< Ezechiel 46 >

1 Takto praví Panovník Hospodin: Brána síně vnitřní, kteráž patří k východu, bude zavřená po šest dní všedních, v den pak sobotní otevřína bude; též v den novměsíce otvírána bude.
အရှင်ထာဝရဘုရားမိန့်တော် မူသည်ကား၊ အရှေ့သို့ မျက်နှာပြုသော အတွင်းတန်တိုင်း တံခါးကို အလုပ်လုပ်သောနေ့ ခြောက်ရက်ပတ်လုံး ပိတ်ထား ရမည်။ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ဖွင့်ထားရမည်။
2 I přijde kníže cestou síně brány zevnitř, a postaví se u veřeje té brány, a budou obětovati kněží obět zápalnou jeho, i oběti pokojné jeho, a pokloně se na prahu brány, potom vyjde. Brána pak nebude zavírána do večera,
မင်းသားသည် ထိုတံခါးမုတ်ဖြင့် ဝင်၍ တံခါး တိုင်အနားမှာ ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားမီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍၊ သူသည်တံခါးခုံ၌ ဦးညွတ်ချပြီးမှ ပြင်သို့ထွက်သွား ရမည်။ သို့ရာတွင်၊ ညဦးယံမရောက်မှီ ထိုတံခါးကို မပိတ်ရ။
3 Aby se klaněl lid země té u dveří brány té ve dny sobotní, i na novměsíce před Hospodinem.
ထိုနည်းတူ၊ ဥပုသ်နေ့နှင့် လဆန်းနေ့၌ ပြည်သူ ပြည်သားတို့သည် ထိုတံခါးဝနားမှာ ထာဝရဘုရား ရှေ့တော်တွင် ဦးညွတ်ချရကြမည်။
4 Obět pak zápalná, kterouž obětovati má kníže Hospodinu v den sobotní, šest beránků bez vady a skopec bez poškvrny,
ဥပုသ်နေ့၌ မင်းသားသည် မီးရှို့ရာယဇ်ဘို့ အပြစ်မပါသော သိုးသငယ် ခြောက်ကောင်၊ အပြစ်မပါသော သိုးထီးတကောင်ကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်။
5 A obět suchá, efi na skopce, i na beránky obět suchá, podlé toho, jakž naděleno, a oleje hin na efi.
ဘောဇဉ်ပူဇော်သက္ကာဘို့ သိုးထီးတကောင်နှင့် မုန့်ညက်တဧဖေါ၊ ဆီတဟိန်ကို၎င်း၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း ပူဇော်ရမည်။
6 Ke dni pak novměsíce ať jest volek mladý bez poškvrny, a šest beránků i skopec bez poškvrny.
လဆန်းနေ့၌ အပြစ်မပါသော နွားထီး တကောင်၊ သိုးသငယ်ခြောက်ကောင်၊ သိုးထီးတကောင်ကို ပူဇော်ရမည်။
7 Též ať obětuje efi oběti suché při volku, a efi při skopci i při beráncích, seč bude moci býti, a oleje hin na efi.
ဘောဇဉ်ပူဇော်သက္ကာဘို့ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုးတကောင်နှင့် တဧဖါ၊ သိုးသငယ်နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက်တဧဖါနှင့် ဆီတဟိန်ကို ၎င်းပူဇော်ရမည်။
8 Kníže pak vcházeje, cestou síňce též brány půjde, a cestou její odejde.
မင်းသားဝင်သောအခါ အရှေ့တံခါးမုတ်ဖြင့် ဝင်ရမည်။ ထိုတံခါးမုတ်ဖြင့်လည်း ထွက်ရမည်။
9 Ale když vcházeti bude lid země té před Hospodina na slavnosti, ten kdož vejde cestou brány půlnoční, aby se klaněl, vyjde cestou brány polední; a ten kdož vejde cestou brány polední, vyjde cestou brány půlnoční. Nenavrátí se cestou té brány, kterouž všel, ale naproti ní vyjde.
ပြည်သူပြည်သားတို့သည် ဓမ္မပွဲခံချိန်ကာလ၌၊ ထာဝရဘုရားရှေ့တော်သို့ ဝင်သောအခါ၊ ဦးညွတ်ချခြင်း ငှါ မြောက်တံခါးဖြင့် ဝင်သော သူသည်တောင်တံခါးဖြင့် ထွက်ရမည်။ တောင်တံခါးဖြင့် ဝင်သော သူသည် မြောက် တံခါးဖြင့် ထွက်ရမည်။ ဝင်သောတံခါးဖြင့် မထွက်ရ။ ဝင်သော တံခါးတဘက်တချက်၌ရှိသော တံခါးဖြင့် ထွက်ရမည်။
10 A když oni vcházeti budou, kníže mezi nimi vcházeti bude, a když odcházeti budou, odejde.
၁၀ပြည်သားတို့တွင် မင်းသားဖြစ်သောသူသည် သူတို့ ဝင်သောအခါ ဝင်ရမည်။ သူတို့ထွက်သောအခါ ထွက်ရမည်။
11 Též na svátky i na slavnosti ať jest suchá obět, efi na volka a efi na skopce, a na beránky, což naděleno, a oleje hin na efi.
၁၁ပွဲခံ၍ ပရိသတ်စည်းဝေးရာ ကာလ၌ ဘောဇဉ် ပူဇော်သက္ကာဘို့၊ နွားတကောင်နှင့် မုန့်ညက်တဧဖါ၊ သိုး တကောင်နှင့် တဧဖါ၊ သိုးသငယ် နှင့် အလိုရှိသမျှကို၎င်း၊ မုန့်ညက် တဧဖါနှင့် ဆီတဟိန်ကို၎င်း ပူဇော်ရမည်။
12 Bude-li pak obětovati kníže obět dobrovolnou, zápal aneb oběti pokojné dobrovolně Hospodinu, tedy ať jest mu otevřína brána, kteráž k východu patří, a ať obětuje zápal svůj aneb pokojné oběti své, tak jakž obětuje v den sobotní. Potom odejde, a brána bude zavřína po odchodu jeho.
၁၂မင်းသားသည် အလိုလိုပြုသော မီးရှို့ရာယဇ်၊ မိဿဟာယယဇ်ကို မိမိအလိုအလျောက် ထာဝရဘုရား အား ပူဇော်သက္ကာပြုသောအခါ၊ အရှေ့သို့မျက်နှာပြု သော တံခါးကိုဖွင့်ရမည်။ သူသည်ဥပုသ်နေ့၌မီးရှို့ရာ ယဇ်၊ မိဿဟာယယဇ်ကို ပူဇော်သကဲ့သို့ ပူဇော်ရမည်။ ပူဇော်ပြီးမှ ထွက်သွား၍ တံခါးကို ပိတ်ထားရမည်။
13 K tomu beránka ročního bez poškvrny obětovati bude v zápal každý den Hospodinu; každého jitra beránka obětovati bude.
၁၃နေ့တိုင်းအစဉ်၊ ထာဝရဘုရားအား မီးရှို့ရာယဇ် ဘို့ အပြစ်မပါ၊ အခါမလည်သော သိုးသငယ်တကောင် ကို နံနက်အချိန်၌ ပူဇော်ရမည်။
14 Též suchou obět přičiní k němu, každého jitra šestý díl efi, též oleje třetinu hin k skropení mouky bělné, suchou obět Hospodinu, nařízením věčným ustavičně.
၁၄နံနက်တိုင်းအစဉ်၊ ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါတွင် ခြောက်စု တစုကို၎င်း၊ မုန့်ညက်နှင့်ရောရသော ဆီလေးလောဃ ကို၎င်း ပူဇော်ရမည်။ ဤရွှေ့ကား၊ထာဝရဘုရားအား အစဉ် အမြဲပြုရသော ဘောဇဉ်ပူဇော်သက္ကာတရားပေ တည်း။
15 A tak budou obětovati beránka i obět suchou, i olej každého jitra, zápal ustavičný.
၁၅ထိုသို့မီးရှို့ရာယဇ်ကို နံနက်တိုင်း အစဉ်မပြတ် ပူဇော်စရာဘို့ သိုးသငယ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ နှင့် ဆီကို၎င်း ပြင်ဆင်ရမည်။
16 Taktoť praví Panovník Hospodin: Dá-li kníže dar někomu z synů svých, dědictvíť jeho jest, synů jeho buď, k vládařství jejich dědičnému.
၁၆အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ မင်းသားသည် မိမိသား၌ လက်ဆောင်တစုံတခုကို ပေးလျှင်၊ ထိုလက်ဆောင်သည် အမွေဥစ္စာဖြစ်၍၊ သားတော်သည် အမွေခံလျက် သိမ်းယူရမည်။
17 Jestliže pak dá dar z dědictví svého některému z služebníků svých, také bude jeho až do léta svobodného, kdyžto navrátí se knížeti tomu; však dědictví jeho budou míti synové jeho.
၁၇မိမိကျွန်၌ အမွေဥစ္စာလက်ဆောင်တစုံတခုကို ပေးလျှင်မူကား၊ လွတ်ရာနှစ်သက္ကရာဇ်တိုင်ရုံမျှသာ ထိုကျွန်သည် ပိုင်ရမည်။ နောက်မှ မင်းသားလက်သို့ ပြန်ရောက်ရမည်။ သားမူကား၊ အစဉ်အမြဲ အမွေခံရ မည်။
18 Aniž bude bráti kníže z dědictví lidu, z vládařství jejich je vytiskuje; z svého vládařství dědictví dá synům svým, aby nebyl rozptylován lid můj žádný z vládařství svého.
၁၈ထိုမှတပါး၊ မင်းသားသည်ပြည်သားအမွေမြေကို အနိုင်အထက် ယူ၍ မြေရှင်ကိုမနှင်ထုတ်ရ။ မိမိပိုင်သော မြေထဲကမိမိသားတို့အား အမွေပေးရမည်။ ငါ၏လူတို့ သည် မိမိတို့ပိုင်သော အမွေမြေ၌ မနေရဘဲ အရပ်ရပ်သို့ ကွဲပြားစေခြင်းငှါ မပြုရ။
19 Potom vedl mne průchodem, kterýž jest po straně brány, k kněžím do komůrek svatých, kteréž patřily na půlnoci, a aj, tu bylo místo po dvou bocích k západu.
၁၉ထိုနောက်မှ တံခါးအနား၌ရှိသော ဝင်ဝဖြင့် ငါ့ကို ဆောင်သွား၍၊ မြောက်သို့မျက်နှာပြုသော ယဇ် ပုရောဟိတ် သန့်ရှင်းသော အခန်းများ ထဲသို့ သွင်းသဖြင့်၊ အနောက်ဘက်၌ရှိသော အရပ်တခုကို ငါမြင်၏။
20 I řekl mi: Toto jest místo, kdež vaří kněží oběti za vinu a za hřích, kdež smaží oběti suché, aby nevynášeli do síně zevnitřní ku posvěcování lidu.
၂၀ဤအရပ်ကား၊ ယဇ်ပုရောဟိတ်တို့သည် ဒုစရိုက် ဖြေရာယဇ်၊ အပြစ်ဖြေရာယဇ်ကိုပြုတ်၍၊ ဘော်ဇဉ်ပူဇော် သက္ကာကို ဖုတ်ရသော အရပ်ဖြစ်၏။ လူများကို သန့်ရှင်း စေခြင်းငှါ၊ ထိုအရာတို့ကို ပြင်တန်တိုင်းထဲသို့ မထုတ် ရကြဟု ငါ့အားပြောဆို၏။
21 Vyvedl mne též do síně zevnitřní, a vodil mne po čtyřech koutech síně, a aj, síň byla v každém rohu té síně.
၂၁တဖန်ပြင်တန်တိုင်းထဲသို့ ငါ့ကိုခေါ်သွင်း၍ တန်တိုင်းထောင့် လေးထောင့်တို့ကို ရှောက်သွားစေသဖြင့်၊ ထိုလေးထောင့်တို့၌ တန်တိုင်းငယ် တခုစီရှိသည်ကို ငါမြင်၏။
22 Ve čtyřech úhlech té síně byly síně s komíny, čtyřidcíti loket zdélí a třídcíti zšíří; míra jednostejná těch čtyř síní nárožních.
၂၂ထိုတန်တိုင်းငယ်တို့သည် အလျားအတောင် လေးဆယ်၊ အနံအတောင်သုံးဆယ်ရှိ၍၊ အတိုင်းအရှည် တညီတညွတ်တည်း ဖြစ်ကြ၏။
23 A v těch čtyřech byly kuchyňky vůkol, též ohniště zdělána v těch kuchyňkách vůkol.
၂၃ထိုလေးထောင့်တို့အတွင်း ပတ်လည်၌ ချက် ပြုတ်စရာဘို့ အစဉ်အတိုင်း ခုံလောက်တန်းများ ရှိကြ၏။
24 I řekl mi: Ta jsou místa těch, kteříž vaří, kdežto vaří služebníci domu oběti lidu.
၂၄ဤအရပ်တို့ကား အိမ်တော်အမှုစောင့်တို့သည် လူများပူဇော်သော ယဇ်ကောင်တို့ကို ပြုတ်ရသော အရပ် ဖြစ်ကြသည်ဟု ငါ့အား ပြောဆို၏။

< Ezechiel 46 >