< Lukáš 17 >
1 Tedy řekl učedlníkům: Není možné, aby nepřišla pohoršení, ale běda tomu, skrze kohož přicházejí.
၁တပည့်တော်တို့အား တဖန်မိန့်တော်မူသည်ကား၊ မှားယွင်းစရာအကြောင်းရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။
2 Lépe by mu bylo, aby žernov osličí vložen byl na hrdlo jeho, a uvržen byl do moře, nežli by pohoršil jednoho z těchto maličkých.
၂ဤသူငယ်တစုံတယောက်ကို မှားယွင်းစေသည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ ပင်လယ် ၌ ချခြင်းကို ခံရလျှင် အနေသာ၍ကောင်း၏။
3 Šetřte se. Zhřešil-li by pak proti tobě bratr tvůj, potresci ho, a bude-liť toho želeti, odpusť mu.
၃သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သင်၏ ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကို ဆုံး မလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကိုလွှတ်လော့။
4 A byť pak sedmkrát za den zhřešil proti tobě, a sedmkrát za den obrátil se k tobě, řka: Žel mi toho, odpusť mu.
၄တနေ့ခြင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့် ၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကို လွှတ်လော့ဟု မိန့်တော်မူ၏။
5 I řekli apoštolé Pánu: Přispoř nám víry.
၅တမန်တော်တို့က၊ အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်း ပန်ကြလျှင်၊
6 I dí Pán: Kdybyste měli víru jako zrno horčičné, řekli byste této moruši: Vykořeň se a přesaď se do moře, a uposlechla by vás.
၆သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနှုတ်၍ ပင်လယ်၌စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့ စကားကို နားထောင်လိမ့်မည်။
7 Nebo kdo jest z vás, maje služebníka, ješto oře aneb pase dobytek, aby jemu, když by se s pole navrátil, hned řekl: Pojď a seď za stůl?
၇အစေအပါးသည် လယ်ထွန်သော်၎င်း၊ သိုး၊ နွားကျောင်းသော်၎င်း၊ လယ်ပြင်မှလာ၍ အိမ်သို့ဝင်သော အခါ၊ ထိုအစေအပါးကို၊ အသော့လာ၍ စားပွဲ၌ လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း။
8 Ale zdali raději nedí jemu: Připrav, ať povečeřím, a opáše se, služ mi, až se najím a napím, a potom i ty jez a pij?
၈ထိုအစေအပါးကို၊ ငါစားစရာဘို့ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကို လုပ်ကျွေး လော့။ ထိုနောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော။
9 Zdali děkuje služebníku tomu, že učinil to, což mu rozkázal? Nezdá mi se.
၉ထိုအစေအပါးသည် သခင်စီရင်သည်အတိုင်း ပြုသောကြောင့်၊ သခင်၌ ကျေးဇူးတင်သလော။ ကျေးဇူး မတင်။
10 Tak i vy, když učiníte všecko, což vám přikázáno, rcete: Služebníci neužiteční jsme. Což jsme povinni byli učiniti, učinili jsme.
၁၀ထိုနည်းတူမှာ ထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါးဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။
11 I stalo se, když se bral do Jeruzaléma, že šel skrze Samaří a Galilei.
၁၁ယေရုရှလင်မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည် နှင့်ဂါလိလဲပြည်စပ်ကြား၌ ရှောက်သွားတော်မူ၏။
12 A když vcházel do jednoho městečka, potkalo se s ním deset mužů malomocných, kteřížto stáli zdaleka.
၁၂ရွာတရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသော သူတကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်၊
13 A pozdvihše hlasu, řekli: Ježíši přikazateli, smiluj se nad námi.
၁၃သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။
14 Kteréžto on uzřev, řekl jim: Jdouce, ukažte se kněžím. I stalo se, když šli, že očištěni jsou.
၁၄ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့် တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။
15 Jeden pak z nich uzřev, že jest uzdraven, navrátil se s velikým hlasem, velebě Boha.
၁၅ထိုသူတို့တွင် တယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီး သော အသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။
16 A padl na tvář k nohám jeho, díky čině jemu. A ten byl Samaritán.
၁၆ခြေတော်ရင်း၌ ပြပ်ဝပ်၍ ကျေးဇူတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူဖြစ် သတည်း။
17 I odpověděv Ježíš, řekl: Zdaliž jich deset není očištěno? A kdež jest jich devět?
၁၇ယေရှုကလည်း၊ တကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက် သောသူတို့သည် အဘယ်မှာရှိကြသနည်း။
18 Nenalezli se k tomu, aby přijdouce, chválu Bohu vzdali, jediné cizozemec tento?
၁၈ဤတပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ ပြန်လာသောသူ တယောက် မျှ မရှိသလောဟု မေးတော်မူပြီးမှ၊
19 I řekl jemu: Vstana, jdi, víra tvá tě uzdravila.
၁၉သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော် မူ၏။
20 Otázán pak jsa od zákoníků, kdy přijde království Boží, odpověděl jim a řekl: Nepřijdeť království Boží patrně.
၂၀ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေး လျှောက်ကြလျှင်၊ ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်။
21 Aniž řeknou: Aj, tuto, aneb aj, tamto. Nebo aj, království Boží jestiť mezi vámi.
၂၁ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။
22 I řekl učedlníkům: Přijdou dnové, že budete žádati viděti jeden den Syna člověka, a neuzříte.
၂၂တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တရက်ကိုမျှ တွေ့ မြင်လို၍၊ မတွေ့မမြင်ရသောအချိန်ကာလ ရောက်လိမ့်မည်။
23 A dějíť vám: Aj, zde, hle, tamto. Nechoďte, ani následujte.
၂၃ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။
24 Nebo jakožto blesk blýskající se z jedné krajiny, kteráž pod nebem jest, až do druhé, kteráž též pod nebem jest, svítí, tak bude i Syn člověka ve dni svém.
၂၄ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။
25 Ale nejprve musí mnoho trpěti, a potupen býti od národu tohoto.
၂၅ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။
26 A jakož se dálo za dnů Noé, tak bude i za dnů Syna člověka.
၂၆နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။
27 Jedli, pili, ženili se, vdávaly se až do toho dne, v kterémžto Noé všel do korábu; i přišla potopa, a zahladila všecky.
၂၇နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။
28 A též podobně, jako se stalo ve dnech Lotových: Jedli, pili, kupovali, prodávali, štěpovali, stavěli.
၂၈ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ် ဆောက်လျက်နေသကဲ့သို့၎င်း၊
29 Ale dne toho, když vyšel Lot z Sodomy, pršel oheň s sirou s nebe, a zahladil všecky.
၂၉လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊
30 Takť nápodobně bude v ten den, když se Syn člověka zjeví.
၃၀လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။
31 V ten čas kdo by byl na střeše, a nádobí jeho v domu, nesstupuj, aby je pobral; a kdo na poli, též nevracuj se zase.
၃၁ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။
32 Pomněte na Lotovu ženu.
၃၂လောတ၏မယားကို အောက်မေ့ကြလော့။
33 Nebo kdož by koli hledal život svůj zachovati, ztratíť jej; a kdož by jej koli ztratil, obživíť jej.
၃၃အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါရှာကြံ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။
34 Pravímť vám: V tu noc budou dva na loži jednom; jeden bude vzat, a druhý opuštěn.
၃၄ငါဆိုသည်ကား၊ ထိုနေ့ညဉ့်တွင် အိပ်ရာတခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
35 Dvě budou mleti spolu; jedna bude vzata, a druhá opuštěna.
၃၅ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။
36 Dva budou na poli; jeden bude vzat, a druhý opuštěn.
၃၆လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင်၊
37 I odpověděvše, řekli jemu: Kde, Pane? On pak řekl jim: Kdežť bude tělo, tamť se shromáždí i orlice.
၃၇သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေ လင်းတတို့သည် စုဝေးကြလတံ့ဟု မိန့်တော်မူ၏။