< 2 Kronická 6 >

1 Tehdy řekl Šalomoun: Hospodin řekl, že bude přebývati v mrákotě.
ရှော​လ​မုန်​က ``အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည် စံ​တော်​မူ​ရန်​အ​တွက်​မိုး​တိမ်​နှင့်​မှောင်​မိုက်​ကို ရွေး​ချယ်​တော်​မူ​ပါ​ပြီ။
2 Aj, jižť jsem vystavěl tobě, Pane, dům k přebývání, a místo, v němž bys přebýval na věky.
ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​စံ​တော်​မူ​ရာ ဗိ​မာန်​တော်၊ ကိုယ်​တော်​ထာ​ဝ​စဉ်​ကိန်း​ဝပ်​တော်​မူ​ရာ ဌာ​န​တော်​ကို​တည်​ဆောက်​ပြီး​ပါ​ပြီ'' ဟု ပတ္ထနာ​ပြု​တော်​မူ​၏။
3 A obrátiv král tvář svou, dával požehnání všemu shromáždění Izraelskému. (Všecko pak shromáždění Izraelské stálo.)
ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထို​နေ​ရာ တွင်​ရပ်​လျက်​နေ​ကြ​၏။ မင်း​ကြီး​သည်​သူ​တို့ ဘက်​သို့​မျက်​နှာ​မူ​ပြီး​လျှင် သူ​တို့​အား​ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​ရန်​တောင်း​လျှောက်​တော် မူ​၏။-
4 A řekl: Požehnaný Hospodin Bůh Izraelský, kterýž mluvil ústy svými Davidovi otci mému, a to teď skutečně naplnil, řka:
ထို​နောက်​မင်း​ကြီး​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော် ဒါ​ဝိဒ်​အား​ငါ​သည် ငါ​၏​လူ​မျိုး​တော်​အား​ပေး အပ်​ခဲ့​သည့်​က​တိ​တော်​ကို​တည်​မြဲ​စေ​လေ​ပြီ။-
5 Od toho dne, jakž jsem vyvedl lid svůj z země Egyptské, nevyvolil jsem města z žádného pokolení Izraelského k vystavení domu, kdež by přebývalo jméno mé, aniž jsem vyvolil kterého muže, aby byl vývodou nad lidem mým Izraelským.
`သူ​တို့​ကို​အီ​ဂျစ်​ပြည်​က​ထုတ်​ဆောင်​ခဲ့​ချိန် မှ​အ​စ​ပြု​၍​ယ​နေ့​တိုင်​အောင် ငါ​သည်​အ​ဘယ် ဣ​သ​ရေ​လ​မြို့​ကို​မျှ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​အ​ဖြစ်​ဖြင့်​ရွေး​ချယ်​သတ်​မှတ်​ခဲ့​ဖူး သည်​မ​ရှိ။ အ​ဘယ်​သူ​ကို​မျှ​လည်း​ငါ​၏​လူ မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခေါင်း​ဆောင်​ရန်​မ​ရွေး​မ​ချယ်​ခဲ့။-
6 Ale vyvolil jsem Jeruzalém, aby tu přebývalo jméno mé, a vyvolil jsem Davida, aby byl nad lidem mým Izraelským.
သို့​ရာ​တွင်​ယ​ခု​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့ ကို​ငါ့​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ဌာ​န​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ အ​ချင်း​ဒါ​ဝိဒ်၊ သင့်​အား​ငါ ၏​လူ​မျိုး​တော်​ကို​အုပ်​စိုး​မည့်​သူ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ရွေး​ချယ်​ထား​လေ​ပြီ' ဟူ ၍​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။
7 Uložil tě byl zajisté David otec můj stavěti dům jménu Hospodina Boha Izraelského.
ထို​နောက်​ရှော​လ​မုန်​သည်​ဆက်​လက်​၍``ငါ​၏ ခ​မည်း​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ကိုး ကွယ်​ဝတ်​ပြု​ရာ​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရန်​ကြံ​စည်​ခဲ့​သော်​လည်း၊-
8 Ale Hospodin řekl Davidovi otci mému: Ačkoli jsi uložil v srdci svém stavěti dům jménu mému, a dobřes učinil, žes to myslil v srdci svém,
ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား`ငါ့​အ​ဖို့​ဗိ​မာန် တော်​တည်​ဆောက်​ရန်​သင်​ဆန္ဒ​ပြု​သည်​မှာ လျောက်​ပတ်​ပေ​သည်။-
9 A však ty nebudeš stavěti toho domu, ale syn tvůj, kterýž vyjde z bedr tvých, on vystaví dům ten jménu mému.
သို့​ရာ​တွင်​သင်​သည်​ဗိ​မာန်​ကို​တည်​ဆောက်​ရ​မည် မ​ဟုတ်။ တည်​ဆောက်​မည့်​သူ​မှာ​သင်​၏​ရင်​သွေး ဖြစ်​သော​သင်​၏​သား​တော်​ပင်​ဖြစ်​၏' ဟု​မိန့် တော်​မူ​၏။
10 A tak splnil Hospodin slovo své, kteréž byl mluvil. Nebo jsem povstal na místo Davida otce svého, a dosedl jsem na stolici Izraelskou, jakož byl mluvil Hospodin, a ustavěl jsem dům tento jménu Hospodina Boha Izraelského.
၁၀``ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော် ကို​တည်​စေ​တော်​မူ​ပြီ။ ငါ​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဗိ​မာန်​တော်​တည်​ဆောက်​ပြီး​လေ​ပြီ။-
11 A postavil jsem tam truhlu, v níž jest smlouva Hospodinova, kterouž učinil s syny Izraelskými.
၁၁ငါ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​ဆိုင်​ရာ ကျောက်​ပြား​များ​ပါ​ရှိ​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​လည်း​ဗိ​မာန်​တော်​တွင်​ထား​ရှိ​ပြီး လေ​ပြီ'' ဟု​ပြည်​သူ​တို့​အား​မိန့်​တော်​မူ​၏။
12 I postavil se před oltářem Hospodinovým, přede vším shromážděním Izraelským, a pozdvihl rukou svých.
၁၂ထို​နောက်​လူ​တို့​၏​မျက်​မှောက်​တွင်​ရှော​လ​မုန် သည်​ယဇ်​ပလ္လင်​ရှေ့​သို့​သွား​၍​ရပ်​တော်​မူ​ပြီး လျှင် လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​တော် မူ​၏။-
13 Udělal pak byl Šalomoun výstupek měděný ku podobenství pánve, a postavil jej u prostřed síně, pěti loktů zdélí, a pěti loket zšíří, a tří loket zvýší, i vstoupil na něj, a poklekl na kolena svá přede vším shromážděním Izraelským, a pozdvihl rukou svých k nebi,
၁၃(ရှော​လ​မုန်​သည်​အ​လျား​ရှစ်​ပေ၊ အ​နံ​ရှစ်​ပေ၊ အမြင့်​ငါး​ပေ​ရှိ​သော​ကြေး​နီ​ပ​လ္လင်​စင်​မြင့် ကို​တည်​ဆောက်​ပြီး​တံ​တိုင်း​အ​လယ်​တွင်​ထား တော်​မူ​ခဲ့​၏။ မင်း​ကြီး​သည်​ထို​ပလ္လင်​စင်​မြင့်​ပေါ် သို့​တက်​၍​လူ​အ​ပေါင်း​မြင်​သာ​သည့်​နေ​ရာ တွင်​ဒူး​ထောက်​ကာ​လက်​အုပ်​ချီ​လျက်၊-)
14 A řekl: Hospodine Bože Izraelský, neníť podobného tobě Boha na nebi ani na zemi, kterýž by ostříhal smlouvy a milosrdenství služebníkům svým, chodícím před tebou v celém srdci svém,
၁၄``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့်​တူ​သော ဘု​ရား​မိုး​မြေ​၌​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည်​စ​ကား​တော်​ကို​တစ်​သ​ဝေ​မ​တိမ်း နာ​ယူ​ကျင့်​သုံး​ကြ​သော​အ​ခါ​ကိုယ်​တော် သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ်​တော် ကို​စောင့်​ထိန်း​တော်​မူ​လျက်​သူ​တို့​အား မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။-
15 Kterýž jsi splnil služebníku svému, Davidovi otci mému, to, což jsi mluvil jemu. Jakž jsi mluvil ústy svými, tak jsi to skutečně naplnil, jakž se to dnes vidí.
၁၅ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား ပေး​ခဲ့​သည့်​က​တိ​တော်​ကို​တည်​စေ​တော် မူ​ပါ​ပြီ။ ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သ​မျှ အ​တိုင်း​ယ​နေ့​အ​ကောင်​အ​ထည်​ပေါ်​ပါ​ပြီ။-
16 Nyní tedy, ó Hospodine Bože Izraelský, naplniž služebníku svému, Davidovi otci mému, což jsi mluvil jemu, řka: Nebudeť vyhlazen muž z rodu tvého od tváři mé, aby neměl seděti na stolici Izraelské, jestliže toliko ostříhati budou synové tvoji cesty své, chodíce v zákoně mém, tak jakož jsi ty chodil přede mnou.
၁၆အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​အား`သင်​၏​သား​မြေး​တို့ သည်​သင်​နည်း​တူ​ပ​ညတ်​တော်​ကို​ဂရု​ပြု​၍ လိုက်​လျှောက်​ကြ​လျှင် ဣ​သ​ရေ​လ​ပြည်​တွင် အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​မည်​မ​ဟုတ်' ဟု​ပေး​တော်​မူ​ခဲ့​သည့် က​တိ​တော်​ကို​လည်း​တည်​စေ​တော်​မူ ပါ။-
17 Protož nyní, ó Hospodine Bože Izraelský, nechť jest upevněno slovo tvé, kteréž jsi mluvil služebníku svému Davidovi.
၁၇အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် ၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​က​တိ​ထား​တော်​မူ သ​မျှ​တို့​ကို​ယ​ခု​ဖြစ်​ပွား​စေ​တော်​မူ​ပါ။''
18 (Ač zdali v pravdě bydliti bude Bůh s člověkem na zemi? Aj, nebesa, nýbrž nebesa nebes neobsahují tě, mnohem méně dům tento, kterýž jsem vystavěl.)
၁၈``သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့် အ​တူ​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ နေ​တော်​မူ​နိုင်​ပါ​သ​လော။ ကောင်း​ကင်​ဘ​ဝဂ် ပင်​လျှင်​ကိုယ်​တော်​စံ​နေ​တော်​မူ​နိုင်​အောင် မ​ကျယ်​ဝန်း​ပါ​လျှင်​အ​ကျွန်ုပ်​တည်​ဆောက် သည့်​ဗိ​မာန်​တော်​ကား​စံ​နေ​တော်​မူ​နိုင်​ရန် ကျယ်​ဝန်း​မည်​မ​ဟုတ်​ပါ။-
19 A popatř k modlitbě služebníka svého a k úpění jeho, Hospodine Bože můj, slyše volání a modlitbu, kterouž služebník tvůj modlí se před tebou,
၁၉အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ကျွန်​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​ဆု​တောင်း​သံ​ကို နား​ညောင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​သော ဆု​ကို​ပေး​သ​နား​တော်​မူ​ပါ။-
20 Aby oči tvé byly otevřené na dům tento dnem i nocí, na místo toto, o němž jsi mluvil, že tu přebývati bude jméno tvé, abys vyslýchal modlitbu, kterouž se modlívati bude služebník tvůj na místě tomto.
၂၀ဤ​ဗိ​မာန်​တော်​ကို​နေ့​ည​မ​ပြတ်​စောင့်​ထိန်း ကြည့်​ရှု​တော်​မူ​ပါ။ ဤ​ဌာ​န​တော်​တွင်​ကိုယ် တော်​အား​ကိုး​ကွယ်​ဝတ်​ပြု​ရ​ကြ​မည်​ဖြစ် ကြောင်း​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​ခဲ့​သည်​ဖြစ် ၍ ဤ​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​အ​ကျွန်ုပ် ဆု​တောင်း​သော​အ​ခါ​နား​ညောင်း​တော်​မူ ပါ။-
21 Vyslýchejž tedy modlitbu služebníka svého, i lidu svého Izraelského, kterouž se modlívati budou na místě tomto, ty vždy vyslýchej z místa přebývání svého, s nebe, a vyslýchaje, buď milostiv.
၂၁အ​ကျွန်ုပ်​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​လည်း ကောင်း၊ ဤ​အ​ရပ်​သို့​မျက်​နှာ​မူ​လျက်​ကိုယ် တော်​၏​လူ​မျိုး​တော်​ပြု​သော ဆု​တောင်း​ပတ္ထ​နာ များ​ကို​လည်း​ကောင်း​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ အ​ကျွန်ုပ်​တို့​လျှောက်​ထား​ချက်​များ​ကို နား ညောင်း​တော်​မူ​ပြီး​လျှင်​အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''
22 Když by zhřešil člověk proti bližnímu svému, a nutil by ho k přísaze, tak že by přisahati musil, a přišla by ta přísaha před oltář do domu tohoto:
၂၂``လူ​တစ်​ယောက်​သည်​အ​ခြား​လူ​တစ်​ယောက် အား​မ​တ​ရား​ပြု​မှု​နှင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သ​ဖြင့် မိ​မိ​တွင်​အပြစ်​မ​ရှိ​ကြောင်း​ဤ​ဗိ​မာန်​တော်​ရှိ ကိုယ်​တော်​၏​ယဇ်​ပလ္လင်​တော်​ရှေ့​တွင်​ကျမ်း ကျိန်​သော​အ​ခါ၊-
23 Ty vyslýchej s nebe, a rozeznej i rozsuď služebníky své, mstě nad bezbožným, obraceje usilování jeho na hlavu jeho, a ospravedlňuje spravedlivého, odplacuje mu podlé spravedlnosti jeho.
၂၃အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​မှ​နား​ထောင် တော်​မူ​ပြီး​လျှင်​ကိုယ်​တော်​၏​အ​စေ​ခံ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ပါ။''
24 Tolikéž když by poražen byl lid tvůj Izraelský od nepřátel, proto že zhřešili proti tobě, jestliže by obrátíce se, vyznávali jméno tvé, a modléce se, poníženě by prosili tebe v domě tomto:
၂၄``ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သည့်​အ​တွက် ရန်​သူ​တို့​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ရ​ကြ​သ​ဖြင့် သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​များ​မှ​ဖြေ​လွှတ် ရန်​အ​ထံ​တော်​သို့​ပြန်​လာ​၍​ဤ​ဗိ​မာန်​တော် သို့​လာ​ရောက်​ကာ​စိတ်​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​သော​အ​ခါ၊-
25 Ty vyslýchej s nebe, a odpusť hřích lidu svému Izraelskému, a přiveď je zase do země, kterouž jsi jim dal i otcům jejich.
၂၅ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ လူ​မျိုး​တော်​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​နှင့်​သူ​တို့ ၏​ဘိုး​ဘေး​များ​အား​အ​ပိုင်​ပေး​သ​နား တော်​မူ​သည့်​ပြည်​တော်​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​ပါ။''
26 Podobně když by zavříno bylo nebe, a nepršel by déšť, proto že zhřešili proti tobě, a modléce se na místě tomto, vyznávali by jméno tvé, a od hříchu svého by se odvrátili po tvém trestání:
၂၆``ကိုယ်​တော်​အား​လူ​မျိုး​တော်​ပြစ်​မှား​သည့် အ​တွက် မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ​သူ​တို့ သည်​နောင်​တ​ရ​၍ ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ မူ​ကာ​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​ဆု​တောင်း ပတ္ထနာ​ပြု​ပါ​လျှင်၊-
27 Ty vyslýchej na nebi, a odpusť hřích služebníků svých a lidu svého Izraelského, vyučuje je cestě výborné, po níž by chodili, a dej déšť na zemi svou, kterouž jsi dal lidu svému za dědictví.
၂၇အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း တော်​မူ​ပါ။ ကိုယ်​တော်​၏​အ​စေ​ခံ​ဣသ​ရေ​လ ပြည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော် မူ​ပါ။ သူ​တို့​အား​လမ်း​မှန်​ကို​ပြ​ညွှန်​တော်​မူ ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​အ​ပိုင်​ပေး သ​နား​တော်​မူ​သည့်​ပြည်​တော်​တွင်​မိုး​ရွာ စေ​တော်​မူ​ပါ။''
28 Byl-li by hlad na zemi, byl-li by mor, sucho neb rez, kobylky neb brouci jestliže by byli, ssoužil-li by jej nepřítel jeho v zemi obývání jeho, aneb jakákoli rána a jakákoli nemoc:
၂၈``ပြည်​တော်​တွင်​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး သော​အ​ခါ၊ အ​နာ​ရော​ဂါ​ဘေး​ဆိုက်​သော အ​ခါ၊ ကောက်​ပဲ​သီး​နှံ​တို့​သည်​လေ​ပူ​မိ​ခြင်း၊ ပိုး​ထိ​ခြင်း​သို့​မ​ဟုတ်​ကျိုင်း​ကောင်​အုပ်​ကျ ခြင်း​တို့​ကြောင့်​ပျက်​စီး​သွား​သော​အ​ခါ၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့ တိုက်​ခိုက်​ကြ​သော​အ​ခါ၊ သူ​တို့​တွင်​ဘေး ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ရာ​ကပ် ရောက်​သော​အ​ခါ၊-
29 Všelikou modlitbu a každé úpění, kteréž by pocházelo od kteréhokoli člověka, aneb ode všeho lidu tvého Izraelského, když by jen poznajíce jeden každý ránu svou a bolest svou, pozdvihl by rukou svých v domě tomto,
၂၉သူ​တို့​ပြု​သော​ဆု​တောင်း​ပတ္ထနာ​ကို​နား​ညောင်း တော်​မူ​ပါ။ အ​ကယ်​၍​ကိုယ်​တော်​၏​လူ​မျိုး တော်​ဣသ​ရေ​လ​အ​မျိုး​သား​အ​ချို့​တို့​သည် လှိုက်​လှဲ​စွာ​ဝမ်း​နည်း​လျက် ဤ​ဗိ​မာန်​တော် ဘက်​သို့​လက်​အုပ်​ချီ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​လျှင်-
30 Ty vyslýchej s nebe, z místa přebývání svého, a slituj se, a odplať jednomu každému podlé skutků jeho, vedlé toho, jakž znáš srdce jeho, (ty zajisté sám znáš srdce lidská),
၃၀သူ​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို​နား​ညောင်း​တော် မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ မှ​နား​ညောင်း​တော်​မူ​၍ သူ​တို့​အား​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ ၏​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ​ပါ​၏။ လူ တစ်​ဦး​စီ​အား​ထိုက်​သင့်​သည့်​အ​တိုင်း စီ​ရင်​တော်​မူ​ပါ။-
31 Aby se báli tebe, a chodili po všech cestách tvých, po všecky dny, v nichž by živi byli na zemi, kterouž jsi dal otcům našim.
၃၁သို့​မှ​သာ​လျှင်​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ဘိုး​ဘေး​တို့​အား​ပေး​သ​နား​တော်​မူ​သည့် ပြည်​တော်​တွင် နေ​ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​လိမ့် မည်။''
32 Nýbrž také i cizozemec, kterýž není z lidu tvého Izraelského, přišel-li by z země daleké pro jméno tvé veliké a ruku tvou silnou, a rámě tvé vztažené, když by přišli a modlili se v domě tomto:
၃၂``ကိုယ်​တော်​သည်​အ​ဘယ်​မျှ​ကြီး​မြတ်​တော်​မူ ကြောင်း၊ အ​ဘယ်​မျှ​တန်​ခိုး​ကြီး​တော်​မူ​ကြောင်း၊ လက်​ရုံး​တော်​ဖြင့်​အ​ဘယ်​သို့​ပြု​တော်​မူ​ကြောင်း တို့​ကို​ရပ်​ဝေး​လူ​မျိုး​ခြား​သား​တစ်​ယောက်​သည် ကြား​သိ​ရ​သ​ဖြင့် ဤ​ဗိ​မာန်​တော်​သို့​လာ​၍ ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ-
33 Ty vyslýchej s nebe, z místa přebývání svého, a učiň všecko to, o čež volati bude k tobě cizozemec ten, aby poznali všickni národové země jméno tvé, a báli se tebe jako lid tvůj Izraelský, a aby poznali, že jméno tvé vzýváno jest nad domem tímto, kterýž jsem vystavěl.
၃၃ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ​နား ညောင်း​တော်​မူ​ပြီး​လျှင် ထို​သူ​တောင်း​လျှောက် သည်​အ​တိုင်း​ပြု​တော်​မူ​ပါ။ သို့​မှ​သာ​လျှင် ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​နည်း​တူ ကိုယ်​တော်​အား​ကြောက် ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို့​အ​ပြင်​ကိုယ်​တော် အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​သည့်​ဗိ​မာန်​တော် သည်​ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ​ကြ ပါ​လိမ့်​မည်။''
34 Když by vytáhl lid tvůj k boji proti nepřátelům svým cestou, kterouž bys je poslal, a modlili by se tobě naproti městu tomuto, kteréž jsi vyvolil, a domu tomuto, kterýž jsem ustavěl jménu tvému:
၃၄``ကိုယ်​တော်​သည်​လူ​မျိုး​တော်​အား​ရန်​သူ​တို့ ကို​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ သူ​တို့​သည်​မည်​သည့်​အ​ရပ်​၌​ရှိ​သည်​မ​ဆို ကိုယ်​တော်​ရွေး​ချယ်​ထား​တော်​မူ​သည့် ဤ​မြို့ တော်​နှင့်​ကိုယ်​တော်​အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက် သည့်​ဤ​ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​၍​ဆု တောင်း​ပတ္ထနာ​ပြု​ကြ​လျှင်-
35 Ty vyslýchej s nebe modlitbu a úpění jejich, a vyvoď při jejich.
၃၅ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း​တော်​မူ​၍​သူ​တို့ အား​အောင်​ပွဲ​ကို​ပေး​တော်​မူ​ပါ။''
36 Když by zhřešili proti tobě, (jakož není člověka, ješto by nehřešil), a rozhněvaje se na ně, vydal bys je v moc nepříteli, tak že by je jaté vedli ti, kteříž by je zjímali, do země daleké neb blízké;
၃၆``အ​ပြစ်​မ​ကူး​လွန်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ကိုယ် တော်​ကို​ပြစ်​မှား​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​၍​သူ​တို့ အား​ရန်​သူ​များ​လက်​တွင် အ​ရေး​ရှုံး​နိမ့်​စေ လျက်​တိုင်း​တစ်​ပါး​သို့​ဖမ်း​ဆီး​ခေါ်​ဆောင် သွား​စေ​တော်​မူ​ပါ​လိမ့်​မည်။ ထို​တိုင်း​ပြည် သည်​အ​လွန်​ဝေး​ကွာ​စေ​ကာ​မူ-
37 A usmyslili by sobě v zemi, do níž by zajati byli, a obrátíce se, modlili by se tobě v zemi zajetí svého, řkouce: Zhřešili jsme, převráceně jsme činili, a bezbožně jsme se chovali;
၃၇ကိုယ်​တော်​သည်​လူ​မျိုး​တော်​၏​ဆု​တောင်း​ပတ္ထ နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ကယ်​၍​သူ​တို့ သည်​ထို​ပြည်​တွင်​နောင်​တ​ရ​လျက် မိ​မိ​တို့ အ​ဘယ်​မျှ​အ​ပြစ်​ကူး​လွန်​ခဲ့​၍​အ​ဘယ်​မျှ ဆိုး​ညစ်​ခဲ့​ကြောင်း​ဖော်​ပြ​ဝန်​ခံ​လျက် အ​ထံ တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ​လျှင် အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​များ​ကို​နား​ညောင်း​တော်​မူ​ပါ။-
38 A tak navrátili by se k tobě celým srdcem svým a celou duší svou v zemi zajetí svého, do kteréž by zajati byli, a modlili by se naproti zemi své, kterouž jsi dal otcům jejich, a naproti městu, kteréž jsi vyvolil, a domu, kterýž jsem vzdělal jménu tvému:
၃၈အ​ကယ်​၍​သူ​တို့​သည်​ထို​ပြည်​တွင်​အ​မှန်​ပင် နောင်​တ​ရ​လျက် မိ​မိ​တို့​ဘိုး​ဘေး​များ​အား ကိုယ်​တော်​ပေး​တော်​မူ​သည့်​ပြည်​တော်၊ ကိုယ်​တော် ရွေး​ချယ်​ထား​တော်​မူ​သည့်​ဤ​မြို့​တော်၊ အ​ကျွန်ုပ် တည်​ဆောက်​ထား​သည့်​ဤ​ဗိ​မာန်​တော်​သို့​မျက် နှာ​မူ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လျှင်၊-
39 Vyslýchej s nebe, z místa příbytku svého, modlitbu jejich a úpění jejich, a vyvoď při jejich, a odpusť lidu svému, kterýž by zhřešil proti tobě.
၃၉စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ​နား​ညောင်း​တော် မူ​ပြီး​လျှင် သူ​တို့​အား​က​ရု​ဏာ​ထား​တော်​မူ ၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''
40 Nyní tedy, Bože můj, nechť jsou, prosím, oči tvé otevřené, a uši tvé nakloněné k modlitbě na místě tomto.
၄၀``အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်၊ ယ​ခု​အ​ကျွန်ုပ် တို့​ကို​ကြည့်​ရှု​တော်​မူ​၍​ဤ​ဌာ​န​တော်​တွင်​ပြု သည့်​ဆု​တောင်း​ပတ္ထ​နာ​များ​ကို​နား​ညောင်း​တော် မူ​ပါ။-
41 Aj, nyní povstaň, ó Hospodine Bože, k odpočinutí svému, ty i truhla síly tvé; kněží tvoji, Hospodine Bože, nechť jsou oblečeni v spasení, a svatí tvoji ať se veselí v dobrých věcech.
၄၁အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ထ​တော် မူ​၍​ကိုယ်​တော်​၏​တန်​ခိုး​တော်​ကို​သ​ရုပ်​ဆောင် သည့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ ဗိ​မာန်​တော် ထဲ​သို့​ကြွ​တော်​မူ​ပြီး​လျှင်​ကာ​လ​အ​စဉ်​အမြဲ စံ​နေ​တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​ခံ​စား​ရ​သည့်​ကျေး​ဇူး​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​ပါ​စေ​သော။-
42 Hospodine Bože, neodvracejž tváři od pomazaného svého, pamatuj na milosrdenství zaslíbená Davidovi služebníku svému.
၄၂အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရွေး​ချယ်​ခန့်​ထား​တော်​မူ​သော​ဘု​ရင်​ကို​ပစ်​ပယ် တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​၏​အ​စေ​ခံ​ဒါဝိဒ် အ​ပေါ်​တွင်​ထား​ရှိ​တော်​မူ​ခဲ့​သည့်​မေတ္တာ တော်​ကို​အောက်​မေ့​တော်​မူ​ပါ'' ဟု​ပတ္ထ​နာ ပြု​တော်​မူ​၏။

< 2 Kronická 6 >