< Sudcov 12 >
1 Shromáždili se pak muži Efraim, a přešedše k straně půlnoční, řekli k Jefte: Proč jsi vyšel k boji proti Ammonitským, a nepovolal jsi nás, abychom šli s tebou? Dům tvůj i tebe ohněm spálíme.
၁ဧဖရိမ်အမျိုးသားတို့သည်စစ်တိုက်ရန်ပြင် ဆင်ကြ၏။ သူတို့သည်ယော်ဒန်မြစ်ကိုဖြတ် ကျော်ကာဇာဖုန်မြို့သို့ချီသွားပြီးလျှင် ယေဖသအား``သင်တို့သည်ငါတို့ကိုမခေါ် ဘဲအဘယ်ကြောင့်အမ္မုန်အမျိုးသားတို့အား ချီတက်တိုက်ခိုက်ခဲ့ပါသနည်း။ သင်ရှိရာ သင်၏အိမ်ကိုငါတို့မီးရှို့ဖျက်ဆီးပစ်မည်'' ဟုပြော၏။
2 K nimž řekl Jefte: Nesnáz jsem měl já a lid můj s Ammonitskými velikou; tedy povolal jsem vás, ale nevysvobodili jste mne z ruky jejich.
၂သို့ရာတွင်ယေဖသက``ငါနှင့်ငါ၏လူတို့ သည်အမ္မုန်အမျိုးသားတို့နှင့်ပြင်းပြင်းထန် ထန်ခိုက်ရန်ဖြစ်ခဲ့ကြ၏။ ငါသည်သင်တို့ကို ခေါ်သော်လည်း ငါတို့အားထိုသူတို့လက်မှ သင်တို့မကယ်ဘဲနေခဲ့ကြသည်။-
3 Protož vida, že jste mne nevysvobodili, odvážil jsem se života svého, a táhl jsem proti Ammonitským, i dal je Hospodin v ruku mou. Ale proč jste dnes přišli ke mně? Zdali abyste bojovali proti mně?
၃ယင်းသို့ငါတို့အားသင်တို့ကယ်ကြမည့် ပုံမပေါ်သောအခါ ငါသည်အသက်စွန့်၍ အမ္မုန်အမျိုးသားတို့အားတိုက်ခိုက်ရန်ချီ သွားခဲ့ရပါသည်။ ထာဝရဘုရားကလည်း ငါ့အားသူတို့၏အပေါ်၌အောင်ပွဲခံစေ တော်မူ၏။ သို့ဖြစ်၍အဘယ်ကြောင့်သင် သည်ယခုငါ့အားလာရောက်တိုက်ခိုက် ပါသနည်း'' ဟုပြန်ပြော၏။-
4 Tedy shromáždil Jefte všecky muže Galádské, a bojoval s Efraimem. I porazili muži Galád Efraimské, nebo pravili poběhlci Efraimští: Vy Galádští jste u prostřed Efraima a u prostřed Manassesa.
၄ထိုနောက်ယေဖသသည်ဂိလဒ်သူရဲအပေါင်း တို့ကိုစုရုံးစေလျက် ဧဖရိမ်အမျိုးသား တို့အားတိုက်ခိုက်လေသည်။ (ဧဖရိမ်ပြည် နှင့်မနာရှေပြည်တွင်နေထိုင်သောဂိလဒ် ပြည်သားတို့သည် သစ္စာဖောက်၍ဧဖရိမ် ပြည်မှထွက်သွားသူများဟူ၍စွပ်စွဲ ပြောဆိုခဲ့သတည်း။-)
5 Odjali Galádští též i brody Jordánské Efraimským. A bylo, že když kdo z utíkajících Efraimských řekl: Nechať přejdu, řekli jemu muži Galádští: Jsi-li Efratejský? Jestliže řekl: Nejsem,
၅ဧဖရိမ်ပြည်သားတို့မလွတ်မြောက်နိုင်စေ ရန်ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ် တစ်ဘက်ကမ်းသို့ကူးဖြတ်နိုင်သည့်နေ ရာရှိသမျှကိုသိမ်းထားကြ၏။-
6 Tedy řekli jemu: Rci hned Šibolet. I řekl: Sibolet, aniž dobře mohl vyřknouti toho. Tedy pochytíce jej, zamordovali ho u brodu Jordánského. I padlo toho času z Efraima čtyřidceti a dva tisíce.
၆ဧဖရိမ်ပြည်သားတစ်စုံတစ်ယောက်သည် ထွက်မြောက်နိုင်ရန် မြစ်ကိုဖြတ်ကူးခွင့်တောင်း ခံသည့်အခါတိုင်းဂိလဒ်ပြည်သားတို့ က``သင်သည်ဧဖရိမ်ပြည်သားလော'' ဟု မေးစစ်၏။ ``မဟုတ်ပါ'' ဟုဆိုလျှင်``ရှိဗော လက်'' ဟူသောစကားကိုဆိုစေ၏။ သို့ရာ တွင်အကယ်၍ထိုသူသည်စကားကို ပီသစွာမပြောနိုင်ဘဲ``သိဗောလက်'' ဟု ဆိုခဲ့သော်သူ့အားဖမ်းဆီး၍ယော်ဒန် မြစ်ကူးရာအရပ်၌သတ်ကြသည်။ ထို စစ်ပွဲ၌ဧဖရိမ်ပြည်သားလေးသောင်း နှစ်ထောင်ကျဆုံးရကြလေသည်။
7 Soudil pak Jefte Izraele šest let; a umřel Jefte Galádský, a pochován jest v jednom z měst Galádských.
၇ယေဖသသည်ဣသရေလပြည်သူတို့ အားခြောက်နှစ်မျှခေါင်းဆောင်ပြီးနောက် ကွယ်လွန်သော် သူ၏ရုပ်အလောင်းကိုဂိလဒ် ပြည်ရှိသူ၏ဌာနေမြို့တွင်သင်္ဂြိုဟ်ကြ၏။
8 Potom soudil po něm Izraele Abesam z Betléma.
၈ယေဖသကွယ်လွန်ပြီးနောက်ဣသရေလ လူမျိုးအား ခေါင်းဆောင်သူမှာဗက်လင်မြို့ သားဣဗဇန်ဖြစ်၏။ သူ၌သားသုံးဆယ် နှင့်သမီးသုံးဆယ်ရှိ၏။-
9 A měl třidceti synů a třidceti dcer, kteréž rozevdal od sebe, a třidceti žen přivedl od jinud synům svým. I soudil Izraele sedm let.
၉သူသည်မိမိ၏သမီးတို့အားမိမိသား ချင်းစုဝင်မဟုတ်သူများနှင့်ထိမ်းမြား ပေး၍ မိမိသားများအားမိမိသားချင်း စုဝင်မဟုတ်သောအမျိုးသမီးများ နှင့်ထိမ်းမြားပေးလေသည်။ ဣဗဇန်သည် ဣသရေလအမျိုးအားခုနစ်နှစ်မျှ ခေါင်းဆောင်ရပြီးနောက်၊-
10 A umřev Abesam, pochován jest v Betlémě.
၁၀ကွယ်လွန်သော်သူ၏ရုပ်အလောင်းကို ဗက်လင်မြို့တွင်သင်္ဂြိုဟ်ကြ၏။
11 Po něm pak soudil Izraele Elon Zabulonský; ten soudil Izraele deset let.
၁၁ဣဗဇန်ကွယ်လွန်ပြီးနောက် ဇာဗုလုန်မြို့သား ဧလုန်သည်ဆယ်နှစ်မျှ ဣသရေလလူမျိုး၏ ခေါင်းဆောင်ဖြစ်လာ၏။-
12 I umřel Elon Zabulonský, a pochován jest v Aialon, v zemi Zabulon.
၁၂ထိုနောက်သူသည်ကွယ်လွန်သော်သူ၏ရုပ် အလောင်းကို ဇာဗုလုန်နယ်မြေရှိအာဇလုန် မြို့၌သင်္ဂြိုဟ်ကြလေသည်။-
13 Potom soudil Izraele Abdon syn Hellelův Faratonský.
၁၃ဧလုန်ကွယ်လွန်ပြီးနောက်ပိရသုန်မြို့နေဟိ လေလ၏သားအာဗဒုန်သည် ဣသရေလ လူမျိုးကိုခေါင်းဆောင်ရ၏။-
14 Ten měl čtyřidceti synů a třidceti vnuků, kteříž jezdili na sedmdesáti mezcích; i soudil Izraele osm let.
၁၄သူ၌မြည်းတစ်ကောင်စီစီးနင်းသောသား လေးဆယ်နှင့်မြေးသုံးဆယ်ရှိ၏။ အာဗဒုန် သည်ဣသရေလလူမျိုးကိုရှစ်နှစ်မျှ ခေါင်းဆောင်ပြီးလျှင်၊-
15 Umřev pak Abdon syn Hellelův Faratonský, pohřben jest v Faraton, v zemi Efraim na hoře Amalechitské.
၁၅ကွယ်လွန်သော်သူ၏ရုပ်အလောင်းကိုအာ မလက်တောင်ကုန်းဒေသ၊ ဧဖရိမ်နယ်ရှိ ပိရသုန်မြို့၌သင်္ဂြိုဟ်ကြ၏။