< 2 Samuelova 21 >
1 Byl pak hlad za dnů Davidových tři léta pořád. I hledal David tváři Hospodinovy. Jemuž řekl Hospodin: Pro Saule a pro dům jeho vražedlný, nebo zmordoval Gabaonitské.
၁ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။-
2 Tedy povolav král Gabaonitských, mluvil k nim. (Gabaonitští pak nebyli z synů Izraelských, ale z ostatků Amorejských, jimž ačkoli byli synové Izraelští přísahou se zavázali, však Saul usiloval je vypléniti, v horlivosti své pro syny Izraelské a Judské.)
၂(ဂိဗောင်မြို့မှလူတို့သည်ကားဣသရေလ အမျိုးသားများမဟုတ်။ သူတို့သည်အာ မောရိအမျိုးသားလူနည်းစုဖြစ်၍ သူတို့ အားဣသရေလအမျိုးသားတို့ကကာ ကွယ်စောင့်ရှောက်မည်ဟုကတိထားခဲ့၏။ သို့ ရာတွင်ရှောလုသည်ဣသရေလနှင့်ယုဒ ပြည်သူတို့အတွက် စိတ်ထက်သန်မှုကြောင့် ဂိဗောင်မြို့မှလူတို့အားသုတ်သင်ရန် ကြိုးစားခဲ့သတည်း။-)
3 A řekl David Gabaonitským: Což vám učiním a čím vás spokojím, abyste dobrořečili dědictví Hospodinovu?
၃ထို့ကြောင့်ဒါဝိဒ်သည်ဂိဗောင်မြို့မှလူတို့ ကိုခေါ်၍``ငါသည်သင်တို့အဖို့အဘယ် အမှုကိုပြုရပါမည်နည်း။ သင်တို့သည် ထာဝရဘုရား၏လူမျိုးတော်အားကောင်း ချီးပေးကြစေရန် ငါသည်သင်တို့ခံခဲ့ရ သည့်မတရားမှုအတွက်တစ်ခုခုပြု လုပ်ပေးလိုပါသည်'' ဟုမိန့်တော်မူလျှင်၊
4 Odpověděli jemu Gabaonitští: Není nám o stříbro ani o zlato činiti s Saulem a domem jeho, ani o bezživotí někoho z Izraele. I řekl: Cožkoli díte, učiním vám.
၄ထိုသူတို့က``ရှောလုတို့မိသားစုနှင့်အကျွန်ုပ် တို့အချင်းပွားမှုကိုရွှေငွေနှင့်ပေးလျော်၍ မရနိုင်ပါ။ အကျွန်ုပ်တို့သည်အဘယ်ဣသ ရေလအမျိုးသားကိုမျှလည်းမသတ်လို ပါ'' ဟုလျှောက်ထားကြ၏။ ``ထိုသို့ဖြစ်ပါမူသင်တို့အတွက်အဘယ်သို့ ပြုစေလိုပါသနည်း'' ဟုမေးတော်မူလျှင်၊
5 Kteříž řekli králi: Muže toho, kterýž vyhubil nás, a kterýž ukládal o nás, vyhladíme, aby nezůstal v žádných končinách Izraelských.
၅ထိုသူတို့က``ရှောလုသည်ဣသရေလနိုင်ငံ အတွင်း၌ အကျွန်ုပ်တို့အမျိုးသားများ အလျှင်းမကျန်ရစ်ရအောင်သုတ်သင်ပစ် ရန်ကြံရွယ်ခဲ့ပါ၏။-
6 Nechť jest nám dáno sedm mužů z jeho synů, a zvěsíme je Hospodinu u Gabaa Saulova, kteréhož byl vyvolil Hospodin. I řekl král: Já dám.
၆သို့ဖြစ်၍သူ၏သားမြေးခုနစ်ယောက်ကို အကျွန်ုပ်တို့အားပေးအပ်တော်မူပါ။ အကျွန်ုပ် တို့သည်ထာဝရဘုရားရွေးချယ်ခန့်ထား တော်မူသည့်ဘုရင်ရှောလု၏ဌာနေ၊ ဂိဗာ မြို့တွင်သူတို့အားထာဝရဘုရား၏ရှေ့ တော်၌စက်တိုင်တင်ပါမည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူတို့ကိုငါပေးအပ်မည်'' ဟုမိန့်တော်မူ၏။
7 Odpustil pak král Mifibozetovi synu Jonaty, syna Saulova, pro přísahu Hospodinovu, kteráž byla mezi nimi, mezi Davidem a Jonatou synem Saulovým.
၇ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် ယော နသန်နှင့်မိမိပြုခဲ့သည့်သစ္စာကတိကို ထောက်၍ ယောနသန်၏သား၊ ရှောလု၏မြေး မေဖိဗောရှက်၏အသက်ကိုချမ်းသာ ပေး၍၊-
8 Ale vzal král dva syny Rizpy dcery Aja, kteréž porodila Saulovi, Armona a Mifibozeta, a pět synů sestry Míkol dcery Saulovy, kteréž byla porodila Adrielovi synu Barzillai Molatitského.
၈အဲအာ၏သမီးရိဇပနှင့်ရှောလုရရှိသည့် သားတော်အာမောနိနှင့်မေဖိဗောရှက်နှစ် ယောက်၊ မေဟောလမြို့နေဗာဇိလဲ၏သား အဒြေလနှင့်ရှောလု၏သမီးမိရပ်ရရှိ သည့်သားငါးယောက်တို့ကို ဂိဗောင်မြို့မှ လူတို့အားပေးအပ်တော်မူ၏။-
9 I vydal je v ruku Gabaonitských, kteréž zvěšeli na hoře před Hospodinem. A tak kleslo těch sedm spolu, a zbiti jsou při začátku žně, když počínali žíti ječmene.
၉ဂိဗောင်မြို့မှလူတို့သည်ထိုသူတို့အား တောင်ပေါ်တွင် ထာဝရဘုရား၏ရှေ့တော် ၌စက်တိုင်တင်လိုက်ကြ၏။ ထိုသူခုနစ် ယောက်စလုံးတို့သည်နွေဦးပေါက်မုယော စပါးရိတ်သိမ်းစကာလ၌တစ်ပြိုင်နက် သေကြလေသည်။
10 Rizpa pak, dcera Aja, vzavši žíni, prostřela ji sobě na skále při začátku žně, dokudž nepršel na ně déšť s nebe, a nedala ptákům nebeským sedati na ně ve dne, ani přicházeti zvěři polní v noci.
၁၀ထိုအခါအဲအာ၏သမီး၊ ရှောလု၏မောင်းမ တော်ရိဇပသည် လျှော်တေဝတ်ကိုအလောင်း များထားရာကျောက်ပေါ်မှာမိုးပြီးလျှင် စပါးရိတ်သိမ်းစကာလမှစ၍ မိုးဦးကျ ချိန်တိုင်အောင်အလောင်းများကိုနေ့အချိန် ၌လေသတ္တဝါ၊ ညဥ့်အချိန်၌မြေသတ္တဝါ တို့မချဉ်းကပ်စေရန်စောင့်ရှောက်လျက်နေ လေ၏။
11 Tedy oznámeno jest Davidovi, co učinila Rizpa dcera Aja, ženina Saulova.
၁၁ရိဇပ၏အပြုအမူကိုသိရှိတော်မူသော အခါ၊-
12 Protož odšed David, vzal kosti Saulovy a kosti Jonaty syna jeho od starších Jábes Galád, kteříž byli je ukradli na ulici Betsan, kdežto byli je zvěšeli Filistinští v ten den, když porazili Filistinští Saule v Gelboe.
၁၂ဒါဝိဒ်သည်ဂိလဒ်ပြည်သို့သွား၍ယာဗက်မြို့ သားတို့ထံမှ ရှောလုနှင့်ယောနသန်၏အရိုး တို့ကိုဆောင်ယူတော်မူ၏။ (ယာဗက်မြို့သား တို့သည်ထိုအရိုးတို့ကိုဗက်ရှန်မြို့ရင်ပြင်မှ လျှို့ဝှက်စွာဆောင်ယူခဲ့ကြ၏။ ဖိလိတ္တိအမျိုး သားတို့သည်ဂိလဗောတောင်ပေါ်တွင် ရှောလု ကိုသတ်ပြီးနောက်သူ၏အလောင်းနှင့်ယော နသန်၏အလောင်းကိုဗက်ရှန်မြို့ရင်ပြင် တွင်ဆွဲထားကြသည်။-)
13 Vzal, pravím, odtud kosti Saulovy a kosti Jonaty syna jeho; i kosti těch, kteříž zvěšeni byli, sebrali.
၁၃ဒါဝိဒ်သည်ရှောလုနှင့်ယောနသန်တို့၏ အရိုးကိုယူပြီးနောက် စက်တိုင်အတင်ခံ ရသောခုနစ်ယောက်တို့၏အရိုးတို့ကို လည်းစုသိမ်းတော်မူ၏။-
14 A pochovali je s kostmi Saulovými a Jonaty syna jeho, v zemi Beniamin, v Sela, v hrobě Cis otce jeho; a učinili všecko, což byl přikázal král, a potom slitoval se Bůh nad zemí.
၁၄ထိုနောက်သူတို့သည်ထိုအရိုးများကိုရှောလု နှင့်ယောနသန်၏အရိုးတို့နှင့်အတူဗင်္ယာမိန် နယ်၊ ဇေလမြို့ရှိရှောလု၏ခမည်းတော်ကိရှ ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ သူတို့သည်မင်း ကြီးမိန့်မှာတော်မူလိုက်သမျှတို့ကိုဆောင် ရွက်ကြ၏။ ထိုနောက်ဘုရားသခင်သည်ပြည် တော်အတွက် ထိုသူတို့တောင်းလျှောက်သည့် ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူ၏။
15 Vznikla pak opět válka Filistinských proti Izraelovi. I vytáhl David a služebníci jeho s ním, a bili se s Filistinskými, tak že ustal David.
၁၅ဖိလိတ္တိအမျိုးသားတို့နှင့်ဣသရေလအမျိုး သားတို့သည်တစ်ဖန်စစ်ဖြစ်ကြပြန်၏။ ဒါဝိဒ် နှင့်လူတို့သည် ဖိလိတ္တိအမျိုးသားတို့ထံသို့ သွားရောက်တိုက်ခိုက်ကြ၏။ တိုက်ပွဲတစ်ခုတွင် ဒါဝိဒ်သည်မောပန်းလျက်နေ၏။-
16 Tedy Izbibenob, kterýž byl z synů jednoho obra, (jehož kopí hrot vážil tři sta lotů oceli, a měl připásaný k sobě meč nový), myslil zabiti Davida.
၁၆ဣရှဗိဗေနုပ်ဟုနာမည်တွင်သောအလွန် ထွားကြိုင်းသူလူတစ်ယောက်သည် ဒါဝိဒ် အားလုပ်ကြံမည်ပြု၏။ သူသည်ဋ္ဌားတစ် လက်ကိုကိုင်ဆောင်ထား၏။ သူ၏ကြေးဝါ လှံသည်ခုနစ်ပေါင်လေး၏။ ဇေရုယာသား အဗိရှဲသည်ဒါဝိဒ်ကိုကူညီ၍ဖိလိတ္တိ လူကိုတိုက်သတ်လေ၏။-
17 Ale retoval ho Abizai syn Sarvie, a raniv toho Filistinského, zabil jej. Protož muži Davidovi přisáhli, řkouce jemu: Nepůjdeš více s námi do boje, abys nezhasil svíce Izraelské.
၁၇ဒါဝိဒ်၏လူတို့သည်မင်းကြီးအား နောက် တစ်ဖန်မိမိတို့နှင့်အတူစစ်ပွဲသို့လိုက် တော်မမူရန်ကတိပြုစေကြ၏။ သူတို့ က``အရှင်သည်ဣသရေလအမျိုးသား တို့၏မျှော်လင့်ရာဖြစ်တော်မူပါ၏။ အကျွန်ုပ် တို့သည်အရှင့်အားဘေးမရောက်စေလိုပါ'' ဟုလျှောက်ထားကြ၏။
18 Opět byla válka v Gob s Filistinskými. Tehdáž Sibbechai Chusatský zabil Sáfu, kterýž byl z synů téhož obra.
၁၈ထိုနောက်ဂေါဘမြို့တွင်ဖိလိတ္တိအမျိုး သားတို့နှင့်တစ်ဖန်တိုက်ပွဲဖြစ်ပြန်ရာ ဟုရှ မြို့သားသိဗေခဲသည်သာဖနာမည်ရှိ အလွန်ထွားကျိုင်းသူကိုသတ်ဖြတ်လိုက် လေသည်။
19 Byla ještě i jiná válka s Filistinskými v Gob, kdež Elchánan syn Járe Oregim Betlémský zabil bratra Goliáše Gittejského, u jehož kopí bylo dřevo jako vratidlo tkadlcovské.
၁၉ဂေါဘမြို့၌ပင်ဖိလိတ္တိအမျိုးသားတို့ နှင့်အခြားတိုက်ပွဲတစ်ခုဖြစ်ပြန်၏။ ထို တိုက်ပွဲတွင်ယာဣရ၏သား၊ ဗက်လင်မြို့ သားဧလဟာနန်သည်ဂါသမြို့သား ဂေါလျတ်ကိုသတ်ဖြတ်လိုက်၏။ ဂေါလျတ် ၏လှံရိုးသည်ယက်ကန်းလက်လိပ်တန် တမျှကြီးသတည်း။
20 Potom byla také válka v Gát. A byl tam muž veliké postavy, kterýž měl u rukou a u noh po šesti prstech, všech čtyřmecítma, a byl také syn toho obra.
၂၀ထိုနောက်တစ်ဖန်ဂါသမြို့၌ပင်တိုက်ပွဲ တစ်ခုဖြစ်ပြန်၏။ ထိုတိုက်ပွဲတွင်စစ်တိုက် ဝါသနာပါ၍အလွန်ထွားကျိုင်းသူလူ တစ်ယောက်ပါရှိ၏။ သူ၏လက်များတွင် လက်ချောင်းခြောက်ချောင်းစီနှင့်ခြေများ တွင်ခြေချောင်းခြောက်ချောင်းစီရှိ၏။-
21 Ten když haněl Izraele, zabil ho Jonata, syn Semmaa bratra Davidova.
၂၁သူသည်ဣသရေလအမျိုးသားတို့အား ကြိုးစားပြောဆိုသဖြင့် ဒါဝိဒ်၏အစ်ကို ရှိမာ၏သားယောနသန်ကသူ့ကိုသတ် လိုက်လေသည်။
22 Ti čtyři byli synové jednoho obra v Gát, kteříž padli od ruky Davidovy a od ruky služebníků jeho.
၂၂ဤလူလေးယောက်တို့သည်ဂါသမြို့ရှိထွား ကျိုင်းသူများအမျိုးအနွယ်မှဆင်းသက် ပေါက်ဖွားလာသူများဖြစ်ကြ၏။ သူတို့ သည်ဒါဝိဒ်နှင့်နောက်ပါတို့၏လက်ရုံးရည် ဖြင့်ကျဆုံးရကြလေသတည်း။