< Jan 21 >

1 Potom opět zjevil se Ježíš učedlníkům u moře Tiberiadského. A zjevil se takto:
ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တိ​ဗေ​ရိ​အိုင်​အ​နီး တွင်​တ​ပည့်​တော်​တို့​အား​တစ်​ဖန်​ကိုယ်​ထင်​ပြ တော်​မူ​၏။ ပြ​တော်​မူ​ပုံ​ကား​ဤ​သို့​တည်း။-
2 Byli spolu Šimon Petr a Tomáš, jenž sloul Didymus, a Natanael, jenž byl z Kány Galilejské, a synové Zebedeovi, a jiní z učedlníků jeho dva.
ရှိ​မုန်​ပေ​တ​ရု၊ (အ​မြွှာ​ပူး​ဟု​နာ​မည်​တွင်​သူ) သော​မ၊ (ဂါ​လိ​လဲ​ပြည်​ကာ​န​မြို့​သား) နာ​သ နေ​လ၊ ဇေ​ဗေ​ဒဲ​၏​သား​များ​နှင့်​အ​ခြား​တ​ပည့် တော်​နှစ်​ဦး​တို့​သည်​အ​တူ​ရှိ​နေ​ကြ​၏။-
3 Dí jim Šimon Petr: Půjdu ryb loviti. Řekli jemu: Půjdeme i my s tebou. I šli, a vstoupili na lodí hned; a té noci nic nepopadli.
ရှိ​မုန်​ပေ​တ​ရု​က​အ​ခြား​သူ​တို့​အား ``ငါ ငါး​ဖမ်း​ထွက်​မည်'' ဟု​ဆို​၏။ ထို​သူ​တို့​က ``ငါ​တို့​လည်း​လိုက်​မည်'' ဟု​ဆို ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​လှေ​ဖြင့်​ငါး​ဖမ်း ထွက်​ကြ​၏။ သို့​သော်​ထို​ည​တစ်​ည​လုံး​ငါး တစ်​ကောင်​ကို​မျှ​မ​မိ​ကြ။-
4 A když bylo již ráno, stál Ježíš na břehu. Nevěděli však učedlníci, by Ježíš byl.
နေ​ထွက်​လာ​သော​အ​ခါ​သ​ခင်​ယေ​ရှု​သည် ကမ်း​စပ်​တွင်​ရပ်​လျက်​နေ​တော်​မူ​၏။ သို့​ရာ တွင်​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ဖြစ် မှန်း​ကို​မ​သိ​ကြ။-
5 Tedy dí jim Ježíš: Dítky, máte-li jakou krmičku? Odpověděli jemu: Nemáme.
ကိုယ်​တော်​က ``အ​မောင်​တို့၊ ငါး​မိ​ကြ​ပါ​၏ လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``မ​မိ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
6 On pak řekl jim: Zavrztež sít na pravou stranu lodí, a naleznete. I zavrhli sít a hned nemohli jí táhnouti pro množství ryb.
ကိုယ်​တော်​က ``သင်​တို့​လှေ​၏​လက်​ယာ​ဘက်​သို့ ကွန်​ကို​ပစ်​လော့၊ ငါး​မိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ ၏။ မိန့်​တော်​မူ​သည့်​အ​တိုင်း​သူ​တို့​သည်​ကွန်​ကို ပစ်​ကြ​ရာ​မိ​သည့်​ငါး​များ​လှ​သ​ဖြင့်​ကွန်​ကို မ​ဆွဲ​တင်​နိုင်​ကြ​ချေ။
7 I řekl učedlník ten, kteréhož miloval Ježíš, Petrovi: Pán jest. A Šimon Petr, jakž uslyšel, že Pán jest, opásal se po košili, (nebo byl nah, ) a pustil se do moře.
ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့် တော်​က ``ငါ​တို့​၏​သ​ခင်​ဘု​ရား​ပင်​တည်း'' ဟု ပေ​တ​ရု​အား​ပြော​၏။ ဤ​စ​ကား​ကို​ကြား​သော အ​ခါ​ပေ​တ​ရု​သည်​မိ​မိ​ချွတ်​ထား​သည့်​အ​ဝတ် ကို​ခါး​တွင်​ပတ်​၍​အိုင်​ထဲ​သို့​ခုန်​ဆင်း​လေ​၏။-
8 Jiní také učedlníci na lodí plavili se, (nebo nedaleko byli od břehu, asi okolo dvou set loket, ) táhnouce sít plnou ryb.
အ​ခြား​တ​ပည့်​တော်​တို့​မူ​ကား​ကမ်း​နှင့်​မ​ဝေး ဘဲ​ကိုက်​တစ်​ရာ​ခန့်​သာ​ကွာ​တော့​သ​ဖြင့် ငါး နှင့်​ပြည့်​နေ​သော​ကွန်​ကို​ဆွဲ​တင်​လျက်​လှေ နှင့်​အ​တူ​လိုက်​လာ​ကြ​၏။-
9 A jakž vystoupili na břeh, uzřeli řeřavé uhlí a rybu svrchu položenou a chléb.
သူ​တို့​သည်​လှေ​ပေါ်​က​ဆင်း​၍​ကုန်း​ပေါ်​သို့ ရောက်​ကြ​သော​အ​ခါ​မုန့်​ကို​လည်း​ကောင်း၊ မီး​ကျီး​ပေါ်​တွင်​ကင်​ထား​သော​ငါး​ကို လည်း​ကောင်း​တွေ့​ကြ​၏။-
10 Řekl jim Ježíš: Přineste z ryb, kterýchž jste nalapali nyní.
၁၀သ​ခင်​ယေ​ရှု​က ``သင်​တို့​ယ​ခု​မိ​သော​ငါး အ​ချို့​ကို​ယူ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။
11 Vstoupil pak Šimon Petr a vytáhl sít na zem, plnou ryb velikých, jichž bylo sto padesáte a tři. A ačkoli jich tak mnoho bylo, však neztrhala se sít.
၁၁ရှိ​မုန်​ပေ​တ​ရု​သည်​လှေ​ပေါ်​သို့​တက်​၍​ငါး​ကြီး များ​ဖြင့်​ပြည့်​နေ​သော​ပိုက်​ကွန်​ကို​ကုန်း​ပေါ်​သို့ ရောက်​အောင်​ဆွဲ​ယူ​လေ​၏။ ငါး​တစ်​ရာ့​ငါး​ဆယ့် သုံး​ကောင်​ကို​မိ​၍ ထို​မျှ​လောက်​များ​ပြား​သော် လည်း​ကွန်​မှာ​မ​စုတ်​မ​ပြတ်​ချေ။-
12 Řekl jim Ježíš: Pojďte, obědujte. Žádný pak z učedlníků neodvážil se ho otázati: Ty kdo jsi? vědouce, že Pán jest.
၁၂သ​ခင်​ယေ​ရှု​က ``လာ​၍​စား​ကြ​လော့'' ဟု​သူ တို့​အား​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​တို့ ၏​သ​ခင်​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို​သိ ကြ​သ​ဖြင့်​အ​ဘယ်​တ​ပည့်​တော်​မျှ ``အ​ရှင် သည်​အ​ဘယ်​သူ​နည်း'' ဟု​မ​မေး​မ​လျှောက် ဝံ့​ကြ။-
13 I přišel Ježíš, a vzal chléb, a dával jim, i rybu též.
၁၃သ​ခင်​ယေ​ရှု​သည်​သူ​တို့​ရှိ​ရာ​သို့​ကြွ​တော်​မူ ၍​မုန့်​ကို​ယူ​ပြီး​လျှင်​သူ​တို့​အား​ပေး​တော် မူ​၏။ ငါး​ကို​လည်း​ထို​နည်း​တူ​ပေး​တော်​မူ​၏။
14 To již po třetí ukázal se Ježíš učedlníkům svým, vstav z mrtvých.
၁၄သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ​ပြီး​နောက်​တ​ပည့် တော်​တို့​အား ယ​ခု​ကိုယ်​ထင်​ပြ​တော်​မူ​သည်​မှာ တ​တိ​ယ​အ​ကြိမ်​ဖြစ်​သ​တည်း။
15 A když poobědvali, řekl Ježíš Šimonovi Petrovi: Šimone, synu Jonášův, miluješ-li mne více nežli tito? Řekl jemu: Ovšem, Pane, ty víš, že tě miluji. Dí jemu: Pasiž beránky mé.
၁၅တ​ပည့်​တော်​တို့​စား​ကြ​ပြီး​နောက်​သ​ခင် ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သူ​တို့ ငါ့​ကို​ချစ်​သည်​ထက်​ပို​၍​ချစ်​သ​လော'' ဟု​ရှိ​မုန်​ပေ​တ​ရု​အား​မေး​တော်​မူ​၏။ ရှိ​မုန်​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု မိန့်​တော်​မူ​၏။-
16 Řekl jemu opět po druhé: Šimone Jonášův, miluješ-li mne? Řekl jemu: Ovšem, Pane, ty víš, že tě miluji. Dí jemu: Pasiž ovce mé.
၁၆တစ်​ဖန်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ပေ​တ​ရု​က ``မှန်​ပါ​၏​သ​ခင်၊ ကိုယ်​တော်​အား အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​ပါ​၏'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့'' ဟု​မိန့် တော်​မူ​၏။-
17 Řekl jemu po třetí: Šimone Jonášův, miluješ-li mne? I zarmoutil se Petr proto, že jemu řekl po třetí: Miluješ-li mne? A odpověděl jemu: Pane, ty znáš všecko, ty víš, že tě miluji. Řekl jemu Ježíš: Pasiž ovce mé.
၁၇တ​တိ​ယ​အ​ကြိမ်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ဤ​သို့​တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​သ​ဖြင့် ပေ​တ​ရု​သည်​ဝမ်း​နည်း​၍ ``သ​ခင်၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၏။ ကိုယ်​တော် အား​အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့။-
18 Amen, amen pravím tobě: Když jsi byl mladší, opasovals se a chodíval jsi, kams chtěl; ale když se zstaráš, ztáhneš ruce své, a jiný tě opáše, a povede, kamž ty nechceš.
၁၈အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို​သည်​ကား​သင် သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​ခါး​ကို​စည်း​၍​သွား လို​ရာ​သို့​သွား​တတ်​၏။ အို​မင်း​လာ​သော​အ​ခါ မူ​ကား​သင်​သည်​လက်​နှစ်​ဖက်​ကို​ဆန့်​လျက် သူ တစ်​ပါး​က​သင့်​ကို​ချည်​နှောင်​ပြီး​လျှင်​သင် မ​သွား​လို​သည့်​အ​ရပ်​သို့​ဆောင်​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
19 To pak pověděl, znamenaje, kterou by smrtí měl oslaviti Boha. A to pověděv, řekl jemu: Pojď za mnou.
၁၉(ဤ​သို့​မိန့်​တော်​မူ​ရာ​၌​ပေ​တ​ရု​သည်​အ​ဘယ် သို့​သော​သေ​ခြင်း​မျိုး​ဖြင့်​ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​မည့် အ​ကြောင်း​ဖော်​ပြ​တော်​မူ​ခြင်း​ဖြစ်​၏။) ဤ သို့​မြွက်​ဆို​တော်​မူ​ပြီး​နောက်​ပေ​တ​ရု​အား ``ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။
20 I obrátiv se Petr, uzřel toho učedlníka, kteréhož miloval Ježíš, an jde za ním, kterýž i odpočíval za večeří na prsech jeho, a byl řekl: Pane, kdo jest ten, kterýž tě zradí?
၂၀ပေ​တ​ရု​သည်​လှည့်​၍​ကြည့်​လိုက်​သော​အ​ခါ သူ​၏​နောက်​တွင်​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​ကို​မြင်​လေ​၏။ ထို​သူ​ကား​ည​စာ စား​ကြ​စဉ်​အ​ခါ​က​သ​ခင်​ယေ​ရှု​၏​ရင်​တော် ကို​မှီ​လျက် ``သ​ခင်၊ ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​မည့်​သူ​ကား​အ​ဘယ်​သူ​ဖြစ်​သ​နည်း'' ဟု မေး​လျှောက်​ခဲ့​သူ​ဖြစ်​၏။-
21 Toho viděv Petr, dí k Ježíšovi: Pane, co pak tento?
၂၁ပေ​တ​ရု​သည်​ထို​တ​ပည့်​တော်​ကို​မြင်​သော​အ​ခါ ``သ​ခင်​ဘု​ရား၊ ဤ​သူ​သည်​လည်း​အ​ဘယ်​သို့ ဖြစ်​ပါ​လိမ့်​မည်​နည်း'' ဟု​မေး​လျှောက်​၏။
22 Řekl jemu Ježíš: Chci-li ho nechati, dokudž nepřijdu, co tobě po tom? Ty pojď za mnou.
၂၂သ​ခင်​ယေ​ရှု​က ``ငါ​ကြွ​လာ​သည်​တိုင်​အောင် သူ့​အား​အ​သက်​ရှင်​စေ​ရန်​ငါ​အ​လို​ရှိ​လျှင် သင်​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။ သင်​မူ​ကား ငါ့​နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။
23 I vyšla řeč ta mezi bratří, že by učedlník ten neměl umříti. A neřekl byl jemu Ježíš, že by neměl umříti, ale řekl: Chci-li ho nechati, dokudž nepřijdu, co tobě po tom?
၂၃သို့​ဖြစ်​၍​ထို​တ​ပည့်​တော်​သည်​သေ​ရ​တော့ မည်​မ​ဟုတ်​ဟူ​သော​သ​တင်း​သည်​တ​ပည့် တော်​တို့​အ​ထဲ​တွင်​ပျံ့​နှံ့​သွား​၏။ သို့​ရာ တွင်​သ​ခင်​ယေ​ရှု​က​ထို​တ​ပည့်​တော်​သည် မ​သေ​ရ​ဟု​မိန့်​တော်​မူ​သည်​မ​ဟုတ်။ ``ငါ ကြွ​လာ​သည်​အ​ထိ​သူ့​အား​အ​သက်​ရှင် စေ​ရန်​ငါ​အ​လို​ရှိ​လျှင်​သင်​နှင့်​မည်​သို့​မျှ မ​သက်​ဆိုင်'' ဟူ​၍​သာ​မိန့်​တော်​မူ​သ​တည်း။
24 Toť jest učedlník ten, kterýž svědectví vydává o těchto věcech, a napsal toto, a víme, že pravé jest svědectví jeho.
၂၄ဤ​အ​ကြောင်း​အ​ရာ​တို့​ကို​ဖော်​ပြ​သက်​သေ ခံ​မှတ်​တမ်း​တင်​သူ​ကား​ထို​တ​ပည့်​တော်​ပင် ဖြစ်​၏။ သူ​၏​ဖော်​ပြ​ချက်​များ​မှန်​ကန်​ကြောင်း ကို​လည်း​ငါ​တို့​သိ​ကြ​၏။
25 Jestiť pak i jiných mnoho věcí, kteréž činil Ježíš, kteréž kdyby měly všecky, každá obzvláštně, psány býti, mám za to, že by ten svět nemohl přijíti těch knih, kteréž by napsány byly. Amen.
၂၅သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော​အ​ခြား​အ​မှု အ​ရာ​များ​စွာ​ရှိ​သေး​၏။ ထို​အ​မှု​အ​ရာ​ရှိ သ​မျှ​တို့​ကို​မှတ်​တမ်း​တင်​ရ​မည်​ဆို​ပါ​က ပြု​စု​ရ​မည့်​ကျမ်း​ဂန်​များ​ကို​ထား​ရှိ​ရန် ဤ လော​က​တွင်​နေ​ရာ​ရှိ​မည်​မ​ဟုတ်​ဟု​ထင် မြင်​ပါ​သ​တည်း။ ရှင်​ယော​ဟန်​ခ​ရစ်​ဝင်​ပြီး​၏။

< Jan 21 >