< 1 Janův 5 >

1 Každý, kdož věří, že Ježíš jest Kristus, z Boha se narodil; a každý, kdož miluje toho, kterýž zplodil, milujeť i toho, kterýž zplozen jest z něho.
ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား၊ ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ်၏။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ၊
2 Po tomť poznáváme, že milujeme syny Boží, když Boha milujeme a přikázání jeho ostříháme.
ငါတို့သည် ဘုရားသခင်ကိုချစ်၍၊ ပညတ်တော်တို့ကို စောင့်ကြည့်လျှင်၊ ဘုရားသခင်၏သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ၏။
3 Nebo toť jest láska Boží, abychom přikázaní jeho ostříhali; a přikázání jeho nejsou těžká.
ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲ သည်မဟုတ်။
4 Všecko zajisté, což se narodilo z Boha, přemáhá svět; a toť jest to vítězství, kteréž přemáhá svět, víra naše.
ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။
5 Kdo jest, ješto přemáhá svět, jediné, kdož věří, že Ježíš jest Syn Boží?
ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။
6 Toť jest ten, kterýž přišel vyznamenán jsa skrze vodu a krev, totiž Ježíš Kristus, ne u vodě toliko, ale u vodě a ve krvi. A Duch jest, jenž svědectví vydává, že Duch jest pravda.
ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာသောသူတည်းဟူသော ယေရှုခရစ် ပေတည်း။ ရေအားဖြင့်သာမဟုတ်၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။
7 Nebo tři jsou, kteříž svědectví vydávají na nebi: Otec, Slovo, a Duch Svatý, a ti tři jedno jsou.
သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါတို့သည် တလုံးတဝတည်း ဖြစ်တော်မူ၏။
8 A tři jsou, jenž svědectví vydávají na zemi: Duch, a Voda, a Krev, a ti tři jedno jsou.
မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါး တို့သည် တညီတညွတ်တည်းဖြစ်၏။
9 Poněvadž svědectví lidské přijímáme, svědectvíť Boží větší jest. Nebo totoť svědectví jest Boží, kteréž vysvědčil o Synu svém.
လူ၏သက်သေကိုယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကိုသာ၍ ယုံဘွယ်ရာအကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း။
10 Kdož věří v Syna Božího, máť svědectví sám v sobě. Kdož pak nevěří Bohu, lhářem jej učinil; nebo neuvěřil tomu svědectví, kteréž vysvědčil Bůh o Synu svém.
၁၀ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။
11 A totoť jest svědectví to, že život věčný dal nám Bůh, a ten život v Synu jeho jest. (aiōnios g166)
၁၁သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ (aiōnios g166)
12 Kdožť má Syna Božího, máť život; kdož nemá Syna Božího, života nemá.
၁၂သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။
13 Tyto věci psal jsem vám věřícím ve jméno Syna Božího, abyste věděli, že máte věčný život, a abyste věřili ve jméno Syna Božího. (aiōnios g166)
၁၃ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ (aiōnios g166)
14 A totoť jest to smělé doufání, kteréž máme k němu, že začež bychom koli prosili podle vůle jeho, slyší nás.
၁၄ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်း အကြောင်းဟူမူကား၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။
15 A kdyžť víme, že nás slyší, prosili-li bychom zač, tedyť víme, že máme některé prosby naplněné, kteréž jsme předkládali jemu.
၁၅ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ၏။
16 Viděl-li by kdo bratra svého hřešícího hříchem ne k smrti, modliž se za něj, a dáť jemu Bůh život, totiž hřešícím ne k smrti. Jestiť hřích k smrti; ne za ten, pravím, aby se modlil.
၁၆ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကို တစုံတယောက်သောသူသည် မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကို မပြုသောသူတို့အဘို့အလိုငှါ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သောဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှါ ဆုတောင်း ရမည်ဟုငါမဆို။
17 Každá nepravost jestiť hřích, ale jestiť hřích ne k smrti.
၁၇မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သောဒုစရိုက်ရှိ၏။
18 Víme, že každý, kdož se narodil z Boha, nehřeší; ale ten, jenž narozen jest z Boha, ostříhá sebe samého, a ten zlostník se ho nedotýká.
၁၈ဘုရားသခင်၏သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ။
19 Víme, že z Boha jsme, ale svět všecken ve zlém leží.
၁၉ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို၎င်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိကြ၏။
20 A vímeť, že Syn Boží přišel, a dal nám smysl, abychom poznali Toho Pravého, a jsmeť v tom Pravém, i v Synu jeho Ježíši Kristu. Onť jest ten pravý Bůh a život věčný. (aiōnios g166)
၂၀ဘုရားသခင်၏သားတော်သည်ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဥာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌၎င်း၊ သားတော်ယေရှုခရစ်၌၎င်းငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။ (aiōnios g166)
21 Synáčkové, vystříhejte se modl. Amen.
၂၁ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။

< 1 Janův 5 >