< 1 Královská 8 >

1 Tedy shromáždil Šalomoun k sobě do Jeruzaléma starší lidu Izraelského, a všecky přední z pokolení, totiž knížata čeledí otcovských s syny Izraelskými, aby přenesli truhlu smlouvy Hospodinovy z města Davidova, jenž jest Sion.
ရှော​လ​မုန်​မင်း​သည် ထာ​ဝရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ဇိ​အုန်​တည်း​ဟူ​သော​ဒါ​ဝိဒ်​မြို့ မှ ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​ရန်​အ​တွက် ဣ​သ​ရေ​လ ခေါင်း​ဆောင်​များ​ဖြစ်​သည့်​အ​နွယ်​ခေါင်း​ဆောင်​များ နှင့်​သား​ချင်း​စု​ခေါင်း​ဆောင်​များ​အား အ​ထံ​တော် သို့​ဆင့်​ခေါ်​တော်​မူ​၏။-
2 I sešli se k králi Šalomounovi všickni muži Izraelští měsíce Etanim, v čas slavnosti; a ten měsíc jest sedmý.
ထို​သူ​အ​ပေါင်း​တို့​သည်​ဧ​သ​နိမ်​အ​မည်​တွင် သော​သတ္တ​မ​လ​၌ ကျင်း​ပ​သည့်​သစ်​ခက်​တဲ​နေ ပွဲ​တော်​သို့​လာ​ရောက်​စု​ဝေး​ကြ​၏။-
3 A když přišli všickni starší Izraelští, vzali kněží truhlu.
ခေါင်း​ဆောင်​အ​ပေါင်း​တို့​လာ​ရောက်​စု​ဝေး​ကြ သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပဋိညာဉ် သေတ္တာ​တော်​ကို​ထမ်း​၍၊-
4 I přenesli truhlu Hospodinovu a stánek úmluvy, i všecka nádobí posvátná, kteráž byla v stánku; a tak přenesli to kněží a Levítové.
ဗိ​မာန်​တော်​သို့​ပင့်​ဆောင်​သွား​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​နှင့်​တဲ​တော် တန်​ဆာ​များ​ကို​လည်း ဗိ​မာန်​တော်​သို့​သယ် ဆောင်​ကြ​၏။-
5 Král pak Šalomoun i všecko shromáždění Izraelské, kteréž se k němu sešlo, obětovali s ním před truhlou ovce i voly, kteříž ani popisováni ani počítáni nebyli pro množství.
ရှော​လ​မုန်​မင်း​နှင့်​ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း တို့​သည် ပ​ဋိ​ညာဉ်​သေတ္တာ​တော်​၏​ရှေ့​၌​စု​ဝေး​၍ မ​ရေ​တွက်​နိုင်​အောင်​များ​ပြား​သည့်​သိုး​နွား များ​ကို​ယဇ်​ပူ​ဇော်​ကြ​လေ​သည်။-
6 I vnesli kněží truhlu smlouvy Hospodinovy na místo její, do vnitřního domu, totiž do svatyně svatých pod křídla cherubínů.
ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ဗိ​မာန်​တော်​ထဲ​သို့​ပင့်​ဆောင် ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ ခေ​ရု​ဗိမ် တို့​၏​အ​တောင်​များ​အောက်​တွင်​ထား​ကြ​၏။-
7 Nebo cherubínové měli roztažená křídla nad místem truhly, a přikrývali cherubínové truhlu i sochory její svrchu.
ခေ​ရု​ဗိမ်​တို့​၏​အ​တောင်​များ​သည်​ပ​ဋိ​ညာဉ် သေတ္တာ​အ​ပေါ်​သို့​ဖြန့်​လျက် သေတ္တာ​တော်​နှင့် ထမ်း​ပိုး​များ​ကို​ပါ​လွှမ်း​မိုး​ထား​လေ​သည်။-
8 A povytáhli sochorů, tak že vidíni byli koncové jejich v svatyni k předku svatyně svatých, avšak vně nebylo jich viděti; a byli tam až do tohoto dne.
ထမ်း​ပိုး​အ​စွန်း​တို့​ကို​ဗိ​မာန်​တော်​အ​လွန်​သန့် ရှင်း​ရာ​ဌာ​န​၏​ရှေ့​တည့်​တည့်​မှ​နေ​၍​တွေ့​မြင် နိုင်​၏။ သို့​ရာ​တွင်​အ​ခြား​အ​ဘယ်​နေ​ရာ​မှ နေ​၍​မ​မြင်​နိုင်။ (ထို​ထမ်း​ပိုး​တို့​သည်​ယ​နေ့ တိုင်​အောင်​ထို​နေ​ရာ​၌​ရှိ​နေ​၏။-)
9 Nic nebylo v truhle kromě dvou tabulí kamenných, kteréž tam složil Mojžíš na Orébě, když všel Hospodin v smlouvu s syny Izraelskými, a oni šli z země Egyptské.
အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​လာ​သော​အ​ခါ သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ရာ​သိ​နာ​တောင် ၌​မော​ရှေ​ထည့်​ထား​ခဲ့​သည့်​ကျောက်​ပြား​နှစ် ချပ်​မှ​လွဲ​၍ အ​ခြား​အ​ဘယ်​အ​ရာ​မျှ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ထဲ​တွင်​မ​ရှိ။
10 I stalo se, když vycházeli kněží z svatyně, že oblak naplnil dům Hospodinův,
၁၀ဗိ​မာန်​တော်​ထဲ​မှ​ယဇ်​ပု​ရော​ဟိတ်​များ​ထွက် ခွာ​သွား​ကြ​စဉ် ဗိ​မာန်​တော်​သည်​မိုး​တိမ် ဖြင့်​ချက်​ချင်း​ပြည့်​၍​လာ​လေ​သည်။-
11 Tak že nemohli kněží ostáti a sloužiti pro ten oblak; nebo sláva Hospodinova naplnila dům Hospodinův.
၁၁ယင်း​သို့​ဗိ​မာန်​တော်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​လျက်​နေ သ​ဖြင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည်​မိ​မိ​တို့ တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ရန် ဗိ​မာန် တော်​ထဲ​သို့​ပြန်​၍​မ​ဝင်​နိုင်​ကြ။-
12 Tedy řekl Šalomoun: Hospodin řekl, že bude přebývati v mrákotě.
၁၂ထို​အ​ခါ​ရှော​လ​မုန်​က၊ ``အို ထာ​ဝရ​ဘု​ရား၊ကိုယ်​တော်​သည် မိုး​ကောင်း​ကင်​တွင်​နေ​ကို​ထား​ရှိ​တော်​မူ​သော်​လည်း၊ မိုး​တိမ်​တွင်​လည်း​ကောင်း၊မှောင်​မိုက်​တွင်​လည်း​ကောင်း စံ​ရန်​ရွေး​ချယ်​တော်​မူ​ပါ​၏။
13 Jižť jsem vystavěl dům k přebývání tvému, místo, v němž bys přebýval na věky.
၁၃ယ​ခု​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​တွက် ဗိ​မာန်​တော်၊ကိုယ်​တော်​ထာ​ဝ​စဉ်​စံ​တော်​မူ​ရန်၊ ဌာ​န​တော်​ကို​တည်​ဆောက်​ပြီး​ပါ​ပြီ'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​တော်​မူ​၏။
14 A obrátiv král tvář svou, požehnání dával všemu shromáždění Izraelskému, všecko pak shromáždění Izraelské stálo.
၁၄လူ​အ​ပေါင်း​တို့​သည် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ စဉ် ရှော​လ​မုန်​မင်း​သည်​သူ​တို့​ဘက်​သို့​မျက်​နှာ​မူ ပြီး​လျှင်​သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​၏။-
15 A řekl: Požehnaný Hospodin Bůh Izraelský, kterýž mluvil ústy svými Davidovi otci mému, a skutečně naplnil to, řka:
၁၅ထို​နောက်​မင်း​ကြီး​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ လော့။ ကိုယ်​တော်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပြု​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို​တည် မြဲ​စေ​တော်​မူ​ပြီ။-
16 Od toho dne, kteréhož jsem vyvedl lid svůj Izraelský z Egypta, nevyvolil jsem města z žádného pokolení Izraelského k vystavení v něm domu, kdež by přebývalo jméno mé, ale Davida jsem vyvolil, aby spravoval lid můj Izraelský.
၁၆ကိုယ်​တော်​က`ငါ​သည်​ငါ​၏​လူ​မျိုးတော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အ​ဘယ်​မြို့​ကို​မျှ​မ​ရွေး ချယ်​ခဲ့။ သို့​ရာ​တွင်​ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ကို အုပ်​စိုး​ရန် သင့်​ကို​ရွေး​ချယ်​ပြီ' ဟု​ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆို​၏။
17 Uložil tě byl zajisté v srdci svém David otec můj stavěti dům jménu Hospodina Boha Izraelského,
၁၇ထို​နောက်​ဆက်​လက်​၍​ရှော​လ​မုန်​က``ငါ​၏​ခ​မည်း တော်​ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန် ဗိ​မာန်​တော်​ကို​တည်​ဆောက်​လို​သော် လည်း၊-
18 Ale Hospodin řekl Davidovi otci mému: Ačkoli jsi uložil v srdci svém stavěti dům jménu mému, a dobře jsi učinil, žes to myslil v srdci svém:
၁၈ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင်​၏​အ​ကြံ အ​စည်​ကို​နှစ်​သက်​တော်​မူ​၏။-
19 A však ty nebudeš stavěti toho domu, ale syn tvůj, kterýž vyjde z bedr tvých, on vystaví dům ten jménu mému.
၁၉သို့​ရာ​တွင်​သင်​သည်​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရ​မည်​မ​ဟုတ်။ သင်​၏​သား​တော်​တစ်​ပါး​သာ​လျှင် တည်​ဆောက်​ရ​မည်' ဟု​မိန့်​တော်​မူ​ခဲ့​၏။''
20 A tak splnil Hospodin slovo své, kteréž byl mluvil. Nebo jsem povstal na místo Davida otce svého, a dosedl jsem na stolici Izraelskou, jakož byl mluvil Hospodin, a ustavěl jsem dům tento jménu Hospodina Boha Izraelského,
၂၀``ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည် ထို​က​တိ တော်​ကို​အ​ကောင်​အ​ထည်​ပေါ်​လွင်​စေ​တော်​မူ ပြီ။ ငါ​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ပြီး​လျှင် ဣ​သ ရေ​လ​အ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော် ကို​တည်​ဆောက်​၍​ပြီး​လေ​ပြီ။-
21 A připravil jsem tu místo truhle, v níž jest smlouva Hospodinova, kterouž učinil s otci našimi, když je vyvedl z země Egyptské.
၂၁ငါ​တို့​ဘိုး​ဘေး​များ​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​တော်​မူ​စဉ်​အ​ခါ​က သူ​တို့​နှင့်​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​တော်​ဆိုင်​ရာ ကျောက်​ပြား​များ​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​တော် ထား​ရန်​နေ​ရာ​ကို​ဗိ​မာန်​တော်​တွင်​ပြင်​ဆင်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။
22 Postavil se pak Šalomoun před oltářem Hospodinovým, přede vším shromážděním Izraelským, a pozdvihl rukou svých k nebi,
၂၂ထို့​နောက်​လူ​တို့​၏​ရှေ့​မှောက်​တွင်​ရှော​လ​မုန်​သည် ယဇ်​ပလ္လင်​ရှေ့​သို့​သွား​ရပ်​တော်​မူ​၏။ မင်း​ကြီး သည်​လက်​များ​ကို​မြှောက်​ချီ​လျက်၊-
23 A řekl: Hospodine, Bože Izraelský, neníť podobného tobě Boha na nebi svrchu, ani na zemi dole, kterýž ostříháš smlouvy a milosrdenství služebníkům svým, chodícím před tebou v celém srdci svém,
၂၃``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မိုး​ကောင်း​ကင်​၌​သော်​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​သော်​လည်း​ကောင်း​ကိုယ်​တော် နှင့်​တူ​သော​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး တော်​သည် ကိုယ်​တော့်​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့​လိုက်​နာ​ကျင့်​သုံး​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​နှင့်​ထား​ရှိ​သည့်​ပ​ဋိ​ညာဉ် တော်​ကို​စောင့်​ထိန်း​တော်​မူ​လျက် သူ​တို့​အား မေတ္တာ​က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။-
24 Kterýž jsi splnil služebníku svému, Davidovi otci mému, to, co jsi mluvil jemu; nebo jsi mluvil ústy svými, a skutečně jsi to naplnil, jakož se dnes vidí.
၂၄ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား​ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​နှင့်​အ​ညီ ပြု​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​၏​မိန့်​တော်​မူ​ခဲ့ သ​မျှ​တို့​ကို ယ​နေ့​အ​ကောင်​အ​ထည်​ပေါ် စေ​တော်​မူ​ပါ​ပြီ။-
25 Nyní tedy, ó Hospodine, Bože Izraelský, naplniž služebníku svému, Davidovi otci mému, což jsi mluvil jemu, řka: Nebudeť vyhlazen muž z rodu tvého od tváři mé, kterýž by seděl na stolici Izraelské, jestliže toliko ostříhati budou synové tvoji cesty své, aby chodili přede mnou, jakž jsi ty chodil přede mnou.
၂၅`အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း တော်​ဒါ​ဝိဒ်​အား​သင်​၏​သား​မြေး​တို့​သည် သင့် ကဲ့​သို့​ငါ့​စ​ကား​ကို​ဂ​ရု​ပြု​၍​နား​ထောင်​ကြ လျှင် ဣ​သ​ရေ​လ​ပြည်​တွင်​အ​ဘယ်​အ​ခါ​မျှ သင်​၏​အ​မျိုး​မင်း​ရိုး​ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ခဲ့​သည့်​က​တိ​တော်​အ​တိုင်း ယ​ခု​ပြု​တော်​မူ​ပါ။-
26 Protož nyní, ó Bože Izraelský, prosím, nechť jest upevněno slovo tvé, kteréž jsi mluvil služebníku svému, Davidovi otci mému.
၂၆အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ကိုယ် တော့်​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် ကတိ​တော်​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော် မူ​ရန်​လျှောက်​ထား​ပါ​၏။''
27 (Ač zdali v pravdě bydliti bude Bůh na zemi? Aj, nebesa, nýbrž nebesa nebes tě neobsahují, mnohem méně dům tento, kterýž jsem vystavěl.)
၂၇``သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ​နေ​တော်​မူ​ပါ မည်​လော။ ကောင်း​ကင်​ဘုံ​တစ်​ခု​လုံး​ပင်​လျှင်​ကိုယ် တော်​စံ​တော်​မူ​နိုင်​လောက်​အောင်​မ​ကျယ်​ဝန်း​ပါ။ သို့​ဖြစ်​၍​ကျွန်ုပ်​တည်​ဆောက်​သည့်​ဤ​ဗိမာန်​တော် သည် စံ​တော်​မူ​ရန်​အ​တွက်​မည်​သို့​ကျယ်​ဝန်း နိုင်​ပါ​မည်​နည်း။-
28 A popatř k modlitbě služebníka svého a k úpění jeho, Hospodine, Bože můj, slyše volání a modlitbu, kterouž služebník tvůj modlí se dnes před tebou,
၂၈အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်​ထာဝရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​ကိုယ်​တော်​၏​အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ ယ​နေ့ အ​ကျွန်ုပ်​လျှောက်​ထား​ပန်​ကြား​ချက်​ကို​နား ညောင်း​တော်​မူ​ပါ။-
29 Aby oči tvé byly otevřené na dům tento v noci i ve dne, na místo toto, o němž jsi řekl: Tuť bude jméno mé, abys vyslýchal modlitbu, kterouž se modlívati bude služebník tvůj na místě tomto.
၂၉ကိုယ်​တော်​အား​ဝတ်​ပြုကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ်​ရွေး​ချယ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​နေ့ ည​မ​ပြတ်​စောင့်​ထိန်း​ကြည့်​ရှု​တော်​မူ​ပါ။ ဤ ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​တောင်း လျှောက်​သော​အ​ခါ​နား​ညောင်း​တော်​မူ​ပါ။-
30 Vyslýchejž tedy modlitbu služebníka svého i lidu svého Izraelského, kterouž se modlívati budou na místě tomto; ty vždy vyslýchej v místě přebývání svého na nebesích, a vyslýchaje, buď milostiv.
၃၀ဤ​ဌာ​န​တော်​သို့​မျက်​နှာ​မူ​လျက် အ​ကျွန်ုပ်​နှင့် ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​ဆု​တောင်း​သော အ​ခါ​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော် မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​အ​ကျွန်ုပ်​တို့​၏ လျှောက်​ထား​ချက်​ကို​နား​ညောင်း​လျက် အ​ကျွန်ုပ် တို့​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။''
31 Když by zhřešil člověk proti bližnímu svému, a nutil by ho k přísaze, tak že by přisahati musil, a přišla by ta přísaha před oltář tvůj do domu tohoto:
၃၁``လူ​တစ်​ယောက်​သည် အ​ခြား​သူ​တစ်​ယောက်​အား ပြစ်​မှား​မှု​နှင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သ​ဖြင့် မိ​မိ​တွင် အ​ပြစ်​မ​ရှိ​ကြောင်း​ဤ​ဗိ​မာန်​တော်​ရှိ​ကိုယ်​တော် ၏​ယဇ်​ပလ္လင်​တော်​ရှေ့​၌​ကျမ်း​ကျိန်​သော​အ​ခါ၊-
32 Ty vyslýchej na nebi a rozeznej, i rozsuď služebníky své, mstě nad bezbožným a obraceje skutky jeho na hlavu jeho, a ospravedlňuje spravedlivého, odplacuje mu vedlé spravedlnosti jeho.
၃၂အို ထာ​ဝ​ရ​ဘု​ရား၊ ကောင်း​ကင်​ဘုံ​က​နေ​၍​နား ထောင်​တော်​မူ​ပြီး​လျှင် ကိုယ်​တော်​၏​အ​စေ​ခံ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ပါ။ အ​ပြစ်​ရှိ​သူ​အား ထိုက်​လျောက်​ရာ​အ​ပြစ်​ကို​ပေး​တော်​မူ​၍ အ​ပြစ် မဲ့​သူ​အား​အ​ပြစ်​မှ​လွတ်​စေ​တော်​မူ​ပါ။''
33 Když by poražen byl lid tvůj Izraelský od nepřátel, proto že zhřešili proti tobě, jestliže by obrátíce se k tobě, vyznávali jméno tvé, a modléce se, poníženě prosili by tebe v domě tomto:
၃၃``ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် ကိုယ်​တော်​ကို​ပြစ်​မှား​သည့်​အ​တွက်​ရန်​သူ့ လက်​တွင်​အ​ရေး​ရှုံး​နိမ့်​ကြ​သော​အ​ခါ ဤ​ဗိ​မာန် တော်​သို့​လာ​၍၊ မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ရန် နှိမ့်​ချ​သော​စိတ်​နှင့်​အ​ထံ​တော်​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​ကြ​လျှင်၊-
34 Ty vyslýchej na nebi a odpusť hřích lidu svému Izraelskému, a uveď je zase do země, kterouž jsi dal otcům jejich.
၃၄ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ​ပါ။ ကိုယ် တော်​၏​လူ​မျိုး​တော်​ကို​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​၍ ဘိုး​ဘေး​တို့​ကို​ပေး​တော်​မူ​သည့်​ပြည်​တော်​သို့ သူ​တို့​အား​ပြန်​၍​ပို့​ဆောင်​တော်​မူ​ပါ။''
35 Když by zavříno bylo nebe, a nepršel déšť, proto že zhřešili proti tobě, a modléce se na místě tomto, vyznávali by se jménu tvému, a od hříchů svých odvrátili by se po tvém trestání:
၃၅``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကိုယ် တော်​ကို​ပြစ်​မှား​သည့်​အ​တွက်​ဆုံး​မ​တော်​မူ ရန်​မိုး​ခေါင်​စေ​တော်​မူ​သော​အ​ခါ သူ​တို့​သည် နောင်​တ​ရ​၍​ဗိ​မာန်​တော်​သို့​မျက်​နှာ​မူ​လျက် နှိမ့်​ချ​သော​စိတ်​နှင့်​အ​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​လျှင်၊-
36 Ty vyslýchej na nebi, a odpusť hřích služebníků svých a lidu svého Izraelského, vyuče je cestě výborné, po níž by chodili, a dej déšť na zemi svou, kterouž jsi dal lidu svému za dědictví.
၃၆ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ​ပါ။ သူ​တို့​လိုက်​ရ​သော​လမ်း​မှန်​ကို​ညွှန်​ပြ​တော် မူ​ပါ။ ထို့​နောက်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ၏​လူ​မျိုး​တော်​အား​အ​ပိုင်​ပေး​သ​နား​တော်​မူ သည့်​ပြည်​တော်​တွင်​မိုး​ရွာ​စေ​တော်​မူ​ပါ။''
37 Byl-li by hlad na zemi, byl-li by mor, sucho, rez, kobylky, a brouci byli-li by; ssoužil-li by jej nepřítel jeho v zemi obývání jeho, aneb jakákoli rána, jakákoli nemoc:
၃၇``ပြည်​တော်​တွင် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​သော အ​ခါ​၌​သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး ဆိုက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကောက်​ပဲ သီး​နှံ​တို့​သည်​လေ​ပူ​မိ​ခြင်း၊ ပိုး​ထိ​ခြင်း​သို့ မ​ဟုတ်​ကျိုင်း​ကောင်​အုပ်​ကျ​ခြင်း​တို့​ကြောင့် ပျက်​စီး​၍​သွား​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့​တိုက် ခိုက်​ကြ​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊ သူ​တို့ တွင်​ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ​၌​သော်​လည်း​ကောင်း၊-
38 Všelikou modlitbu a každé úpění, kteréž by činěno bylo od kteréhokoli člověka, aneb ode všeho lidu tvého Izraelského, kdož by jen poznal ránu srdce svého, a pozdvihl by rukou svých v domě tomto,
၃၈သူ​တို့​ပြု​သော​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း တော်​မူ​ပါ။ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ချို့​တို့​သည်​လှိုက်​လှဲ​စွာ​ဝမ်း​နည်း လျက် ဤ​ဗိ​မာန်​တော်​ဘက်​သို့​လက်​အုပ်​ချီ​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​လျှင်၊-
39 Ty vyslýchej na nebesích v místě přebývání svého, a slituj se i učiň a odplať jednomu každému vedlé všech cest jeho, kteréž ty znáš v srdci jeho, (nebo ty sám znáš srdce všech lidí),
၃၉ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ဘိုး​ဘေး​များ အား​ပေး​တော်​မူ​မည့်​ပြည်​တော်​တွင်​နေ​ထိုင်​ရ သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ကြောက်​ရွံ့ ရို​သေ​ကြ​စေ​ရန်​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ လျက် သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​၍​ကူ​မ တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ​အ​ပေါင်း တို့​၏​အ​ကြံ​အ​စည်​များ​ကို​သိ​တော်​မူ​ပါ ၏။ လူ​တိုင်း​ခံ​စား​သင့်​သည့်​အ​ကျိုး​အ​ပြစ် အ​လျောက်​စီ​ရင်​တော်​မူ​ပါ။''
40 Aby se báli tebe po všecky dny, v nichž by živi byli na zemi, kterouž jsi dal otcům našim.
၄၀
41 Nýbrž také cizozemec, kterýž není z lidu tvého Izraelského, přišel-li by z země daleké pro jméno tvé,
၄၁``ရပ်​ဝေး​တွင်​နေ​ထိုင်​သည့်​တိုင်း​တစ်​ပါး​သား တစ်​ဦး​သည် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း​တော်​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပြု​တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​များ အ​ကြောင်း​ကို​လည်း​ကောင်း​ကြား​ရ​သ​ဖြင့် ကိုယ် တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဤ​ဗိ​မာန်​တော် သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ၊-
42 (Neboť uslyší o jménu tvém velikém a ruce tvé přesilné, a rameni tvém vztaženém), přišel-li by tedy, a modlil by se v domě tomto:
၄၂
43 Ty vyslýchej na nebi v místě přebývání svého, a učiň všecko to, o čež volati bude k tobě cizozemec ten, aťby poznali všickni národové země jméno tvé, a báli se tebe jako lid tvůj Izraelský, a aby věděli, že jméno tvé vzýváno jest nad domem tímto, kterýž jsem vystavěl.
၄၃သူ​၏​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော် စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင် တော်​မူ​ပြီး​လျှင်​သူ​ပန်​ကြား​သည့်​အ​တိုင်း​ပြု တော်​မူ​ပါ။ သို့​မှ​သာ​လျှင်​ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​နည်း​တူ​ကိုယ်​တော် အား​ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​ရှင်​အ​ဖို့​အ​ကျွန်ုပ်​တည်​ဆောက်​ထား သည့် ဤ​ဗိ​မာန်​တော်​သည်​ကိုယ်​တော်​အား​ကိုး​ကွယ် ဝတ်​ပြု​ရာ​ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​သူ​တို့​သိ ရှိ​ကြ​ပါ​လိမ့်​မည်။''
44 Když by vytáhl lid tvůj k boji proti nepříteli svému, cestou, kterouž bys poslal je, jestliže by se modlili Hospodinu naproti městu tomuto, kteréž jsi vyvolil, a naproti domu, kterýž jsem vystavěl jménu tvému:
၄၄``ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အား ရန်​သူ​များ​နှင့်​စစ်​တိုက်​ရန်​အ​မိန့်​ပေး​တော်​မူ သော​အ​ခါ သူ​တို့​သည်​ကိုယ်​တော်​ရွေး​ချယ်​ထား တော်​မူ​သည့်​ဤ​မြို့​တော်​နှင့်​ကိုယ်​တော်​အ​ဖို့ အ​ကျွန်ုပ်​တည်​ဆောက်​ထား​သည့်​ဤ​ဗိ​မာန်​တော် သို့​မျက်​နှာ​မူ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​သော အ​ခါ၊-
45 Tolikéž vyslýchej na nebi modlitbu jejich a úpění jejich, a vyveď při jejich.
၄၅နား​ညောင်း​တော်​မူ​ပါ၊ ကောင်း​ကင်​ဘုံ​က​နေ​၍ နား​ထောင်​တော်​မူ​လျက် သူ​တို့​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ။''
46 Když by zhřešili proti tobě, (jakož není člověka, kterýž by nehřešil), a rozhněvaje se na ně, vydal bys je v moc nepříteli, tak že by je jaté vedli ti, kteříž by je zjímali, do země nepřátelské, daleké neb blízké,
၄၆``အ​ပြစ်​မ​ကူး​လွန်​သူ​လူ​တစ်​ယောက်​မျှ​မ​ရှိ ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​ကို​ပြစ်​မှား​ကြ​ပါ​လိမ့်​မည်။ ထို​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​၍ သူ​တို့ အား​ရန်​သူ​များ​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​စေ လျက် တိုင်း​တစ်​ပါး​သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း ကို​ခံ​စေ​တော်​မူ​ပါ​လိမ့်​မည်။-
47 A usmyslili by sobě v zemi té, do kteréž by zajati byli, a obrátíce se, modlili by se tobě v zemi těch, kteříž je zzajímali, řkouce: Zhřešiliť jsme a neprávě jsme činili, bezbožně jsme činili,
၄၇ထို​တိုင်း​ပြည်​သည်​အ​လွန်​ဝေး​ကွာ​လျက်​ပင်​နေ စေ​ကာ​မူ ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ကယ်​၍​သူ တို့​သည်​ထို​ပြည်​တွင်​နောင်​တ​ရ​လျက် မိ​မိ​တို့ အ​ဘယ်​မျှ​အ​ပြစ်​ကူး​ခဲ့​၍​အ​ဘယ်​မျှ​ဆိုး ညစ်​ယုတ်​မာ​ခဲ့​ကြောင်း​ကို​ဖော်​ပြ​ဝန်​ခံ​လျက် အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ လျှင် အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​၏​ဆု​တောင်း ပတ္ထနာ​ကို​နား​ညောင်း​တော်​မူ​ပါ။-
48 A tak navrátili by se k tobě celým srdcem svým a celou duší svou v zemi nepřátel svých, kteříž je zzajímali, a modlili by se tobě naproti zemi své, kterouž jsi dal otcům jejich, naproti městu tomu, kteréž jsi vyvolil, a domu, kterýž jsem vzdělal jménu tvému:
၄၈အ​ကယ်​၍​သူ​တို့​သည်​ထို​ပြည်​တွင်​အ​မှန်​ပင် နောင်​တ​ရ​လျက် မိ​မိ​တို့​၏​ဘိုး​ဘေး​များ​အား ကိုယ်​တော်​ပေး​တော်​မူ​သည့်​ပြည်​တော်​သို့​လည်း ကောင်း၊ ကိုယ်​တော်​ရွေး​ချယ်​ထား​တော်​မူ​သည့်​ဤ မြို့​တော်​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​တည်​ဆောက် ထား​သည့်​ဤ​ဗိ​မာန်​တော်​သို့​လည်း​ကောင်း မျက် နှာ​မူ​၍​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ပါ​လျှင်၊-
49 Vyslýchejž tedy na nebesích, v místě přebývání svého, modlitbu jejich a úpění jejich, a vyveď při jejich,
၄၉သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော် မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​က နေ​၍​နား​ထောင်​တော်​မူ​ပြီး​လျှင် သူ​တို့​အား ကရု​ဏာ​ထား​တော်​မူ​ပါ။-
50 A odpusť lidu svému, cožkoli zhřešil proti tobě, i všecka přestoupení jejich, jimiž přestoupili proti tobě, a nakloň k nim lítostí ty, kteříž je zjímali, aby se smilovali nad nimi.
၅၀ကိုယ်​တော်​အား​သူ​တို့​ပြစ်​မှား​ပုန်​ကန်​သည့် အ​ပြစ်​မှန်​သ​မျှ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ ရန်​သူ​များ​သည်​သူ​တို့​အား​သ​နား​ကြင် နာ​ကြ​ပါ​စေ​သော။-
51 Neboť jsou lid tvůj a dědictví tvé, kteréž jsi vyvedl z Egypta, z prostřed peci železné.
၅၁သူ​တို့​သည်​အ​လျှံ​တောက်​လျက်​နေ​သည့်​မီး​ဖို နှင့်​တူ​သော အီ​ဂျစ်​ပြည်​မှ​ကိုယ်​တော်​ထုတ်​ဆောင် တော်​မူ​ခဲ့​သော​လူ​မျိုး​တော် ကိုယ်​တော်​ရှင်​ပိုင် တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​ပါ​၏။''
52 Nechať jsou tedy oči tvé otevřené k modlitbě služebníka tvého a k modlitbě lidu tvého Izraelského, abys je vyslýchal vždycky, když by tě koli vzývali.
၅၂``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​လူ​မျိုး တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​နှင့်​သူ​တို့​၏ ဘု​ရင်​အား အ​စဉ်​အ​မြဲ​က​ရု​ဏာ​ဖြင့်​ကြည့်​ရှု့ တော်​မူ​ပါ။ ကူ​မ​တော်​မူ​ရန်​အ​ထံ​တော်​သို့​သူ တို့​ပန်​ကြား​လျှောက်​ထား​သည့်​အ​ခါ​တိုင်း သူ​တို့ ၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။-
53 Nebo jsi ty oddělil je sobě za dědictví ode všech národů země, jakož jsi mluvil skrze Mojžíše služebníka svého, když jsi vyvedl otce naše z Egypta, Panovníče Hospodine.
၅၃ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ​တော်​မူ​စဉ် အ​ခါ​က ကိုယ်​တော်​၏​အ​စေ​ခံ​မော​ရှေ​အား​ဖြင့် မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဤ​သူ​တို့​အား​ကိုယ် တော်​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​စေ​ရန် လူ မျိုး​တ​ကာ​တို့​အ​ထဲ​က​ရွေး​ချယ်​တော်​မူ​ခဲ့ ပါ​၏'' ဟု​ဆု​တောင်း​ပတ္ထနာ​ပြု​တော်​မူ​၏။
54 Stalo se pak, když se přestal Šalomoun modliti Hospodinu vší modlitbou a prosbou touto, že vstal od oltáře Hospodinova, a přestal klečeti a pozdvihovati rukou svých k nebi.
၅၄ရှော​လ​မုန်​သည်​ယဇ်​ပလ္လင်​တော်​ရှေ့​တွင် လက်​ကို မြှောက်​ချီ​ကာ​ဒူး​ထောက်​လျက် ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​သော​အ​ခါ နေ​ရာ​မှ​ထ​၍​ရပ်​တော်​မူ​ပြီး​လျှင်၊-
55 A stoje, dobrořečil všemu shromáždění Izraelskému hlasem velikým, řka:
၅၅ထို​နေ​ရာ​တွင်​စုဝေး​လျက်​နေ​ကြ​သော​လူ​အ​ပေါင်း တို့​အ​တွက် ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​မင်္ဂ​လာ ကို​အ​သံ​ကျယ်​စွာ​တောင်း​ခံ​တော်​မူ​၏။-
56 Požehnaný Hospodin, kterýž dal odpočinutí lidu svému Izraelskému vedlé všeho, což mluvil. Nepochybilo ani jedno slovo ze všelikého slova jeho dobrého, kteréž mluvil skrze služebníka svého Mojžíše.
၅၆မင်း​ကြီး​က``က​တိ​တော်​ရှိ​သည့်​အ​တိုင်း​မိ​မိ​၏ လူ​မျိုး​တော်​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မော​ရှေ​အား​ဖြင့် ပေး​တော်​မူ​ခဲ့​သော​ကတိ​တော်​အ​ပေါင်း​ကို တစ်​သ​ဝေ​မ​တိမ်း​တည်​စေ​တော်​မူ​ပြီ။-
57 Budiž Hospodin Bůh náš s námi, jako byl s otci našimi; nezamítejž nás, ani opouštěj.
၅၇အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘုရား​သည် ဘိုး​ဘေး​များ​နှင့်​အ​တူ​နေ​တော်​မူ​ခဲ့​သည့်​နည်း တူ အ​ကျွန်ုပ်​အား​အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့် မ​ခွာ​ဘဲ​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော။-
58 Ale nakloniž srdce naše k sobě, abychom chodili po všech cestách jeho, a ostříhali přikázaní jeho, i ustanovení jeho, a soudů jeho, kteréž přikázal otcům našim.
၅၈အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​လည်း​ကောင်း၊ ဘိုး​ဘေး တို့​အား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​များ​နှင့် အ​မိန့်​တော်​တို့​ကို​လိုက်​နာ​ကြ​စေ​ရန်​လည်း​ကောင်း အ​ကျွန်ုပ်​တို့​အား​အ​မိန့်​တော်​ကို​နာ​ခံ​သူ​များ ဖြစ်​အောင်​ပြု​ပြင်​တော်​မူ​ပါ​စေ​သော။-
59 A ať jsou má tato slova, kterýmiž jsem se modlil před Hospodinem, blízko Hospodina Boha našeho dnem i nocí, tak aby vyvodil při služebníka svého, a při lidu svého Izraelského každého času a dne,
၅၉အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​သည် ဤ​ဆု​တောင်း​ပတ္ထနာ​နှင့်​ပန်​ကြား​လျှောက်​ထား ချက်​များ​ကို အ​ခါ​ခပ်​သိမ်း​အောက်​မေ့​သ​တိ​ရ တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ ပြည်​သူ​များ​နှင့်​ဘု​ရင်​အား နေ့​စဉ်​လို​အပ်​ချက် များ​နှင့်​အ​ညီ​က​ရု​ဏာ​ပြ​တော်​မူ​ပါ​စေ သော။-
60 Aťby poznali všickni národové země, že Hospodin sám jest Bůh, a že není kromě něho žádný.
၆၀သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ လျှင်​ဘု​ရား​ဖြစ်​ကြောင်း၊ အ​ခြား​ဘု​ရား​မ​ရှိ ကြောင်း​ကို​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့ သိ​ရှိ​ကြ​ပါ​လိမ့်​မည်။-
61 Budiž tedy srdce vaše celé k Hospodinu Bohu našemu, tak abyste chodili v ustanoveních jeho, ostříhajíce přikázaní jeho, tak jako dnešního dne.
၆၁ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​သူ​သင်​တို့​သည် လည်း အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘုရား​အား​သစ္စာ​စောင့်​၍ ယ​နေ့​ကျင့်​သ​ကဲ့​သို့ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို အ​စဉ်​အ​မြဲ​လိုက်​နာ​နိုင်​ကြ​ပါ​စေ​သော'' ဟု မြွက်​ဆို​တော်​မူ​၏။
62 Král pak a s ním všecken Izrael obětovali oběti před Hospodinem.
၆၂ထို့​နောက်​ရှော​လ​မုန်​မင်း​နှင့်​ပြည်​သူ​အ​ပေါင်း တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို ပူ​ဇော်​ကြ​၏။-
63 A obětoval Šalomoun v obět pokojnou, kterouž obětoval Hospodinu, volů dvamecítma tisíců, a ovec sto dvadceti tisíců, a posvěcovali domu Hospodinova král i všickni synové Izraelští.
၆၃မင်း​ကြီး​သည်​နွား​ကောင်​ရေ​နှစ်​သောင်း​နှစ်​ထောင် နှင့်​သိုး​ကောင်​ရေ​တစ်​သိန်း​နှစ်​သောင်း​ကို မိတ် သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​တော်​မူ​၏။ ဤ နည်း​အား​ဖြင့်​ဘု​ရင်​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဗိ​မာန်​တော်​ကို​အ​နု​မော​ဒ​နာ​ပြု​ကြ လေ​သည်။-
64 Téhož dne posvětil král prostředku síně, kteráž byla před domem Hospodinovým; nebo obětoval tu oběti zápalné a oběti suché, a tuky pokojných obětí, proto že oltář měděný, kterýž byl před Hospodinem, byl malý, aniž mohly se na něm směstknati oběti zápalné a oběti suché, a tukové pokojných obětí.
၆၄ထို​နေ့​၌​ပင်​မင်း​ကြီး​သည်​ဗိ​မာန်​တော်​ရှေ့​၌ ရှိ​သော အ​လယ်​တံ​တိုင်း​ကို​လည်း​အ​နု​မော​ဒ​နာ ပြု​တော်​မူ​၏။ သူ​သည်​ထို​နေ​ရာ​၌​တစ်​ကောင်​လုံး မီး​ရှို့​ရာ​ယဇ်​နှင့်​ဘော​ဇဉ်​ပူ​ဇော်​သကာ​ကို​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​ဆီ​ဥ​ကို လည်း​ကောင်း​ပူ​ဇော်​လေ​သည်။ ထို​သို့​ပြု​ရ​ခြင်း မှာ​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ ကြေး​ဝါ ယဇ်​ပလ္လင်​သည်​ထို​ပူ​ဇော်​သကာ​အ​ပေါင်း​တို့ အ​တွက်​အ​လွန်​သေး​ငယ်​၍​နေ​သော​ကြောင့် တည်း။
65 A tak držel Šalomoun toho času slavnost, a všecken Izrael s ním, shromáždění veliké odtud, kudyž se chodí do Emat, až ku potoku Egyptskému, před Hospodinem Bohem naším, za sedm dní a opět za sedm dní, to jest za čtrnácte dní.
၆၅ဗိ​မာန်​တော်​တွင်​ရှော​လ​မုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ကြ​လေ သည်။ လူ​အုပ်​ကြီး​မှာ​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​လမ်း​မှ​သည် တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ် စပ်​တိုင်​အောင်​အ​နှံ့​အ​ပြား​အ​ရပ်​ရပ်​မှ​လာ ရောက်​သူ​များ​ဖြစ်​သတည်း။-
66 Dne pak osmého propustil lid. Kteříž požehnavše krále, odešli do obydlí svých, radujíce se a veselíce se v srdci ze všech dobrých věcí, kteréž učinil Hospodin Davidovi služebníku svému a Izraelovi lidu svému.
၆၆ရှစ်​ရက်​မြောက်​သော​နေ့​၌​မင်း​ကြီး​သည်​လူ​တို့ အား မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​စေ​တော်​မူ​၏။ ထို​သူ​အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​အား ထော​မ​နာ​ပြု​ကြ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ခံ​ယူ​ရ​ရှိ​သည့် ကျေး​ဇူး​တော်​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ မိ​မိ​တို့​ရပ်​ရွာ​များ​သို့​ပြန်​သွား​ကြ​၏။

< 1 Královská 8 >