< Jeremiáš 13 >
1 Takto řekl Hospodin ke mně: Jdi a zjednej sobě pás lněný, a opaš jím bedra svá, do vody pak nedávej ho.
၁ထာဝရဘုရားသည် ပိတ်ခါးဝတ်ကိုသွား ရောက်ဝယ်ယူဝတ်ဆင်ရန်ငါ့အားမိန့်တော်မူ ပြီးလျှင် ထိုခါးဝတ်ကိုရေမစွတ်စိုစေရန် လည်းမှာကြားတော်မူပါ၏။-
2 Tedy zjednal jsem ten pás podlé slova Hospodinova, a opásal jsem bedra svá.
၂သို့ဖြစ်၍ငါသည်ထာဝရဘုရား၏အမိန့် တော်အတိုင်းပိတ်ခါးဝတ်ကိုဝယ်ယူဝတ် ဆင်၏။-
3 Potom stalo se slovo Hospodinovo ke mně podruhé, řkoucí:
၃ထိုနောက်ထာဝရဘုရားသည်ငါ့အား တစ်ဖန်ဗျာဒိတ်ပေးတော်မူပြန်၏။-
4 Vezmi ten pás, kterýž jsi zjednal, kterýž jest na bedrách tvých, a vstana, jdi k Eufrates, a skrej jej tam do díry skalní.
၄``ကိုယ်တော်ကဥဖရတ်မြစ်သို့သွားလော့။ သင် ဝတ်ဆင်ထားသည့်ခါးဝတ်ကိုချွတ်၍ကျောက် တွင်း၌ဝှက်ထားလော့'' ဟုမိန့်တော်မူ၏။-
5 I šel jsem, a skryl jsem jej u Eufrates, jakž mi byl přikázal Hospodin.
၅သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်အနီးသို့ သွား၍ ထိုခါးဝတ်ကိုဝှက်ထားလိုက်၏။-
6 Stalo se pak po přeběhnutí dnů mnohých, že řekl Hospodin ke mně: Vstana, jdi k Eufrates, a vezmi odtud ten pás, kterýžť jsem přikázal skrýti tam.
၆ထိုနောက်ကာလအနည်းငယ်ကြာသောအခါ ထာဝရဘုရားသည် ငါ့အားဥဖရတ်မြစ် အနီးသို့ပြန်သွားပြီးလျှင် ခါးဝတ်ကိုထုတ် ယူရန်မိန့်မှာတော်မူ၏။-
7 I šel jsem k Eufrates, a vykopav, vzal jsem ten pás z místa toho, kdež jsem jej byl skryl. A aj, zkažený byl ten pás, aniž se k čemu hodil.
၇သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်သို့သွား ပြီးလျှင် ငါဝှက်ထားရာအရပ်ကိုရှာဖွေရာ ခါးဝတ်ကိုတွေ့ရှိရသော် ယင်းတို့သည်ဆွေး မြေ့လျက်နေသဖြင့်အသုံးမဝင်တော့ချေ။
8 Tehdy stalo se slovo Hospodinovo ke mně, řkoucí:
၈ထိုနောက်ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော်မူပြန်၏။ ကိုယ်တော်က၊-
9 Takto praví Hospodin: Takť zkazím pýchu Judských i pýchu Jeruzalémských velikou.
၉``ဤနည်းအတိုင်းပင်ငါသည်ယုဒပြည် ၏စိတ်နေမြင့်မှုနှင့်ယေရုရှလင်မြို့၏ မာန်မာနထောင်လွှားမှုကိုချိုးနှိမ်မည်။-
10 Lidu toho přenešlechetného, kteříž nechtí poslouchati slov mých, kteříž chodí podlé zdání srdce svého, a chodí za bohy cizími, sloužíce jim, a klanějíce se jim. I bude podoben pasu tomu, kterýž se nehodí k ničemu.
၁၀ဤဆိုးညစ်သူတို့သည်ငါ့စကားကို နားမထောင်၊ ခေါင်းမာမြဲခေါင်းမာလျက်၊ အခြားဘုရားတို့အားဝတ်ပြုကိုးကွယ်၍ အစေခံလျက်နေကြလေပြီ။ သို့ဖြစ်၍ ထိုသူတို့သည်အသုံးမဝင်တော့သည့် ခါးဝတ်ကဲ့သို့ဖြစ်ကြလိမ့်မည်။-
11 Nebo jakož se drží pás na bedrách muže, tak jsem byl připojil k sobě všecken dům Izraelský i všecken dům Judský, dí Hospodin, aby byli lidem mým, a to k slávě, a k chvále, i k ozdobě, ale nebyli poslušni.
၁၁ဣသရေလနှင့်ယုဒပြည်သားအပေါင်း တို့သည်ငါ၏လူမျိုးတော်ဖြစ်လာကြ လျက် ငါ၏နာမတော်ကိုချီးမွမ်းထော မနာပြုကြစိမ့်သောငှာ ငါသည်သူတို့ အားလူ၏ခါး၌တင်းကျပ်စွာကပ်လျက် နေသည့်ခါးဝတ်ကဲ့သို့ ငါနှင့်နီးနီးကပ် ကပ်ရှိနေစေလိုသည်။ သို့သော်သူတို့ သည်ငါ့စကားကိုနားမထောင်ကြ။
12 Protož rci jim slovo toto: Takto praví Hospodin Bůh Izraelský: Všeliká nádoba vinná naplňována bývá vínem. Kdyžť pak řeknou: Zdaliž nevíme dobře, že všeliká nádoba vinná naplňována bývá vínem?
၁၂ဣသရေလလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရားက``အချင်းယေရမိ၊ စပျစ် ရည်အိုးမှန်သမျှကိုစပျစ်ရည်ဖြည့်ရကြ မည်ဟု ဣသရေလပြည်သားတို့အားပြော ကြားရမည်။ သူတို့ကစပျစ်ရည်အိုးရှိ သမျှကိုစပျစ်ရည်ဖြည့်ရမည်ဖြစ်ကြောင်း မိမိတို့သိပါသည်ဟုပြန်ပြောကြလိမ့် မည်။-
13 I díš jim: Takto praví Hospodin: Aj, já naplním všecky obyvatele země této i krále, kteříž sedí místo Davida na stolici jeho, i kněží i proroky, a tolikéž všecky obyvatele Jeruzalémské opilstvím,
၁၃ထိုအခါငါထာဝရဘုရားသည်ဒါဝိဒ် အနွယ်ဝင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ယေရုရှလင်မြို့သား များမှစ၍ ယေရုရှလင်မြို့ရှိပြည်သူ ပြည်သားအပေါင်းမူးယစ်စေရန် စပျစ် ရည်တိုက်မည်ဟုသူတို့အားပြောကြား လော့။-
14 A rozrazím jednoho o druhého, jakož otce, tak také syny, dí Hospodin. Nebudu šanovati, aniž odpustím, aniž se smiluji, abych zkaziti jich neměl.
၁၄ထိုနောက်ငါသည်အိုးများကိုတစ်ခုနှင့် တစ်ခုထိခိုက်၍ကွဲစေသကဲ့သို့ သူတို့ အားကြီးငယ်မရွေးဖျက်ဆီးမည်။ အဘယ် သနားကြင်နာ၊ ကရုဏာစိတ်ကမျှငါ့ ကိုသူတို့အားသတ်ဖြတ်မှုမှဆီးတား လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
15 Poslouchejte a ušima pozorujte, nepovyšujte se, neboť Hospodin mluví.
၁၅ဣသရေလပြည်သားတို့၊ ထာဝရဘုရားအမိန့်ရှိတော်မူပြီ။ စိတ်နှိမ့်ချလျက်နားထောင်ကြလော့။
16 Dejte Hospodinu Bohu svému čest, dřív než by tmu uvedl, a dříve nežli by se zurážely nohy vaše o hory tmavé. I čekali byste světla, ale obrátil by je v stín smrti, proměnil by je v mrákotu.
၁၆သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
17 Jestliže pak toho neuposlechnete, v skrýších plakati bude duše má pro pýchu vaši, a náramně kvíliti bude. Potekou, pravím, z očí mých slzy, nebo zajato bude stádce Hospodinovo.
၁၇အကယ်၍သင်တို့နားမထောင်ကြပါမူ ငါသည်သင်တို့၏မာန်မာနထောင်လွှားမှု အတွက် ကြိတ်၍ငိုကြွေးမည်။ ငါသည်ဝမ်းနည်းပက်လက်ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုတော်သည်ဖမ်းဆီး ခေါ်ဆောင် သွားခြင်းကိုခံရပြီဖြစ်၍ငါ့မျက်ရည်စီး ကျမည်။
18 Rci králi i královně: Seďte na zemi; nebo odjata bude přednost vaše, koruna ozdoby vaší.
၁၈ထာဝရဘုရားသည် ငါ့အား``ဘုရင်နှင့်သူ့ မယ်တော်၏လှပသောသရဖူများသည် မိမိ တို့ဦးခေါင်းမှပြုတ်ကျပြီဖြစ်၍ သူတို့ အားမိမိတို့၏ရာဇပလ္လင်များမှဆင်း ကြရန်ပြောကြားလော့။-
19 Města polední uzavírána budou, tak že nebude žádného, kdo by otevříti mohl. Zastěhováno bude všecko Judstvo, zastěhováno bude docela.
၁၉တောင်ဘက်ယုဒမြို့တို့သည်အဝိုင်းခံလျက် ရှိ၏။ ယင်းတို့ထံသို့အဘယ်သူမျှမသွား နိုင်။ ယုဒပြည်သားအပေါင်းတို့သည်အဖမ်း ခံရကြလေပြီ။ သူတို့အားလုံးပင်ပြည်နှင် ဒဏ်သင့်ကြလေကုန်ပြီ'' ဟုမိန့်တော်မူ၏။
20 Pozdvihněte očí svých, a vizte ty, kteříž táhnou od půlnoci. Kdež jest to stádo, kteréžť dáno bylo, stádce ozdoby tvé?
၂၀ယေရုရှလင်မြို့၊ ကြည့်လော့။ သင်၏ရန်သူ များသည်မြောက်အရပ်မှလာလျက်ရှိ၏။ ကြည့်ရှုစောင့်ရှောက်ရန် သင့်အားငါပေး အပ်ထားသည့်လူများ၊ သင်တို့ဂုဏ်ယူ သည့်လူမျိုးတို့ကားအဘယ်မှာနည်း။-
21 Co díš, když tě navštíví, ještos ty naučila je, aby byli nad tebou vůdcové přední? Zdaliž bolesti tebe nezachvátí jako ženu rodící?
၂၁မိမိတို့၏မိတ်ဆွေများဟုသင်တို့ထင်မှတ် သူတို့သည် သင်တို့ကိုနှိမ်နင်း၍အုပ်စိုးရန် ထာဝရဘုရားချမှတ်တော်မူသောအခါ သင်တို့အဘယ်သို့ပြောဆိုကြမည်နည်း။ သင်တို့သည်သားဖွားသည့်အမျိုးသမီး ကဲ့သို့ဝေဒနာခံရကြလိမ့်မည်။-
22 Díš-li v srdci svém: Proč by mne to potkati mělo? Pro množství nepravosti tvé odkryti budou podolkové tvoji, násilně odjata bude obuv tvá.
၂၂အကယ်၍သင်တို့က``ဤအမှုအရာသည် အဘယ်ကြောင့်ဖြစ်ပျက်ရပါမည်နည်း။ ငါ တို့၏အဝတ်များသည်အဘယ်ကြောင့်စုတ် ပြတ်သွားရပါသနည်း။ ငါတို့သည်အဘယ် ကြောင့်အနှောင့်အယှက်ခံရကြပါသနည်း'' ဟူ၍မေးပါမူ``သင်တို့၏အပြစ်သည် ကြောက်လန့်ဖွယ်ကောင်းလှသောကြောင့် ဖြစ်သည်'' ဟုဖြေကြားရပေမည်။-
23 Může-li změniti Mouřenín kůži svou, aneb pardus peřestost svou, také vy budete moci dobře činiti, naučivše se zle činiti.
၂၃လူမည်းသည်မိမိ၏အသားအရောင်ကို ပြောင်းလဲစေနိုင်ပါသလော။ သို့တည်းမ ဟုတ်ကျားသစ်သည်မိမိ၏အကွက်များ ကိုဖယ်ရှားပစ်နိုင်ပါသလော။ အကယ်၍ ဤအမှုအရာများကိုပြုလုပ်နိုင်မည် ဆိုပါမူ ဒုစရိုက်ကိုသာလျှင်ပြုကျင့် တတ်သူသင်တို့သည်လည်း သုစရိုက်သို့ ပြောင်းလဲပြုကျင့်ကောင်းပြုကျင့်နိုင်ကြ ပေလိမ့်မည်။-
24 Protož rozptýlím je, jako vítr pouště rozptyluje plevy.
၂၄ထာဝရဘုရားသည်သင်တို့အားသဲကန္တာရ မှလာသောလေပြင်းတွင် လွင့်ပါသွားသည့် ဖွဲကဲ့သို့ကွဲလွင့်စေတော်မူလိမ့်မည်။-
25 Ten bude los tvůj a díl odměřený tobě ode mne, praví Hospodin, proto žes se zapomněla nade mnou, a úfalas v lež.
၂၅ဤသည်ကားသင်တို့ကံကြမ္မာဖြစ်လိမ့်မည် ဟုထာဝရဘုရားကမိန့်တော်မူလေပြီ။ သင်တို့သည်ကိုယ်တော်အားမေ့လျော့ကာ ဘုရားအတုအယောင်များကိုယုံကြည် အားကိုးကြသည်ဖြစ်၍၊ ကိုယ်တော်သည် သင်တို့အားဤသို့စီရင်ရန်ဆုံးဖြတ် တော်မူခြင်းဖြစ်၏။-
26 A tak i já také odkryji podolek tvůj nad hlavu tvou, aby spatřína byla hanba tvá,
၂၆ထာဝရဘုရားကိုယ်တော်တိုင်ပင်သင်တို့ ၏အဝတ်များကိုဆွဲချွတ်တော်မူ၍ သင် တို့အားအရှက်ကွဲစေတော်မူလိမ့်မည်။-
27 Cizoložství tvá, a řehtání tvá, nešlechetná smilství tvá, na pahrbcích i na poli. Vidělť jsem ty ohavnosti tvé; běda tobě, Jeruzaléme. A což se ještě neočistíš? I až dokud pak?
၂၇ထာဝရဘုရားသည်မိမိစက်ဆုတ်သည့် အမှုများကို သင်တို့ပြုကျင့်ကြသည်ကို မြင်တော်မူပြီ။ သင်တို့သည်အိမ်နီးချင်း၏ ဇနီးကိုတပ်မက်သူကဲ့သို့၊ မြင်းမကိုတပ် မက်၍ဟီသည့်မြင်းလားကဲ့သို့၊ တောင်ကုန်း များ၊ လယ်ကွင်းများတွင်အရှက်ကင်းမဲ့စွာ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကြ၏။ ယေရု ရှလင်မြို့သားတို့၊ သင်တို့သည်အမင်္ဂလာ ရှိပါသည်တကား။ အဘယ်အခါမှသင် တို့သည်သန့်စင်၍လာကြမည်နည်း။