< Skutky Apoštolů 2 >

1 A když přišel den padesátý, byli všickni spolu na jednom místě.
ပင်​တေ​ကုတ္တေ​ပွဲ​တော်​နေ့​ကျ​ရောက်​သော​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည်​တစ်​နေ​ရာ တည်း​တွင်​စု​ရုံး​လျက်​ရှိ​ကြ​၏။-
2 I stal se rychle zvuk s nebe, jako přicházejícího větru prudkého, a naplnil všecken dům, kdež seděli.
ထို​အ​ခါ​လေ​ပြင်း​မုန်​တိုင်း​တိုက်​ခတ်​သံ​နှင့် တူ​သော​အ​သံ​သည် အ​ထက်​ကောင်း​ကင်​မှ ရုတ်​တ​ရက်​ပေါ်​လာ​၏။ ထို​နောက်​တ​ပည့်​တော် တို့​နေ​ထိုင်​ရာ​အိမ်​သည် ထို​အ​သံ​ဖြင့်​ပြည့် လေ​၏။-
3 I ukázali se jim rozdělení jazykové jako oheň, kterýžto posadil se na každém z nich.
သူ​တို့​သည်​မီး​လျှာ​များ​နှင့်​တူ​သည့်​အ​ရာ များ​ကို​လည်း​မြင်​ရ​ကြ​၏။ ယင်း​မီး​လျှာ​တို့ သည်​အ​ဖြာ​ဖြာ​ကွဲ​ကာ ထို​သူ​တို့​အ​သီး သီး​အ​ပေါ်​တွင်​တည်​နေ​၏။-
4 I naplněni jsou všickni Duchem svatým, a počali mluviti jinými jazyky, jakž ten Duch dával jim vymlouvati.
ထို​သူ​တို့​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက် ဝိ​ညာဉ်​တော်​ပေး​အပ်​တော်​မူ​သည့် တန်​ခိုး​စွမ်း​ရည်​အ​တိုင်း​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​ဟော​ပြော​ကြ​ကုန်​၏။
5 Byli pak v Jeruzalémě přebývající Židé, muži nábožní, ze všelikého národu, kterýž pod nebem jest.
ထို​ကာ​လ​၌​ကမ္ဘာ​ပေါ်​ရှိ​တိုင်း​ပြည်​အ​သီး​သီး မှ လာ​ရောက်​ကြ​သော​ဘု​ရား​တ​ရား​ရို​သေ​ကိုင်း ရှိုင်း​သူ ယု​ဒ​အ​မျိုး​သား​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​တည်း​နေ​ကြ​၏။-
6 A když se stal ten hlas, sešlo se množství a užasli se toho, že je slyšel jeden každý, ani mluví přirozeným jazykem jeho.
ထို​အ​သံ​ကို​ကြား​သော​အ​ခါ​လူ​ပ​ရိ​သတ် တို့​သည်​စု​ရုံး​လာ​ကြ​၏။ တ​ပည့်​တော်​တို့​ဟော ပြော​ချက်​များ​ကို လူ​တိုင်း​ပင်​မိ​မိ​ဘာ​သာ စ​ကား​ဖြင့်​ကြား​ကြ​ရ​သ​ဖြင့်​သူ​တို့​သည် အံ့​အား​သင့်​ကြ​၏။-
7 I děsili se všickni a divili se, řkouce jedni k druhým: Aj, zdaliž nejsou tito všickni, kteříž mluví, Galilejští?
အံ့​သြ​မိန်း​မော​တွေ​ဝေ​ကာ``ဤ​သို့​ဟော​ပြော နေ​ကြ​သူ​တို့​ကား​ဂါ​လိ​လဲ​ပြည်​သား​များ မ​ဟုတ်​ပါ​လော။-
8 A kterak my je slyšíme jeden každý z nás mluviti jazykem naším, v kterémž jsme se zrodili?
ဟုတ်​သည်​ဆို​ပါ​မူ​ငါ​တို့​အား​လုံး​သည် မိ​မိ တို့​တိုင်း​ရင်း​သား​ဘာ​သာ​စ​ကား​အ​တိုင်း အ​သီး သီး​ကြား​ကြ​ရ​သည်​ကား​အ​သို့​နည်း။-
9 Partští, a Medští, a Elamitští, a kteříž přebýváme v Mezopotamii, v Židovstvu a v Kappadocii, v Pontu a v Azii,
ငါ​တို့​သည်​ပါ​သိ​ပြည်၊ မေ​ဒိ​ပြည်၊ ဧ​လံ ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ ပုန္တု​ပြည်၊ အာ​ရှိ​ပြည်၊-
10 V Frygii a v Pamfylii, v Egyptě a v krajinách Libye, kteráž jest vedle Cyrénu, a hosté Římané, Židé, i vnově na víru obrácení,
၁၀ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အီ​ဂျစ်​ပြည်​များ​မှ လည်း​ကောင်း၊ ကု​ရေ​နေ​မြို့​အ​နီး​လိ​ဗု​နယ်​ပယ် များ​မှ​လည်း​ကောင်း​လာ​ကြ​သူ​များ​ဖြစ်​၏။ အ​ချို့​သော​ငါ​တို့​သည်​ရော​မ​မြို့​မှ​ရောက် လာ​သော၊-
11 Kretští i Arabští, slyšíme je, ani mluví jazyky našimi veliké věci Boží.
၁၁ယု​ဒ​အ​မျိုး​သား​များ​နှင့်​ယု​ဒ​ဘာ​သာ​သို့ ကူး​ပြောင်း​လာ​ကြ​သူ​များ​ဖြစ်​ကြ​၏။ အ​ချို့ သော​ငါ​တို့​သည်​က​ရေ​တေ​ပြည်​သား​နှင့်​အာ​ရပ် အ​မျိုး​သား​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့ သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​တော်​များ​ကို ငါ​တို့​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို​ကြား​ရ​ကြ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။-
12 I děsili se všickni a divili se, jeden k druhému řkouce: I což toto bude?
၁၂သူ​တို့​သည်​လွန်​စွာ​အံ့​သြ​တွေ​ဝေ​လျက် ``ဤ အ​မှု​အ​ရာ​ကား​အ​ဘယ်​သို့​သော​အ​မှု​အ​ရာ ဖြစ်​သ​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
13 Jiní pak posmívajíce se, pravili: Mstem se zpili tito.
၁၃အ​ခြား​သော​သူ​တို့​မူ ``ဤ​သူ​တို့​သည်​သေ သောက်​မူး​ယစ်​နေ​သူ​များ​ဖြစ်​ကြ​၏'' ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ​၏။
14 A stoje Petr s jedenácti, pozdvihl hlasu svého a promluvil k nim: Muži Židé a všickni, kteříž bydlíte v Jeruzalémě, toto vám známo buď, a ušima pozorujte slov mých.
၁၄ပေ​တ​ရု​သည်​တစ်​ကျိပ်​တစ်​ပါး​တို့​နှင့်​အ​တူ ရပ်​လျက်​အ​သံ​ကျယ်​စွာ​ဖြင့် ``ယု​ဒ​အ​မျိုး​သား များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​ငါ့ စ​ကား​ကို​နား​ထောင်​ကြ​လော့။ ဤ​အ​မှု​အ​ရာ အ​ကြောင်း​ကို​ငါ​ရှင်း​ပြ​မည်။-
15 Jistě nejsouť tito, jakož vy se domníváte, zpilí, poněvadž jest teprv třetí hodina na den.
၁၅ဤ​သူ​တို့​သည်​သင်​တို့​ထင်​မှတ်​သည်​အ​တိုင်း မူး​ယစ်​နေ​သူ​များ​မ​ဟုတ်။ ယ​ခု​နံ​နက်​ကိုး နာ​ရီ​မျှ​သာ​ရှိ​သေး​၏။-
16 Ale totoť jest, což jest předpovědíno skrze proroka Joele:
၁၆ဤ​အ​မှု​အ​ရာ​ကား​ပ​ရော​ဖက်​ယော​လ ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​ပင်​ဖြစ်​၏။ ထို ပ​ရော​ဖက်​က၊
17 A budeť v posledních dnech, (dí Bůh, ) vyleji z Ducha mého na všeliké tělo, a prorokovati budou synové vaši, i dcery vaše, a mládenci vaši vidění vídati budou, a starci vaši sny míti budou.
၁၇`အ​ဆုံး​စွန်​သော​နေ့​များ​၌​ငါ​သည်​လူ​မျိုး အ​ပေါင်း​တို့ အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း မည်။ သင်​တို့​၏​သား​သ​မီး​များ​သည်​ငါ​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ဟော​ပြော​ကြ​လိမ့်​မည်။ လူ​ပျို​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို မြင်​ကြ​လိမ့်​မည်။ လူ​အို​တို့​သည်​အိပ်​မက်​များ​မြင်​မက်​ကြ​လိမ့်​မည်။
18 A zajisté na služebníky své a na služebnice své v těch dnech vyleji z Ducha mého, a budou prorokovati.
၁၈ထို​နေ့​ရက်​ကာ​လ​၌​ငါ​၏​အ​စေ​ခံ​သူ​ယောကျာ်း၊ မိန်း​မ​များ​အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို သွန်း​လောင်း​မည်။ သူ​တို့​သည်​ငါ​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ​လိမ့်​မည်။
19 A ukáži zázraky na nebi svrchu a znamení na zemi dole, krev a oheň a páru dýmovou.
၁၉အ​ထက်​အ​ရပ်​ကောင်း​ကင်​တွင်​နိ​မိတ် လက္ခ​ဏာ​များ​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်​တွင်​အံ့​သြ​ဖွယ်​သော အ​ရာ​များ​ကို​လည်း​ကောင်း​ငါ​ပြ​မည်။ သွေး၊မီး​လျှံ၊မီး​ခိုး​တည်း​ဟူ​သော ပုပ္ပ​နိ​မိတ်​များ​ကို​ငါ​ပြ​မည်။
20 Slunce obrátí se v temnost a měsíc v krev, prve než přijde den Páně veliký a zjevný.
၂၀ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ထူး​နေ့​မြတ်​ကြီး​မ​ကျ ရောက်​မီ နေ​သည်​မှောင်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း​သွေး​ကဲ့​သို့​နီ​လိမ့်​မည်။
21 A staneť se, že každý, kdožkoli vzýval by jméno Páně, spasen bude.
၂၁ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍၊ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​သူ​အ​ပေါင်း​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်' ဟူ​၍​ဟော​ပြော​ခဲ့​သ​တည်း။
22 Muži Izraelští, slyšte slova tato: Ježíše toho Nazaretského, muže od Boha zveličeného mezi vámi mocmi a zázraky a znameními, kteréž činil skrze něho Bůh uprostřed vás, jakož i vy sami víte,
၂၂``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ့​စ​ကား ကို​နား​ထောင်​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​ထူး ဆန်း​အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ များ​ကို နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​အား​ဖြင့်​ပြ တော်​မူ​ခဲ့​၏။ သို့​ဖြစ်​၍​ထို​အ​ရှင်​သည်​ဘု​ရား သ​ခင်​၏​တန်​ခိုး​အာ​ဏာ​တော်​နှင့်​ပြည့်​ဝ​သူ ဖြစ်​ကြောင်း​သိ​သာ​ထင်​ရှား​ပေ​သည်။ ထို​အ​ဖြစ် အ​ပျက်​များ​မှာ​သင်​တို့​ရှေ့​မှောက်​တွင်​ဖြစ်​ပျက် ခဲ့​သ​ဖြင့် ယင်း​တို့​ကို​သင်​တို့​ကိုယ်​တိုင်​သိ​ရှိ ကြ​သည်။-
23 Toho, pravím, vydaného, z uložené rady a předzvědění Božího vzavše a skrze ruce nešlechetných ukřižovavše, zamordovali jste.
၂၃ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရည်​ရွယ်​ပြ​ဋ္ဌာန်း​ချက် နှင့်​အ​ညီ သ​ခင်​ယေ​ရှု​ကို​ရန်​သူ​လက်​သို့​ပေး အပ်​တော်​မူ​၏။ သင်​တို့​သည်​အ​ပြစ်​ကူး​သူ​တို့ လက်​ဖြင့် ထို​အ​ရှင်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ခဲ့​ကြ​၏။-
24 Jehožto Bůh vzkřísil, zprostiv ho bolestí smrti, jakož nebylo možné jemu držánu býti od ní.
၂၄သို့​ရာ​တွင်​ထို​အ​ရှင်​ကို​သေ​မင်း​သည်​အ​စဉ် အ​မြဲ​ချုပ်​နှောင်​ထား​ရန်​မ​ဖြစ်​နိုင်။ ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သူ့​အား​သေ​ခြင်း​၏​တန်​ခိုး မှ​လွတ်​မြောက်​စေ​၍​ရှင်​ပြန်​ထ​မြောက်​စေ​တော် မူ​၏။-
25 Nebo David praví o něm: Spatřoval jsem Pána před sebou vždycky; nebo jest mi po pravici, abych se nepohnul.
၂၅ထို​အ​ရှင်​နှင့်​ပတ်​သက်​၍​ဒါ​ဝိဒ်​မင်း​က၊ `ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​စဉ်​မ​ပြတ် ဖူး​မြင်​ရ​၏။ ငါ​သည်​စိတ်​တုန်​လှုပ်​ခြင်း​နှင့်​ကင်း​စေ​ရန် ကိုယ်​တော်​သည်​ငါ့​အ​နီး​တွင်​ရှိ​တော်​မူ​၏။
26 Protož rozveselilo se srdce mé, a zplésal jazyk můj, nýbrž i tělo mé odpočine v naději.
၂၆သို့​ဖြစ်​၍​ငါ​၏​စိတ်​နှ​လုံး​သည်​ရွှင်​လန်း​လျက်၊ ငါ​၏​နှုတ်​သည်​ရွှင်​ပြ​သော​စ​ကား​များ​ဖြင့် ပြည့်​လျက်​ရှိ​ပါ​၏။ ငါ​သည်​သေ​မျိုး​ပင်​ဖြစ်​သော်​လည်း​မျှော်​လင့်​လျက် ငြိမ်​ဝပ်​စိတ်​ချ​စွာ​နေ​ပါ​မည်။
27 Nebo nenecháš duše mé v pekle, aniž dáš viděti svatému svému porušení. (Hadēs g86)
၂၇အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မူ​မည်​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​ကို​စောင့်​သိ​သော​အ​စေ​ခံ​အား သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​မည် မ​ဟုတ်​သော​ကြောင့်​တည်း။ (Hadēs g86)
28 Známé jsi mi učinil cesty života, a naplníš mne utěšením před obličejem svým.
၂၈အ​သက်​ရှင်​ရာ​လမ်း​သို့​ကျွန်​တော်​မျိုး​အား ကိုယ်​တော်​ရှင်​ပြ​ညွှန်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​နှင့်​အ​တူ ရှိ​တော်​မူ​ခြင်း​ဖြင့် ကျွန်​တော်​မျိုး​အား​ဝမ်း​မြောက် စေ​တော်​မူ​လိမ့်​မည်' ဟု​ဆို​၏။
29 Muži bratří, sluší směle mluviti k vám o patriarchovi Davidovi, že i umřel, i pochován jest, i hrob jeho jest u nás až do dnešního dne.
၂၉``ညီ​အစ်​ကို​တို့၊ ငါ​တို့​၏​နာ​မည်​ကျော်​အ​ဖ ဖြစ်​သော​ဒါ​ဝိဒ်​မင်း​၏​အ​ကြောင်း​ကို ငါ​သည် သင်​တို့​အား​ရှင်း​လင်း​စွာ​ဖော်​ပြ​ပါ​ရ​စေ။ သူ သည်​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​၏။ သူ​၏ သင်္ချိုင်း​သည်​ယ​နေ့​တိုင်​အောင်​ငါ​တို့​မျက်​မှောက် တွင်​ရှိ​သေး​၏။-
30 Prorok tedy byv a věděv, že přísahou zavázal se jemu Bůh, že z plodu ledví jeho podle těla vzbudí Krista a posadí na stolici jeho,
၃၀သူ​သည်​ပ​ရော​ဖက်​ဖြစ်​၍​မိ​မိ​၏​သား​မြေး တစ်​ဦး​ကို ရှင်​ဘု​ရင်​အ​ဖြစ်​ခန့်​တော်​မူ​မည် ဟု ဘု​ရား​သ​ခင်​ဋ္ဌိ​ဋ္ဌာန်​ကျိန်​ဆို​တော်​မူ​ခဲ့ ကြောင်း​ကို​သိ​၏။-
31 To předzvěděv, mluvil o vzkříšení Kristovu, že není opuštěna duše jeho v pekle, ani tělo jeho vidělo porušení. (Hadēs g86)
၃၁နောင်​အ​ခါ​တွင်​ဘု​ရား​သ​ခင်​မည်​သို့​ပြု​တော် မူ​မည်​ကို​သိ​သ​ဖြင့်၊ `ကိုယ်​တော်​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မ​မူ။ သူ​၏​ခန္ဓာ​ကို​သင်္ချိုင်း​တွင်​ပုပ်​ပျက် စေ​တော်​မူ​မည်​မ​ဟုတ်' ဟု​သေ​ခြင်း​မှ​မေ​ရှိ​ယ​ထ​မြောက်​တော်​မူ မည့်​အ​ကြောင်း​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​၏။- (Hadēs g86)
32 Toho Ježíše vzkřísil Bůh, jehožto my všickni svědkové jsme.
၃၂ထို​သ​ခင်​ယေ​ရှု​အား​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့​အား လုံး​ပင်​သက်​သေ​ဖြစ်​ကြ​၏။-
33 Protož pravicí Boží jsa zvýšen, a vzav zaslíbení Ducha svatého od Otce, vylil to, což vy nyní vidíte a slyšíte.
၃၃ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​စံ​ပယ်​ရန်​ချီး​မြှင့်​ခြင်း​ခံ​တော်​မူ​ပြီး နောက် ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​သန့် ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံ​ယူ​၍ သင်​တို့​ယ​ခု တွေ့​မြင်​ကြား​သိ​နေ​ကြ​သည့်​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ​သ​တည်း။-
34 Neboť jest David nevstoupil v nebe, ale on praví: Řekl Pán Pánu mému: Seď na pravici mé,
၃၄ဒါ​ဝိဒ်​မင်း​သည်​ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ သည်​မ​ဟုတ်။ သို့​ရာ​တွင်​ဒါ​ဝိဒ်​မင်း​က၊ `ငါ​၏​လက်​ယာ​ဘက်​၌​ထိုင်​နေ​လော့။ သင်​၏​ရန်​သူ​များ​ကို​သင်​၏​ခြေ​တင်​ခုံ​ဖြစ် စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​က​ငါ​၏​အ​ရှင်​အား​မိန့်​တော် မူ​၏' ဟူ​၍​ဖော်​ပြ​ခဲ့​၏။-
35 Dokavadž nepoložím nepřátel tvých, aby byli podnože noh tvých.
၃၅
36 Protož věziž jistě všecken dům Izraelský, žeť jest Bůh i Pánem ho učinil i Kristem, toho Ježíše, kteréhož jste vy ukřižovali.
၃၆သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့၊ မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​ရှင် သ​ခင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သူ​ကား သင်​တို့​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​သည့် ယေ​ရှု​ပင် ဖြစ်​ကြောင်း​အ​တပ်​ဧ​ကန်​သိ​မှတ်​ကြ​လော့'' ဟု​ဟော​လေ​၏။
37 To slyševše, zkormouceni jsou v srdci svém, a řekli ku Petrovi a k jiným apoštolům: Což máme činiti, muži bratří?
၃၇ထို​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ လူ​တို့​သည် လွန်​စွာ​ပူ​ပင်​သော​က​ရောက်​ကြ​လျက် ပေ​တ​ရု နှင့်​အ​ခြား​တ​မန်​တော်​တို့​အား``ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး မြန်း​ကြ​၏။
38 Tedy Petr řekl k nim: Pokání čiňte, a pokřti se jeden každý z vás ve jménu Ježíše Krista na odpuštění hříchů a přijmete dar Ducha svatého.
၃၈ပေ​တ​ရု​က ``နောင်​တ​ရ​ကြ​လော့။ သင်​တို့​အ​ပြစ် များ​ပြေ​လွတ်​စေ​ရန် ယေ​ရှု​ခ​ရစ်​၏​နာ​မ​၌​လူ တိုင်း​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း ဟူ​သော​ဆု​ကျေး​ဇူး​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-
39 Vámť jest zajisté zaslíbení stalo se a synům vašim, i všechněm, kteříž daleko jsou, kterýchžkoli povolal by Pán Bůh náš.
၃၉ထို​ဆု​ကျေး​ဇူး​ကို​ပေး​မည်​ဟူ​သော​ဘု​ရား သ​ခင်​၏​က​တိ​တော်​သည် သင်​တို့​အ​တွက်​လည်း ကောင်း၊ သင်​တို့​၏​သား​သ​မီး​များ​အ​တွက်​လည်း ကောင်း၊ ရပ်​ဝေး​ရှိ​သူ​တို့​အ​တွက်​လည်း​ကောင်း ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​ယူ​တော်​မူ​သော​သူ​အ​ပေါင်း တို့​အ​တွက် ဖြစ်​၏'' ဟု​ဖြေ​ဆို​လေ​၏။
40 A jinými slovy mnohými osvědčoval a napomínal jich, řka: Oddělte se od pokolení toho zlého.
၄၀ပေ​တ​ရု​သည်​ဤ​မျှ​သာ​မ​က​အ​ခြား​တ​ရား စ​ကား​များ​အား​ဖြင့်​လည်း​တိုက်​တွန်း​ဟော​ပြော ၏။ ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ဤ​ဆိုး​ယုတ် သော​လူ​တို့​ခံ​ကြ​ရ​မည့်​အ​ပြစ်​ဒဏ်​မှ​ကင်း လွတ်​စေ​ကြ​လော့'' ဟု​ထို​သူ​တို့​အား​တိုက် တွန်း​၏။-
41 Tedy ti, kteříž ochotně přijali slova jeho, pokřtěni jsou, a připojilo se k nim ten den duší okolo tří tisíců.
၄၁လူ​အ​မြောက်​အ​မြား​ပင်​သူ​၏​တ​ရား​စ​ကား ကို​လက်​ခံ​ယုံ​ကြည်​ကာ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ ကြ​သ​ဖြင့် ထို​နေ့​၌​တ​ပည့်​တော်​အ​ရေ​အ​တွက် သုံး​ထောင်​မျှ​တိုး​လာ​၏။-
42 I zůstávali v učení apoštolském, a v společnosti, a v lámání chleba, a na modlitbách.
၄၂ထို​သူ​တို့​သည်​တ​မန်​တော်​တို့​၏​ဆုံး​မ​သြ​ဝါ​ဒ ကို​ခံ​ယူ​ခြင်း၊ စု​ပေါင်း​နေ​ထိုင်​စား​သောက်​ခြင်း၊ ပွဲ တော်​မင်္ဂ​လာ​ဝင်​ခြင်း၊ အ​တူ​တ​ကွ​ဆု​တောင်း​ပတ္ထ​နာ ပြု​ခြင်း​တို့​ဖြင့်​အ​ချိန်​ကို​ကုန်​လွန်​စေ​ကြ​၏။
43 I přišla na všelikou duši bázeň, a mnozí divové a zázrakové dáli se skrze apoštoly.
၄၃တ​မန်​တော်​တို့​သည်​များ​စွာ​သော​အံ့​သြ​ဖွယ် ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ကြ သ​ဖြင့် လူ​အ​ပေါင်း​တို့​သည်​အံ့​သြ​ကြောက် လန့်​ကြ​ကုန်​၏။-
44 Všickni pak věřící byli pospolu, a měli všecky věci obecné.
၄၄ခ​ရစ်​တော်​ကို​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် တစ် စု​တစ်​ဝေး​တည်း​နေ​ထိုင်​၍ မိ​မိ​တို့​ဥစ္စာ​ပစ္စည်း များ​ကို​ဝေ​မျှ​သုံး​ဆောင်​ကြ​လေ​သည်။-
45 A prodávali vladařství a statky, a dělili mezi všecky, jakž komu potřebí bylo.
၄၅သူ​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို ရောင်း​ချ​၍ ချို့​တဲ့​သူ​များ​အား​ချို့​တဲ့​မှု ပ​မာ​ဏ​အ​တိုင်း​ဝေ​မျှ​ကြ​၏။-
46 A na každý den trvajíce jednomyslně v chrámě, a lámajíce po domích chléb, přijímali pokrm s potěšením a sprostností srdce,
၄၆သူ​တို့​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် စု​ဝေး​ကြ​၏။ မိ​မိ​တို့​အိမ်​များ​တွင်​နှိမ့်​ချ သော​စိတ်​ဖြင့်​ဝမ်း​မြောက်​စွာ​အ​တူ​တ​ကွ အ​စာ​အာ​ဟာ​ရ​ကို​သုံး​ဆောင်​ကြ​၏။-
47 Chválíce Boha a milost majíce u všeho lidu. Pán pak přidával církvi na každý den těch, kteříž by spaseni byli.
၄၇သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် လူ​အ​ပေါင်း​တို့​၏​ရှေ့​တွင်​မျက်​နှာ ပွင့်​လန်း​လျက်​ရှိ​ကြ​၏။ သ​ခင်​ဘု​ရား​သည်​ကယ် တင်​ခြင်း​ခံ​ရ​သူ​အ​ရေ​အ​တွက်​ကို နေ့​စဉ်​နေ့ တိုင်း​တိုး​ပွား​စေ​တော်​မူ​၏။

< Skutky Apoštolů 2 >