< Galatským 4 >
1 Pravímť pak, že pokudž dědic maličký jest, nic není rozdílný od služebníka, jsa pánem všeho,
၁တဖန်တုံ၊ အမွေခံ မည်သည်ကား၊ ဥစ္စာရှိသမျှ ကို ပိုင်ထိုက်သော သူဖြစ်သော်လည်း၊ အရွယ် မရောက်မှီ ကာလ အစေအပါးကျွန်နှင့် တူ၏။
2 Ale pod ochráncemi a správcemi jest až do času uloženého od otce.
၂အဘ စီရင်နှင့်သော အချိန် ကာလ မ ရောက်မှီ တိုင်အောင်အစောင့် အထိန်းအအုပ်အချုပ် တို့ လက် ၌ ရှိ ၏။
3 Tak i my, když jsme byli maličcí, pod živly světa byli jsme v službu podrobeni.
၃ထိုနည်းတူ ငါ တို့သည် အရွယ် မရောက်မှီ လောကီ တရားနုလက် ၌ ကျွန် ခံရ ကြ၏။
4 Ale když přišla plnost času, poslal Bůh Syna svého učiněného z ženy, učiněného pod Zákonem,
၄အချိန် ကာလစေ့ သောအခါ ၊ ငါတို့သည်သား ၏အခွင့်အရာကို ခံရမည်အကြောင်း၊
5 Aby ty, kteříž pod Zákonem byli, vykoupil, abychom právo synů přijali.
၅ပညတ် တရားလက် ၌ရှိ သောငါတို့ကို ရွေးနှုတ် စေခြင်းငှါ ၊ မိန်းမ ဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ် တရား အောက် ၌ဘွားမြင်ရသော သားတော်ကို ဘုရားသခင် သည်စေလွှတ် တော်မူ၏။
6 A že jste synové, protož poslal Bůh Ducha Syna svého v srdce vaše, volajícího: Abba, totiž Otče.
၆ထိုသို့သင်တို့သည်သား ဖြစ် သောကြောင့် အဗ္ဗ အဘ ဟု ခေါ် တတ်သော သား တော်၏ ဝိညာဉ် တော်ကို သင်တို့စိတ် နှလုံးထဲသို့ ဘုရားသခင် စေလွှတ် တော်မူ၏။
7 A tak již nejsi slouha, ale syn, a poněvadž syn, tedy i dědic Boží skrze Krista.
၇သို့ဖြစ်၍ သင်တို့သည် နောက်တဖန်အစေအပါး ကျွန်မ ဖြစ် ၊ သား ပင် ဖြစ်ကြ၏။ သား ဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင် ၏ အမွေခံ လည်း ဖြစ်ကြ၏။
8 Ale tehdáž, neměvše známosti Boha, sloužili jste těm, kteříž z přirození nejsou bohové.
၈သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင် ကို မ သိ သောအခါ၊ ဇာတိ အားဖြင့်ဘုရား မ ဟုတ် သော သူတို့၏အမှုကိုဆောင်ရွက် ကြ၏။
9 Nyní pak, znajíce Boha, nýbrž poznáni jsouce od Boha, kterakž se zpátkem zase obracíte k mdlým a bídným živlům, jimž opět znovu chcete sloužiti?
၉ယခု မူကား သင်တို့သည် ဘုရားသခင် ကို သိ ပြီးမှဟု၍ မဆို၊ ဘုရားသခင် သည် သင်တို့ကို သိ တော်မူပြီးမှ၊ အား မရှိ၊ ချမ်းသာ မပေးနိုင်သော တရားနု ဘက်သို့ အဘယ်ကြောင့် တဖန် ပြောင်းလဲ ကြသနည်း။ ထို လောကီ တရား၌ တဖန် ကျွန် ခံခြင်းငှါအလိုရှိ ကြပြီတကား။
10 Dnů šetříte, a měsíců, a časů, i let.
၁၀နှစ် ၊ လ ၊ နေ့ရက် ၊ အချိန် ကာလများကို စောင့် ကြပြီတကား။
11 Bojím se za vás, abych snad nadarmo nepracoval mezi vámi.
၁၁ငါသည်သင် တို့ဆီမှအချည်းနှီး ကြိုးစား အားထုတ်သည်ဟု သင် တို့၏အကြောင်းကြောင့် စိုးရိမ် လျက်ရှိ၏။
12 Buďte jako já, neb i já jsem jako vy, bratří, prosím vás. Nic jste mi neublížili.
၁၂ညီအစ်ကို တို့၊ သင် တို့ကဲ့သို့ ငါ ဖြစ်၏။ ငါ ကဲ့သို့ သင်တို့ဖြစ် ကြလောဟု ငါတောင်းပန် ၏။ သင်တို့သည် ငါ့ ကိုအလျှင်း မပြစ်မှား ကြ။
13 Neb víte, že s mdlobou těla kázal jsem vám evangelium ponejprve.
၁၃ငါသည် ကိုယ် နာ ခြင်းရောဂါနှင့်တကွ၊ ဧဝံဂေလိ တရားကို သင် တို့အား အထက် က ဟောပြော ကြောင်း ကို သင်တို့သိ ကြ၏။
14 A pokušení mé, přišlé na tělo mé, nebylo u vás málo váženo, aniž jste pohrdli, ale jako anděla Božího přijali jste mne, jako Krista Ježíše.
၁၄ကိုယ် ကာယ၌ ငါ ခံရသော စုံစမ်း ခြင်းကို သင် တို့ သည်မထီမဲ့မြင် မ ပြု၊ ငါကိုမ ပယ် ၊ ဘုရားသခင် ၏ ကောင်းကင်တမန် ကဲ့သို့ ၎င်း ၊ ယေရှု ခရစ် ကဲ့သို့ ၎င်း၊ လက်ခံ ကြ၏။
15 Jaké tehdy bylo blahoslavenství vaše? Svědectvíť vám zajisté dávám, že, kdyby to možné bylo, oči vaše vyloupíce, byli byste mi dali.
၁၅သို့ဖြစ်လျှင် သင် တို့ခံရသောမင်္ဂလာ ကားအဘယ် မင်္ဂလာနည်း။ အထက်ကကိုယ်မျက်စိ ကိုထုတ် ၍ ငါ့ အား ပေးနိုင် လျှင် ၊ ပေး ခြင်းငှါ သင်တို့အလိုရှိသည်ဟု ငါသက်သေခံ ၏။
16 Což tedy učiněn jsem vaším nepřítelem, pravdu vám pravě?
၁၆ယခုမူကား၊ ငါသည်သမ္မာတရား ကို သင် တို့အား ဟောပြောသောကြောင့် သင် တို့၏ရန်သူ ဖြစ် သလော။
17 Milujíť vás někteří nedobře, nýbrž odstrčiti vás chtějí, abyste vy je milovali.
၁၇သူတထူးတို့သည် သင် တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ် စွာ ချစ်ကြသည်မ ဟုတ်။ သင်တို့သည်သူ တို့ကို အလွန်ချစ် မည်အကြောင်း ၊ သူတို့သည် သင် တို့ကို ပယ် ခြင်းငှါအလိုရှိ ကြ၏။
18 Slušnéť jest pak horlivě milovati v dobrém vždycky, a ne jen toliko tehdáž, když jsem přítomen vám.
၁၈သို့သော်လည်း သင် တို့နှင့်အတူ ငါ ရှိ နေစဉ် တွင်သာ ကောင်း သောအရာကို အလွန်ချစ်အပ်သည် မ ဟုတ်။ အစဉ်မပြတ် အလွန်ချစ်အပ်၏။
19 Synáčkové moji, (kteréž opět rodím, až by Kristus zformován byl v vás),
၁၉ခရစ်တော် သည်သင် တို့အထဲ ၌ တည် လျက် ရှိတော်မူသည်တိုင်အောင် သင်တို့အဘို့ သားဘွားခြင်း ဝေဒနာ ကို ငါခံရသောငါ့ ချစ်သား တို့၊
20 Chtěl bych pak přítomen vám býti nyní a proměniti hlas svůj; nebo v pochybnosti jsem o vás.
၂၀သင် တို့ကို ငါယုံမှား ခြင်းရှိသောကြောင့် ၊ ယခု သင် တို့ကို ကိုယ်တိုင်တွေ့၍ ထူးခြားသော စကားကို ပြောခြင်းငှါအလိုရှိ၏။
21 Povězte mi, kteříž pod Zákonem chcete býti, nepozorujete-liž Zákona?
၂၁ပညတ် တရားအောက် ၌နေ ချင် သောသူ တို့၊ သင်တို့သည် ပညတ် တရားကိုနား မ လည်ကြသလော။
22 Nebo psáno jest: Že Abraham měl dva syny, jednoho z služebnice, a druhého z svobodné.
၂၂ပညတ္တိကျမ်းစာ၌ လာ သည်ကား ၊ အာဗြဟံ ၌ သား နှစ် ယောက်ရှိ ၏။ သားတစ် ယောက်ကား၊ ကျွန် မ၏ သားဖြစ်၏။ တစ် ယောက်ကား ကျွန် မမဟုတ်သော မိန်းမ၏ သားဖြစ်၏ဟု လာသတည်း။
23 Ale ten z služebnice podle těla se narodil, tento pak z svobodné podle zaslíbení.
၂၃ကျွန် မ၏ သား သည် ဇာတိ ပကတိအားဖြင့် ဘွား သောသားဖြစ်၏။ ကျွန် မဟုတ်သော မိန်းမ၏ သား သည် ဂတိ တော်အားဖြင့် ဘွားသောသားဖြစ်၏။
24 Kteréžto věci u figuře se staly. Nebo toť jsou ti dva Zákonové, jeden s hory Sinai, k manství zplozující, a tenť jest jako Agar.
၂၄ထို အကြောင်းအရာကို ပုံပမာ အားဖြင့်ဆို သော်၊ ထို မိန်းမနှစ်ယောက်ကား ၊ ပဋိညာဉ် တရားနှစ် ပါးကို ဆိုလို သတည်း။ ဟာဂရ အမည်ရှိ သောမိန်းမ တည်းဟူသောပဋိညာဉ်တရားတပါး သည် သိနာ တောင် ပေါ်မှာစီရင်၍၊ ကျွန် များကိုဘွား တတ်သောတရားဖြစ်၏။
25 Agar zajisté jest hora Sinai v Arabii. Dobřeť se pak k ní trefuje nynější Jeruzalém, nebo v službu podroben jest s syny svými.
၂၅အကြောင်းမူကား၊ ဟာဂရ သည် အာရပ် ပြည်၌ ရှိသော သိနာ တောင် ဖြစ် ၏။ ယခု ရှိသောယေရုရှလင် မြို့နှင့် တူ၏၊ မိမိ သား များနှင့်တကွ ကျွန် ခံရ၏။
26 Ale ten svrchní Jeruzalém svobodný jest, kterýž jest matka všech nás.
၂၆အပေါ်မှာ ရှိသော ယေရုရှလင် မြို့မူကား ၊ ခပ်သိမ်းသော ငါ တို့၏ အမိ တည်းဟူသောကျွန် မမဟုတ် သော မိန်းမဖြစ် သတည်း။
27 Nebo psáno jest: Vesel se neplodná, kteráž nerodíš, vykřikni a zvolej, kteráž nepracuješ ku porodu; nebo ta opuštěná mnoho má synů, více nežli ta, kteráž má muže.
၂၇ကျမ်းစာလာ သည်ကား ၊ သားမ ဘွား သော အမြုံမ ၊ ဝမ်းမြောက် လော့။ သားဘွားခြင်းဝေဒနာ ကိုမ ခံသေးသောမိန်းမ ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်းမူကား ၊ စွန့် ထားသောမိန်းမသည်လင် ရှိ သော မိန်းမ ထက် သာ၍ များ သော သား တို့ကို ဘွားမြင်ပြီဟု လာသတည်း။
28 Myť jsme tedy, ó bratří, tak jako Izák, synové zaslíbení.
၂၈ညီအစ်ကို တို့၊ ငါတို့သည်ဣဇာက် ကဲ့သို့ ဂတိ တော်နှင့်စပ်ဆိုင်သော သား ဖြစ် ကြ၏။
29 Ale jakož tehdáž ten podle těla zplozený protivil se tomu, kterýž byl zplozen podle Ducha, tak se děje i nyní.
၂၉ထိုအခါ ဇာတိ ပကတိအားဖြင့် ဘွား သောသား သည် ဝိညာဉ် တော်အားဖြင့် ဘွားသောသားကို ညှင်းဆဲ သကဲ့သို့ ၊ ထိုနည်းတူ ယခုပင် ဖြစ်၏။
30 Než co praví Písmo? Vyvrz služebnici i syna jejího; nebo nebudeť dědicem syn služebnice s synem svobodné.
၃၀သို့သော်လည်း အဘယ်သို့ ကျမ်းစာ လာသနည်းဟူမူကား၊ ကျွန် မနှင့် သူ ၏သား ကိုနှင်ထုတ် လော့။ ကျွန် မ၏သား သည် ကျွန် မမဟုတ်သော မိန်းမ၏သား နှင့်အတူ အမွေ မ ခံရဟုလာသတည်း။
31 A tak, bratří, nejsmeť synové služebnice, ale svobodné.
၃၁ယခုတွင်ညီအစ်ကို တို့၊ ငါတို့သည် ကျွန် မ၏ သားမ ဟုတ်၊ ကျွန် မမဟုတ်သော မိန်းမ၏ သား ဖြစ် ကြ၏။