< Józua 6 >
1 Jericho pak velmi pilně zavříno bylo pro strach synů Izraelských, a žádný nevycházel ven, ani tam nevcházel.
၁ထိုအခါ ဣသရေလအမျိုးသားတို့ကြောင့်၊ ယေ ရိခေါမြို့သည် ကျပ်တည်းစွာ ပိတ်ထားလျက် ရှိ၍၊ ထွက် သောသူ၊ ဝင်သောသူ တစုံတယောက်မျှမရှိသည်နှင့်အညီ၊
2 I řekl Hospodin k Jozue: Aj, dal jsem v ruku tvou Jericho, a krále jeho s silnými muži jeho.
၂ထာဝရဘုရားက၊ ကြည့်ရှုလော့။ ယေရိခေါမြို့၊ ယေရိခေါမင်းကြီးနှင့်တကွ ခွန်အားကြီးသော စစ်သူရဲတို့ ကို သင့်လက်၌ ငါအပ်လေပြီ။
3 Protož obcházeti budete město všickni muži bojovní, okolo města chodíce, jednou za den; tak učiníš po šest dní.
၃သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံးလှည့်ပတ် ခြင်းအမှုကို ပြုရကြမည်။
4 Kněží pak sedm ať nesou sedm trub z rohů beraních před truhlou; dne pak sedmého obejdete město sedmkrát, a kněží troubiti budou v trouby.
၄ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည် သေတ္တာ တော်ရှေ့မှာ ယုဘိလတံပိုးခုနစ်လုံးကို ဆောင်ရကြမည်။ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင် မြို့ကိုလှည့်ပတ် ၍ ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုမှုတ်ရကြမည်။
5 A když zdlouha troubiti budou na roh beraní, jakž nejprvé uslyšíte hlas trouby, zkřikne všecken lid křikem velikým, i oboří se zed městská na místě svém, a vejde lid do města, jeden každý proti místu, kdež stál.
၅ယုဘိလတံပိုးတို့ကို ရှည်သောအသံနှင့် မှုတ်၍၊ တံပိုးသံကိုကြားလျှင် လူအပေါင်းတို့သည် ကျယ်သောအ သံနှင့် ကြွေးကြော်၍၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲရလိမ့် မည်။ ထိုအခါ လူများတို့သည် တည့်တည့်တက်ရကြမည် ဟု ယောရှုအား မိန့်တော်မူ၏။
6 Tedy povolav Jozue, syn Nun, kněží, řekl jim: Vezměte truhlu smlouvy, a sedm kněží ať vezmou sedm trub beraních před truhlou Hospodinovou.
၆နုန်၏သား ယောရှုသည် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍၊ သင်တို့သည် ပဋိညာဉ် သေတ္တာတော်ကို ထမ်း သွားသဖြင့်၊ ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ခုနစ် ယောက်တို့သည် ယုဘိလတံပိုးခုနစ်လုံးကို ဆောင်သွား ကြလော့ဟူ၍၎င်း၊
7 Řekl také lidu: Jděte a obejděte město, a zbrojní ať jdou před truhlou Hospodinovou.
၇လူများတို့အားလည်း၊ သင်တို့သွား၍ မြို့ကိုလှည့် ပတ်ကြလော့။ လက်နက်ကိုင်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ သွားကြလော့ဟူ၍၎င်းမှာထားလေ ၏။
8 A když to oznámil Jozue lidu, sedm kněží, nesouce sedm trub beraních, šli před truhlou Hospodinovou, a troubili v trouby; truhla také smlouvy Hospodinovy brala se za nimi.
၈ယောရှုသည် လူများတို့အား မှာထားပြီးမှ၊ ယု ဘိလတံပိုး ခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ်ခု နစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ တံပိုးမှုတ် လျက်သွားကြ၏။ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်သည် သူတို့နောက်သို့ လိုက်လေ၏။
9 Zbrojní pak šli před kněžími, kteříž troubili na trouby, a ostatní šli za truhlou, jdouce a v trouby troubíce.
၉တံပိုးမှုတ်သော ယဇ်ပုရောဟိတ်တို့ရှေ့မှာ လက် နက်ကိုင်တို့သည် သွား၍၊ ယဇ်ပုရောဟိတ်များ တံပိုးမှုတ် လျက်သွားကြစဉ်၊ နောက်တပ်သားတို့သည် သေတ္တာ တော်နောက်သို့ လိုက်ကြ၏။
10 (Lidu pak byl přikázal Jozue, řka: Nebudete křičeti, ani slyšán bude hlas váš, ani vyjde slovo z úst vašich až do dne toho, v němž řeknu vám: Křičte, i budete křičeti.)
၁၀ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေ ခြင်းငှါ ငါမှာထားသောနေ့မရောက်မှီတွင် မကြွေးကြော် ရ၊ အသံတစုံတခုကိုမျှ မပြုရ၊ စကားတခွန်းကိုမျှ မပြော ရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အား မှာနှင့်လေပြီ။
11 Tedy obešla truhla Hospodinova město vůkol jednou, a navrátili se do stanů a zůstali v nich.
၁၁ထိုသို့ ထာဝရဘုရား၏ သေတ္တာတော်သည် မြို့ ကိုတကြိမ်လှည့်ပတ်ဝိုင်းသွားပြီးလျှင်၊ တပ်ထဲသို့ ဝင်ပြန်၍ ညဉ့်ကိုလွန်စေကြ၏။
12 Opět povstal Jozue ráno a kněží nesli truhlu Hospodinovu.
၁၂နံနက်စောစော ယောရှုသည်ထ၍ ယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရား၏ သေတ္တာတော်ကို ထမ်းယူ ကြ၏။
13 Sedm pak kněží, nesouce sedm trub beraních, předcházeli truhlu Hospodinovu, jdouce, a troubili v trouby; a zbrojní šli před nimi, a ostatní šli za truhlou Hospodinovou, když kněží šli, v trouby troubíce.
၁၃ထာဝရဘုရား၏ သေတ္တာတော်ရှေ့မှာ ယုဘိလ တံပိုးခုနစ်လုံးကို ဆောင်သော ယဇ်ပုရောဟိတ် ခုနှစ် ယောက်တို့သည် သွားမြဲသွား၍ တံပိုးမှုတ်ကြ၏။ လက် နက်ကိုင်တို့သည် သူတို့ရှေ့မှာသွား၍ ယဇ်ပုရောဟိတ် များ တံပိုးမှုတ်လျက် သွားကြစဉ်၊ နောက်တပ်သားတို့ သည် ထာဝရဘုရား၏ သေတ္တာတော်နောက်သို့ လိုက်ကြ ၏။
14 I obešli město druhého dne opět, a navrátili se do stanů. Tak činili po šest dní.
၁၄ဒုတိယနေ့၌ မြို့ကိုတကြိမ်လှည့်ပတ်ပြီးမှ တပ် ထဲသို့ ပြန်လာကြ၏။ ထိုသို့ ခြောက်ရက်ပတ်လုံး ပြုကြ၏။
15 V den pak sedmý vstali, jakž zasvitávalo, a obešli město týmž způsobem sedmkrát; toliko toho dne obešli město sedmkrát.
၁၅သတ္တမနေ့ နံနက်စောစော မိုဃ်းလင်းစက ထ၍ အရင်နည်းတူ၊ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ကြ ၏။ ထိုနေ့၌သာ ခုနစ်ကြိမ်တိုင်အောင် မြို့ကို လှည့်ပတ်ရ ကြ၏။
16 Stalo se pak, když po sedmé obcházeli, a kněží v trouby troubili, řekl Jozue lidu: Křičtež již, dalť jest Hospodin vám město.
၁၆သတ္တမအကြိမ်တွင် ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်သောအခါ၊ ယောရှုက၊ ကြွေးကြော်ကြလော့။ ထာဝရဘုရားသည် သင်တို့အား မြို့ကို ပေးတော်မူမည်။
17 A budiž to město proklaté, ono i všecky věci, kteréž v něm jsou, Hospodinu; toliko Raab nevěstka ať jest živa, ona i všickni, kteříž by s ní byli v domě, nebo skryla posly, kteréž jsme byli poslali.
၁၇မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို ကျိန်၍ ထာဝရ ဘုရား၌ အပ်ရမည်။ သို့ရာတွင် ပြည်တန်ဆာရာခပ်သည် ငါတို့စေလွှတ်သော တမန်တို့ကို ဝှက်ထားသောကြောင့်၊ သူနှင့်တကွ သူ၏အိမ်၌ ရှိသမျှတို့အား အသက်ချမ်းသာ ပေးရမည်။
18 Avšak vystříhejte se od proklatého, abyste i vy nebyli učiněni proklatí, berouce z proklatých věcí, a uvedli byste stany Izraelské v prokletí, a zkormoutili byste je.
၁၈သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့် ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကို သိမ်းယူလျှင် မိမိ တို့ကို၎င်း၊ ဣသရေလတပ်ကို၎င်း အကျိန်ခံစေ၍၊ နှောင့် ရှက်မည်ကို စိုးရိမ်စရာရှိ၏။
19 Všecko pak stříbro a zlato, a nádoby měděné a železné, svaté bude Hospodinu; na poklad Hospodinu složeno bude.
၁၉ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိ သမျှတို့ကို၎င်း၊ ထာဝရဘုရားအဘို့ သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသို့ သွင်းထားရကြမည်ဟု လူများတို့အား ယောရှုသည် မှာထားလေ၏။
20 Tedy křičel lid, když zatroubili v trouby. Nebo když slyšel lid hlas trub, křičeli i oni křikem velikým, i obořila se zed na místě svém. Tedy všel lid do města, jeden každý proti místu, kdež stál. I vzali je.
၂၀ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကို ကြား၍ ကျယ်သောအသံ နှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင် ပြီးလျှင် သိမ်းယူကြ၏။
21 A pohubili ostrostí meče jako proklaté všecko, což bylo v městě, od muže až do ženy, od dítěte až do starce, a až do vola, dobytčete i osla.
၂၁မြို့ထဲ၌ ရှိသမျှသော ယောက်ျား၊ မိန်းမ၊ အကြီး အငယ်၊ သိုး၊ နွား၊ မြည်းရှိသမျှတို့ကို ထားနှင့် ရှင်းရှင်းဖျက် ဆီးကြ၏။
22 Dvěma pak mužům, kteříž shlédli zemi, řekl Jozue: Vejděte do domu ženy nevěstky, a vyveďte ji odtud, i všecky věci, kteréž má, jakož jste jí přisáhli.
၂၂ထိုပြည်ကို စူးစမ်းသော လူနှစ်ယောက်တို့အား ယောရှုက၊ သင်တို့သည် ကျိန်ဆိုသည်အတိုင်း၊ ပြည်တန် ဆာမိန်းမအိမ်သို့ သွား၍၊ သူနှင့်တကွ သူ၌ရှိသမျှတို့ကို ဆောင်ခဲ့ကြလော့ဟု မှာလိုက်သည်အတိုင်း၊
23 I všedše mládenci špehéři, vyvedli Raab a otce jejího, i matku její a bratří její i všecko, což měla, a všecku rodinu její vyvedli, a nechali jich vně za stany Izraelskými.
၂၃တံလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ် နှင့်သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကို၎င်း၊ သူ့ပေါက် ဘော်အပေါင်းတို့ကို၎င်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ် ပြင်မှာ ထားပြီးလျှင်၊
24 Město pak spálili ohněm, i všecko, což v něm bylo, stříbro však a zlato a nádoby měděné a železné složili na poklad v domě Hospodinově.
၂၄မြို့နှင့်တကွ မြို့၌ရှိသမျှတို့ကို မီးရှို့ကြ၏။ သို့ရာ တွင် ရွှေငွေကို၎င်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာတို့ကို၎င်း၊ ထာဝရဘုရား၏ ဘဏ္ဍာတော်ထဲသို့ သွင်းထားကြ၏။
25 Raab také nevěstku, a dům otce jejího i všecko, což měla, živé zůstavil Jozue; a bydlila v lidu Izraelském až do tohoto dne, nebo skryla posly, kteréž poslal Jozue k shlédnutí Jericha.
၂၅ယောရှုသည်လည်း၊ ပြည်တန်ဆာ ရာခပ်နှင့် သူ့ပေါက်ဘော်၊ သူ၌ရှိသမျှတို့ကို အသက်ချမ်းသာပေး၍၊ သူသည် ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏။ အကြောင်းမူကား၊ ယေရိခေါမြို့ကို စူးစမ်း စေခြင်းငှါ၊ ယောရှုစေလွှတ်သော တမန်တို့ကို သူသည် ဝှက်ထားသောကြောင့်တည်း။
26 Toho času vydal klatbu Jozue, řka: Zlořečený buď před Hospodinem muž ten, kterýž by povstal, aby stavěl město Jericho. V prvorozeném svém založí je, a v nejmenším postaví brány jeho.
၂၆ထိုအခါ ယောရှုက၊ အကြင်သူသည် ထ၍ ယေရိခေါမြို့ကို တည်ပြန်၏။ ထိုသူသည် ထာဝရဘုရား ရှေ့တော်၌ ကျိန်အပ်သောသူဖြစ်ပါစေ။ သူသည် သားဦး လက်ထက်၌ မြို့ရိုးအမြစ်ကိုတည်၍ သားထွေးလက်ထက် ၌ မြို့တံခါးတို့ကို ထောင်ပါစေဟု ကျိန်ဆို၏။
27 Byl pak Hospodin s Jozue, a rozhlásila se pověst o něm po vší zemi.
၂၇ထိုသို့ ထာဝရဘုရားသည် ယောရှုနှင့်အတူ ရှိတော်မူ၍၊ သူ၏ သိတင်းသည် တပြည်လုံး၌ နှံ့ပြားကျော် စောလေ၏။