< 1 Samuelova 9 >
1 Byl pak muž z pokolení Beniamin, jménem Cis, syn Abiele syna Seror, syna Bechorat, syna Afia, syna muže Jemini, muž udatný.
၁ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်ရှိ၏။ သူ၏ နာမည်မှာကိရှဖြစ်၏။ သူ့အဖသည်အဗျေလ၊ အဖိုးကားဇေရော်ဖြစ်၏။ သူသည်အာဖိသား ချင်းစုဝင်ဖြစ်သောဗေခေါရတ်အိမ်ထောင်စု မှဆင်းသက်လာသူတည်း။ ကိရှသည်ချမ်းသာ ကြွယ်ဝ၍သြဇာတိက္ကမရှိသူတစ်ယောက် ဖြစ်ပေသည်။-
2 Ten měl syna jménem Saule, mládence krásného, tak že žádného z synů Izraelských nebylo pěknějšího nad něj; od ramene svého vzhůru převyšoval všecken lid.
၂သူ့မှာရှောလုနာမည်တွင်သောသားတစ် ယောက်ရှိ၏။ ထိုသားသည်ပျိုရွယ်၍အဆင်း လှ၏။ ဣသရေလအမျိုးသားရှိသမျှ တို့ထက်အရပ်တစ်ပေမျှပို၍မြင့်၏။ အဆင်းလည်းပို၍လှ၏။
3 Byly se pak ztratily oslice Cis, otce Saulova. I řekl Cis Saulovi synu svému: Vezmi i hned s sebou jednoho z služebníků, a vstana, jdi, hledej oslic.
၃ကိရှသည်မိမိ၏မြည်းအချို့ပျောက်သွား သဖြင့် ရှောလုအား``အစေခံတစ်ယောက်ကို ခေါ်ပြီးလျှင်မြည်းတို့ကိုလိုက်ရှာပါလော့'' ဟုဆို၏။-
4 A tak šel přes horu Efraim, a prošel až do země Salisa, a nic nenalezli; prošli také zemi Sálim, a nic nenalezli. Ještě přešli i zemi Jemini, a nenalezli.
၄သူတို့နှစ်ယောက်သည်ဧဖရိမ်တောင်ပိုင်း အရပ်နှင့် ရှလိရှဒေသတစ်လျှောက်တွင် ရှာဖွေကြသော်လည်းမြည်းများကိုမတွေ့ ကြ။ သို့ဖြစ်၍သူတို့သည်ရှာလိမ်ဒေသ တစ်လျှောက်တွင်ရှာကြ၏။ သို့ရာတွင်မြည်း တို့သည်ထိုအရပ်တွင်မရှိ။ ထိုနောက်သူ တို့သည်ဗင်္ယာမိန်နယ်တွင်လိုက်၍ရှာကြ၏။ ဤအရပ်တွင်လည်းမြည်းတို့ကိုမတွေ့ ကြ။-
5 Když pak přišli do země Zuf, řekl Saul služebníku svému, kterýž byl s ním: Poď, a navraťme se, aby otec můj nechaje těch oslic, neměl starosti o nás.
၅သူတို့သည်ဇုဖဒေသသို့ရောက်ရှိကြ သောအခါ ရှောလုကသူ၏အစေခံ အား``ငါတို့အိမ်သို့ပြန်ကြစို့။ သို့မဟုတ် ပါမူငါ၏အဖသည်မြည်းတို့အတွက် စိုးရိမ်ပူပန်မည့်အစားငါတို့အတွက် စိုးရိမ်ပူပန်လိမ့်မည်'' ဟုဆို၏။
6 Kterýž řekl jemu: Aj, nyní muž Boží jest v městě tomto, a muž ten jest znamenitý; cožkoli praví, všecko se tak stává. Medle, jděme tam, zdali by oznámil nám cestu naši, kterouž bychom jíti měli.
၆အစေခံက``ဆိုင်းငံ့ပါဦး။ ဤမြို့တွင်သူတော် စင်တစ်ဦးရှိပါ၏။ သူပြောသမျှစကားတို့ သည်အမှန်ပင်ဖြစ်ပျက်လာသဖြင့် သူ့အား လူတို့ရိုသေလေးစားကြပါ၏။ အကျွန်ုပ်တို့ သူ့ထံကိုသွားကြပါစို့။ မြည်းများအား အဘယ်အရပ်တွင်ရှာရမည်ကိုသူသည် အကျွန်ုပ်တို့အားဖော်ပြကောင်းဖော်ပြနိုင် ပါလိမ့်မည်'' ဟုဆို၏။
7 Odpověděl Saul služebníku svému: Aj, půjdeme. Co pak přineseme muži tomu? Nebo jsme chléb vytrávili z pytlíků našich, ani daru nemáme, kterýž bychom přinesli muži Božímu. Což máme?
၇ရှောလုက``ထိုသူထံကိုသွားလျှင်ငါတို့ အဘယ်အရာကိုပေးလှူရပါမည်နည်း။ ငါ တို့တွင်ပါသမျှသောအစားအစာလည်း ကုန်ချေပြီ။ ငါတို့မှာသူ့အားပေးစရာ ဘာမျှမရှိ'' ဟုဆို၏။
8 I doložil služebník, odpovídaje Saulovi, a řekl: Hle, nalezl jsem u sebe čtvrt lotu stříbra; to dám muži Božímu, aby nám oznámil cestu naši.
၈အစေခံက``အကျွန်ုပ်မှာငွေတစ်မတ်သာရှိ ပါသည်။ ထိုငွေကိုသူ့အားပေးနိုင်ပါသည်။ ထို အခါသူသည်မြည်းများအဘယ်အရပ်တွင် ရှိသည်ကို အကျွန်ုပ်တို့အားပြောပြပါလိမ့် မည်'' ဟုပြန်ပြော၏။
9 (Za starodávna v Izraeli tak říkával každý, kdož jíti měl raditi se s Bohem: Poďte, a půjdeme až k vidoucímu. Nebo ten, kterýž nyní slove prorok, za starodávna sloul vidoucí.)
၉ရှောလုကလည်း``ကောင်းပြီ။ ငါတို့သွားကြစို့'' ဟုဆို၏။ သို့ဖြစ်၍သူတို့သည်သူတော်စင်နေ ထိုင်ရာမြို့သို့သွားကြ၏။ မြို့တည်ရာတောင်ကုန်း ကိုတက်၍သွားကြစဉ် သူတို့သည်လမ်းတွင်ရေ ခပ်ရန်လာသောအမျိုးသမီးကလေးအချို့နှင့် တွေ့သဖြင့်``ထိုမြို့ထဲ၌ရှေ့ဖြစ်ကိုဟောနိုင်သူ ရှိပါ၏လော'' ဟုမေးမြန်းစုံစမ်းကြ၏။ (ထိုခေတ်အခါကပရောဖက်အားရှေးဖြစ်ကို ဟောနိုင်သူဟုခေါ်ဝေါ်ကြ၏။ သို့ဖြစ်၍လူ တစ်ဦးတစ်ယောက်သည်ထာဝရဘုရားထံ လျှောက်ထားမေးမြန်းလိုသောအခါ``ရှေ့ဖြစ် ကိုဟောနိုင်သူထံသို့ငါတို့သွားကြကုန် အံ့'' ဟုဆိုလေ့ရှိသတည်း။)
10 Řekl tedy Saul služebníku svému: Dobrá jest řeč tvá, nu, jděmež. I šli do města, v kterémž byl muž Boží.
၁၀
11 A když vcházeli na horu města, potkali se s děvečkami, vycházejícími vážit vody. I řekli jim: Jest-li zde vidoucí?
၁၁
12 Kteréž odpověděly jim a řekly: Jest. Hle, a on před tebou, pospěš tedy; nebo dnes přišel do města, proto že obětuje dnes lid na té hoře.
၁၂အမျိုးသမီးကလေးများကလည်း``ရှိပါ သည်။ အမှန်မှာသူသည်သင်တို့မလာမီ ကလေးကမှရောက်ရှိလာပါသည်။ သင်တို့ မြန်မြန်သွားလျှင်သူ့ကိုမီပါလိမ့်မည်။ သင် တို့မြို့ထဲကိုဝင်လျှင်ဝင်ချင်းသူ့အားတွေ့ ရှိပါလိမ့်မည်။ လူတို့သည်တောင်ကုန်းပေါ် ရှိယဇ်ပလ္လင်တွင်ပူဇော်သကာဆက်သကြ မည်ဖြစ်၍ ထိုသူသည်မြို့သို့ယနေ့ရောက် ရှိလာခြင်းဖြစ်ပါသည်။ သူမရောက်မချင်း ဖိတ်ခေါ်ထားသောသူတို့သည်စားသောက်ကြ လိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူသည်ယဇ်ကောင်ကိုဦးစွာကောင်းချီးပေး ရမည်ဖြစ်သောကြောင့်ဖြစ်ပါ၏။ ထိုကြောင့် သင်တို့သည်မြို့ထဲသို့ဝင်လျှင်ဝင်ချင်း ထိုသူတောင်ထိပ်သို့စားသောက်ရန်မတက် မီသူ့အားတွေ့ရကြပါလိမ့်မည်'' ဟုဆို၏။-
13 Hned jakž vejdete do města, tedy naleznete ho, prvé než vstoupí na horu k jídlu. Lid zajisté nebude jísti, dokudž on nepřijde, nebo on požehná obětí, a potom pozvaní jísti budou. A protož jděte, nebo v tuto chvíli naleznete ho.
၁၃
14 I šli do města. A když vcházeli do prostřed města, aj, Samuel vycházel proti nim, aby vstoupil na tu horu.
၁၄သို့ဖြစ်၍ရှောလုနှင့်အစေခံတို့သည်မြို့ သို့သွားကြ၏။ သူတို့သည်မြို့ထဲသို့ဝင်မည် အပြုတွင် ဝတ်ပြုကိုးကွယ်ရာဌာနသို့ထွက် ခွာ၍လာနေသောရှမွေလကိုတွေ့ကြ၏။
15 Hospodin pak zjevil Samuelovi o jeden den prvé, nežli přišel Saul, řka:
၁၅ရှောလုရောက်မလာမီတစ်နေ့၌ရှမွေလ အား ထာဝရဘုရားက၊-
16 V tuto chvíli zítra pošli k tobě muže z země Beniamin, kteréhož pomažeš, aby byl vůdce lidu mého Izraelského, a vysvobodíť lid můj z ruky Filistinských; vzhlédlť jsem zajisté na lid svůj, nebo přišlo volání jeho ke mně.
၁၆``နက်ဖြန်ဤအချိန်လောက်၌ဗင်္ယာမိန်အနွယ် ဝင်လူတစ်ယောက်ကို သင့်ထံသို့ငါစေလွှတ် လိုက်မည်။ သူ့အားဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ်ဘိသိက်ပေးလော့။ သူသည် ငါ၏လူမျိုးတော်ကိုဖိလိတ္တိအမျိုးသား တို့၏ဘေးမှကာကွယ်စောင့်ရှောက်လိမ့်မည်။ ငါသည်မိမိလူမျိုးတော်၏ဆင်းရဲဒုက္ခကို မြင်ရပြီ။ သူတို့ဟစ်အော်၍အကူအညီ တောင်းခံသံများကိုလည်းကြားရပြီ'' ဟု မိန့်တော်မူ၏။
17 A když Samuel uzřel Saule, řekl jemu Hospodin: Aj, teď ten muž, o kterémž pravil jsem tobě: tenť spravovati bude lid můj.
၁၇ရှောလုကိုရှမွေလတွေ့မြင်ချိန်၌ထာဝရ ဘုရားက``သင့်အားငါဖော်ပြခဲ့သောသူ ကားဤသူပင်ဖြစ်၏။ သူသည်ငါ၏လူမျိုး တော်ကိုအုပ်စိုးရလိမ့်မည်'' ဟုမိန့်တော်မူ၏။-
18 Tedy přistoupil Saul k Samuelovi v bráně, a řekl: Ukaž mi, prosím, kde jest tuto dům vidoucího?
၁၈ထိုနောက်ရှောလုသည်မြို့တံခါးအနီးရှိ ရှမွေလထံသို့ချဉ်းကပ်၍``ရှေ့ဖြစ်ကိုဟော နိုင်သူသည်အဘယ်အရပ်မှာနေပါသနည်း။ အကျွန်ုပ်အားပြောပြပါလော့'' ဟုတောင်း ပန်၏။
19 I odpověděl Samuel Saulovi: Já jsem vidoucí. Vstupiž přede mnou na horu, a budete dnes jísti se mnou; potom ráno propustím tě, a cožkoli jest v srdci tvém, oznámím tobě.
၁၉ရှမွေလက``ရှေ့ဖြစ်ကိုဟောနိုင်သူသည် ငါ ပင်ဖြစ်၏။ ဝတ်ပြုကိုးကွယ်ရာဌာနတော် သို့ငါ၏ရှေ့မှသွားလော့။ သင်တို့နှစ်ယောက် စလုံး ယနေ့ငါနှင့်အတူစားသောက်ရကြ မည်။ နက်ဖြန်နံနက်၌ငါသည်သင်တို့၏မေး ခွန်းရှိသမျှကိုဖြေကြားပြီးနောက် သင် တို့အားအိမ်သို့ပြန်စေမည်။-
20 O oslice pak, kteréžť se ztratily dnes třetí den, nic se nestarej, nebo nalezeny jsou. Ale na koho žádost všeho Izraele? Zdali ne na tebe a na všecken dům otce tvého?
၂၀လွန်ခဲ့သောသုံးရက်ကပျောက်ဆုံးခဲ့သည့် မြည်းများအတွက် ကိုမူမစိုးရိမ်နှင့်။ ယင်း တို့ကိုပြန်၍တွေ့ရှိပြီးဖြစ်၏။ သို့ရာတွင် ဣသရေလအမျိုးသားတို့ လွန်စွာလိုလား တောင့်တနေသူကားအဘယ်သူနည်း။ သင် နှင့်သင့်အဖ၏အိမ်ထောင်စုပင်မဟုတ် လော'' ဟုပြန်ပြော၏။
21 I odpověděl Saul a řekl: Zdaliž já nejsem syn Jemini, z nejmenšího pokolení Izraelského? Ano i čeled má jest nejchaternejší ze všech čeledí pokolení Beniaminova. Pročež jsi tedy ke mně mluvil taková slova?
၂၁ရှောလုက``အကျွန်ုပ်သည် ဗင်္ယာမိန်အနွယ်ဝင် ဖြစ်ပါ၏။ ထိုသားချင်းစုသည်ဣသရေလ အမျိုးတွင်အသေးငယ်ဆုံးဖြစ်ပါ၏။ အ ကျွန်ုပ်၏အိမ်ထောင်စုသည်လည်း ထိုသားချင်း စုတွင်အသိမ်ငယ်ဆုံးဖြစ်ပါ၏။ သို့ဖြစ်၍ အရှင်သည်အဘယ်ကြောင့်အကျွန်ုပ်အား ဤသို့မိန့်တော်မူပါသနည်း'' ဟုလျှောက်၏။
22 A pojav Samuel Saule i služebníka jeho, uvedl je do pokoje, a dal jim místo nejpřednější mezi pozvanými, jichž bylo okolo třidcíti mužů.
၂၂ထိုနောက်ရှမွေလသည် ရှောလုနှင့်သူ၏ အစေခံကိုဧည့်ခန်းသို့ခေါ်သွားပြီးလျှင် ဧည့်သည်စုစုပေါင်းသုံးဆယ်ထိုင်လျက်နေ သောစားပွဲထိပ်တွင်နေရာချထားပေး၏။-
23 I řekl Samuel kuchaři: Dej sem ten díl, kterýž jsem dal tobě, o kterémžť jsem řekl: Schovej jej obzvláštně.
၂၃ရှမွေလကစားတော်ကဲအား``သင့်အားသီး သန့်ထားရှိရန် ငါမှာကြားထားသည့်အမဲ သားတုံးကိုယူခဲ့လော့'' ဟုဆို၏။-
24 Když tedy přinesl kuchař plece i s tím, což se ho přídrželo, položil Samuel před Saule, a řekl: Teď, což pozůstalo, vezmi sobě, jez; až k této chvíli zajisté zachováno jest to pro tebe, jakž jsem řekl: Lidu jsem pozval. I jedl Saul s Samuelem v ten den.
၂၄သို့ဖြစ်၍စားတော်ကဲသည်လက်ရွေးစင်ပေါင် တစ်ပေါင်ကိုယူလာပြီးလျှင် ရှောလု၏ရှေ့တွင် ချထားလေ၏။ ရှမွေလက``ဤအရာကား သင်၏အတွက်သီးသန့်ဖယ်ထားသောအသား ဖြစ်၏။ ယူ၍စားလော့။ ငါဖိတ်ခေါ်ထားသူတို့ နှင့်အတူယခုအချိန်၌သင်စားရန်ဤ အသားကိုငါဖယ်ထားခဲ့၏'' ဟုဆို၏။ ထို့ကြောင့်ရှောလုသည် ထိုနေ့၌ရှမွေလနှင့် အတူစားသောက်လေ၏။-
25 A když sešli s hory do města, mluvil s Saulem na vrchní podlaze.
၂၅သူတို့သည်ဝတ်ပြုကိုးကွယ်ရာဌာနမှမြို့ သို့ပြန်၍ဆင်းသွားကြသောအခါ ရှောလု အတွက်အိမ်ခေါင်မိုးပေါ်တွင် အိပ်ရာတစ်ခုကိုခင်းပေးကြ၏။-
26 Potom vstali velmi ráno. I stalo se, když záře vzcházela, že zavolal Samuel Saule na hůru, řka: Vstaň, a propustím tě. Vstal tedy Saul, a vyšli oba ven, on i Samuel.
၂၆ရှောလုသည်လည်းအိပ်ရာတွင်အိပ်လေ၏။ အရုဏ်တက်ချိန်၌ရှမွေလသည်အိမ်ခေါင်မိုးထက် တွင်ရှိသောရှောလုအား``ထလော့။ သင်အိမ်ပြန်ရန် ခရီးလမ်းသို့ငါပို့ဆောင်ပေးအံ့'' ဟုအော်၍ပြော သောအခါရှောလုသည်အိပ်ရာမှထလေ၏။ ထို နောက်သူနှင့်ရှမွေလတို့သည်အတူတကွထွက် သွားကြ၏။-
27 A když přicházeli na konec města, řekl Samuel Saulovi: Rci služebníku, ať jde napřed, (i šel); ty pak pozastav se málo, ažť oznámím řeč Boží.
၂၇သူတို့သည်မြို့စွန်မြို့ဖျားသို့ရောက်သောအခါ ရှမွေလသည်ရှောလုအား``သင်၏အစေခံကိုငါ တို့ရှေ့ကသွားနှင့်ရန်ပြောကြားလော့'' ဟုဆို၏။ အစေခံသည်လည်းသွားနှင့်၏။ ထိုအခါရှမွေလ က``ဤတွင်ခေတ္တရပ်နားလော့။ ထာဝရဘုရား၏ အမိန့်တော်ကိုသင့်အားငါဖော်ပြပေအံ့'' ဟု ဆို၏။