< Ezechiel 37 >

1 Byla nade mnou ruka Hospodinova, a vyvedl mne Hospodin v duchu, a postavil mne u prostřed údolí, kteréž bylo plné kostí.
တဖန်ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ်မှာ ရှိ ၍ ဝိညာဉ် တော်အားဖြင့် ငါ့ ကိုပြင်သို့ ဆောင် သွား လျက်၊ အရိုး တို့နှင့် ပြည့် သောချိုင့် အလယ် ၌ ထား ပြီးလျှင် ၊
2 I provedl mne skrze ně vůkol a vůkol, a aj, bylo jich velmi mnoho v tom údolí, a aj, byly velmi suché.
ထိုအရိုးတို့ပတ်လည် ၌ ရှောက်သွား စေတော်မူ ၏။ ထိုချိုင့် မျက်နှာပြင် ၌ များစွာ သောအရိုးတို့သည်ရှိ၍ အလွန် သွေ့ခြောက် ကြ၏။
3 I řekl mi: Synu člověčí, mohly-li by ožiti kosti tyto? I řekl jsem: Panovníče Hospodine, ty víš.
ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ ဤ အရိုး တို့သည် အသက်ရှင် နိုင်သလောဟုမေး တော်မူလျှင် ၊ ငါက၊ အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သိ တော်မူသည် ဟု လျှောက် လေ၏။
4 V tom řekl mi: Prorokuj o těch kostech a rci jim: Kosti suché, slyšte slovo Hospodinovo.
ထာဝရဘုရားကလည်း၊ ဤ အရိုး တို့အပေါ်မှာ ပရောဖက်ပြု ၍ ဟောပြော ရမည်မှာ၊ အိုသွေ့ခြောက် သော အရိုး တို့၊ ထာဝရဘုရား ၏အမိန့် တော်ကိုနားထောင် ကြလော့။
5 Toto praví Panovník Hospodin kostem těmto: Aj, já uvedu do vás ducha, abyste ožily.
ဤ သွေ့ခြောက်သော အရိုး တို့အား အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် သင် တို့အထဲသို့ အသက် ကိုသွင်း ၍ သင်တို့သည် အသက်ရှင် ရကြမည် ။
6 A dám na vás žily, a učiním, že zroste na vás maso, a otáhnu vás koží; dám, pravím, do vás ducha, abyste ožily, i zvíte, že já jsem Hospodin.
သင် တို့အပေါ်မှာ အကြော တို့ကို ငါတင် ၍ အသား ကို တက် စေမည်။ အရေ နှင့် ဖုံးလွှမ်း ၍ ၊ အသက် ကို သွင်း သဖြင့် သင်တို့သည် အသက်ရှင် ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု၊
7 Tedy prorokoval jsem tak, jakž mi rozkázáno bylo. I stal se zvuk, když jsem já prorokoval, a aj, hřmot, když se přibližovaly kosti jedna k druhé.
မှာထား တော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု ၏။ ပရောဖက်ပြု စဉ်တွင် အသံ မြည်၏။ လှုပ်ရှား ခြင်းလည်း ရှိ၏။ အရိုး တို့သည် တခုအနီးသို့တခု ချဉ်း ကြ ၏။
8 I viděl jsem, a aj, žily a maso na nich se ukázalo, i koží potaženy byly po vrchu, ale ducha žádného nebylo v nich.
ငါကြည့်ရှု စဉ်တွင် အကြော တို့သည်ပေါ်လာ ၍ အသား လည်း တက် ၏။ အရေ လည်းဖုံးလွှမ်း ၏။ သို့ရာတွင် ၊ အသက် မ ရှိသေး။
9 I řekl mi: Prorokuj k duchu, prorokuj, synu člověčí, a rci duchu: Takto praví Panovník Hospodin: Ode čtyř větrů přiď, duchu, a věj na tyto zmordované, ať oživou.
ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ လေ အား ပရောဖက်ပြု လော့။ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို လေ အား ဆင့်ဆို ရမည်မှာ၊ အိုလေ ၊ အရပ် လေးမျက်နှာတို့မှ လာ ၍၊ ဤ အသေကောင် တို့သည် အသက်ရှင် မည်အကြောင်း သူတို့အပေါ်မှာမှုတ် လော့ဟု၊
10 Tedy prorokoval jsem, jakž mi rozkázal. I všel do nich duch, a ožili, a postavili se na nohách svých, zástup velmi veliký.
၁၀မှာထား တော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု ၍ ၊ လေ သည် သူ တို့အထဲသို့ ဝင် သဖြင့် သူတို့သည် အသက်ရှင် ၍ ၊ အလွန် များ သော ဗိုလ်ခြေ ဖြစ်လျက် မတ်တတ် နေကြ၏။
11 I řekl mi: Synu člověčí, kosti tyto jsou všecken dům Izraelský. Aj, říkají: Uschly kosti naše, a zhynula čáka naše, jižť jest po nás.
၁၁ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ ဤ အရိုး တို့သည် ဣသရေလ အမျိုး အပေါင်း ဖြစ်ကြ၏။ ငါ တို့အရိုး များသည် သွေ့ခြောက် ကြ၏။ မြော်လင့် စရာ မ ရှိ။ ငါတို့သည် ဆုံးရှုံး ကြပြီဟု သူ တို့ဆို တတ်ကြ၏။
12 Protož prorokuj a rci jim: Takto praví Panovník Hospodin: Aj, já otevru hroby vaše, a vyvedu vás z hrobů vašich, lide můj, a uvedu vás do země Izraelské.
၁၂သို့ဖြစ်၍ ၊ ပရောဖက်ပြု လျက် အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို သူ တို့အား ဆင့်ဆို ရမည်မှာ၊ အချင်းငါ ၏လူ တို့၊ သင် တို့သင်္ချိုင်း တွင်းများကို ငါ ဖွင့် ၍ သင် တို့ကို ထုတ် ပြီးလျှင် ဣသရေလ ပြည် သို့ ပို့ဆောင် မည်။
13 I zvíte, že já jsem Hospodin, když otevru hroby vaše, a vyvedu vás z hrobů vašich, lide můj.
၁၃အချင်းငါ ၏လူ တို့၊ သင် တို့သင်္ချိုင်း တွင်းများကို ငါ ဖွင့် ၍ သင် တို့ကို ထုတ် ပြီးလျှင် ၊
14 A dám Ducha svého do vás, abyste ožili, a osadím vás v zemi vaší, i zvíte, že já Hospodin mluvím i činím, dí Hospodin.
၁၄အသက်ရှင် စေခြင်းငှါငါသည် ကိုယ် အသက် ကို သွင်း ပေး၍ ၊ သင် တို့ကို နေရင်းပြည် ၌ နေရာ ချသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ ငါထာဝရဘုရားပြော သည်အတိုင်း ပြည့်စုံ ကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
15 Opět stalo se slovo Hospodinovo ke mně, řkoucí:
၁၅တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊
16 Ty pak synu člověčí, vezmi sobě dřevo jedno, a napiš na něm: Judovi, a synům Izraelským, tovaryšům jeho. Zatím vezma dřevo druhé, napiš na něm: Jozefovi dřevo Efraimovo, a všechněm synům Izraelským, tovaryšům jeho.
၁၆အချင်းလူသား ၊ တုတ် တ ချောင်းကိုယူ ၍ ၊ ယုဒ အမျိုးနှင့် သူ ၏အပေါင်းအဘော် ဣသရေလ အမျိုးသား အဘို့ ဟု ရေးမှတ် လော့။ တဖန် တုတ် တ ချောင်းကိုယူ ၍ ၊ ယောသပ် အမျိုးနှင့်သူ ၏ အပေါင်းအဘော် ဣသရေလ အမျိုးသား များအဘို့၊ ဧဖရိမ် တုတ် ပေတည်းဟု ရေးမှတ် လော့။
17 I spojž je sobě jedno k druhému v jedno dřevo, aby byla jako jedno v ruce tvé.
၁၇ထိုတုတ်နှစ်ချောင်းကို တ ချောင်းတည်းဖြစ် စေခြင်းငှါ ပူး ထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက် စွဲလော့။
18 A když mluviti budou k tobě synové lidu tvého, řkouce: Což nám neoznámíš, co ty věci znamenají:
၁၈သင် ၏အမျိုးသား ချင်းတို့က၊ ထိုသို့ ပြုသော်၊ အဘယ်သို့ ဆိုလိုသည်ကို ငါ တို့အား မ ပြော သင့်သလော ဟုမေး လျှင် ၊
19 Mluv k nim: Takto praví panovník Hospodin: Aj, já vezmu dřevo Jozefovo, kteréž jest v ruce Efraimově, a pokolení Izraelských, tovaryšů jeho, a přiložím je s ním k dřevu Judovu, a učiním je dřevem jedním, i budou jedno v ruce mé.
၁၉အရှင် ထာဝရဘုရား ၏ အမိန့် တော်ကိုသူ တို့ အား ဆင့်ဆို ရမည်မှာ၊ ဧဖရိမ် ကိုင် သော ယောသပ် ၏ တုတ် နှင့် ၊ သူ ၏အပေါင်းအဘော် ဣသရေလ အမျိုးအနွယ် တို့ကိုငါ ယူ ၍ ယုဒ တုတ် နှင့်အတူပူး ထားပြီးလျှင် ၊ တ ချောင်းတည်းဖြစ်သော တုတ် ကိုငါ လက် စွဲမည်ဟု ဆင့်ဆိုလျက်၊
20 A když budou ta dřeva, na kterýchž jsi psal, v ruce tvé před očima jejich,
၂၀သင်ရေးမှတ် သော ထိုတုတ် ကိုသူ တို့မျက်မှောက် ၌ လက် စွဲလျက် နေ လော့။
21 Tedy mluv k nim: Takto praví Panovník Hospodin: Aj, já vezmu syny Izraelské z prostřed národů těch, kamž odešli, a shromáždě je odevšad, uvedu je do země jejich.
၂၁အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုးသား တို့ရောက် သော တပါး အမျိုးသား နေရာအရပ်ရပ် တို့မှ သူ တို့ကိုငါ ခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သူ တို့ကို နေရင်းပြည် သို့ ပို့ဆောင် မည်။
22 A učiním je, aby byli národem jedním v té zemi na horách Izraelských, a král jeden bude nad nimi nade všemi králem. A nebudou více dva národové, aniž se již více děliti budou na dvoje království.
၂၂ထိုပြည်တွင် ဣသရေလ တောင် တို့အပေါ်၌ လူ တ မျိုးတည်းဖြစ်စေ ၍၊ ရှင်ဘုရင် တ ပါးတည်းသာလျှင်ထိုသူ အပေါင်း တို့ကို စိုးစံ ရလိမ့်မည်။ နောင် တဖန် သူတို့ သည် လူ နှစ် မျိုးမ ဖြစ် ရ။ နှစ် တိုင်း နှစ်ပြည်ကွဲပြား လျက် မ ရှိရ။
23 Aniž se budou poškvrňovati více ukydanými bohy svými, a ohavnostmi svými, ani jakými přestoupeními svými, i vysvobodím je ze všech obydlí jejich, v nichž hřešili, a očistím je. I budou mým lidem, a já budu jejich Bohem.
၂၃နောက် တဖန် သူ တို့ရုပ်တု များ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုများ၊ လွန်ကျူး ခြင်းအမှုများနှင့် ကိုယ်ကိုမ ညစ်ညူး စေရကြ။ သူတို့ပြစ်မှား လေရာရာ အရပ် တို့မှ ငါကယ်နှုတ် ၍ သန့်ရှင်း စေမည်။ သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ ငါ သည်လည်း သူ တို့၏ဘုရားသခင် ဖြစ် မည်။
24 A služebník můj David bude králem nad nimi, a pastýře jednoho všickni míti budou, aby v soudech mých chodili, a ustanovení mých ostříhali, i činili je.
၂၄ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့၏ရှင်ဘုရင် ဖြစ်၍ ၊ ထိုသူ အပေါင်း တို့သည် သိုးထိန်း တဦးတည်း ရှိ ကြလိမ့်မည်။ ငါ စီရင် ထုံးဖွဲ့ချက် တရား လမ်းသို့ လိုက် ၍ စောင့်ရှောက် ကြလိမ့်မည်။
25 I budou bydliti v té zemi, kterouž jsem byl dal služebníku svému Jákobovi, v níž bydlili otcové vaši. Budou, pravím, v ní bydliti oni i synové jejich, i synové synů jejich až na věky, a David služebník můj knížetem jejich bude na věky.
၂၅ငါ ၏ကျွန် ယာကုပ် အား ငါပေး ၍၊ သင် တို့ဘိုးဘေး များနေ ဘူးသော ပြည် ၌ သူ တို့နှင့် သား မြေး အစဉ်အဆက် တို့သည် နေ ကြလိမ့်မည်။ ငါ ၏ကျွန် ဒါဝိဒ် သည် လည်း သူ တို့ကို အစဉ်အမြဲ စိုးစံလိမ့်မည်။
26 Nadto učiním s nimi smlouvu pokoje; smlouva věčná bude s nimi. A rozsadím je, i rozmnožím je, a postavím svatyni svou u prostřed nich na věky.
၂၆ထိုမှတပါး ၊ သူ တို့နှင့် မိဿဟာယ ပဋိညာဉ် ကို ငါဖွဲ့ ၍၊ ထိုပဋိညာဉ်သည် နိစ္စ ထာဝရပဋိညာဉ် ဖြစ် လိမ့်မည် ။ သူ တို့ကိုနေရာချ ၍ များပြား စေမည်။ ငါ ၏ သန့်ရှင်း ရာဌာနကို သူ တို့အလယ် ၌ အစဉ်အမြဲ ထား မည်။
27 Bude i příbytek můj mezi nimi, a budu jejich Bohem, a oni budou lidem mým.
၂၇ငါ ၏ဗိမာန် တော်သည်လည်း သူ တို့၌ ရှိ ၍ ၊ ငါသည် သူ တို့၏ ဘုရားသခင် ဖြစ် မည်။ သူ တို့သည်လည်း ငါ ၏လူ ဖြစ် ကြလိမ့်မည်။
28 I zvědí národové, že jsem já Hospodin, jenž posvěcuji Izraele, když bude svatyně má u prostřed nich na věky.
၂၈ထိုသို့ ငါ ၏ သန့်ရှင်း ရာဌာနသည် သူ တို့အလယ် ၌ အစဉ်အမြဲ တည် သောအခါ ၊ ငါ ထာဝရဘုရား သည် ဣသရေလ အမျိုးကို သန့်ရှင်း စေသည်ဟု တပါး အမျိုးသား တို့သည် သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezechiel 37 >