< 1 Tesalonickým 5 >
1 O časích pak a chvílech, bratří, nepotřebujete, aby vám psáno bylo.
၁ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး၍ ပေးလိုက်စရာအကြောင်းမရှိ။
2 Nebo vy sami výborně víte, že ten den Páně jako zloděj v noci, tak přijde.
၂အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။
3 Neb když dějí: Pokoj a bezpečnost, tedy rychle přijde na ně zahynutí, jako bolest ženě těhotné, a neujdouť toho.
၃ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်းဝေဒနာ ရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။
4 Ale vy, bratří, nejste ve tmě, aby vás ten den jako zloděj zachvátil.
၄သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည် အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။
5 Všickni vy synové světla jste a synové dne; nejsmeť synové noci, ani tmy.
၅သင်တို့အပေါင်းသည် အလင်း၏သား၊ နေ့၏သားဖြစ်ကြ၏။ ညဉ့်၏သား ၊ မှောင်မိုက်၏သားမဟုတ်။
6 Nespěmež tedy, jako i jiní, ale bděme a střízliví buďme.
၆သို့ဖြစ်၍ ၊ အခြားသော သူတို့သည် အိပ်ပျော်သကဲ့သို့၊ ငါတို့သည် အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်ကြကုန်အံ့။
7 Nebo kteříž spí, v noci spí, a kteříž se opíjejí, v noci opilí jsou.
၇အကြောင်းမူကား၊ အိပ်ပျော်သော သူတို့သည် ညဉ့်အခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသော သူတို့သည်လည်း ညဉ့်အခါ ယစ်မူးတတ်ကြ၏။
8 Ale my, synové dne jsouce, střízliví buďme, oblečeni jsouce v pancíř víry a lásky, a v lebku, jenž jest naděje spasení.
၈နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မြော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။
9 Nebo nepostavil nás Bůh k hněvu, ale k nabytí spasení, skrze Pána našeho Jezukrista,
၉အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ ခန့်ထားတော်မူ၏။
10 Kterýž umřel za nás, abychom, buďto že bdíme, buďto že spíme, spolu s ním živi byli.
၁၀ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည် အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။
11 Protož napomínejte se vespolek, a vzdělávejte jeden druhého, jakož i činíte.
၁၁ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့။
12 A prosímeť vás, bratří, znejtež ty, kteříž pracují mezi vámi, a předloženi jsou vám v Pánu, a napomínají vás,
၁၂ထိုမှတပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရား၊ အခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊
13 A velice je milujte pro práci jejich. A mějte se k sobě vespolek pokojně.
၁၃သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်းအသင့်အတင့်နေကြလော့။
14 A prosímeť vás, bratří, napomínejte z řádu vystupujících, potěšujte choulostivých, snášejte mdlé, trpělivě se mějte ke všechněm.
၁၄တဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ စေကြလော့။
15 Vizte, aby někdo zlého za zlé neodplacoval, ale vždycky účinnosti dokazujte, i k sobě vespolek i ke všechněm.
၁၅သူတပါး၌အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှါ သတိပြု၍၊ အချင်းချင်းတို့၌၎င်း၊ ခပ်သိမ်းသောသူတို့၌ ၎င်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။
၁၆အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။
17 Bez přestání se modlte,
၁၇မခြားမလပ်ဆုတောင်းပဌာနပြုကြလော့။
18 Ze všeho díky čiňte; nebo ta jest vůle Boží v Kristu Ježíši, aby se tak dálo od vás.
၁၈အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။
၁၉ဝိညာဉ်တော်၏အရှိန်ကို အငြိမ်းစေကြနှင့် ။
20 Proroctvím nepohrdejte,
၂၀ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့် ။
21 Všeho zkuste; což dobrého jest, toho se držte.
၂၁ခပ်သိမ်းသော အရာကိုစုံစမ်း၍ ၊ ကောင်းသော အရာကို အမြဲကိုင်စွဲကြလော့ ။
22 Od všeliké zlé tvárnosti se varujte.
၂၂မကောင်းသောအမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့။
23 On pak Bůh pokoje posvětiž vás ve všem, a celý váš duch i duše i tělo bez úhony ku příští Pána našeho Jezukrista zachováno budiž.
၂၃ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။
24 Věrnýť jest ten, jenž povolal vás, kterýž také i učiní to.
၂၄သင်တို့ကိုခေါ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံသည် ဖြစ်၍၊ ထိုသို့ပြုတော်မူလိမ့်မည်။
25 Bratří, modlte se za nás.
၂၅ညီအစ်ကိုတို့၊ ငါတို့အဘို့ဆုတောင်းကြလော့။
26 Pozdravte všech bratří v políbením svatém.
၂၆ညီအစ်ကိုအပေါင်းတို့ကို သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
27 Zavazujiť vás skrze Pána, aby čten byl list tento všechněm bratřím svatým.
၂၇ဤစာကို သန့်ရှင်းသော ညီအစ်ကိုအပေါင်းတို့အား ဘတ်စေခြင်းငှာ၊ သခင်ဘုရားကို တိုင်တည်၍ ငါသည် သင်တို့ကို အဓိဋ္ဌာန်သစ္စာပေး၏။
28 Milost Pána našeho Jezukrista budiž s vámi. Amen. List první k Tessalonicenským psán jest v Aténách.
၂၈ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိစေသတည်း။ အာမင်။