< Skutky Apoštolů 9 >
1 Saul pak ještě dychtě po pohrůžkách a po mordu proti učedlníkům Páně, šel k nejvyššímu knězi,
၁ဤအတောအတွင်း၌ရှောလုသည် သခင် ဘုရား၏တပည့်တော်တို့အားသတ်ဖြတ်ရန် ခြိမ်းခြောက်လျက်နေ၏။ သူသည်ယဇ်ပုရော ဟိတ်မင်းထံသို့သွားပြီးလျှင်၊-
2 A vyžádal od něho listy do Damašku do škol, nalezl-li by tam té cesty které muže nebo ženy, aby svázané přivedl do Jeruzaléma.
၂သခင်ဘုရား၏လမ်းစဉ်တော်ကိုလိုက်လျှောက် သောသူ အမျိုးသားအမျိုးသမီးတို့ကိုတွေ့ ရှိပါက ထိုသူတို့ကိုဖမ်းဆီး၍ယေရုရှလင် မြို့သို့ခေါ်ဆောင်လာနိုင်ရန် မိမိအားအာဏာ အပ်နှင်းကြောင်းဒမာသက်မြို့ရှိဇရပ်များ သို့အမှာစာများရေးပေးပါရန်ပန်ကြား လျှောက်ထား၏။
3 A když byl na cestě, stalo se, že již přibližoval se k Damašku. Tedy pojednou rychle obklíčilo jej světlo s nebe.
၃သူသည်ခရီးပြု၍ဒမာသက်မြို့အနီး သို့ရောက်လာသောအခါ၌ မိုးကောင်းကင်မှ အလင်းရောင်ခြည်တစ်ခုသည်သူ၏ပတ် လည်တွင်ရုတ်တရက်ထွန်းတောက်လာ၏။-
4 A padna na zem, uslyšel hlas řkoucí: Saule, Saule, proč mi se protivíš?
၄သူသည်မြေပေါ်သို့လဲကျသွားပြီးနောက် ``ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ ကိုနှိပ်စက်ညှဉ်းဆဲသနည်း'' ဟုမေးမြန်းသံ ကိုကြားရ၏။
5 A on řekl: I kdo jsi, Pane? A Pán řekl: Já jsem Ježíš, jemuž ty se protivíš. Tvrdoť jest tobě proti ostnům se zpěčovati.
၅ရှောလုက ``အရှင်၊ အရှင်သည်မည်သူဖြစ် ပါသနည်း'' ဟုမေးလျှောက်၏။ ထိုအသံ က ``ငါကားသင်နှိပ်စက်ညှဉ်းဆဲနေသူ ယေရှုပင်တည်း။-
6 A on třesa se a boje se, řekl: Pane, co chceš, abych činil? A Pán k němu: Vstaň a jdi do města, a bude tobě povědíno, co bys ty měl činiti.
၆သို့သော်သင်သည်ထ၍မြို့ထဲသို့ဝင်လော့။ သင်ပြုရမည့်အမှုကိုထိုအရပ်တွင်သိရှိ ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
7 Ti pak muži, kteříž šli za ním, stáli, ohromeni jsouce, hlas zajisté slyšíce, ale žádného nevidouce.
၇ရှောလုနှင့်အတူခရီးပြုလျက်နေကြသူ တို့သည် ထိုအသံကိုကြားရသော်လည်း လူ တစ်စုံတစ်ယောက်ကိုမျှမတွေ့မမြင်ရ သဖြင့်ကြက်သေသေလျက်ရပ်နေကြ၏။-
8 I vstal Saul z země, a otevřev oči své, nic neviděl. Tedy pojavše ho za ruce, uvedli jej do Damašku.
၈ရှောလုသည်မြေပေါ်မှထ၍မျက်စိကိုဖွင့် လိုက်သောအခါ အဘယ်အရာကိုမျှမမြင် ရတော့ချေ။ သို့ဖြစ်၍ထိုသူတို့သည်သူ့ လက်ကိုဆွဲ၍ဒမာသက်မြို့ထဲသို့ခေါ် ဆောင်သွားကြ၏။-
9 I byl tu za tři dni nevida, a nejedl nic, ani nepil.
၉သူသည်သုံးရက်တိုင်တိုင်မျက်စိအလင်း ကွယ်လျက်နေ၏။ ထိုသုံးရက်အတွင်းမစား မသောက်ဘဲနေ၏။
10 Byl pak jeden učedlník apoštolský v Damašku, jménem Ananiáš. I řekl k němu Pán u vidění: Ananiáši. A on řekl: Aj, já, Pane.
၁၀ဒမာသက်မြို့တွင်အာနနိနာမည်ရှိသူ တပည့်တော်တစ်ယောက်ရှိ၏။ ဗျာဒိတ်ရူပါ ရုံထဲတွင်သခင်ဘုရားကအာနနိအား ``အာနနိ'' ဟုခေါ်တော်မူလျှင်၊ အာနနိက ``ရှိပါသည်သခင်ဘုရား'' ဟု လျှောက်၏။
11 A Pán k němu: Vstaň a jdi do ulice, kteráž slove Přímá, a hledej v domě Judově Saule, jménem Tarsenského. Nebo aj, modlí se,
၁၁သခင်ဘုရားကလည်း ``သင်သည်ထ၍လမ်း ဖြောင့်အမည်တွင်သောလမ်းသို့သွားလော့။ တာရှု မြို့သားရှောလုဆိုသူကို ယုဒ၏အိမ်တွင်စုံ စမ်းမေးမြန်းလော့။ သူသည်ဆုတောင်းလျက် နေ၏။-
12 A viděl u vidění muže, Ananiáše jménem, an jde k němu, a vzkládá naň ruku, aby zrak přijal.
၁၂သူသည်မျက်စိအလင်းပြန်လည်ရရှိနိုင် ရန် အာနနိဆိုသူလာ၍မိမိအပေါ်မှာ လက်တင်သည်ကိုဗျာဒိတ်ရူပါရုံတွင်မြင် ရလေပြီ'' ဟုမိန့်တော်မူ၏။
13 I odpověděl Ananiáš: Pane, slyšel jsem od mnohých o tom muži, kterak mnoho zlého činil svatým tvým v Jeruzalémě.
၁၃အာနနိက ``သခင်ဘုရား၊ ဤသူသည်ယေရု ရှလင်မြို့ရှိကိုယ်တော်၏လူစုတော်အားမည် မျှဒုက္ခပေးခဲ့သည်ကို လူအမြောက်မြားထံ မှအကျွန်ုပ်ကြားသိရပါ၏။-
14 A i zdeť má moc od předních kněží, aby jímal všecky, kteříž vzývají jméno tvé.
၁၄ထို့ပြင်ကိုယ်တော်အားပတ္ထနာပြုသူမှန်သမျှ ကိုလည်း ဖမ်းဆီးရန်ယဇ်ပုရောဟိတ်ကြီးတို့ ထံမှအခွင့်အာဏာရရှိထားသူဖြစ်ပါ၏'' ဟုလျှောက်၏။
15 I řekl jemu Pán: Jdi, neboť on jest má nádoba vyvolená, aby nosil jméno mé před pohany i krále, i před syny Izraelské.
၁၅သို့ရာတွင်သခင်ဘုရားက ``သွားလော့။ ဤ သူကားလူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် ဣသရေလအမျိုးသားတို့အား ငါ၏အကြောင်း ကိုဟောပြောကြေညာရန်ငါရွေးချယ်ထား သူဖြစ်၏။-
16 Jáť zajisté ukáži jemu, kterak on mnoho musí trpěti pro jméno mé.
၁၆ငါ၏နာမတော်အတွက်ကြောင့်သူခံရမည့် ဒုက္ခဆင်းရဲအကြောင်းကို သူ့အားငါကိုယ် တိုင်ဖော်ပြမည်'' ဟုမိန့်တော်မူ၏။
17 I šel Ananiáš, a všel do toho domu, a vloživ ruce naň, řekl: Saule bratře, Pán Ježíš poslal mne, kterýž se ukázal tobě na cestě, po níž jsi šel, abys zrak přijal a naplněn byl Duchem svatým.
၁၇ထို့ကြောင့်အာနနိသည်ရှောလုရှိသည့်အိမ် သို့သွား၍ ရှောလု၏အပေါ်မှာလက်ကိုတင် ပြီးလျှင် ``ငါ့ညီ၊ သင်သည်မျက်စိအလင်းကို ပြန်လည်ရရှိစေရန်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလာစေရန်လည်း ကောင်း၊ လမ်းခရီးတွင်သင့်အားထင်ရှားတော် မူသောသခင်ယေရှုသည် ငါ့အားသင့်ထံသို့ စေလွှတ်တော်မူလိုက်၏'' ဟုဆို၏။-
18 A hned spadly s očí jeho jako lupiny, a on prohlédl pojednou; a vstav, pokřtěn jest.
၁၈ထိုအခါချက်ချင်းပင်ရှောလုသည်မျက်စိမှ အကြေးများကွာကျသကဲ့သို့ဖြစ်ပြီးလျှင် မျက်စိအလင်းကိုပြန်လည်ရရှိ၏။ သူသည် ထ၍ဗတ္တိဇံမင်္ဂလာကိုခံလေသည်။-
19 A přijav pokrm, posilnil se. I zůstal Saul s učedlníky, kteříž byli v Damašku, za několiko dní.
၁၉ထိုနောက်အစားအစာသုံးဆောင်ပြီးသော အခါခွန်အားပြည့်လာ၏။ ရှောလုသည်ဒမာသက်မြို့တွင် တပည့်တော် တို့နှင့်အတူရက်အနည်းငယ်နေ၏။-
20 A hned v školách kázal Krista, pravě, že on jest Syn Boží.
၂၀တရားဇရပ်များသို့ချက်ချင်းသွားရောက် ၍ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဟောပြောလေ၏။
21 I divili se náramně všickni, kteříž jej slyšeli, a pravili: Zdaliž toto není ten, jenž hubil v Jeruzalémě ty, kteříž vzývali jméno toto, a sem na to přišel, aby je svázané vedl k předním kněžím?
၂၁သူ၏စကားကိုကြားသူအပေါင်းတို့သည် လွန်စွာအံ့သြကြလျက် ``ဤသူသည်ထို သခင်ကိုပတ္ထနာပြုသူဟူသမျှကိုယေရု ရှလင်မြို့တွင်သတ်ဖြတ်ခဲ့သူမဟုတ်ပါလော။ ထိုသူတို့ကိုဖမ်းဆီး၍ယဇ်ပုရောဟိတ်ကြီး များထံခေါ်ဆောင်သွားရန်လာရောက်သူ မဟုတ်ပါလော'' ဟုဆိုကြ၏။
22 Saul pak mnohem více se zmocňoval a zahanboval Židy, kteříž byli v Damašku, potvrzuje toho, že ten jest Kristus.
၂၂သို့သော်ရှောလုကသခင်ယေရှုသည်မေရှိယ ဖြစ်တော်မူကြောင်းကို ပိုင်ပိုင်နိုင်နိုင်သက်သေပြ ၍ဟောပြောရာ ဒမာသက်မြို့ရှိယုဒအမျိုး သားတို့ပြန်လည်၍မချေပနိုင်ကြပေ။
23 A když přeběhlo drahně dnů, radu mezi sebou na tom zavřeli Židé, aby jej zabili.
၂၃ထိုနောက်ရက်ပေါင်းများစွာကြာသောအခါ ယုဒအမျိုးသားတို့သည်ရှောလုကိုသတ် ရန်လျှို့ဝှက်ကြံစည်ကြ၏။-
24 Ale zvěděl Saul o těch úkladech jejich. Ostříhali také i bran ve dne i v noci, aby jej zahubili.
၂၄သို့ရာတွင်သူတို့၏အကြံအစည်ကိုရှောလု သိသွား၏။ သူတို့သည်ရှောလုကိုသတ်ရန် နေ့ ရောညဥ့်ပါမြို့တံခါးများတွင်စောင့်နေ ကြ၏။-
25 Ale učedlníci v noci vzavše ho, spustili jej po provaze přes zed v koši.
၂၅သို့ရာတွင်ရှောလု၏တပည့်တို့သည်ညဥ့်အခါ သူ့ကိုတောင်းတွင်ထည့်၍မြို့ရိုးမှအောက်သို့ လျှောချကြ၏။
26 Přišed pak Saul do Jeruzaléma, pokoušel se přitovaryšiti k učedlníkům, ale báli se ho všickni, nevěříce, by byl učedlníkem.
၂၆သူသည်ယေရုရှလင်မြို့သို့ရောက်သောအခါ တပည့်တော်တို့နှင့်ပေါင်းဖော်ရန်ကြိုးစား၏။ သို့သော်လည်းသူသည်တပည့်တော်တစ်ဦး ဖြစ်လာကြောင်းကို တပည့်တော်အပေါင်းတို့ သည်မယုံသဖြင့်သူ့ကိုကြောက်ကြ၏။-
27 Barnabáš pak přijav jej, vedl ho k apoštolům, a vypravoval jim, kterak na cestě viděl Pána, a že mluvil s ním, a kterak v Damašku svobodně mluvil ve jménu Ježíše.
၂၇ထိုအခါဗာနဗသည်ရှောလုကိုတမန်တော် တို့ထံသို့ခေါ်ခဲ့ပြီးလျှင် လမ်းခရီးတွင်သခင် ဘုရားအားရှောလုဖူးမြင်ခဲ့ရပုံကိုလည်း ကောင်း၊ သခင်ဘုရားကရှောလုအားမည်သို့ အမိန့်ရှိခဲ့ပုံကိုလည်းကောင်း ဒမာသက်မြို့ တွင်သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ ရှောလုရဲရင့်စွာဟောပြောခဲ့ပုံကိုလည်း ကောင်းပြောပြလေသည်။-
28 I byl s nimi přebývaje v Jeruzalémě,
၂၈ရှောလုသည်လည်းတမန်တော်တို့နှင့်အတူ ယေရုရှလင်မြို့တွင်သွားလာလှုပ်ရှားလျက် သခင်ဘုရား၏နာမတော်ကိုအမှီပြု၍ ရဲရင့်စွာဟောပြောလေသည်။-
29 A směle mluvě ve jménu Pána Ježíše, a hádal se s Řeky; oni pak usilovali ho zabíti.
၂၉သူသည်ဂရိဘာသာစကားကိုသုံးစွဲသူ ယုဒအမျိုးသားများနှင့်အချေအတင် ဆွေးနွေး၏။ သို့ရာတွင်ထိုသူတို့သည်သူ့ ကိုသတ်ရန်ကြံစည်အားထုတ်ကြ၏။-
30 To zvěděvše bratří, dovedli ho do Cesaree, a poslali jej do Tarsu.
၃၀ထိုအကြောင်းကိုညီအစ်ကိုတို့ကြားသိသော အခါ သူ့ကိုကဲသရိမြို့သို့ပို့ဆောင်ပြီးလျှင် ထိုမှတစ်ဖန်တာရှုမြို့သို့ထွက်ခွာသွားစေ ကြ၏။
31 A tak sborové po všem Judstvu a Galilei i Samaří měli pokoj, vzdělávajíce se, a chodíce v bázni Páně, a rozhojňovali se potěšením Ducha svatého.
၃၁ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
32 Stalo se pak, že Petr, když procházel všecky sbory, přišel také k svatým, kteříž byli v Lyddě.
၃၂ပေတရုသည်အရပ်ရပ်သို့လှည့်လည်သွား လာ၏။ အခါတစ်ပါး၌လုဒ္ဒမြို့ရှိဘုရား သခင်၏လူစုတော်ထံသို့ရောက်ရှိလာ၏။-
33 I nalezl tu člověka jednoho, jménem Eneáše, již od osmi let na loži ležícího, kterýž byl šlakem poražený.
၃၃ထိုမြို့တွင်လေဖြတ်သဖြင့်ရှစ်နှစ်ပတ်လုံး အိပ်ရာပေါ်မှာတုံးလုံးလဲနေသူအဲနေ နာမည်ရှိသောလူတစ်ယောက်ကိုတွေ့၏။-
34 I řekl mu Petr: Eneáši, uzdravujeť tebe Ježíš Kristus; vstaň a ustel sobě. A hned vstal.
၃၄သူ့အားပေတရုက ``အဲနေ၊ ယေရှုခရစ်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍အိပ်ရာ ကိုပြင်လော့'' ဟုဆို၏။ အဲနေသည်ချက်ချင်း ပင်ထ၏။-
35 I viděli jej všickni, kteříž bydlili v Lyddě a v Sároně, kteříž se obrátili ku Pánu.
၃၅လုဒ္ဒမြို့နှင့်ရှာရုန်လွင်ပြင်တွင်နေထိုင်သူလူ အပေါင်းတို့သည်သူ့ကိုတွေ့မြင်၍ သခင် ဘုရားထံတော်သို့ပြောင်းလဲလာကြ၏။
36 Byla pak jedna učedlnice v Joppen, jménem Tabita, což se vykládá Dorkas. Ta byla plná skutků dobrých a almužen, kteréž činila.
၃၆ယုပ္ပေမြို့တွင်တဗိသနာမည်ရှိသောတပည့် တော်မတစ်ဦးရှိ၏။ (သူ၏နာမည်မှာဂရိ စကားအားဖြင့်ဒေါ်ကာဖြစ်၍ ``ဒရယ်'' ဟု အနက်ရလေသည်။) သူသည်ကောင်းမှုနှင့် စွန့်ကြဲပေးကမ်းမှုကိုအစဉ်သဖြင့်ပြု တတ်၏။-
37 I stalo se v těch dnech, že roznemohši se, umřela. Kteroužto umyvše, položili na síň vrchní.
၃၇သူသည်ဖျားနာ၍သေလေ၏။ သူ၏အလောင်း ကိုရေချိုးပေးကြပြီးသော်အိမ်၏အထက် ခန်းတွင်ပြင်ထားကြ၏။-
38 A že byla blízko Lydda od Joppen, uslyšavše učedlníci, že by tam byl Petr, poslali k němu dva muže, prosíce ho, aby sobě neobtěžoval přijíti až k nim.
၃၈လုဒ္ဒမြို့သည်ယုပ္ပေမြို့အနီးတွင်ရှိသဖြင့်ထို မြို့တွင်ပေတရုရှိကြောင်း တပည့်တော်တို့ကြား သိကြသောအခါ ``အကျွန်ုပ်တို့ထံသို့အလျင် အမြန်ကြွလာတော်မူပါ'' ဟူသောပန်ကြား ချက်ဖြင့်လူနှစ်ယောက်ကိုပေတရုထံသို့စေ လွှတ်လိုက်ကြ၏။-
39 Tedy vstav Petr, šel s nimi. A když přišel, vedli jej na síň. I obstoupily ho všecky vdovy, plačíce a ukazujíce sukně a pláště, kteréž jim dělala, dokudž s nimi byla, Dorkas.
၃၉ထို့ကြောင့်ပေတရုသည်ထိုသူနှစ်ယောက်နှင့် အတူလိုက်ခဲ့လေသည်။ ရောက်သောအခါလူ တို့သည်သူ့အားအိမ်အထက်ထပ်ရှိအခန်း သို့ခေါ်သွားကြ၏။ မုဆိုးမတို့သည်ပေတရု ၏အနီးတွင်ဝိုင်းအုံလျက်ငိုယိုကာ ဒေါ်ကာ အသက်ရှင်စဉ်အခါကချုပ်လုပ်ထားခဲ့သော အင်္ကျီများနှင့်အတွင်းခံအင်္ကျီများကိုပြ ကြ၏။-
40 I rozkázav všechněm vyjíti ven Petr, poklek na kolena, modlil se, a obrátiv se k tomu tělu, řekl: Tabito, vstaň. A ona otevřela oči své, a uzřevši Petra, posadila se.
၄၀ပေတရုသည်ထိုသူအပေါင်းတို့ကိုအပြင် သို့ထွက်စေပြီးလျှင် ဒူးထောက်၍ဆုတောင်း ပတ္ထနာပြု၏။ ထိုနောက်ရုပ်အလောင်းဘက်သို့ လှည့်၍ ``တဗိသ၊ ထလော့'' ဟုဆို၏။ ဒေါ်ကာ သည်မျက်စိဖွင့်၍ပေတရုကိုမြင်သော အခါထထိုင်လေ၏။-
41 A podav jí ruky Petr, pozdvihl jí; a povolav svatých a vdov, ukázal jim ji živou.
၄၁ပေတရုသည်လက်ကိုကမ်းပေးပြီးလျှင်ထို အမျိုးသမီးကိုဆွဲထူလိုက်၏။ ထိုနောက် မုဆိုးမများအပါအဝင်ယုံကြည်သူများ ကိုခေါ်၍ အသက်ရှင်လျက်ရှိသောဒေါ်ကာ ကိုပေးအပ်၏။-
42 I rozhlášeno jest to po všem městě Joppen, a uvěřili mnozí v Pána.
၄၂ဤသတင်းသည်ယုပ္ပေတစ်မြို့လုံးတွင်ကျော် ကြားသွားသဖြင့် လူအမြောက်အမြားပင် သခင်ဘုရားကိုသက်ဝင်ယုံကြည်လာ ကြ၏။-
43 I stalo se, že za mnohé dni pozůstal Petr v Joppen u nějakého Šimona koželuha.
၄၃ပေတရုသည်ယုပ္ပေမြို့တွင်ရှိမုန်နာမည်ရှိသူ သားရေနယ်သမားနှင့်အတူရက်ပေါင်းများ စွာနေထိုင်လေသည်။