< Římanům 1 >
1 Pavel, služebník Jezukristův, povolaný apoštol, oddělený k kázaní evangelium Božího,
၁လူဇာတိ အားဖြင့် ဒါဝိဒ် အမျိုး ဖြစ် တော်မူထသော၊
2 Kteréž zdávna zaslíbil skrze proroky své v písmích svatých,
၂သေ ခြင်းမှထမြောက် တော်မူ၍၊
3 O Synu svém zplozeném z semene Davidova s strany těla,
၃သန့်ရှင်း သောဝိညာဉ် အားဖြင့် ၊
4 Kterýž prokázán jest býti Synem Božím mocně, podlé Ducha posvěcení, skrze z mrtvých vstání, totiž o Ježíši Kristu, Pánu našem,
၄တန်ခိုး နှင့်တကွ ဘုရားသခင် ၏သား တော် ထင်ရှားဖြစ်တော်မူသော ငါ တို့သခင် ယေရှု ခရစ် တည်းဟူသောမိမိ သား တော်ကို အကြောင်း ပြု၍ ဘုရားသခင် သည် ရှေးကမိမိ ပရောဖက် များအားဖြင့် ၊ သန့်ရှင်း သော ကျမ်းစာ ၌ ဂတိ ထားတော်မူသော ဧဝံဂေလိ တရားကို ဟောစေခြင်းငှာ၊ ရွေးချယ် ခွဲထား၍ တမန်တော် အရာ၌ ခန့်ထား သော ယေရှု ခရစ် ၏ ကျွန် ငါပေါလု သည်၊
5 Skrze něhož jsme přijali milost a apoštolství ku poslušenství víry mezi všemi národy pro jméno jeho,
၅ဘုရားသခင် ချစ် တော်မူ၍ ၊
6 Z nichž i vy jste povolaní Ježíše Krista,
၆သန့်ရှင်း သူအရာ၌ ခန့်ထား သော ရောမ မြို့သူမြို့သားအပေါင်း တို့ကို ကြားလိုက်ပါ၏။
7 Všechněm, kteříž jste v Římě, milým Božím, povolaným svatým: Milost vám a pokoj od Boha Otce našeho a Pána Ježíše Krista.
၇သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင့် အထံတော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။ သခင်ယေရှု ခရစ် ၏ နာမတော်ကို အမှီပြု ၍ လူမျိုး အပေါင်း တို့သည် ယုံကြည် နားထောင် စေခြင်းငှာ ။ ထိုသခင်ထံ၌ကျေးဇူး တော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရ ကြပြီ။ ထိုသခင်ခေါ် ထားတော်မူသောသင် တို့သည်လည်း ထိုလူမျိုး တို့၌ အပါအဝင်ဖြစ် ကြ၏။
8 Nejprvé pak díky činím Bohu svému skrze Ježíše Krista ze všech vás, že víra vaše rozhlašuje se po všem světě.
၈သင် တို့၏ယုံကြည် ခြင်းအရာသည် မြေ တပြင်လုံး၌ အနှံ့အပြား ကျော်စော သည်ဖြစ်၍၊ သင်တို့ အကြောင်း ကြောင့် ယေရှု ခရစ် အားဖြင့် ၊ ငါ ၏ဘုရားသခင် ကျေးဇူး တော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။
9 Svědek mi jest zajisté Bůh, kterémuž sloužím duchem svým v evangelium Syna jeho, žeť bez přestání zmínku o vás činím,
၉ငါသည်သင် တို့ကို မခြားမလပ် အောက်မေ့ ၍ အစဉ်မပြတ် ဆုတောင်း ပဌနာပြု သည်ဟု သား တော်၏ ဧဝံဂေလိ တရားကို ဟောလျက်၊ အမှုတော်ကို စိတ် ဝိညာဉ် နှင့်တကွ ငါဆောင်ရွက် ၍ ငါကိုးကွယ် သော ဘုရားသခင် သည် ငါ ၏သက်သေခံ ဖြစ် တော်မူ၏။
10 Vždycky na svých modlitbách žádaje, abych aspoň někdy mohl šťastně, byla-li by vůle Boží, k vám přijíti.
၁၀မ ကြာမမြင့်မှီဘုရားသခင် အလို တော်အားဖြင့် အဆင်သင့်၍၊ သင် တို့ရှိရာ သို့ ငါလာ ရသော အခွင့် တစ်စုံတစ်ခုရှိပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။
11 Neboť velice žádám viděti vás, abych vám udělil částku nějakou milosti duchovní ku potvrzení vašemu,
၁၁သင် တို့သည် မြဲမြံ ခိုင်ခံ့မည့်အကြောင်း ၊ ငါသည် သင် တို့၌ ဝိညာဉ် ဆု ကျေးဇူးတစ်စုံတစ်ခု ကို အပ်ပေး ခြင်းငှာ ၊ သင် တို့ကိုအလွန် တွေ့မြင် ချင်ပါ၏။
12 To jest, abych spolu s vámi potěšen byl, skrze společnou i vaši i mou víru.
၁၂ထိုသို့ဆိုသော်၊ ငါ နှင့် သင် တို့သည် ယုံကြည် သော အားဖြင့် အချင်းချင်း အားရ သက်သာခြင်းသို့ ရောက် ကြ မည်အကြောင်း ကို ဆိုလိုသတည်း။
13 Nechciť pak, bratří, abyste nevěděli, žeť jsem mnohokrát uložil přijíti k vám, (ale překážky jsem měl až dosavad, ) abych nějaký užitek také i mezi vámi měl, jako i mezi jinými národy.
၁၃ညီအစ်ကို တို့၊ ငါသည်အခြား သောတစ်ပါး အမျိုးသားတို့တွင် အကျိုး ကိုရ သကဲ့သို့ သင် တို့တွင် လည်း အကျိုးတစ်စုံတစ်ခုကိုရခြင်းငှာ ၊ သင် တို့ရှိရာသို့ သွား မည်ဟု အဖန်ဖန် အကြံရှိ ကြောင်း ကို သင် တို့မ သိဘဲနေစေခြင်းငှာငါအလို မ ရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခု တိုင်အောင် မြစ်တား သော အကြောင်းရှိ၏။
14 Nebo Řeků i kterýchkoli jiných národů, i moudrých i nemoudrých, dlužník jsem.
၁၄ဟေလသ လူဖြစ်စေ၊ လူရိုင်း ဖြစ်စေ၊ ပညာရှိ ဖြစ်စေ၊ ပညာ မဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေး သည် ငါ၌တင် လျက်ရှိ၏။
15 A tak, pokudž na mně jest, hotov jsem i vám, kteříž v Římě jste, zvěstovati evangelium.
၁၅သို့ဖြစ်လျှင် ၊ ငါ တတ်နိုင်သမျှ အတိုင်း ရောမ မြို့သားဖြစ်သောသင် တို့အား ဧဝံဂေလိ တရားကို ဟောခြင်းငှာစေတနာ စိတ်ရှိ၏။
16 Neboť se nestydím za evangelium Kristovo; moc zajisté Boží jest k spasení každému věřícímu, Židu předně, potom i Řeku.
၁၆ငါသည်ခရစ်တော်၏ ဧဝံဂေလိ တရားကြောင့် ၊ ရှက်ကြောက် ခြင်းမ ရှိ။ အကြောင်းမူကား ၊ ထိုတရားသည် ရှေးဦးစွာ ၌ ယုဒ လူ၊ နောက်၌ ဟေလသ လူ၊ ယုံကြည် သမျှသောသူအပေါင်း တို့ကို ကယ်တင် စေသော ဘုရားသခင် ၏တန်ခိုး တော်ဖြစ် ၏။
17 Nebo spravedlnost Boží zjevuje se skrze ně z víry u víru, jakož psáno jest: Spravedlivý pak z víry živ bude.
၁၇အဘယ်သို့ဖြစ်သနည်းဟူမူကား ၊ ဖြောင့်မတ် သောသူ သည် ယုံကြည် ခြင်းအားဖြင့် အသက် ရှင်လိမ့်မည်ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ယုံကြည် ခြင်း၌ တည်သောဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားသည်၊ ယုံကြည် ခြင်းအဘို့ အလိုငှာ ဧဝံဂေလိ တရားအားဖြင့် ထင်ရှား လျက်ရှိ၏။
18 Zjevuje se zajisté hněv Boží s nebe proti každé bezbožnosti a nepravosti lidí, pravdu Boží v nepravosti zadržujících.
၁၈သမ္မာတရား ကိုအဓမ္မ ဖြင့် ဆီးတား နှိပ်စက်သော သူ တို့ ပြုတတ်သော ဘုရားမဲ့ နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုး တို့ တစ်ဘက် ၌ဘုရားသခင် ၏ အမျက် တော်သည်ကောင်းကင် မှ ထင်ရှား လျက်ရှိ၏။
19 Nebo což poznáno býti může o Bohu, známé jest jim, Bůh zajisté zjevil jim.
၁၉အဘယ်ကြောင့် နည်းဟူမူကား၊ သိ အပ်သောဘုရားသခင် ၏ အကြောင်း အရာတို့သည် သူ တို့တွင် ထင်ရှား လျက်ရှိ ၏။ ဘုရားသခင် သည် သူ တို့အား ပြ တော်မူပြီ။
20 Nebo neviditelné věci jeho, hned od stvoření světa, po věcech učiněných rozumem pochopeny bývají, totiž ta jeho věčná moc a Božství, tak aby oni byli bez výmluvy, (aïdios )
၂၀အဘယ်သို့ နည်းဟူမူကား၊ ဖန်ဆင်း တော်မူသော အရာများကို ထောက်ရှုသဖြင့် ၊ ထာဝရ တန်ခိုး တော်နှင့် ထာဝရ အဖြစ်တော်တည်းဟူသောမျက်မြင် မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာ တည် သည်ကာလမှစ၍ ထင်ရှား လျက်ရှိကြ၏။ ထိုကြောင့် သူ တို့သည် ကိုယ်အပြစ်ကို မ ဖုံးနိုင်ရာ။ (aïdios )
21 Proto že poznavše Boha, nectili jako Boha, ani jemu děkovali, ale marní učiněni jsou v myšleních svých, a zatmíno jest nemoudré srdce jejich.
၂၁အကြောင်းမူကား ၊ ထိုသူတို့သည် ဘုရားသခင် ကို သိ လျက်ပင်၊ ဘုရားသခင် ကိုချီးမွမ်း သင့်သည် အတိုင်း မ ချီးမွမ်းကျေးဇူးတော်ကိုလည်းမ သိမမှတ်၊ အချည်းနှီး တွေးဆ ခြင်း၊ သတိ မရှိသောစိတ် နှလုံးမိုက်မဲ ခြင်းသို့ ရောက်ကြ၏။
22 Měvše se za moudré, blázni učiněni jsou.
၂၂ပညာရှိ ယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည် ကြသည် ဖြစ်၍၊
23 Nebo směnili slávu neporušitelného Boha v podobenství obrazu porušitelného člověka, i ptactva, i hovad čtvernohých, i zeměplazů.
၂၃မ ဖောက်ပြန်မပျက်စီးနိုင်သော ဘုရားသခင် ၏ ဂုဏ် တော်ကိုပယ် လျက် ၊ ဖောက်ပြန် ပျက်စီးတတ်သောလူ ၏ ရုပ်တု ၊ သား ငှက် အစရှိသော တွား တတ်သောတိရစ္ဆာန်၏ရုပ်တု ကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။
24 Protož i Bůh vydal je v žádosti srdce jejich k nečistotě, aby zprznili těla svá vespolek.
၂၄ထိုကြောင့် သူ တို့သည် မိမိ တို့ကိုယ် ကာယ၏ အသရေကို အချင်းချင်း ရှုတ်ချ မည်အကြောင်း၊ ဘုရားသခင် သည် သူ တို့ကိုသူ တို့၏ ကိလေသာ စိတ် ညစ်ညူး ခြင်းလက်သို့ အပ် လိုက်တော်မူ၏။
25 Jako ty, kteříž směnili pravdu Boží za lež, a ctili i sloužili stvoření raději nežli stvořiteli, kterýž jest požehnaný na věky. Amen. (aiōn )
၂၅သူတို့သည် မှန် သောဘုရားသခင့် အရာ၌ အမှား ကိုထားလျက်၊ ဖန်ဆင်း တတ်သော သခင် ကိုပယ် ၍ ဖန်ဆင်း အပ်သောအရာကို ဝတ်ပြု ကိုးကွယ် သောသူ ဖြစ်ကြ၏။ ထိုသခင် သည် ထာဝရ မင်္ဂလာ ရှိ တော်မူ၏။ အာမင် (aiōn )
26 Protož je vydal Bůh v žádosti ohavné. Nebo i ženy jejich změnily přirozené sebe užívání v to, kteréž jest proti přirození.
၂၆ထိုသို့ ပြုကြသောကြောင့် ဘုရားသခင် သည် သူ တို့ကို ရှက်ကြောက် ဘွယ်သော ကိလေသာ လက်သို့ အပ် လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား ၊ မိန်းမ တို့သည် ပကတိ ထုံးစံကိုစွန့် ၍၊ ပကတိ နှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက် ကြ၏။
27 A podobně i mužské pohlaví, opustivše přirozené užívání ženy, rozpálili se v žádosti své jedni k druhým, mužské pohlaví s mužským pohlavím mrzkost pášíce, a spravedlivou mzdu, kteráž na jejich blud slušela, sami na sebe uvodíce.
၂၇ထိုအတူ ၊ ယောက်ျား တို့သည်လည်း မိန်းမ နှင့် ဆက်ဆံ ခြင်းပကတိ ထုံးစံကိုစွန့် ၍ အချင်းချင်း ကိလေသာ စိတ်ပူလောင် သဖြင့်၊ ရှက်ကြောက် ဘွယ်သောအမှုကို ယောက်ျား ချင်း ပြု လျက် ၊ မိမိ တို့ မှားယွင်း ခြင်းနှင့် အလျောက် မိမိ တို့အပြစ် ဒဏ်ကို ခံရ ကြ၏။
28 A jakož sobě nevážili známosti Boha, tak i Bůh vydal je v převrácený smysl, aby činili to, což nesluší,
၂၈ထိုသူတို့သည် ဘုရားသခင် ကို မ သိ မမှတ် လို သည်ဖြစ်၍ ၊ မ လျောက်ပတ် သော အမှု ကို ပြု စေမည် အကြောင်း၊ ဘုရားသခင် သည် သူ တို့ကို မောဟ လက် သို့ အပ် လိုက်တော်မူသည်နှင့်အညီ ၊
29 Jsouce naplněni vší nepravostí, smilstvem, nešlechetností, lakomstvím, zlostí, plní závisti, vraždy, svárů, lsti, zlých obyčejů,
၂၉သူတို့သည်အလုံးစုံ သော အဓမ္မ ကျင့်ခြင်း၊ မတရား သော မေထုန်ကိုပြုခြင်း၊ ဆိုးညစ် ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလို ခြင်း၊ ငြူစူ ခြင်း၊ လူ အသက်ကို သတ်ခြင်း၊ ရန်တွေ့ ခြင်း၊ လှည့်ဖြား ခြင်း၊ သူတစ်ပါး ကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစား သောသူ၊
30 Utrhači, pomluvači, Boha nenávidící, hánliví, pyšní, chlubní, nalezači zlých věcí, rodičů neposlušní,
၃၀ဆဲရေး သောသူ၊ ဘုရားသခင် ကိုမုန်းသောသူ၊ ကြမ်းတမ်း သောသူ၊ မာန ထောင်လွှားသောသူ၊ ဝါကြွား သောသူ၊ မတတ် ကောင်းသော အတတ်ကိုစီရင် သောသူ၊ မိဘ စကားကို နားမထောင် သောသူ၊ သတိမရှိသောသူ၊ သစ္စာ ပျက်သောသူ၊
31 Nemoudří, smluv nezdrželiví, beze vší lítosti, neukojitelní a nemilosrdní.
၃၁မိဘသားမယားစသည်တို့ကို မ ချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနား ခြင်းကရုဏာစိတ်မရှိသောသူဖြစ်ကြ၏။
32 Kteříž vědouce o tom právu Božím, (že ti, kteříž takové věci činí, hodni jsou smrti, ) netoliko ty věci činí, ale i činícím nakládají.
၃၂ထိုသို့ ကျင့် သောသူ တို့သည် သေ ပြစ်ကိုခံထိုက် သည်ဟု ဘုရားသခင် စီရင် တော်မူကြောင်းကို ထိုသူ တို့ သည် သိ လျက်ပင်ကိုယ်တိုင် ကျင့် သည်သာမက ၊ ထိုသို့ ကျင့် သောသူ တို့၌ အားရ ဝမ်းမြောက်ကြ၏။