< Izaiáš 51 >

1 Poslouchejte mne, následovníci spravedlnosti, kteříž hledáte Hospodina, pohleďte na skálu, odkudž vyťati jste, a na hlubokost jámy, z níž vykopáni jste.
ထာ​ဝ​ရ​ဘု​ရား​က၊ ``ကယ်​တင်​ခြင်း​ခံ​လို​သူ​တို့၊အ​ကူ​အ​ညီ​တောင်း​ခံ​ရန် ငါ့​ထံ​သို့​လာ​ရောက်​သူ​တို့၊သင်​တို့​သည် ငါ့​ပြော​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင်​တို့​ကို​ထွင်း​ထုတ်​ယူ​ရာ​ကျောက်​ကို ကြည့်​ရှု​ကြ​လော့။ သင်​တို့​ကို​တူး​ဖော်​ရာ​ကျောက်​တွင်း​ကို ကြည့်​ရှု​ကြ​လော့။
2 Pohleďte na Abrahama otce vašeho, a na Sáru, kteráž vás porodila, že jsem jej jediného povolal, a požehnal jsem jemu, i rozmnožil jej.
သင်​တို့​၏​ဘိုး​အေ​အာ​ဗြ​ဟံ​နှင့်​ဘွား​အေ​စာ​ရာ​တို့​၏ အ​ကြောင်း​ကို​အောက်​မေ့​ဆင်​ခြင်​ကြ​လော့။ အာ​ဗြ​ဟံ​အား​ငါ​ခေါ်​ယူ​စဉ်​အ​ခါ​က သူ့​မှာ​သား​သမီး​မ​ရှိ။ သို့​ရာ​တွင်​ငါ​သည်​သူ့​အား​သား​သ​မီး​များ​ဖြင့် ကောင်း​ချီး​ပေး​၍၊ သူ​၏​အ​ဆက်​အ​နွယ်​တို့​ကို​များ​ပြား​စေ​တော်​မူ​၏။
3 Nebo potěší Hospodin Siona, potěší všech pustin jeho, a učiní poušť jeho přerozkošnou, a pustinu jeho podobnou zahradě Hospodinově. Radost a veselí bude nalezeno v něm, díkčinění, a hlas žalmů zpívání.
``ငါ​သည်​ဇိ​အုန်​မြို့​နှင့်​ထို​မြို့​၏​ပျက်​စီး​ယို​ယွင်း​လျက် ရှိ​သည့်​အ​ဆောက်​အ​ဦ​များ​တွင် နေ​ထိုင်​သူ​တို့​အား​က​ရု​ဏာ​ပြ​မည်။ ဇိ​အုန်​ဒေ​သ​သည်​တော​ကန္တာ​ရ​ပင်​ဖြစ်​သော်​လည်း ငါ​သည်​ယင်း​ကို​ဧ​ဒင်​အ​ရပ်​မှာ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​စေ​မည်။ ထို​အ​ရပ်​တွင်​လူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​လျက်၊ ထော​မ​နာ​သီ​ချင်း​ဆို​လျက်၊ငါ​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်​နေ​ကြ​လိမ့်​မည်။
4 Pozorujte mne, lide můj, a rodino má, nastavte mi uší; nebo zákon ode mne vyjde, a soud svůj za světlo národům vystavím.
``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​ဂ​ရု​ပြု ကြ​လော့။ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​လူ​မျိုး​တ​ကာ​တို့​အား​ဆုံး​မ သြ​ဝါ​ဒ​ပေး​၍ ငါ​၏​တ​ရား​ဒေ​သ​နာ​များ​သည်​သူ​တို့​အ​တွက် အ​လင်း​ဖြစ်​လိမ့်​မည်။
5 Blízko jest spravedlnost má, vyjdeť spasení mé, a ramena má národy souditi budou. Na mneť ostrovové čekají, a po mém rameni touží.
ငါ​သည်​လျင်​မြန်​စွာ​လာ​၍​သူ​တို့​အား​ကယ်​တင်​မည်။ ငါ​အောင်​ပွဲ​ခံ​ရန်​အ​ချိန်​သည်​နီး​ကပ်​၍​လာ​လေပြီ။ လူ​မျိုး​တ​ကာ​တို့​အား​ငါ​ကိုယ်​တိုင်​ပင် အုပ်​စိုး​တော်​မူ​မည်။ နိုင်​ငံ​ရပ်​ခြား​တိုင်း​တစ်​ပါး​သား​တို့​သည် ငါ​လာ​မည်​ကို​စောင့်​မျှော်​လျက်​ရှိ​၏။ မိ​မိ​တို့​အား​ကယ်​တင်​လိမ့်​မည်​ဟူ​သော မျှော်​လင့်​ချက်​ဖြင့်၊​သူ​တို့​သည်​ငါ့​ကို စောင့်​မျှော်​လျက်​နေ​ကြ​၏။
6 Pozdvihněte k nebi očí svých, a popatřte na zem dolů. Nebesa zajisté jako dým zmizejí, a země jako roucho zvetší, a obyvatelé její též podobně zemrou: ale spasení mé na věky zůstane, a spravedlnost má nezahyne.
မိုး​ကောင်း​ကင်​ကို​ကြည့်​ရှု​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကြည့်​ရှု​ကြ​လော့။ မိုး​ကောင်း​ကင်​သည်​မီး​ခိုး​သ​ဖွယ် ပျောက်​ကွယ်​၍​သွား​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး​သည်​ဟောင်း​နွမ်း​သည့်​အ​ဝတ်​ကဲ့​သို့ တ​ဖြည်း​ဖြည်း​ပျက်​ပြုန်း​သွား​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့​သည်​လည်း ယင်​ကောင်​ကဲ့​သို့​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​သည် အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ ငါ​၏​အောင်​မြင်​မှု​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​ပြယ်​ရ​လိမ့်​မည်​မ​ဟုတ်။
7 Poslouchejte mne, kteříž znáte spravedlnost, lide, v jehož srdci jest zákon můj; nebojte se útržky lidí bídných, a hanění jejich neděste se.
``အ​မှန်​တ​ရား​ကို​သိ​ရှိ​သူ​တို့၊​ငါ​၏​သြ​ဝါ​ဒ​ကို စွဲ​မြဲ​စွာ​မှတ်​ကြုံး​ထား​သူ​တို့၊ သင်​တို့​သည်​ငါ​ပြော​သည့်​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့​အား​က​ရော်​က​မည်​ပြု​၍၊လူ​တို့​စော်​ကား ပြော​ဆို​ကြ​သော​အ​ခါ​မ​ကြောက်​ကြ​နှင့်။
8 Nebo jako roucho zžíře je mol, a jako vlnu zžíře je červ, ale spravedlnost má na věky zůstane, a spasení mé od národu do pronárodu.
ထို​သို့​သော​လူ​တို့​သည်​ပိုး​ကိုက်​သည့်​အ​ဝတ် ကဲ့​သို့​ပျောက်​ကွယ်​၍​သွား​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​ဖြောင့်​မတ်​ခြင်း​ကား​ထာ​ဝ​စဉ် တည်​လိမ့်​မည်။ ငါ​၏​ကယ်​တင်​ခြင်း​တန်​ခိုး​သည်​လည်း​ကာ​လ အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
9 Probuď se, probuď se, oblec se v sílu, ó rámě Hospodinovo, probuď se, jako za dnů starodávních a národů předešlých. Zdaliž ty nejsi to, kteréžs poplénilo Egypt, a ranilo draka?
အို ထာ​ဝ​ရ​ဘု​ရား၊နိုး​ထ​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော်​အား​ဖြင့် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ နိုး​ထ​တော်​မူ​၍​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​၌ ကဲ့​သို့​ပင် တန်​ခိုး​တော်​ကို​အ​သုံး​ပြု​တော်​မူ​ပါ။ ပင်​လယ်​န​ဂါး​ကြီး​ရာ​ခပ်​အား အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​သော​သူ​ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။
10 Zdaliž ty nejsi to, kteréžs vysušilo moře, vody propasti veliké, kteréžs obrátilo hlubiny mořské v cestu, aby přešli ti, jenž byli vysvobozeni?
၁၀မိ​မိ​ကယ်​တင်​နေ​ဆဲ​လူ​စု​ကူး​ဖြတ်​နိုင်​ရန် ပင်​လယ်​ကို​ခန်း​ခြောက်​စေ​၍၊ လမ်း​ဖောက်​ပေး​တော်​မူ​သော​သူ​ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။
11 A tak ti, kteréž vykoupil Hospodin, ať se navrátí, a přijdou na Sion s prozpěvováním, a veselé věčné ať jest na hlavě jejich; radosti a veselé ať dojdou, zámutek pak a úpění ať utekou.
၁၁ကိုယ်​တော်​ရှင်​ကယ်​ဆယ်​တော်​မူ​လိုက်​သည့် သူ​တို့​သည်​အား​ရ​ရွှင်​လန်း​စွာ​သီ​ဆို​ကြွေး ကြော်​လျက်၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ရွှင်​လန်း​ရ​ကြ​၍၊ ထာ​ဝ​စဉ်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​နှင့်​ကင်း​လွတ်​ရ​ကြ ပါ​လိမ့်​မည်။
12 Já, já jsem utěšitel váš. Jakáž jsi ty, že se bojíš člověka smrtelného, a syna člověka trávě podobného?
၁၂ထာ​ဝ​ရ​ဘု​ရား​က၊ ``သင်​တို့​ကို​ခွန်​အား​ဖြင့်​ပြည့်​ဝ​စေ​သူ​မှာ​ငါ​ပင် ဖြစ်​၏။ မြက်​ပင်​တ​မျှ​သာ​အ​သက်​ရှည်​သူ သေ​မျိုး​လူ​သား​အား၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ကြောက်​လန့်​ရ​ပါ​မည်​နည်း။
13 Že se zapomínáš na Hospodina učinitele svého, kterýž roztáhl nebesa, a založil zemi, a že se děsíš ustavičně každého dne prchlivosti ssužujícího, jakž se jen postrojí, aby hubil? Ale kdež jest pak ta prchlivost toho, kterýž ssužuje?
၁၃မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​၍​ကမ္ဘာ​မြေ​ကြီး​ကို အုတ်​မြစ်​ချ​ကာ၊ သင်​တို့​ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား၊ သင်​တို့​သည်​မေ့​လျော့​ကြ​လေ​ပြီ​လော။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ​များ၊သင်​တို့​ကို သုတ်​သင် ဖျက်​ဆီး​ပစ်​ရန်​အ​သင့်​ရှိ​သူ​များ​အား၊ အ​ဘယ်​ကြောင့်​သင်​တို့​သည်​အ​စဉ်​အမြဲ​ကြောက်​၍ နေ​ရ​ကြ​ပါ​မည်​နည်း။ သူ​တို့​၏​အ​မျက်​ဒေါ​သ​သည်​သင်​တို့​အား အ​ဘယ်​အ​ခါ​၌​မျှ​ဘေး​ဥ​ပဒ်​မ​ဖြစ်​စေ​နိုင်။
14 Pospíšíť, aby zajatý propuštěn byl; neboť neumře v jámě, aniž bude míti jaký nedostatek chleba svého.
၁၄အ​ကျဉ်း​ခံ​နေ​ရ​သော​သူ​တို့​သည်​မ​ကြာ​မီ လွတ်​မြောက်​လာ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ထောင်​တွင်း​၌​မ​သေ​ဆုံး​တော့​ဘဲ၊ မိ​မိ​တို့​လို​အပ်​သည့်​အ​စား​အ​စာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။
15 Jáť jsem zajisté Hospodin Bůh tvůj, kterýž rozděluje moře, jehož vlny zvuk vydávají. Hospodin zástupů jest jméno mé,
၁၅``ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ပင်​လယ်​ရေ​ကို​ငါ​မွှေ​နှောက်​၍​လှိုင်း​တံ​ပိုး​သံ များ​ကို ဖြစ်​ပေါ်​စေ​၏။ ငါ​၏​နာ​မ​တော်​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား ဖြစ်​ပါ​သည်​တ​ကား။
16 Kterýž jsem vložil slova svá v ústa tvá, a stínem ruky své přikryl jsem tě, abys štípil nebesa, a založil zemi, a řekl Sionu: Lid můj jsi ty.
၁၆ငါ​သည်​မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​၍ ကမ္ဘာ​မြေ​ကြီး​ကို​အုတ်​မြစ်​ချ​၏။ ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​အား`သင်​တို့​သည် ငါ​၏​လူ​မျိုး​တော်​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​တ​ရား​တော်​ကို​သင်​တို့​အား ပေး​အပ်​၍ လက်​တော်​ဖြင့် သင်​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​၏' ဟု ငါ​မြွက်​ဆို​ပြီ'' ဟူ​၍​မိန့်​တော်​မူ​၏။
17 Probuď se, probuď, povstaň, Jeruzaléme, kterýž jsi pil z ruky Hospodinovy kalich prchlivosti jeho, kvasnice z kalicha hrůzy vypil jsi, i vyvážil.
၁၇အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​လော့။ မိ​မိ​ကိုယ်​ကို​နှိုး​၍​ထ​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သ​ဖြင့် သင့်​အား​ပေး​တော်​မူ​သော၊ခွက်​ဖ​လား​မှ​အ​ပြစ် ဒဏ် စ​ပျစ်​ရည်​ကို​သင်​သည်​သောက်​သုံး​ခဲ့​လေ​ပြီ။ ယင်း​ကို​သောက်​သုံး​သ​ဖြင့်​ယိမ်း​ယိုင်​လျက်​နေ​ခဲ့​၏။
18 Žádný jí nevedl ze všech synů, kterýchž naplodila, a žádný jí neujal za ruku její ze všech synů, kteréž vychovala.
၁၈သင့်​ကို​လမ်း​ပြ​ခေါ်​ဆောင်​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သင့်​အ​မျိုး​သား​များ​ထဲ​မှ​သင့်​ကို​လက်​ဆွဲ ခေါ်​ယူ​ပေး​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။
19 Toto dvé tě potkalo, (kdo tě politoval?) zpuštění a setření, hlad a meč. Kdo tě potěšoval?
၁၉သင်​သည်​ဘေး​အန္တရာယ်​နှစ်​ဆ​ကြုံ​တွေ့​ရ​လေ​ပြီ။ သင်​၏​ပြည်​သည်​စစ်​ဒဏ်​ကြောင့်​ပျက်​ပြုန်း​သွား လေ​ပြီ။ သင့်​မြို့​သူ​မြို့​သား​တို့​သည်​လည်း​အ​စာ​ရေ​စာ ငတ်​မွတ်​ကြ​လေ​ပြီ။ သင့်​အား​ကိုယ်​ချင်း​စာ​တ​ရား​ထား​ရှိ​မည့်​သူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။
20 Synové tvoji omráčeni jsouc, leží na rozcestí všech ulic, jako bůvol v leči, plni jsouce prchlivosti Hospodinovy, žehrání Boha tvého.
၂၀အား​အင်​ချည့်​နဲ့​မှု​ကြောင့်​သင်​၏​လူ​တို့​သည်၊ လမ်း​ဆုံ​လမ်း​ခွ​တိုင်း​တွင်​လဲ​ကျ​ကြ​၏။ သူ​တို့​သည်​မု​ဆိုး​၏​ပိုက်​ကွန်​တွင်​ဖမ်း​မိ​သည့် သ​မင်​ကဲ့​သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော် အ​ရှိန်​ကို​ခံ​ကြ​လေ​ပြီ။
21 A protož slyš nyní toto, ztrápená a opilá, ale ne vínem:
၂၁ဒုက္ခ​ရောက်​လျက်​နေ​သော​အ​ချင်း​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့၊ သေ​သောက်​ကြူး​သ​ဖွယ် ယိမ်း​ယိုင်​လျက်​နေ​ကြ​သူ​တို့၊
22 Takto praví Pán tvůj, Hospodin a Bůh tvůj, vedoucí při lidu svého: Aj, beru z ruky tvé kalich hrůzy, i kvasnice kalicha prchlivosti mé, nebudeš ho píti více.
၂၂သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊သင် တို့​အား ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၍၊ ``ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား ပေး​အပ်​ခဲ့​သည့်​ခွက်​ဖ​လား​ကို သင်​တို့​လက်​မှ​ပြန်​လည်​ရုပ်​သိမ်း​တော်​မူ​မည်။ သင်​တို့​အား​ယိမ်း​ယိုင်​မူး​ဝေ​စေ​သည့်​စ​ပျစ်​ရည်​ကို သင်​တို့​သောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။
23 Ale dám jej do ruky těch, jenž tě ssužují, kteříž říkali duši tvé: Sehni se, ať přes tě přejdeme, jimž jsi podkládala jako zemi hřbet svůj, a jako ulici přecházejícím.
၂၃ထို​စ​ပျစ်​ရည်​ကို​သင်​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက် သူ​များ၊ သင်​တို့​အား​လမ်း​များ​ပေါ်​တွင်​လဲ​လျောင်း​စေ​၍၊ မြေ​မှုန့်​သ​ဖွယ်​ခြေ​နှင့်​နင်း​ကြ​သူ​များ​အား ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။

< Izaiáš 51 >