< Józua 20 >
1 I mluvil Hospodin k Jozue, řka:
၁တဖန် ထာဝရဘုရားသည် ယောရှုကို ခေါ် တော်မူ၍၊
2 Mluv k synům Izraelským, a rci jim: Oddejte z těch měst vašich města útočišťná, o nichž jsem mluvil vám skrze Mojžíše,
၂သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် မောရှေအားဖြင့် မှာထားသည် အတိုင်း၊
3 Aby tam utekl vražedlník, kterýž by zabil člověka nechtě a z nevědomí. I budou vám útočiště před přítelem zabitého.
၃လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ် တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေး ထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
4 A když by utekl do jednoho z těch měst, stane u vrat v bráně města, a oznámí starším města toho při svou; i přijmou ho do města k sobě, a dají mu místo, i bydliti bude u nich.
၄ထိုမြို့ တစုံတမြို့သို့ ပြေးသောသူသည် မြို့တံခါး ဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြား ပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။
5 Když by jej pak honil přítel toho zabitého, nevydají vražedlníka v ruce jeho; nebo nechtě udeřil bližního svého, neměv ho prvé v nenávisti.
၅သေစားသေစေသောသူသည် လိုက်လာလျှင်၊ သူ့လက်သို့ သတ်မိသောသူကို မအပ်ရ။ အကြောင်းမူ ကား၊ ထိုသူသည် မိမိအဘော်ကို အငြိုးမထားဘဲ အမှတ် တမဲ့သတ်မိ၏။
6 A bydliti bude v městě tom, dokudž nestane před shromážděním k soudu, až do smrti kněze velikého, kterýž by byl toho času; nebo tehdáž navrátí se vražedlník, a přijde do města svého a do domu svého, do města, odkudž utekl.
၆ထိုသူသည် ပရိသတ်ရှေ့သို့ရောက်၍ တရား စီရင်ခြင်းကို မခံမှီသော်၎င်း၊ ထိုကာလ ယဇ်ပုရောဟိတ် မင်း မသေမှီသော်၎င်း ထိုမြို့၌နေရမည်။ ထိုနောက်မှ ပြန်လာ၍ အထက်ပြေးရသောမြို့၊ မိမိနေရင်းအိမ်၌ နေရသောအခွင့် ရှိရမည်ဟု မိန့်တော်မူသည်အတိုင်း၊
7 I oddělili Kádes v Galilei na hoře Neftalím, a Sichem na hoře Efraim, a město Arbe, (jenž jest Hebron, ) na hoře Juda.
၇သူတို့သည် ဂါလိလဲပြည်၊ နဿလိတောင်ပေါ် မှာ ကေဒေရှမြို့၊ ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့၊ ယုဒ တောင်ပေါ်မှာ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘ မြို့တို့ကို၎င်း၊
8 Před Jordánem pak proti Jerichu k východu oddělili Bozor, kteréž leží na poušti v rovině pokolení Rubenova, a Rámot v Galád z pokolení Gádova, a Golan v Bázan z pokolení Manassesova.
၈ယော်ဒန်မြစ်တဘက်၊ ယေရိခေါမြို့အရှေ့မှာ ရုဗင်ခရိုင်၊ တောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်ခရိုင်၊ ဂိလဒ် ပြည်၌ ရာမုတ်မြို့၊ မနာရှေခရိုင်၊ ဗာရှန်ပြည်၌ ဂေါလန် မြို့တို့ကို၎င်း ရွေးထားကြ၏။
9 Ta města byla útočišťná všechněm synům Izraelským, i příchozímu, kterýž pohostinu jest mezi nimi, aby utekl tam, kdo by koli zabil někoho nechtě, a nesešel od ruky přítele toho zabitého prvé, než by stál před shromážděním.
၉ဤမြို့တို့ကား၊ ဣသရေလအမျိုးသားဖြစ်စေ၊ သူတို့တွင် တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ အမှတ် တမဲ့ လူအသက်ကို သတ်မိသောသူသည် သေစားသေစေ သောသူလက်နှင့်လွတ်၍ ပရိသတ်ရှေ့သို့ မရောက်မှီတိုင် အောင် ပြေးရသောအခွင့် ရှိစေခြင်းငှါ ရွေးထားသောမြို့ ဖြစ်သတည်း။