< 2 Královská 15 >

1 Léta sedmmecítmého Jeroboáma krále Izraelského kraloval Azariáš syn Amaziáše, krále Judského.
ဣသရေလ ရှင်ဘုရင် ယေရောဗောင် နန်းစံ နှစ်ဆယ် ခုနစ် နှစ် တွင်၊ “
2 V šestnácti letech byl, když počal kralovati, a kraloval padesáte dvě létě v Jeruzalémě. Jméno matky jeho bylo Jecholia z Jeruzaléma.
ယုဒ ရှင်ဘုရင် အာမဇိ သား ဩဇိ သည် အသက် တဆယ် ခြောက် နှစ်ရှိ သော် ၊ နန်း ထိုင်၍ ယေရုရှလင် မြို့၌ ငါးဆယ် နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ယေရုရှလင် မြို့သူယေခေါလိ အမည် ရှိ၏
3 Ten činil, což dobrého jest před očima Hospodinovýma vedlé všech věcí, kteréž činil Amaziáš otec jeho.
ထိုမင်းသည် ခမည်းတော် အာမဇိ ပြု သမျှ အတိုင်း ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏
4 A však výsostí nezkazili, ještě lid obětoval a kadil na výsostech.
သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့် ၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏
5 Ranil pak Hospodin krále, tak že byl malomocný až do dne smrti své, a bydlil v domě obzvláštním. Pročež Jotam syn královský držel správu nad domem, soudě lid země.
ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် ၊ ရှင် ဘုရင်သည် သေ သည်တိုင်အောင် နူနာ စွဲ ၍ ခြားနား သော နန်း ၌ နေ ရ၏။ သားတော် ယောသံ သည် နန်းတော် ကို အုပ်၍ နိုင်ငံတော်မှုကို စီရင် ရ၏
6 O jiných pak činech Azariášových, i cožkoli činil, psáno jest v knize o králích Judských.
ဩဇိ ပြုမူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
7 I usnul Azariáš s otci svými, a pochovali jej s otci jeho v městě Davidově, a kraloval Jotam syn jeho místo něho.
ဩဇိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူ တို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယောသံ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏
8 Léta třidcátého osmého Azariáše krále Judského kraloval Zachariáš syn Jeroboamův nad Izraelem v Samaří šest měsíců.
ယုဒ ရှင်ဘုရင် ဩဇိ နန်းစံ သုံးဆယ် ရှစ် နှစ် တွင် ၊ ယေရောဗောင် သား ဇာခရိ သည် ရှမာရိ မြို့၌ မင်းပြု၍ ဣသရေလ နိုင်ငံကို စိုးစံ၏
9 A činil to, což jest zlého před očima Hospodinovýma, jakž činívali otcové jeho, neuchýliv se od hříchů Jeroboáma syna Nebatova, kterýž přivedl k hřešení Izraele.
ထိုမင်းသည် ဘိုးဘေး ပြု သည်အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသောနေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် အပြစ် တို့ကို မ စွန့် ဘဲနေ၏
10 I spikl se proti němu Sallum syn Jábes a bil ho před lidem, i zabil jej a kraloval místo něho.
၁၀ယာဖက် သား ရှလ္လုံ သည် ဇာခရိ မင်းတဘက် ၌ သင်းဖွဲ့ ၍ လူ များရှေ့ မှာ သေ အောင်လုပ်ကြံ ပြီးလျှင် သူ ၏ အရာ ၌ နန်း ထိုင်၏
11 O jiných pak věcech Zachariášových zapsáno jest v knize o králích Izraelských.
၁၁ဇာခရိ ပြုမူသော အမှု အရာကြွင်း လေသမျှတို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
12 Toť jest slovo Hospodinovo, kteréž mluvil k Jéhu, řka: Synové tvoji do čtvrtého kolena seděti budou na stolici Izraelské. A tak se stalo.
၁၂ထိုသို့ ထာဝရဘုရား က၊ သင် ၏ သား မြေးလေး ဆက်တိုင်အောင် ဣသရေလ နိုင်ငံရာဇပလ္လင် ပေါ် မှာ ထိုင် ရမည်ဟု ယေဟု အား မိန့် တော်မူသော စကား တော် ပြည့်စုံ သတည်း
13 Sallum syn Jábesův kraloval léta třidcátého devátého Uziáše krále Judského, a kraloval jeden měsíc v Samaří.
၁၃ယုဒ ရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ် ကိုး နှစ် တွင် ရှလ္လုံ သည် နန်း ထိုင်၍ ၊ ရှမာရိ မြို့၌ တလ စိုးစံ လေ၏
14 Nebo přitáhl Manahem syn Gádi z Tersa, a přišed do Samaří, porazil Sallum syna Jábes v Samaří, a zabiv jej, kraloval na místě jeho.
၁၄ဂါဒိ သား မေနဟင် သည် တိရဇ မြို့မှ ရှမာရိ မြို့ သို့သွား ၍ ၊ ယာဖက် သား ရှလ္လုံ ကိုသေ အောင် လုပ်ကြံ ပြီးလျှင် ၊ သူ ၏အရာ ၌ နန်း ထိုင်၏
15 O jiných pak činech Sallum i spiknutí jeho, kteréž učinil, zapsáno jest v knize o králích Izraelských.
၁၅ရှလ္လုံ ပြုမူသောအမှု အရာကြွင်း လေသမျှတို့နှင့် သင်းဖွဲ့ ခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
16 Tehdy pohubil Manahem město Tipsach, a všecky, kteříž byli v něm, i všecky končiny jeho od Tersa, proto že mu ho neotevřeli. I pomordoval je, a všecky těhotné jejich zroztínal.
၁၆ထိုအခါ မေနဟင် သည် တိဖသ မြို့နှင့် မြို့သား များ၊ တိရဇ မြို့ အလွန်တိဖသမြို့ နယ်များတို့ကို လုပ်ကြံ ၏။ မြို့တံခါးကို သူ့အား မ ဖွင့် သောကြောင့် လုပ်ကြံ ၍ ကိုယ်ဝန် ဆောင်သော မိန်းမအပေါင်း တို့၏ ဝမ်းကို ခွဲ လေ၏
17 Léta třidcátého devátého Azariáše krále Judského kraloval Manahem syn Gádi nad Izraelem v Samaří za deset let.
၁၇ယုဒ ရှင်ဘုရင် ဩဇိ နန်းစံသုံးဆယ် ကိုး နှစ် တွင် ၊ ဂါဒိ သား မေနဟင် သည် နန်းထိုင် ၍ ၊ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို ဆယ် နှစ် စိုးစံလေ၏
18 A činil to, což jest zlého před očima Hospodinovýma, neodvrátiv se od hříchů Jeroboáma syna Nebatova, (kterýž přivedl Izraele k hřešení), po všecky dny své.
၁၈ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ စွန့် ဘဲ နေ၏
19 Když pak vytáhl Ful král Assyrský proti zemi té, dal Manahem Fulovi deset tisíc centnéřů stříbra, aby mu byl nápomocen k utvrzení království v rukou jeho.
၁၉အာရှုရိ ရှင်ဘုရင် ပုလ သည် ဣသရေလပြည် ကို တိုက်လာ ၏။ မေနဟင် သည် မိမိ အာဏာ တည် စေမည် အကြောင်း ၊ ပုလ မင်းမစစေခြင်းငှါ၊ ငွေ အခွက် တသောင်း ကို ဆက် ရ၏
20 I uložil Manahem daň na Izraele, na všecky bohaté, aby dávali králi Assyrskému jeden každý po padesáti lotech stříbra. Takž obrátiv se král Assyrský, nemeškal se více tu v zemi.
၂၀အာရှုရိ ရှင်ဘုရင် အား ဆက် စရာဘို့ ၊ မေနဟင် သည် ဣသရေလ အမျိုး၌ ငွေ ခွဲ ၍ ၊ ရ တတ်သော သူတိုင်း အကျပ် ငါးဆယ် စီပေးရ၏။ ထိုကြောင့် အာရှုရိ ရှင် ဘုရင်သည် မ နေ ၊ မိမိပြည် သို့ ပြန်သွား၏
21 O jiných pak činech Manahemových, a cožkoli činil, zapsáno jest v knize o králích Izraelských.
၂၁မေနဟင် ပြုမူ သော အမှု အရာကြွင်း လေသမျှ တို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
22 I usnul Manahem s otci svými, a kraloval Pekachia syn jeho místo něho.
၂၂မေနဟင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်ပေကဟိ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏
23 Léta padesátého Azariáše, krále Judského, kraloval Pekachia syn Manahemův nad Izraelem v Samaří dvě létě.
၂၃ယုဒ ရှင်ဘုရင် ဩဇိ နန်းစံငါးဆယ် တွင် ၊ မေနဟင် သား ပေကဟိ သည် နန်းထိုင် ၍၊ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံလေ၏
24 A činil to, což jest zlého před očima Hospodinovýma, neuchýliv se od hříchů Jeroboáma syna Nebatova, kterýž k hřešení přivedl Izraele.
၂၄ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကိုပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် တို့ကို မ စွန့် ဘဲ နေ၏
25 Tedy spuntoval se proti němu Pekach syn Romeliův, hejtman jeho, s Argobem i s Ariášem, a zabil jej v Samaří na paláci domu královského, maje s sebou padesáte mužů Galádských. A zabiv jej, kraloval místo něho.
၂၅အမှုတော်ထမ်းတပ်မှူး ၊ ရေမလိ သား ပေကာ သည် ပေကဟိ မင်းတဘက် ၌ သင်းဖွဲ့ ၍ ၊ အာဂေါဘ နှင့် အရေဟ အစရှိသော ဂိလဒ် ပြည်သား ငါးကျိပ် ပါ လျက်၊ ရှမာရိ မြို့၌ နန်းတော် ထဲမှာ သေ အောင်လုပ်ကြံ ၍ သူ ၏ အရာ ၌ နန်းထိုင် ၏
26 Jiní pak skutkové Pekachia a všecko, což činil, zapsáno jest v knize o králích Izraelských.
၂၆ပေကဟိ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
27 Léta padesátého druhého Azariáše krále Judského kraloval Pekach syn Romeliův nad Izraelem v Samaří dvadceti let.
၂၇ယုဒ ရှင်ဘုရင် ဩဇိ နန်းစံငါးဆယ် နှစ် နှစ် တွင် ၊ ရေမလိ သား ပေကာ သည် နန်း ထိုင်၍ ရှမာရိ မြို့၌ ဣသရေလ နိုင်ငံကို အနှစ် နှစ်ဆယ် စိုးစံလေ၏
28 A činil to, což jest zlého před očima Hospodinovýma, aniž odstoupil od hříchů Jeroboáma syna Nebatova, kterýž k hřešení přivedl Izraele.
၂၈ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက် အပြစ် တို့ကို မ စွန့် ဘဲနေ၏
29 Za dnů Pekacha krále Izraelského přitáhl Tiglatfalazar král Assyrský, a vzal Jon a Abel, dům Maacha a Janoe, Kedes a Azor, i Galád a Galilei, i všecku zemi Neftalím, a přenesl obyvatele jejich do Assyrie.
၂၉ဣသရေလ ရှင်ဘုရင် ပေကာ လက်ထက် ၊ အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာသည်လာ ၍ ဣယုန် မြို့၊ အဗေလ ဗက်မာခါမြို့၊ ယာနော မြို့၊ ကေဒေရှ မြို့၊ ဟာဇော် မြို့နှင့်တကွ ဂိလဒ် ပြည်၊ ဂါလိလဲ ပြည်၊ နဿလိ ပြည် သားအပေါင်း တို့ကို လုပ်ကြံ၍၊ အာရှုရိ ပြည်သို့ သိမ်းသွား ၏
30 Tedy spuntoval se Ozee syn Ela, proti Pekachovi synu Romeliovu, a raniv ho, zabil jej, a kraloval na místě jeho léta dvadcátého Jotama syna Uziášova.
၃၀ဩဇိ သား ယောသံ နန်းစံနှစ်ဆယ် တွင် ၊ ဧလာ သား ဟောရှေ သည် ရေမလိ သား ပေကာ မင်းတဘက်၌ သင်းဖွဲ့ ၍ သေ အောင်လုပ်ကြံ ပြီးမှ ၊ သူ ၏အရာ ၌ နန်းထိုင် ၏
31 O jiných pak činech Pekachových, a cožkoli činil, zapsáno jest v knize o králích Izraelských.
၃၁ပေကာ ပြု မူသော အမှု အရာ ကြွင်း လေသမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
32 Léta druhého Pekacha syna Romelia, krále Izraelského, kraloval Jotam syn Uziáše, krále Judského.
၃၂ဣသရေလ ရှင်ဘုရင် ရေမလိ သား ပေကာ နန်းစံ နှစ် နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ဩဇိ သား ယောသံ သည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်နန်းထိုင်၍၊”
33 V pětmecítma letech byl, když počal kralovati, a šestnácte let kraloval v Jeruzalémě. Jméno matky jeho Jerusa, dcera Sádochova.
၃၃ယေရုရှလင် မြို့၌ ဣသရေလနိုင်ငံကို တဆယ် ခြောက် နှစ် စိုးစံ လေ၏။ မယ်တော် ကား၊ ဇာဒုတ် သမီး ယေရုရှာ အမည် ရှိ၏
34 A činil to, což pravého jest před očima Hospodinovýma. Všecko, jakž činil Uziáš otec jeho, tak činil.
၃၄ထိုမင်း သည် ခမည်းတော် ဩဇိ ကျင့် သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကို ပြု ၏
35 A však výsosti nebyly zkaženy, ještě lid obětoval a kadil na výsostech. On vystavěl bránu hořejší domu Hospodinova.
၃၅သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့် ၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ ၊ နံ့သာပေါင်းကိုမီးရှို့ ကြ၏။ ထို မင်းသည် ဗိမာန် တော်အထက် တံခါး ကို လုပ် လေ၏
36 O jiných pak činech Jotamových, a cožkoli činil, zapsáno jest v knize o králích Judských.
၃၆ယောသံ ပြု မူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏၊”
37 Za dnů těch počal Hospodin posílati na Judu Rezina krále Syrského a Pekacha syna Romeliova.
၃၇ထိုကာလ တွင် ထာဝရဘုရား သည် ရှုရိ ရှင်ဘုရင် ရေဇိန် နှင့် ရေမလိ သား ပေကာ ကို ယုဒ ပြည်သို့ စေလွှတ် တော်မူ၏
38 I usnul Jotam s otci svými, a pochován jest s otci svými v městě Davida otce svého. I kraloval Achas syn jeho místo něho.
၃၈ယောသံ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူတို့နှင့်အတူ အဘ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်အာခတ် သည် ခမည်းတော် အရာ ၌ နန်းထိုင် ၏

< 2 Královská 15 >