကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာများထိုသို့ဟစ်အော် သည်ကိုဟန့်တားတော်မူပြီးလျှင် သူတို့အား စကားပြောခွင့်ပေးတော်မမူ။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ကိုယ်တော်မေရှိယဖြစ် ကြောင်းကိုသိကြသောကြောင့်ဖြစ်သည်။
42 A jakž byl den, vyšed, bral se na pusté místo. I hledali ho zástupové, a přišli až k němu, a zdržovali ho, aby neodcházel od nich.
၄၂မိုးလင်းသောအခါကပေရနောင်မြို့မှထွက်ခွာ ၍ဆိတ်ငြိမ်ရာအရပ်သို့ကြွတော်မူ၏။ လူတို့သည် ကိုယ်တော်ကိုရှာကြ၏။ ရှာ၍တွေ့သောအခါမိမိ တို့ထံမှထွက်ခွာသွားတော်မမူစေရန်ကြိုးစား ကြ၏။-
43 On pak řekl jim: I jinýmť městům musím zvěstovati království Boží; nebo na to poslán jsem.
၄၃သို့ရာတွင်ကိုယ်တော်က ``ငါသည်အခြားမြို့ များတွင်လည်းဘုရားသခင်၏နိုင်ငံတော် အကြောင်းသတင်းကောင်းကိုဟောပြောကြေညာ ရမည်။ ထိုသို့ဟောပြောကြေညာရန်အတွက်ငါ့ ကိုဘုရားသခင်စေလွှတ်တော်မူသည်'' ဟု မိန့်တော်မူ၏။
44 I kázal v školách Galilejských.
၄၄သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တရား ဇရပ်များတွင်ဟောတော်မူ၏။